Total Pageviews
Sunday, July 29, 2012
Saturday, July 28, 2012
ဘာသာရေးဆွေးနွေးပွဲ-၁၇ (နိဂုံးချုပ်) (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
Friday, July 27, 2012
ဘာသာရေးဆွေးနွေးပွဲ- ၁၆ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
ဘာသာရေးဆွေးနွေးပွဲ- ၁၅ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
ဘာသာရေးဆွေးနွေးပွဲ- ၁၄ (ရုပ်သံ)
ဗီဒီယိုရရှိတဲ့နေရာများ==
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
ဘာသာရေးဆွေးနွေးပွဲ-၁၃ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
သတိပေးချက်။ ဗီဒီယို ၅ မိနစ် ၂ဝ စက္ကန့် ရောက်ရင်ပျက်သွားတယ်။
ဘာသာရေးဆွေနွေးပွဲ- ၁၂ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
ဘာသာရေးဆွေးနွေးပွဲ- ၁၁ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
ဘာသာရေးဆွေးနွေးပွဲ- ၁ဝ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
Thursday, July 26, 2012
ဘာသာရေးဆွေးနွေးပွဲ- ၉ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
Wednesday, July 25, 2012
ဘာသာရေးဆွေးနွေးပွဲ- ၁
ဘာသာခြားတရားဟောဆရာတဦး၏လိမ်ညာမှုကိုဖော်ထုတ်ခြင်း- ၁၃
https://www.facebook.com/truedhamma?ref=hl
http://www.facebook.com/eaindar.nyana
http://www.youtube.com/playlist?list=PL1929AA7DEE9B56A6
ဘာသာခြားတရားဟောဆရာတဦး၏လိမ်ညာမှုကိုဖော်ထုတ်ခြင်း- ၁၂
https://www.facebook.com/truedhamma?ref=hl
http://www.facebook.com/eaindar.nyana
ဘသာခြားတရားဟောဆရာတဦး၏လိမ်ညာမှုကိုဖော်ထုတ်ခြင်း- ၁၂
http://www.facebook.com/eaindar.nyana
ဘသာခြားတရားဟောဆရာတဦး၏လိမ်ညာမှုကိုဖော်ထုတ်ခြင်း-၁၁
http://www.facebook.com/eaindar.nyana
Tuesday, July 24, 2012
Monday, July 23, 2012
ဘာသာခြားတရားဟောဆရာတဦး၏လိမ်ညာမှုကို ဖော်ထုတ်ခြင်း- ၁ဝ
https://www.facebook.com/truedhamma?ref=hl
http://www.facebook.com/eaindar.nyana
ဘာသာခြားတရားဟောဆရာတဦး၏လိမ်ညာမှုကိုဖော်ထုတ်ခြင်း-၉
ဗီဒီယိုရရှိတဲ့ နေရာများ===
https://www.facebook.com/truedhamma?ref=hl
http://www.facebook.com/eaindar.nyana
ဘာသာခြားတရားဟောဆရာတဦး၏လိမ်ညာမှုကို ဖော်ထုတ်ခြင်း-၈
https://www.facebook.com/truedhamma?ref=hl
http://www.facebook.com/eaindar.nyana
ဘာသာခြားတရားဟောဆရာတဦး၏လိမ်ညာမှုကို ဖော်ထုတ်ခြင်း- ၇
https://www.facebook.com/truedhamma?ref=hl
http://www.facebook.com/eaindar.nyana
ဘာသာခြားတရားဟောဆရာတဦး၏လိမ်ညာမှုကိုဖော်ထုတ်ခြင်း- ၆
ဗီဒီယိုရရှိတဲ့ နေရာများ===
https://www.facebook.com/truedhamma?ref=hl
http://www.facebook.com/eaindar.nyana
Sunday, July 22, 2012
Friday, July 20, 2012
ဘာသာခြားတရားဟောဆရာတဦး၏ လိမ်ညာမှုကို ဖော်ထုတ်ခြင်း-၁
Tuesday, July 17, 2012
ပါးစပ်ရာဇဝင်လေးတခု ဖြစ်လို့ ကျန်ရစ်ပြီ
အင်းဝခေတ်စာဆိုကျော်
