၁။
တေင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက
သရဏာနိသာကီဝင်နှင့် သုပ္ပဗုဒ္ဓနူနာရောဂါသည်တို့ ကို ပထမတန်းစားယုံကြည်ချက်ထားရှိသူဟု
သတ်မှတ်ရန် (သူ့ အပြောစကားအားဖြင့်) "အထက်က ဆိုခဲ့တဲ့
ပုဂ္ဂိုလ်များဟာ
ရတနာသုံးပါးအပေါ်မှာ ပထမတန်းယုံကြည်ခြင်းကို ထားရှိတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်"
ဟု ပြောကြား
ရင်း
သူ၏ဟောပြောချက်ကို "ဒုတိယတန်းစားပုဂ္ဂိုလ်များလဲ ရှိသေးတယ်"ဟု အစချီလျက်
အပါဒါနပါဠိတော်၊
သုဘူတိဝဂ်၊ တိသရဏဂမနိယထ္ထေရဝတ္ထုပါဠိတော်နှင့်အဋ္ဌကထာလာ တိသရဏဂမနိယထေရ်၏ဇာတ်လမ်းကို
ဆက်လက်ဟောပြောလေသည်။ သို့ သော်
ထိုတိသရဏဂမနိယထေရ်၏ဇာတ်လမ်းသည် တောင်ပုလုတောရ
ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကြိုးစားပမ်းစားတည်ဆောက်နေသည့် "တရားအားထုတ်စရာမလို၊
သရဏဂုံ
တည်ရုံမျှနဲ
့ မဂ်ကိုရစေနိုင်တယ်"ဟူသော အယူအဆအတွက် သက်သေသာဓကလုံးဝဖြစ်နိုင်ခြေမရှိကြောင်း
တွေ့ ရ၏။
၂။
တိသရဏဂမနိယထေရ်အကြောင်းမှာ
ဖော်ပြပါအတိုင်း ဖြစ်ပါ၏။
ဝိပဿီမြတ်စွာဘုရားလက်ထက်တော်အခါက
ဖြစ်၏။
(သာသနာရေးဦးစီးဌာနထုတ်၊
ဗုဒ္ဓဘာသာလက်စွဲကျမ်း၊ ၅၄ တွင် "အပါဒါန်အဋ္ဌကထာ၊ဒုတိယတွဲ၊ နှာ ၃၉ ၌
ဝိပဿီမြတ်စွာဘုရားဟု လွဲမှားနေသည်။ ယင်းလွဲမှားချက်အတိုင်း စာအုပ်များစွာ၌လည်း
လွဲမှားနေသည်ကို
တွေ
့ရ၏။ ဖွားတော်မူရာ စန္ဒဝတီပြည်၊ သက်တော် တသိန်းတမ်း၊ အဂ္ဂသာဝကနိသဘထေရ်ကို ထောက်၍
ဤ၌
အနောမဒဿီမြတ်စွာဘုရားဟု အမှန်အတိုင်း ဖော်ပြထားသည်" ဟူသောအဆိုအရ "အနောမဒဿီ
မြတ်စွာဘုရားလက်ထက်တော်ကအခါက
ဖြစ်၏"-ဟု ပြင်ဆင်မှတ်သားနိုင်သည်။)
ဆင်းရဲသားလူငယ်တယောက်သည်
မျက်မမြင်မိဘတို့ ကို ပြုစုလုပ်ကျွေးနေရသည်။ ဆင်းရဲလွန်းသောကြောင့်
ဒါနစသော
ကုသိုလ်အမှုကို မပြုလုပ်နိုင်ချေ--။ ဝိပဿီမြတ်စွာဘုရား၏အဂ္ဂသာဝကတပါးဖြစ်သော
အရှင်နိသဘ
ထေရ်ထံမှ
