၁။
"သာဝက"ဟူသောပါဠိကို "အဆုံးအမကိုလိုက်နာတတ်သူ၊ နာကြားတတ်သူ၊ တပည့်" ဟု အဘိဓာန်
ဆရာတို့ မြန်မာဘာသာပြန်ဆိုကြသည်။ ထေရဝါဒဗုဒ္ဓစာပေအဆိုအရ သစ္စာတရားကိုဆရာ့ထံမှတဆင့်နာယူရပြီး အရိယမဂ်ဉာဏ်ရရှိသူကို "သာဝကဗောဓိဆုပြည့်သူ"ဟု ခေါ်ရ၏။ ထိုသာဝကဗောဓိဆုပြည့်စုံပြီးသော သာဝက
များကို (က) အဂ္ဂသာဝက= တပည့်အများတွင် အမြင့်မြတ်ဆုံးသာဝက၊ ယခုဂေါတမမြတ်စွာဘုရားလက်ထက်
တွင် အရှင်သာရိပုတ္တနှင့် အရှင်မဟာမောဂ္ဂလ္လာန် (ခ) မဟာသာဝက= တပည့်ကြီး၊ ယခုဂေါတမမြတ်စွာဘုရား
ထက်တွင် အရှင်မဟာကဿပ အစရှိသော ရှစ်ကျိပ် (၈ဝ)သော ရဟန္တာသာဝကကြီးများ (ဂ) ပကတိသာဝက= ရိုးရိုးတပည့်သာဝက၊ ယခုဂေါတမမြတ်စွာဘုရားလက်ထက်တွင် အရှင်စက္ခုပါလ၊ အရှင်ဗေလဋ္ဌသီသစသော
ရိုးရိုးသာဝကများဟု ၃ မျိုးထပ်မံခွဲခြားထားသေးသည်။ ဘာကြောင့် ၃ မျိုး ၃ စားကွဲပြားနေသနည်း။ ပါရမီဖြည့်
သော အချိန်ကာလချင်းမတူကြသောကြောင့်ဖြစ်၏။
အဂ္ဂသာဝကအဆင့်အတွက် တသင်္ချေနှင့်ကမ္ဘာတသိန်းပါရမီဖြည့်ရသည်။ မဟာသာဝကအဆင့်အ
တွက် ကမ္ဘာတသိန်းပါရမီဖြည့်ရသည်။ ပါရမီဖြည့်သည့်အချိန်ကား ပြည့်စုံလုံလောက်ပေပြီ။ သို့ သော် သာသနာ
မထွန်းကားသော (သို့ မဟုတ်) ဘုရားမပွင့်သောသုညကမ္ဘာနှင့် တွေ့ ကြုံနေပါက ကျွတ်တမ်းမဝင်
နိုင်သေးပါ။ အချိန်ကာလလည်း စေ့မှ၊ ဘုရားသာသနာနှင့်လည်းတွေ့ ကြုံမှသာ ကျွတ်တမ်းဝင်နိုင်သည်။
အရိယာဖြစ်နိုင်သည်။
ပကတိသာဝကအဆင့်အတွက် ပါရမီဖြည့်ရမည့်ကာလအပိုင်းအခြားတိတိကျကျ မရှိပါ။ (အဂ္ဂသာဝက၊ မဟာသာဝကတို့ လိုမဟုတ်ချေ။) သံယုတ်ဋီကာအဆိုအရမူ ပကတိသာဝကတို့ ၏ ပါရမီဖြည့်ရာအနည်းဆုံးသက်
တမ်းမှာ ရှေးဘုရားတဆူနှင့် နောက်ဘုရားတဆူတို့ ၏ကြားကာလ (ဗုဒ္ဓန္တရခေတ်)ဟု သတ်မှတ်သင့်ပေသည်။
သို့ သော် ယင်းကြားကာလဆိုသည်ကလည်း အချိန်အတိုင်းအတာပုံသေသတ်မှတ်ချက်ရှိသည်မဟုတ်ပါ။ ဥပမာ- ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍညဘုရားတို့၏ကြားကာလမှာ တသင်္ချေကြာသည်။ ကကုသန်ဘုရားနှင့် ဝေဿဘူဘု
ရားအကြား ၂၉ ကမ္ဘာကာလကြာသည်။ ထို့ ကြောင့် ကြားခံကာလ(ဗုဒ္ဓန္တရခေတ်)တခုသည် နှစ်ပေါင်း (ဘဝပေါင်း) ကုဋေကုဋာမကကြာသည်ဟုသာ ဆိုရပါသည်။
၂။