မဟာကဗျာဆရာအရှင်မဟာရဋ္ဌသာရရဲ့ စတုဓမ္မသာရကိုးခန်းပျို့ ကိုဖတ်ရင် နိဂုံးပိုင်းပိုဒ်ရေ
၉ မှာ အောက်ဖော်ပြပါအတိုင်း ရေးသားတော်မူခဲ့တာ တွေ့ ရပါမယ်။
"ဗုဒ္ဓဃောသာ၊ ဆရာထေရ်မြတ်
ကဝိထွတ်လျှင်၊ ပိဋကတ်နှုတ်
နက်စံထုတ်သား၊ ဝိသုဒ္ဓိမဂ်
သစ်စက်စက်ကို၊ သိုဝှက်သိကြား
ကွယ်ရာထားမှ၊ စီးပွားရှာရှာ
နှင်းပြန်လှာသို့ ၊
ဤစာဇာတ်ပေါင်း
သုံးနှစ်အောင်း၍၊ အကြောင်းမသိ
ပျောက်ဘွယ်ရှိလျက်၊ ဇာတိရိုက်ရာ
နန်းဖွင့်ခါနှင့်၊
ကြမ္မာချိန်သင့်
လင့်သောကြိုက်ဝယ်၊ တတိုက်စကြာဝဠာ
ကျွန်းချာနှိပ်နင်း၊ မင်းတို
့စီးတန်
မှန်သည့်လက္ခဏာ၊ အင်္ဂါကြန်ရုံ
စွယ်စုံပျိုလူး ၊ ဝှေ့ စူးရဲမာန်
လျင်ထန်သန်ကြွား၊ စွမ်းအားခြင်္သေ့
လှမြေ့ဆင်းရောင်၊ငွေတောင်အတူ
ဆင်ဖြူပေါက်ကြီး၊
ရမြောက်ပြီးသော်
ဝေးနီးပြောင်ပြောင်၊
တန်ခိုးရောင်ဖြင့်
ရန်မှောင်ဖျောက်ပယ်၊
ပင်လယ်ချောက်မွှေ
သရေခေတ္တရာ၊ မြစ်ညာအင်းဝ
မြန်မာ့တိုင်းလုံး၊
ယူကျူံးနိုင်ငံ
နေလစံသို့ ၊ မောင်နှံလွှမ်းမိုး
နှစ်ပြည်စိုးသား၊မင်းရိုးမင်းသား
မင်းတရား၏၊ ရွှေနားတန်ဆာ
ရတနာဟု၊ သဒ္ဓါနှိုးဆော်
နတ်များဖော်သည်၊ ၊ ဘုန်းတော်အတုမဲ့တောင်းတည်း။ "
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကို
အရှင်မဟာဗုဒ္ဓဃောသ (သာသနာနှစ် ၉၇၂မှာ)ရေးပြုစီရင်ပြီးစဉ်ကာလဖြစ်ခဲ့တဲ့ဖြစ်ရပ်ကို
အစဉ်အဆက်ပြောခဲ့တဲ့ ပြောထုံးတခုရှိပါတယ်။ အဲဒါက ဝိသုဒ္ဓိမဂ်ကျမ်းကို
ရေးပြီးသွားတယ်။ အဲဒီစာမူကို သိကြားမင်းယူပြီးဝှက်ထားလိုက်တယ်။
ဒုတိယအကြိမ်ပြန်ရေးရတယ်။ သိကြားမင်းက တိတ်တဆိတ်ယူပြီး စာမူကို
ဝှက်ပြန်တယ်။
တတိယအကြိမ်ထပ်ရေးရပြန်တယ်။ တတိယစာမူရေးပြီးတော့မှ သိကြားမင်းက ပထမစာမူ၊
ဒုတိယစာမူတွေကို ပြန်ထုတ်ပေးတယ်။ အဲဒီ ဝိသုဒ္ဓိမဂ်ဖြစ်ရပ်လိုပါပဲ ဆိုပြီးတော့
ရှင်မဟာရဋ္ဌသာရက သူ့ 
ကိုးခန်းပျို့ ဇာတ်ပေါင်းခန်းအကြောင်းကို ဖွဲ့ ဖွဲ့ နွဲ့ နွဲ
့ရေးပြပါတယ်။
အင်းဝရွှေနန်းကြော့ရှင်
နရပတိဘုရင်လက်ထက် အင်းဝပျက်တဲ့အခါ အရှင်မဟာရဋ္ဌသာရကို ပြည်ဘုရင်ပင့်လို့ 
စာဆိုရှင်ဟာ ပြည်ရောက်သွားရတယ်။ ပြည်မရောက်ခင် ပုရပိုက်ပေါ်မှာ အက္ခရာတင်ပြီးသွားတဲ့
ကိုးခန်းပျို့ ကို
ဖတ်ရှုနေကြတဲ့
တပည့်တွေဆီပြန်တောင်းတော့ ရှစ်ခန်းပဲ ပြန်ရတယ်။ ဇာတ်ပေါင်းခန်း ပြန်မပါလာတော့ဘူး။
ပြည်ရောက်ပြီး နေသားတကျဖြစ်တော့မှ ဇာတ်ပေါင်းခန်းကို အသစ်ပြန်ရေးပါတယ်။
နောက် ၃
နှစ်အကြာ မူလဇာတ်ပေါင်းခန်းကို စစ်ကိုင်းတပည့်တွေဆီက စာဆိုပြန်ရတယ်။
ကိုးခန်းပျို
့ဇာတ်ပေါင်းခန်းဟာလည်း ဝိသုဒ္ဓိမဂ်ဖြစ်ရပ်လိုပါကလားလို့  ဥပမာပေးပြီး နိဂုံးပိုဒ် ၉
ကို အရှင်မဟာရဋ္ဌသာရ
လှလှပပ ကဗျာဉာဏ်စွမ်း ပြတော်မူသွားပါတော့တယ်။
ဝိသုဒ္ဓိမဂ်စာမူကို
သိကြားဝှက်တဲ့ဇာတ်လမ်းကို မဟာစည်ဆရာတော်ရဲ့ ဝိသုဒ္ဓိမဂ်မြန်မာပြန်နိဒါန်းမှာ
မဟာဝံသကျမ်း၊သတ္တတိံသတိမပရိစ္ဆေဒ
(အပိုင်း-၃၇)လာ၊ ဂါထာအမှတ် ၂၁၅-ကနေ ၂၄၆ အထိ ကိုးကား
ဖော်ပြပါတယ်။ဒီဆောင်းပါးမှာတော့
သက်ဆိုင်ရာလောက်ကိုသာ ကူးယူတင်ပြပါမယ်။
၂၃၆။ အရှင်ဗုဒ္ဓဃောသသည် အဋ္ဌကထာနှင့်တကွ ပိဋကသုံးပုံကို သံဃာတော်ကပေးသော ဤ
၂ ဂါထာ၌သာ