သရဏဂုံကိုသာ ဆောက်တည်ခွင့်ရ၏။ သူသည်အသက်ထက်ဆုံးသရဏဂုံမြဲ၏။ ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏။ အကြိမ် ၈ဝ သိကြားမင်းဖြစ်၏။
၇၅ ကြိမ် စကြာဝတေးမင်းဖြစ်၏။ ပဒေသရာဇ်မင်းအဖြစ်
ကား
မရေတွက်နိုင်အောင်များ၏။
ဂေါတမမြတ်စွာဘုရားလက်ထက်တွင်
သာဝတ္ထိပြည်၌ သူဋ္ဌေးသားကလေး ဖြစ်လေ၏။ တနေ့ ဇေတဝန်ကျောင်း
သို
့သွားရာ ရဟန်းတော်တပါးက သရဏဂုံဆောက်တည်စေ၏။ ကလေးငယ်သည် လွန်လေခဲ့ပြီးသော
ဘဝများစွာအနက် တခုသောဘဝတွင် တသက်လုံးသရဏဂုံတည်ခဲ့သည်ကို သတိရ၏။
နှစ်သက်ဝမ်းမြောက်ခြင်း
ပီတိ
တဖွားဖွားဖြစ်ပေါ်၏။ ထိုပီတိကို ဝိပဿနာရှုပွားလေရာတခဏအတွင်းမှာပင်
ဝိပဿနာဉာဏ်ရင့်ကျက်ပြီး
အရဟတ္တမဂ်ကို ထိုးထွင်းသိ၏။ ရဟန္တာဖြစ်၏။
သာသနာတော်၌
အသက် ၂ဝ ပြည့်မှ ရဟန်းပြုခွင့်ရသော်လည်း ဤရဟန္တာကလေးငယ်ကိုမူ မြတ်စွာဘုရား
ရှင်က
အသက် ၇ နှစ်အရွယ်မှာပင် ရဟန်းပြုခွင့်ပေးတော်မူခဲ့၏။
မြတ်စွာဘုရားသာသနာဝင်တွင်ထိုရဟန္တာ
အရှင်မြတ်သည်
"တိသရဏဂမနိယထေရ် "အဖြစ် အမည်တော်တွင်၏။
(အပါဒါနအဋ္ဌကထာ၊မဟာပရိဝါရဝဂ်၊
သရဏဂမနိယတ္ထေရအပါဒါန်-လည်း ရှိသေး၏။
သရဏဂမနိယထေရ်
အကြောင်းမှာ
ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဟိမဝန္တာဝယ် နတ်မင်းတပါးဖြစ်ခဲ့သည်။ ထိုနတ်မင်းသည်
အခြားသော နတ်ဘီလူးမင်းနှင့် စစ်တိုက်ရန်စစ်ပြင်ချိန်တွင်
ပဒုမုတ္တရဘုရားရှင်ကြွရောက်တော်မူလာပြီး တရား
ဟောသဖြင့်
စစ်ပြေငြိမ်းခဲ့သည်။ ပဒုမုတ္တရဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်သော
သရဏဂုံကောင်းမှုကြောင့်
လူနတ်စည်းစိမ်ကို
အကြိမ်ကြိမ်ခံစားခဲ့ရသည်။ ယခုဂေါတမဘုရားလက်ထက်တော်၌ ရဟန္တာဖြစ်တော်မူ၏။)
၃။
အပါဒါန်အဋ္ဌကထာ၏မူရင်းအဆိုမှာ "
သော တာနိ ဂဟေတွာ ပုဗ္ဗေ အတ္တနော ရက္ခိတာနိ
သရဏာနိ သရိတွာ ဝိပဿနံ
ဝဍ္ဎေတွာ အရဟတ္တံ ပါပုဏိ= ထိုသတို့ သားသည် သရဏဂုံကို
ခံယူဆောက်တည်ရ၍ ရှေးဘဝက မိမိဆောက်တည်ဖူးသော သရဏဂုံကို အမှတ်ရကာ ဝိပဿနာကိုပွားပြီး