အဋ္ဌကထာ၊ ဋီကာတို့ တွင် "အသီတိမဟာသာဝက" ဟုလည်းကောင်း၊ "အသီတိမဟာထေရ"ဟုလည်း
ကောင်းခေါ်ဝေါ်သုံးစွဲသော မဟာသာဝကရဟန္တာပေါင်း ၈ဝ (ရှစ်ကျိပ်) ရှိသည်။ ဤမဟာသာဝကရှစ်ကျိပ်စာရင်း
တွင် အရှင်သာရိပုတ္တထေရ်နှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့ ကိုပါထည့်သွင်းရေတွက်သည်။ အကြောင်းမှာ အရှင်မြတ်
၂ ပါးတို့၏ အဂ္ဂသာဝကအဖြစ်ဆုတောင်းပြည့်ရန်အကြောင်းရပ်များ (ထူးခြားစွာပြုထားသောကောင်းမှု
ရှိခြင်း၊ ပန်းတိုင်ဆုကိုရယူရန် ထက်သန်သော ဆန္ဒရှိခြင်း)မှာ အခြားသော မဟာသာဝကများနှင့် တူညီသော
ကြောင့်ပေတည်း။ တနည်းအားဖြင့် ဆုတောင်းမှု၏ကြီးကျယ်မြင့်မြတ်ခြင်းတူညီသောကြောင့်ပေတည်း။
(ထေရဂါထာဋ္ဌ ၂၊ ၅၄၁-၅၄၃။ တိကနိပါတအင်္ဂုတ္တရဋီကာ ၁၃၂။)
ထိုအသီတိမဟာသာဝကတို့ ၏ဘွဲ့ တော်များမှာ ဖော်ပြပါအတိုင်းဖြစ်၏။ (၁) အရှင်အညာသိကောဏ္ဍည
(၂) အရှင်ဝပ္ပ (၃) အရှင်ဘဒ္ဒိယ (၄) အရှင်မဟာနာမ် (၅) အရှင်အဿဇိ (၆) အရှင်နာဠက (၇) အရှင်ယသ
(၈) အရှင်ဝိမလ (၉) အရှင်သုဗာဟု (၁ဝ) အရှင်ပုဏ္ဏဇိ (၁၁) အရှင်ဂဝမ္ပတိ (၁၂) အရှင်ဥရုဝေလကဿပ
(၁၃) အရှင်နဒီကဿပ (၁၄) အရှင်ဂယာကဿပ (၁၅) အရှင်သာရိပုတ္တ (၁၆) အရှင်မဟာမောဂ္ဂလ္လာန်
(၁၇) အရှင်မဟာကဿပ (၁၈) အရှင်မဟာကစ္စာန (၁၉) အရှင်မဟာကောဋ္ဌိက (၂ဝ) အရှင်မဟာကပ္ပိန
(၂၁) အရှင်မဟာစုန္ဒ (၂၂) အရှင်အနုရုဒ္ဓ (၂၃) အရှင်ကင်္ခါရေဝတ (၂၄) အရှင်အာနန္ဒာ (၂၅) အရှင်နန္ဒက
(၂၆) အရှင်ဘဂု (၂၇) အရှင်နန္ဒိယ (၂၈) အရှင်ကိမိလ (၂၉) အရှင်ဘဒ္ဒိယ (၃ဝ) အရှင်ရာဟုလ
(၃၁) အရှင်သီဝလိ (၃၂) အရှင်ဥပါလိ (၃၃) အရှင်ဒဗ္ဗ (၃၄) အရှင်ဥပသေန (၃၅) အရှင်ခဒိရဝနိယရေဝတ
(၃၆) မန္တာနီပုဏ္ဏေးမ၏သား အရှင်ပုဏ္ဏ (၃၇)သုနာပရန္တတိုင်းသား အရှင်ပုဏ္ဏ(၃၈) အရှင်သောဏကုဋိကဏ္ဏ (၃၉) အရှင်သောဏကောဠိဝိသ (၄ဝ) အရှင်ရာဓ (၄၁) အရှင်သုဘူတိ (၄၂) အရွင္အဂုၤလိမာလ (၄၃) အရွင္ဝကၠလိ
(၄၄) အရွင္ကာဠဳဒါယီ (၄၅) အရွင္မဟာဥဒါယီ (၄၆) အရွင္ပိလိႏၵဝစ ၦ (၄၇) အရှင်သောဘိတ (၄၈) အရှင်ကုမာရကဿပ(၄၉) အရှင်ရဋ္ဌပါလ (၅ဝ) အရှင်ဝင်္ဂီသ (၅၁) အရှင်သဘိယ (၅၂) အရှင်သေလ (၅၃) အရှင်ဥပဝါဏ
(၅၄) အရှင်မေဃိယ (၅၅) အရှင်သာဂတ (၅၆) အရှင်နာဂိတ (၅၇) အရှင်လကုဏ္ဍကဘဒ္ဒိယ (၅၈) အရှင်ပိဏ္ဍောလ