လျှင် အကျဉ်းချုံးလျက်ပေါင်းစု၍ ဝိသုဒ္ဓိမဂ်မည်သောကျမ်းကို
ရေးသားစီရင်တော်မူလေသည်။
၂၃၇။ ထိုသို့ စီရင်ပြီးနောက် အရှင်ဗုဒ္ဓဃောသသည် ဘုရားအလိုတော်၌
ကျွမ်းကျင်လိမ္မာသောရဟန်းအပေါင်း
သံဃာတော်ကို စည်းဝေးစေပြီးလျှင်
သံဃမိတ္တာထေရီမစိုက်ပျိုးခဲ့သော မဟာဗောဓိပင်အနီး၌ ထိုဝိသုဒ္ဓိ
မဂ်ကျမ်းကိုဖတ်စေရန် အားထုတ်စီမံလေသည်။
၂၃၈။ (ထိုအခါ) နတ်တို့ သည် အရှင်ဗုဒ္ဓဃောသ၏သိမ်မွေ
့ထက်မြက်သောဉာဏ်စွမ်းရည်များကို များစွာသော
လူအပေါင်း၌ ထင်ရှားပြခြင်းငှါ ထိုဝိသုဒ္ဓိမဂ်ပေစာထုပ်ကို
ကွယ်ဝှက်၍ ထားကြကုန်၏။ အရှင်ဗုဒ္ဓဃော
သည်လည်း ၂ ကြိမ် ၃ ကြိမ်တိုင်တိုင်ပင် ထပ်၍
ရေးသားစီရင်ပြန်လေသည်။
၂၃၉။ ၃ ကြိမ်မြောက်၌ ထိုဝိသုဒ္ဓိမဂ်ပေစာကို ဖတ်စေရန်ထုတ်ဆောင်သောအခါ
နတ်တို့ သည် (ယခင်က
ဝှက်ထားသော) အခြားပေစာ၂ ထုပ်ကိုလည်း ထိုအရပ်၌ ထားလေကုန်၏။
၂၄ဝ။ ရဟန်းတော်တို့ သည် ထိုဝိသုဒ္ဓိမဂ်ကျမ်း ၃ စောင်ကို တပြိုင်နက်
ရွတ်ဖတ်ကုန်၏။ ထိုသို့ ရွတ်ဖတ်သော
အခါ
ကျမ်းဂန်ပါဠိတော်အားဖြင့်သော်လည်းကောင်း၊ အနက်အားဖြင့်သော်လည်းကောင်း၊
အစီအစဉ်
အားဖြင့်သော်လည်းကောင်း--
၂၄၁။ ထေရဝါဒတို့ နှင့်ဖြစ်စေ၊ ပါဠိတော်ဝါကျတို့ နှင့်ဖြစ်စေ
ကွဲလွဲခြင်းမည်သည် ကျမ်းသုံးစောင်လုံးတို့ ၌ ပင်
မရှိသည်သာလျှင် ဖြစ်ပေသည်။
ဒါတွေကို ကြည့်ရင် ကိုးခန်းပျို
့စာဆိုတော်ဟာ မဟာဝံသကျမ်းအဆိုကို ကိုးကားပြီး ကဗျာရေးတယ်ဆိုတာ ရှင်းသွားပါတယ်။
လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ
္ဆယကျမ်း၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ သောဓနာချေပလွှာ (စာ-၃၂၅) မှာ
- ဝိသုဒ္ဓိမဂ်မပေါ်ခင်နှစ် ၂ဝဝ ခန်
့ကတည်းက ဝိမုတ္တိမဂ္ဂကျမ်းပေါ်နေပြီ၊ ဝိမုတ္တိမဂ္ဂကျမ်းနဲ့ ဝိသုဒ္ဓိမဂ္ဂကျမ်း တို့ ဟာ
အမည်အားဖြင့်ရော အဆိုအမိန့် အားဖြင့်ပါ ဆင်တူယိုးမှားဖြစ်နေတယ်။ ဆိုလိုချက်က
အရှင်မဟာဗုဒ္ဓဃောသ အနေနဲ့  ဝိမုတ္တိမဂ်ကျမ်းထဲက စာကူးချတာတွေ ရှိနိုင်တယ်။
ဒီလိုဆိုရင် သိကြားပေထုပ်ဝှက်တဲ့ဇာတ်လမ်းဟာ ထွင်လုံး (လုပ်ကြံဖန်တီး)ဇာတ်လမ်းသာ
ဖြစ်တယ်လို့  ဆိုလိုပါတယ်။
ဝိမုတ္တိမဂ်ကျမ်းအကြောင်းကို
ဝိသုဒ္ဓိမဂ်ကျမ်းနဲ့ နှိုင်းယှဉ်သုံးသပ်ချက်တွေကို ဒီမှာအကျယ်မရေးသာပါဘူး။
စိတ်ဝင်စားရင် မဟာစည်ဆရာတော်ရဲ့ ဝိသုဒ္ဓိမဂ်မြန်မာပြန်၊ ပထမတွဲ ၊နိဒါန်းနဲ့ 
လူသေလူဖြစ်ဝါဒါနုဝါဒဆုံးဖြတ်
ချက် (စာ-၆၉၁) မှာ ဖတ်ရှုပါလို့ 
ညွှန်းဆိုပါရစေ…….။
လူသေလူဖြစ်ဝါဒဝိနည်းဓိုရ်ဆရာတော်များက
ဝိမုတ္တိမဂ်ကျမ်းပါအယူအဆတွေကို အရှင်မဟာဗုဒ္ဓဃောသ၊
ဝိသုဒ္ဓိမဂ်မဟာဋီကာဆရာအရှင်ဓမ္မပါလတို့ က ဖောက်ပြန်မှားယွင်းတဲ့အယူအဆအဖြစ်သာ
မှတ်တမ်းတင်ခဲ့တယ်။
လက်မခံဘဲ
ပယ်ချခဲ့ကြတာဖြစ်လို့  ဝိမုတ္တိမဂ်ကျမ်းအဆိုကို ကူးချတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ 
ဆိုထားပါတယ်။ သိကြားဝှက်ဇာတ်လမ်းအကြောင်းကို ဝိနည်းဓိုရ်ဆရာတော်များက…………
"သိကြားဝှက်ဇာတ်လမ်းသည်
ပါးစပ်ရာဇဝင်မျှသာဖြစ်၍ ဂန္ထဝင်မြောက် ခုံတည်လောက်သော ကိစ္စမဟုတ်ရကား
စကားလုပ်၍ ဖြေရှင်းနေဖွယ်မလို"……………………….