အရဟတ္တဖိုလ်သို့  ရောက်၏ " ဟူသော စကားကို ထောက်ဆပြီး "သရဏဂုံတည်ရုံမျှလောက်ဖြင့်
တရားအားထုတ်စရာမလိုဘဲ မဂ်ကိုရသည် "ဟူသော တောင်ပုလုတောရကမ္ဘာအေး
ဆရာတော်အရှင်နန္ဒိယ၏စကားမှာ ထေရဝါဒပိဋကတ်စာပေနှင့်မညီညွတ်သော ဟောပြောချက်သာဖြစ်ကြောင်း
လေ့လာတွေ
့ရှိရ၏။
၎။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက
"တတိယတန်းစားယုံကြည်ချက်ရတဲ့ ပုဂ္ဂိုလ်မျိုးကို ဖော်ပြရရင် ---တခါတုန်းက
ဒမိဠဒါယကာဆိုတာ ရှိတယ်"---အစချီကာ အဂုင်္တ္တရနိကာယ်၊ ဒုကအဋ္ဌကထာ၊ ဒေဝဒူတဝဂ်၊
နိဒါနသုတ်အဖွင့်လာ မဓုအင်္ဂဏရွာနေ ဒမိဠတံငါသည်ဝတ္ထုကို ဟောပြောလေသည်။
ဒမိဠတံငါသည်အကြောင်းမှာ ဤသို
့ဖြစ်၏။
ရှေးအခေါ် သီဟိုဠ်ကျွန်း ၊ ယနေ
့အခေါ် သီရိလင်္ကာနိုင်ငံ မဓုအင်္ဂဏရွာနေ ဒမိဠအမည်ရှိတံငါသည် (အချို့ အဆို -တမီး(လ်)လူမျိုးတဦး)သည်
တံငါလုပ်ငန်းကို နှစ်ပေါင်း ၅ဝ တိုင်တိုင်လုပ်ကိုင်အသက်မွေး၏။ အသက်အရွယ်
ကြီးရင့်လာသောအခါ ရောဂါနှိပ်စက်၍
အိပ်ရာထဲလဲလျောင်းနေရ၏။ သေခြင်းတရားနှင့်ရင်ဆိုင်ရမည့်အချိန်
သို့ ရောက်လာ၏။
စူဠပိဏ္ဍပါတိကတိဿအမည်ရှိ
ရဟန်းတော်တပါးသည် တံငါအိုကြီးသေခါနီးမှာ အနည်းငယ်မျှဖြစ်စေ အားကိုးရာ ထောက်တည်ရာရပါစေဟု
သနားသောစိတ်ဖြင့် အိမ်သို့ ကြွရောက်လာ၏။ ရဟန်းတော်က တံငါအိုကို သရဏဂုံဆောက်တည်စေ၏။
သရဏဂုံဆိုစေ၏။ သရဏဂုံဆိုအပြီးတွင် ၅ ပါးသီလဆိုစေသော်လည်း တံငါအို
မေးခိုင်သွားသောကြောင့်
မဆိုနိုင်တော့ဘဲ တံငါအို ကွယ်လွန်လေ၏။ စာတုမဟာရာဇ်နတ်ပြည်၌ နတ်ဖြစ်လေ၏။
မည်သို့ သောအကြောင်းကြောင့်
နတ်ဖြစ်သည်ကို ဆင်ခြင်သိရှိရသောကြောင့် နတ်သားဘဝဖြင့် ရဟန်းတော်ထံလာရောက်ကန်
တော့၏။ အကယ်၍ သရဏဂုံဆောက်တည်အပြီးတွင် ၅ ပါးသီလသာ တဆက်တည်းဆောက်တည်ခွင့်ရခဲ့ပါက
လက်ရှိရောက်နေသည့် နတ်ဘုံထက်မြင့်သော နတ်ဘုံသို့ ရောက်
နိုင်ကြောင်း လျှောက်ထားလေ၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကဒမိဠတံငါသည်အိမ်သို့ ရဟန်းတော်ကြွရောက်လာပုံကို