ဘာရဒွါဇ (၅၉) အရှင်မဟာပန္ထက (၆ဝ) အရှင်စူဠပန္ထက (၆၁) အရှင်ဗာကုလ (၆၂) အရှင်ကုဏ္ဍဓာန (၆၃) အရှင်ဒါရုစိရိယ (၆၄) အရှင်ယသောဇ (၆၅) အရှင်အဇိတ (၆၆) အရှင်တိဿမေတ္တေယျ (၆၇) အရှင်ပုဏ္ဏက (၆၈) အရှင်မေတ္တဂု (၆၉) အရှင်ဓောတက (၇ဝ) အရှင်ဥပသီဝ (၇၁) အရှင်နန္ဒ (၇၂) အရှင်ဟေမက (၇၃) အရှင်တောဒေယျ (၇၄) အရှင်ကပ္ပ (၇၅) အရှင်ဇတုကဏ္ဏီ (၇၆) အရှင်ဘဒြာဝုဓ (၇၇) အရှင်ဥဒယ (၇၈) အရှင်ပေါသလ (၇၉) အရှင်မောဃရာဇာ (၈ဝ) အရှင်ပိင်္ဂိယ---------။ (အမှတ်စဉ် ၈ အရှင်ဝိမလမှာ အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ကြီး ဘဒ္ဒန္တဝိမလ (၁၈၉၉-၁၉၆၂) မဟုတ်ပါ။ ဗုဒ္ဓလက်ထက်တော်ကာလက အရှင်ဝိမလဖြစ်ပါသည်။ ဤကားစကားချပ်)
၃။
အရှင်သာရိပုတ္တထေရ်ကို လင်္ကျာတော်ရံ၊ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်ကို လက်ဝဲတော်ရံဟု ခွဲခြားခေါ်
ဝေါ်လေ့ရှိကြသည်။ အကြောင်းမှာ ဤသို့ ဖြစ်၏။ မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်များအတွက် နေရာ
ခင်းကျင်းမှုအစီအမံများကို ပြဆိုရာတွင် ဘုရားရှင်အတွက် နေရာကို အလယ်မှာ ခင်းရ၏။ အရှင်သာရိပုတ္တထေရ်
အတွက် နေရာကို ဘုရားရှင်၏လင်္ကျာဖက်တွင် ခင်းရ၏။ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်အတွက် နေရာကို ဘုရားရှင်၏လက်ဝဲဖက်တွင် ခင်းရ၏။ လက်ဝဲလက်င်္ကျာဘေးနှစ်ဖက်တို့၌ အခြားဘိက္ခုသံဃာအတွက်နေရာခင်းရ
၏။ ဤအစီအမံကြောင့် လင်္ကျာတော်ရံ၊ လက်ဝဲတော်ရံဟု ခေါ်ကြခြင်းဖြစ်၏။ (ဓမ္မပဒဋ္ဌ၊ ၁။ ၄၅-၄၆။)
အချို့ ကျမ်းများတွင် လင်္ကျာတော်ရံရဟန္တာ (၄ဝ)၊ လက်ဝဲတော်ရံရဟန္တာ (၄ဝ)ဟု ခွဲပြသည်လည်း ရှိ၏။ ဇာတ်ဋီကာ၊ အဂုင်္တ္တိုရ်ဋီကာတို့ တွင် ယင်းသို့ ခွဲပြခြင်းမရှိပါ။ သို့ သော် ရှေးဆရာအဆက်ဆက်တို့ ပါဠိကဗျာ
ဖွဲ့ စီထားသည်ကို တွေ့ ရသောကြောင့်လည်းကောင်း၊ ဇာတ်နိပါတ်ရေးထုံးရေးပုံ ဌပနာသွင်းထုံး ကျောက်စာ
ဟောင်းများမှာ ခွဲခြားပြသည်ကို တွေ့ ရသောကြောင့်လည်းကောင်း "လင်္ကျာလက်ဝဲ၊ ခွဲ၍သာ၊ သင်္ခေပအဓိပ္ပါယ်
ကောက်ပေအံ့"ဟု သမန္တစက္ခုဒီပနီကျမ်း၊ နဝမတွဲ၊ စာမျက်နှာ ၅၇ဝ၊ ၅၇၂ တို့ မှာ ရေးသားပြဆိုချက်ရှိပါသည်။
၎။