လို့  ဖြေရှင်းဆုံးဖြတ်ထားပါတယ်။
(ယင်းဝိနိစ္ဆယ၊ စာ-၆၉၃။)
ဝိသုဒ္ဓိမဂ်သိကြားဝှက်ဇာတ်လမ်းကို
မြန်မာပြည်သား လူသေလူဖြစ်ဝါဒဝိနည်းဓိုရ်ဆရာတော်တွေက "ပါးစပ်
ရာဇဝင်"လို့ ပြောလိုက်တော့ မျက်ခုံးပင့်မသွားစေလိုဘူး။
ဘိက္ခုဉာဏမောဠိ ရဲ့ ဝိသုဒ္ဓိမဂ်အင်္ဂလိပ်ဘာသာပြန်
စာအုပ် နိဒါန်းမှာလည်း
မဟာဝံသလာ အရှင်ဗုဒ္ဓဃောသဇာတ်လမ်းကို အပြည့်အစုံဖော်ပြတာတွေ့ ရပါတယ်။
ပြီးတော့
မှတ်ချက်တခုလည်း ပေးထားသေးတယ်။
“It has already been remarked that the general opinion
of European scholars is that where this imaginative tale differs from, or add
to, the Mahavamsa’s account it is in
legend rather than history”
ဒီနေရာမှာ
ဥရောပတိုက်သားပညာရှင်တွေရဲ့ ယေဘုယျသဘောထားကိုတင်ပြရရင် ဒီစိတ်ကူးယဉ်ပုံပြင်ဟာ
သမိုင်းဖြစ်ရပ်မှန်နဲ့  ခြားနားကွဲပြားနေတယ်။
သို့ မဟုတ် မဟာဝံသအဆိုဟာ သမိုင်းထက် စိတ်ကူးယဉ်ဒဏ္ဍာရီ
ဘက်ကဲနေတယ်လို
့ဆိုလိုပါတယ်။ အင်္ဂလိပ်လိုသုံးထားတဲ့ this imaginative tale
နဲ့  it is in legend တို့ ကို
ကြည့်ရင်
မြန်မာဆရာတော်များသုံးစွဲတဲ့ "ပါးစပ်ရာဇဝင်" ဟာ ဆိုသင့်ဆိုထိုက်တဲ့စကားဆိုတာ
ပီပြင်ပြတ်သားစွာ
လက်ခံရပါလိမ့်မယ်။
သို့ မဟုတ်
ဝိသုဒ္ဓိမဂ်သိကြားဝှက်ဇာတ်လမ်းကို မြန်မာပြည်သားပိဋကတ်ပညာရှင်များရောအနောက်တိုင်းသား
ပိဋကတ်ပညာရှင်များကပါ
လက်တွေ့ မကျတဲ့ဖြစ်ရပ်တခုအဖြစ် (သို့ မဟုတ်) ပါးစပ်ရာဇဝင်တခုအဖြစ်
တသဘောတည်း
ညီညွတ်စွာရှုမြင်သုံးသပ်ကြတယ်လို့  မြင်မိတာပါပဲ………။
အမရဒီပ
ဇူလိုင် ၁၇၊ ၂ဝ၁၂
Monday, July 16, 2012
လှေသင်းမင်းကျောင်းဆရာတော် သြဝါဒ နဲ့  ဝိနိစ္ဆယ
ပရိယတ်၊ပဋိပတ်စွယ်စုံဆရာတော်ကြီးတွေအကြောင်းဖတ်မှတ်ရပြီဆိုရင်
အဆုံးအမနဲ့  အဆုံးအဖြတ်
(သြဝါဒ နဲ့  ဝိနိစ္ဆယ) တွေကို ရတတ်တာ
ဖြစ်ရိုးဖြစ်စဉ်လိုပါပဲ။
မစိုးရိမ်ကျောင်းတိုက်ကြီးရေစက်ချပွဲလုပ်တော့
ကျောင်းဒကာမောင်ကျော်ကို လှေသင်းမင်းကျောင်းဆရာတော်က
"နွားသတ်ပြီးရေစက်ချမှ
ပါဏာတိပါတအကုသိုလ်ကံမြောက်သလား၊ ဝိနည်းအလို အင်္ဂါစုံလျှင် ကံမြောက်သည်။
သုတ္တန်အလို
ဝတ္ထုအဆောက်အဦးပြည့်စုံလျှင် ကံမြောက်သည်။ အဘိဓမ္မာအလို စေတနာစသော တရားကိုယ်
ထင်ရှားဖြစ်ပေါ်လာလျှင်
ကံမြောက်သည်။ အပယိကဝေါဟာရလောက်ကို ပဓာနမပြုသင့်ဘူး" လို့  ဟောပြော
တော်မူပါတယ်။ ဒါ
ရေစက်ချတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးအဆုံးအမပါပဲ………။
တခါမှာတော့
သတ်သတ်လွတ်ဘုဉ်းပေးတဲ့ တပည့်တပါး လှေသင်းမင်းကျောင်းဆရာတော်ဆီရောက်လာတယ်။
ဆွမ်းဒကာက အာဂန္တုကိုယ်တော်နဲ့ ဆရာတော်အတွက် သတ်သတ်လွတ်ဆွမ်းလာကပ်ပါသတဲ့။ ဒီမှာတင်
ဆရာတော်က
အခုလို ဆုံးမတော်မူပါတယ်။
"ရသေ့ဖြစ်လျှင်
ရသေ့လိုကျင့်၊ တိတ္ထိဖြစ်လျှင် တိတ္ထိလိုကျင့်၊ ဇော်ဂျီဖြစ်လျှင် ဇော်ဂျီလိုကျင့်၊ ရဟန်းလုပ်လျှင်
ရဟန်းလိုကျင့်၊ သတ်သတ်စားခြင်းကို အကျင့်ပဋိပတ်ကြီးတခုလုပ်၍ မကျင့်သင့်။
အကျုးရှိရိုးမှန်လျှင် သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးဖြင့် သိမြင်ခွင့်ပြုတော်မူခဲ့ရာ၏။
ဒေဝဒတ်တောင်းဆိုသည်ကိုပင် တားမြစ်ခဲ့ပြီ။
ဝိနည်းတော်အရ ဆင်သား၊
မြွေသားစသော အသားကြီး ၁ဝ မျိုးနှင့် ရည်မှန်း၍သတ်သော အသားမျိုးမဟုတ်လျှင် အပ်၏၊
စားကောင်း၏။ ဘုရားခွင့်ပြုပြီးဖြစ်သည်။
သုတ္တန်အလို
အစားအသောက်နှင့်စပ်သော ဓုတင်သုံးမျိုးခွင့်ပြုထား၏။
အဘိဓမ္မာအလို မည်သည့်အစာကိုစားမှ
ရှောင်မှကုသိုလ်ရသည် မလာ(မဟော)။ ယောနိသောမနသိကာရသင့်
တင့်အောင်စိတ်ကိုပြုပြင်မှ
ကုသိုလ်ရ၏။
ယုတ္တိယုတ္တာဖြင့်
အကျင့်ကောင်းဟန်ဆောင်သော အလွန်မကွဲပြားလွန်းသည့် အကျင့်တခုကို ကျင့်မိလျှင်
တစတစလမ်းခွဲမှန်းမသိ ခွဲ၍ မဇ္ဈိမပဋိပဒါမှမှ ချွတ်လွဲတတ်သည်"
ဘုရားရှင်ခေတ်ကနေ ယခုခေတ်အထိ
မေးလို့ ဖြေလို့ မပြီးနိုင်တဲ့ သတ်သတ်လွတ်စားခြင်းကိစ္စအတွက် ဆရာတော်ကြီးရဲ့
ဆုံးမတော်မူချက်စကားပါ……..။
မိုင်းခိုင်းဆရာတော်က
စေတီတော်ရင်ပြင် ဖိနပ်စီးအပ်၊ မစီးအပ်ပြဿနာမှာ အယူအဆနှီးနှောချင်လို့ လျှောက်
ထားလာတော့
လှေသင်းမင်းကျောင်းဆရာတော်က ချက်ချင်းပဲ အခုလို ထုတ်ပြောပါတယ်။
"ဝိနည်းအလို
တံတိုင်းရှိလျှင် တံတိုင်းအတွင်း ဖိနပ်မစီးသင့်…။ တံတိုင်းမရှိလျှင်
တံတိုင်းပြုသင့်သော နေရာအတွင်းမစီးသင့်။ သုတ္တန်အလို စေတီကိုမြင်ရာအထိ မစီးအပ်။
အဘိဓမ္မာအလို ဘုရားဂုဏ်တော်များကို အာရုံပြုသောအခါ ဂါရဝစိတ်ထား၍ မစီးထိုက်"……………တဲ့။
ဖိနပ်အဆုံးအဖြတ်တရပ်ပါပဲ။
နိဗ္ဗာန်အတွက်ကြိုးစားကျင့်သူတွေအတွက်
ဆရာတော်ကြီးက အခုလိုဆုံးမတော်မူတယ်။
"နိဗ္ဗာန်ကိုမက်၊
ကိုယ်အသက်၊ငဲ့ကွက်မပြုရာ။"
"လှေသင်းမင်းကျောင်း၊နေတ္တိကောင်း၊
သိကြောင်းအစဉ်မှာ။"လို့  ဆုံးမတော်မူခဲ့တယ်။ အခြားဆရာတော်များရဲ့
အဆုံးအမတော်တွေကိုလည်း သံပေါက်ကဗျာတွေရေးသားပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။
လှေသင်းမင်းကျောင်းဆရာတော်ကြီးဟာ