အောက်ပါအတိုင်း ဟောပြောထား၏။
"ထိုစဉ်အခါ
ရဟန်းတော်တပါးကြွလာတယ်။ ဒီတော့ သူ့ ဒကာမက "သခင်---ဟိုမှာရဟန်းတော်တပါးကြွတော်မူ
လာတယ်" လို့ ပြောတယ်။
ဒမိဠဒါယကာက "ရှင်မ---အနှစ်ငါးဆယ်
ရှိပြီ။ ငါဟာ ဒီရဟန်းကို မမြင်ဖူးဘူး။ သူကလဲ ငါ့ကို မမြင်ဖူးဘူး။
သူ့ ကျေးဇူးလဲ ငါ့အပေါ်မှာ
မရှိဖူးဘူး။ ငါ့ကျေးဇူးလဲ သူ့ အပေါ်မှာ မရှိဖူးဘူး"လို့  ရဟန်းကို
ပြောလိုက်ပါလို့  ခိုင်းတယ်"
၅။
မူရင်းအဋ္ဌကထာတွင် "အထဿ,ဘရိယာ,
"သာမိ ထေရော အာဂတော" တိ အာရောစေသိ။ "အဟံ ပညာသဝဿာနိ ထေရဿ သန္တိကံ န
ဂတပုဗ္ဗော၊ ကတရေန မေ ဂုဏေန ထေရော အာမိဿတိ၊ ဂစ္ဆာတိ နံ ဝဒထာ"တိ" ဟု တွေ
့ရ၏။
"ထိုအခါ တံငါသည်၏မယားက "အရှင်၊
မထေရ်ကြွလာ၏"ဟု ပြော၏။ (တံငါအိုက) "ငါသည် နှစ်ပေါင်း ၅ဝ တိုင်တိုင်
မထေရ်ထံသို့  မသွားရောက်ဖူးပါ။ မည်သည့်ဂုဏ်ကျေးဇူးအထူးကြောင့် မထေရ်ကြွရောက်လာသနည်း။ပြန်ကြွရန်ပြောလိုက်ပါ"ဟု
ဆို၏။"
အဋ္ဌကထာတွင်
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယပြောဟောထားသလို---
(၁) တယောက်နှင့်တယောက်
(တံငါအိုနှင့်ရဟန်း) မမြင်ဖူးပါ
(၂) တယောက်နှင့်တယောက် (တံငါအိုနှင့်ရဟန်း)
ကျေးဇူးခံ၊ ကျေးဇူးစားမရှိဖူးပါ---ဟူသောစကား ၂ ခွန်းကို မတွေ့ ရပေ။ ထို့ ကြောင့် "သရဏဂုံတည်ခြင်းအကျိုး"လာ
ဒမိဠတံငါအို၏ပြောစကားသည် အဋ္ဌကထာနှင့် မညီညွတ်ဘဲ ဟောပြောသူက
ကိုယ့်သဘောနှင့်ကိုယ်ဇာတ်ကွက်ထွင်ကာ ဟောပြောထားခြင်းသာဖြစ်ကြောင်း တွေ့ ရ၏။
၆။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည်
သူ၏ဟောပြောချက်တွင် ပထမတန်းစားယုံကြည်ချက်ရှိသူ
ဒုတိယတန်းစားယုံကြည်ချက်ရှိသူ၊ တတိယတန်းစားယုံကြည်ချက်ရှိသူဟု အကြောင်းပြချက်ရေရာသေချာမှုမရှိဘဲ
ခွဲခြားပြထား၏။ ပိဋကတ်တော်လာ သရဏဂုံရှင်းပြချက်များတွင် ယင်းကဲ့သို့  ခွဲပြချက်
မျိုးမရှိပါချေ--။
အမရဒီပ
၎-၂၃-၂ဝ၁၂