အဂ္ဂသာဝက ၂ ပါးအပါအဝင် အသီတိမဟာသာဝကရှစ်ကျိပ်မှကြွင်းသော ရဟန္တာ များ (ဗုဒ္ဓခေတ်မှ ယခုသာသနာနှစ် ၂၅၅၅ အထိ) သည် သာဝက ၃ မျိုးတွင် တတိယတန်းစား ပကတိသာဝကများသာ ဖြစ်
ကြောင်း သိလောက်ပေပြီ။ (ဝိသုဒ္ဓိမဂ်ဋီ။ ၂။ ၄၅။ ထေရဋ္ဌ၊ ၂။ ၅၄၃)
ယင်းသို့  သာဝကပတ်သက်၍ စနစ်တကျသတ်မှတ်ထားသော ဗုဒ္ဓစာပေအဆုံးအဖြတ်ကို နားမလည်သူတဦးက သူ၏ဆောင်းပါးတွင် ဖော်ပြပါအတိုင်းရေးသားထား၏။
"မိုးကုတ်ဆရာတော်ဘုရားကြီးသည် ပရိယတ်ရော ပဋိပတ်ပါ အသိရောအကျင့်ပါ ပြည့်စုံသည့်ပြင် သာသနာ့တာဝန်ကို အရိုးကျေကျေ အရေခြောက်ခြောက် ထမ်းရွက်သွားသည့်အတွက်လည်း ပကတိသာဝက မဟုတ်ပါ။ မဟာသာဝကရဟန္တာအရှင်မြတ်ကြီးတပါးပင်ဖြစ်ပါသည်။"
(နေရဗာန်-ကမ္ဘာ့မြောက်ခြမ်း၏ မြင်းမိုရ်ကိုလည်း မဖွနှင့်၊ကျောက်ဖျာကိုလည်း မ-မနှင့် ဆောင်းပါးမှ၊ ဟစ်တိုင်)
အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ကြီးသည် မြန်မာပြည်သားဝိပဿနာတရားပြဆရာတော်များ
အနက် ထင်ရှားကျော်ကြားပြီး ကြည်ညို လေးမြတ်သူပေါများသောဆရာတော်တပါးဖြစ်ပါသည်။ ဆောင်းပါးရှင် နေရဗာန်-က မ္ဘာ့မြောက်ခြမ်းသည်လည်း ဆရာတော်ကြီးကို ကြည်ညိုသူတဦးဖြစ်မည်ဟု ယူဆပါသည်။ ဆရာတော်ကြီးကိုကြည်ညို၍ ပူဇော်လိုသူဖြစ်ပါက အပြစ်ကင်းသော ပူဇော်နည်းဖြစ်အောင် ရေးသားသင့်ပါသည်။
မဟုတ်မမှန်သော အလွန်အကဲချီးကျူးပူဇော်မှု (ဆရာတော်ကြီးသည် ပကတိသာဝကမဟုတ်၊ မဟာသာဝကဖြစ်
သည်ဟုရေးသားမှု)သည် ဆရာတော်ကြီး၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေပါသည်။ ဆောင်းပါးရှင်၏ အဆင်
ခြင်မဲ့လုပ်ရပ်ကြောင့် ဆရာတော်ကြီးမှာ ဂုဏ်တက်ဖွယ်မရှိ၊ ရှိပြီးသားဂုဏ်ပင်ပျက်ဖွယ် ရှိ၏။ ဆောင်းပါးရှင် နေရဗာန်-ကမ္ဘာ့မြောက်ခြမ်း၏ လုပ်ရပ်ကြောင့် ယောမင်းကြီး (ဦးဖိုးလှိုင်)၏ ဥတုဘောဇနသင်္ဂဟကျမ်း စတာတွေကို လူစုလူဝေးထဲရောက်တိုင်း ချီးမွှမ်းလေ့ရှိသော မြင်းထိန်းငတာကို ယောမင်းကြီးက "မောင်မင်း--ငါ့စာတွေ မချီးမွှမ်းပါနဲ့ ။ ငါ့စာတွေ ဂုဏ်ပျက်သကွဲ့ "ပြောပြီး ပုဆိုးကြမ်းနှင့် ဒေါင်းဒင်္ဂါးပေးကာ နုတ်ပိတ်ရသည့် ဖြစ်ရပ်ကို သတိရစေပါသည်။
ဗုဒ္ဓသာသနာရေးရာကို ပုဂ္ဂိုလ်ရေးဘက်လိုက်မှုကင်းစွာရေးသားလိုသူသည် သဒ္ဓါနှင့် ပညာညီမျှ