ကျမ်းဂန်ရေးသားပြုစုခြင်းအပိုင်းမှာ ဝိသုဒ္ဓိမဂ်မဟာဋီကာရဲ့ နိဿယကို
ပြုစုတော်မူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးလက်ရာ
ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယဟာ
ပျောက်ဆုံးသွားခဲ့ကြောင်း
သိရပါတယ်။ (မဟာစည်ဆရာတော်ရဲ့ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကတော့ ဆဋ္ဌသံဂါယနာနောက်ပိုင်းမှာ
ပေါ်ထွက်လာပါတယ်။)
လှေသင်းမင်းကျောင်းဆရာတော်ကြီးရဲ့
ဘဝ၊ အနေအထိုင်၊ စာပေ၊ အကျင့်အကြောင်းကို ဓမ္မာစရိယဦးဌေးလှိုင်ရဲ့
ရဟန
္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်မှာ အကျယ်လေ့လာမှတ်သားနိုင်ပါတယ်။
အမရဒီပ
ဇူလိုင် ၁၆၊ ၂ဝ၁၂
Tuesday, July 10, 2012
မဟာဋီကာ၊ ဘေဒနီဆရာ မှသည် အဋ္ဌကထာဆရာ၊ဝိပဿနာဂုရုဆီသို့ 
သထုံ၊
မင်းကွန်းဇေတဝန်ဆရာတော်ကြီး ပေဋကောပဒေသအဋ္ဌကထာနဲ့  မိလိန္ဒပဥှာအဋ္ဌကထာတို့ ကို
ပြုစုတော်
တော်မူခဲ့ကြောင်း သိခဲ့ကြရပြီ။
ဒီကျမ်းတွေကို ဘယ်ပုံဘယ်နည်းပြုစုခဲ့သလဲဆိုတော့ သက်ဆိုင်ရာအဋ္ဌကထာ
ကျမ်းကို မရေးခင် မူတည်ထားမယ့်
ပါဠိတော်ကျမ်းကို နုတ်လွတ်အာဂုံအရကျက်မှတ်တယ်။ ပါဠိတော်ကျမ်းကို
အလွတ်အာဂုံရပြီးတော့မှ အဋ္ဌကထာကို ဆရာတော်ကြီးရေးတော်မူပါတယ်။
အဋ္ဌကထာကိုရေးပြီးတဲ့အခါမှာလည်း
ကိုယ်တိုင်ရေးအဋ္ဌကထာကို နေ့ စဉ်ရွတ်အံပြီး နုတ်ငုံဆောင်တယ်။ ၄ နှစ် ၅ နှစ်
နုတ်ငုံဆောင်ပြီး ဖြည့်စွက်ခြင်း၊ ဖြုတ်ပယ်ခြင်းလုပ်ငန်းတွေကို
လုပ်ဆောင်တော်မူပါတယ်။ (ရဟန္တာနှင့်
ပုဂ္ဂိုလ်ထူး)
ဒီလိုပြောလို့ 
ဆိုင်ရာပါဠိတော်နဲ့  အဋ္ဌကထာကိုသာ အလွတ်ကျက်မှတ်ခြင်း၊ နုတ်တက်ရပြီးသားစာတွေကို နေ့ 
စဉ်ရွတ်ဆိုခြင်း ပြုလုပ်တယ်လို့ 
အမှတ်မမှားစေချင်ဘူး။ ဆရာတော်ကြီးဟာ ပိဋကတ်သုံးပုံကို အလှည့်ကျရွတ်
ဆိုပြီး နေ့ စဉ်ဘုရားဝတ်တက်တယ်လို
့သိရပါတယ်။
ဓမ္မာစရိယဦးဌေးလှိုင်က "ဆရာတော်ကြီးဟာ လူမသိတဲ့ တိပိဋကဓရ"…..တဲ့။
(ရဟန္တာနှင့်ပုဂ္ဂိုလ်ထူး)
သထုံ၊
မင်းကွန်းဇေတဝန်ဆရာတော်အပေါ် အဲဒီခေတ်ထင်ရှားခဲ့တဲ့ လယ်တီဆရာတော်၊ မဟာဝိသုဒ္ဓါရုံ
ရွှေကျင်သာသနာပိုင်ဆရာတော်တို့ ပြုစုရေးသားခဲ့တဲ့ကျမ်းစာတွေက တနည်းနည်းနဲ
့သက်ရောက်မှုရှိခဲ့ သလားလို့  စောကြောမိတယ်။ နည်းနည်းလေ့လာကြည့်ရအောင်….။
လယ်တီဆရာတော်ကြီးက ခရစ်နှစ် ၁၈၄၆ ဖွား (မြန်မာနှစ် ၁၂ဝ၈)၊
မဟာဝိသုဒ္ဓါရုံဆရာတော်က ခရစ်နှစ် ၁၈၃၈
(မြန်မာနှစ် ၁၂ဝဝ ပြည့်) ဖွားဖြစ်ပါတယ်။
သထုံ၊ မင်းကွန်းဇေတဝန်ဆရာတော်က ခရစ်နှစ် ၁၈၆၉
(မြန်မာနှစ် ၁၂၃ဝ ပြည့်) ဖွားဆိုတော့
သက်တော်အားဖြင့်လယ်တီဆရာတော်အောက် ၂၃ နှစ်၊မဟာဝိသုဒ္ဓါရုံဆရာတော်
အောက် ၃၁ နှစ် ငယ်တယ်။
မဟာဝိသုဒ္ဓါရုံဆရာတော်က ပုဂံမင်း၊
မင်းတုန်းမင်းတို့ ရဲ့ဆရာ သီးလုံးဆရာတော်ရဲ့တပည့်ဖြစ်တဲ့ ဝက်လက်မြို့ 
အနောက်ဘက် မဟာဗိုလ်တောရဆရာတော်ရဲ
့ တပည့်ဖြစ်ခဲ့တယ်။ မင်းကွန်းဇေတဝန်ဆရာတော်က သီးလုံးဆရာတော်တပည့်တွေဖြစ်ကြတဲ့
မင်းကွန်းတောင်ရိုး ဦးပုညကြီးတောင်ခေါ် တောင်ပေါ်ကြီးကျောင်းတိုက်
သုံးဂိုဏ်းချုပ်ဆရာတော် ဦးရာဇိန္ဒ၊ မင်းကွန်းအလယ်တောရဆရာတော် ဦးမဉ္ဖူသာရတို့ ရဲ့
တပည့်ဖြစ်လို့  "သီးလုံးဆရာတော်အဆက်အနွယ်ချင်းတူတယ်"လို့  လေ့လာတွေ
့ရှိရပါတယ်။
![]() |
လယ်တီဆရာတော်ရဲ့စာပေနဲ
့ပတ်သက်လို့  မင်းကွန်းဇေတဝန်ဆရာတော်မှာ ရည်မှန်းချက်တခုဖြစ်ပေါ်ခဲ့တယ်။
"စာချဘုန်းကြီးဦးနာရဒ၏သတင်းသည်
စစ်ကိုင်း ၊ မင်းကွန်းတောင်ရိုးတခွင်၌ ပျံ့ လွင့်စပြုနေ၏။ ထိုအချိန်ကား
လယ်တီဆရာတော်၏"မဟာဋီကာ"ဂယက်ထချိန်ဖြစ်၍ "ငါသာဆိုလျှင်
အဋ္ဌကထာပဲရေးမယ်"ဟု အားကျမခံ အကြံပေါ်ကာ "ပေဋကောပဒေသပါဠိတော်"အဖွင့် "အဋ္ဌကထာ"ရေးရန်
စီစဉ်လျာထားလျက်ရှိသည်"
(ရဟန္တာနှင့်ပုဂ္ဂိုလ်ထူး)
ဗုဒ္ဓစာပေရဲ့ အစီအစဉ်မှာ (၁)
ပါဠိတော် (၂) အဋ္ဌကထာ (၃) ဋီကာ-လို့  ၃ မျိုးရှိပါတယ်။ ဗုဒ္ဓစကားကို ပါဠိတော်လို
့
သတ်မှတ်ပြီး ပါဠိတော်ကို အဋ္ဌကထာကရှင်းပြတယ်။ အဋ္ဌကထာစကားကို ဋီကာက ရှင်းပြတယ်။
မြန်မာနှစ် ၁၂၅၉ (ခရစ်နှစ် ၁၈၉၇) မှာပြီးစီးတဲ့လယ်တီဆရာတော်ရဲ့ပရမတ္ထဒီပနီမဟာဋီကာကျမ်းက
သီဟိုဠ်ကျွန်းသားဆရာတော်တပါးရဲ့ အဘိဓမ္မတ္ထသင်္ဂဟဋ္ဌကထာအဖွင့်
ဋီကာကျော်ကျမ်းနဲ့  မြန်မာပြည်သား
အရှင်အရိယဝံသရဲ့ မဏိမဉ္ဖူကျမ်းတွေကိုပယ်ပယ်နယ်နယ်ဝေဖန်ထားတဲ့
ကျမ်းတစောင်ဖြစ်လို့  ပညာရှင်လောကကို သိမ့်သိမ့်တုန်စေခဲ့တယ်။
လယ်တီဆရာတော်ရဲ့
ပရမတ္ထဒီပနီမဟာဋီကာအောင်မြင်မှုအရှိန်အဝါသြဇာဓာတ်ခိုက်လို့ မင်းကွန်းဇေတဝန်ဆရာ
တော်လောင်းလျာ ဦးနာရဒဟာ
အဋ္ဌကထာကျမ်းပြုဖို့ ဆန္ဒဖြစ်ပေါ်လာရပါတော့တယ်။
ဒုတိယမြောက်ရွှေကျင်သာသနာပိုင်
မဟာဝိသုဒ္ဓါရုံဆရာတော်ရဲ့ "ပရမတ္ထသရူပဘေဒနီကျမ်း"ကြီး ၂ စောင်တွဲဟာ
မင်းကွန်းဇေတဝန်ဆရာတော်အပေါ် အတော်ကျေးဇူးပြုတာတွေ့ ရတယ်။ ပန်းကုံးကျမ်းပြုဆရာတော်အရှင်ကုမာ
ရ ရေးသားပြုစုတဲ့ "ဝိသုဒ္ဓါရုံမြောင်းမြဆရာတော်နှင့်
ဗုဒ္ဓမြတ်စွာသာသနာ" ဆိုတဲ့စာအုပ်မှာ မြောင်းမြဆရာတော်
ရဲ့ သြဝါဒတခုအရ