အောင်ထားသင့်ပါ၏။ ယုံကြည်မှုသဒ္ဓါအားကောင်းပြီး သဘောတရားရေးဝမ်းစာအသိဉာဏ်ပညာအားနည်းပါက
မရေးသင့်သည်ကို ရေးမိတတ်၏။ ဥပမာ- မိုးကုတ်ဆရာတော်ကြီးသည် မဟာသာဝကဖြစ်၏ဟူသော အရေး
အသားမျိုး ထွက်လာတတ်သည်။ ဘာသာရေးဆောင်းပါးဆိုပြီး "ဘယ်ဆရာကြီးကတော့ အရိယာကြီးပဲ။ သူ့ 
ဆီသွားပါ"ဆိုတာမျိုး အပေါစားလူခေါ်ဆောင်းပါးတွေ ရေးမိတတ်သည်။
ယုံကြည်မှုအားနည်းပြီး တွေးခေါ်ကြံစည်တတ်သောအသိဉာဏ်အားကောင်းပြန်တော့လည်း သဘောတရားရေးရာအစွန်းရောက်အမှားတွေကို ရေးမိတတ်၏။ ဥပမာ---သစ္စာသိမှ အလှူခံပါဆိုသည့် ဘုရားဟောမဟုတ်သည်ကို ဘုရားဟောဟုတ်သယောင်ယောင် ကောက်ကျစ်လုပ်ကြံပြီး ရေးမိတတ်သည်။
ကိုယ်တိုင်က ဗုဒ္ဓဘာသာရေးရာကို စနစ်တကျလေ့လာဆည်းပူးခြင်းမရှိဘဲ ငါပြောတာအမှန်၊ ငါကြံတာအဟုတ်၊ ငါလုပ်တာအကောင်းဟု တရားသေဝါဒကိုင်စွဲကာ "ငါတကောကော"ဖြစ်နေတတ်ပါသည်။ မပြည့်အိုးဘောင်ဘင်
ခတ်ဖြစ်တတ်ပါသည်။
ဘာသာရေးဆောင်းပါးရေးသူတို့ သည် သဒ္ဓါနှင့်ပညာကို အချိုးညီမျှစွာထားတတ်ကြဖို့ လိုအပ်ပါသည်။
ဆောင်းပါးရှင် နေရဗာန်-ကမ္ဘာ့မြောက်ခြမ်းအနေဖြင့် မိမိကြည်ညိုသည့် ဆရာတော်ကြီးကို မဟာသာဝ
ကစာရင်းတွင်ထည့်သွင်းလိုသော်လည်း လက်ရှိဆဋ္ဌသံဂါယနာမူ ထေရဝါဒစာပေက ခွင့်ပြုမည်မဟုတ်ပါ။ ရဟန္တာ
ကြီးရှစ်ကျိပ် (၈ဝ) ဖြင့် စာရင်းပိတ်ပြီးသား ဖြစ်နေပါ၏။ စိတ်မလျော့သေးက သတ္တမသံဂါယနာတင်သည်အထိ စောင့်ကာ ထပ်မံကြိုးစားကြည့်ပါဦး-----။
၅။
ဘုရားလောင်းတို့သည် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ဖြစ်ပေါ်ရေးအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်း
ဟူသော အကြောင်းတရပ်သာ ရှိသည်။ သူတပါးတို့ထံမှ သစ္စာတရားကို နာယူရန်မလို--။ ပစ္စေကဗုဒ္ဓါလည်းနည်း
တူ---။
အဂ္ဂသာဝက၊မဟာသာဝက၊ ပကတိသာဝကာဟူသော သာဝက ၃ မျိုးလုံးမှာမူ သစ္စာတရားသိမြင်သူတ
ဦးဦး၏ဟောပြမှုကို နာယူရပြီး တရားနည်းလမ်းတကျ ကျင့်ကြံအားထုတ်မှသာ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ 
ဖြစ်ပေါ်နိုင်ပါသည်။ (မုိးကုတ္ဝိနိစ ၦယ၊ ၁၆။)
ဤစကားအစဉ်မျှဖြင့် သာဝကဆိုင်ရာအကြောင်း ဗုဒ္ဓစာပေအဆိုအတိုင်း တင်ပြခြင်းကို အဆုံးသတ်လိုက်ပါသည်။
အမရဒီပ
စက်တင်ဘာ ၂၂-၂ဝ၁၁
No comments:
Post a Comment