ပရမတ္ထသရူပဘေဒနီကျမ်းနဲ့  မင်းကွန်းဇေတဝန်ဆရာတော် ဘယ်လိုဆက်စပ်သလဲဆိုတာ
ဖော်ပြပါရှိတယ်။ မူရင်းအတိုင်း ကူးယူဖော်ပြပါရစေ……..။
"မကြာခင်ကမှပျံလွန်တော်မူသွားကြတဲ့
မဟာမြိုင်ဆရာတော်၊ ကမာဝက်ဆရာတော် ဒီပုဂ္ဂိုလ်တွေလဲပဲ မဟာမြိုင်ဆရာတော်ဆိုတာလဲပဲ တပည့်တော်ဓာတ်သိပဲ၊
ပညာရေးမှာ ထိတ်ထိတ်ကြဲပဲ။ တကယ်တော်တဲ့ပုဂ္ဂိုလ်
တစ်ပါးပါပဲ၊ သတ္တိဗျတ္တိလဲရှိတယ်။
သူပြောသွားတာပေါ့။ အခုမင်းကွန်းဆရာတော်နည်းတွေဆိုပြီးတော့
ကမ္မဋ္ဌာန်းနည်းတွေပေးနေကြတယ်။ မဟာမြိုင်ဆရာတော် သူငယ်ငယ်တုန်းက ဒီကနေပြီးတော့
သူထွက်သွားတယ်။ ဗဟုသုတအလို့ ငှါ သူလိုက်ရှာတယ်၊ မင်းကွန်းဆရာတော်ကြီး
တရားဟောတဲ့နေရာ ရောက်သွားတယ်တဲ့၊ သူ့ ဆွမ်းသူခံစားပြီးတော့
မင်းကွန်းဆရာတော်ကြီးတရား နာနေတာပဲ၊ နာနေရာကနေ မင်းကွန်းဆရာတော်ကြီးက
ဝိသုဒ္ဓိမဂ်အဋ္ဌကထာလာ
တဲ့ဟာတွေ ရွတ်ဖတ်ရွတ်ဖတ်ပြီးတော့
(ပရမတ္ထသရူပဘေဒနီအာဘော်အတိုင်း) ဟောဟောနေတယ်တဲ့။ နေက်တစ်နေ့ အချိန်မှာ
မင်းကွန်းဆရာတော်ကြီး(ဆီ) သူဝင်သွားတယ်တဲ့၊ "ဆရာတော်ဘုရား၊
ပရမတ္ထသရူပဘေဒနီစာအုပ်ကြီး ကြည့်ဖူးပါသလား"လို့  မေးတယ်တဲ့။ "ဒုတိယတစ်အုပ်လုံးရတယ်"လို
့ပြော
လိုက်တယ်တဲ့။
ကြည့်၊ ဟို မင်းကွန်းဆရာတော်
ခု-ခု မင်းကွန်းနည်းပေါ့လေ၊ မြန်မာပြည်ပြနေတဲ့ဟာတွေ၊ အဲဒီဆရာတော်က
ပြောလိုက်တယ်တဲ့၊ "ပရမတ္တသရူပဘေဒနီဒုတိယတစ်အုပ်လုံး ရတယ်" လို့ ၊ အော်-
ဒါကြောင့်မို့  ဝိသုဒ္ဓိမဂ်ဟာတွေ ရွတ်ရွတ်ပြပြီးတော့
ဝိသုဒ္ဓါရုံဆရာတော်ဘုရားအယူအဆအတိုင်း ရှင်းပြနေတာပဲလို့  သူထင်ခဲ့တယ်တဲ့။
ဟော-ဒီဒကာ ခင်မောင်ပေါ့လေ၊
မနှစ်က (တပည့်တော်က တစ်နှစ်ခြားသွားပြီ။) တပည့်တော်မလာဘူး၊ နောက်တစ်နှစ်ခြားက
တပည့်တော်တို့ စပ်မိလို့ ပြောကြတယ်၊ သူကိုယ်တိုင်လျှောက်ဖူးပါတယ်တဲ့၊
မင်းကွန်းဆရာတော်ကြီးကို သထုံမှာနေတုန်းက "ဆရာတော်ဘုရား---ဒီကမ္မဋ္ဌာန်းနည်းတွေ
ဘယ်ကရသလဲ"
လို့ ၊ "ပရမတ္ထသရူပဘေဒနီက သဲလွန်စရတယ်ကွဲ့ "လို
့ပြောတယ်တဲ့၊ "လုပ်ပုံလုပ်နည်းတွေကော ဘုရား"လို့  ပြောတော့ "ဈာန်ခန်းပါတယ်ကွဲ
့"လို့ ပြောတယ်တဲ့။
ပရမတ္ထသရူပဘေဒနီဆိုတာ
ဝိသုဒ္ဓါရုံဆရာတော်ကြီး ၇-ဝါရကရေးခဲ့တဲ့ ပရမတ္ထသရူပဘေဒနီပဲ၊ အဲဒီနည်းတွေသာ
ကြည့်တော့၊ မင်းကွန်းဆရာတော်ကြီးကို မဟာမြိုင်ဆရာတော်ကလည်း လျှောက်ဖူးတယ်၊ အခု
လူထွက်နေတဲ့ ဒကာ ခင်မောင်၊ သူကလည်း လျှောက်ဖူးတယ်တဲ့၊ သူကလည်း အဲဒီအားထုတ်ဖူးတာကိုး၊
မေးကြည့်တော့ "ပရမတ္ထသရူပဘေဒနီက သဲလွန်စရတယ်ကွဲ့ "တဲ့၊
လုပ်ပုံလုပ်နည်းတွေကောဘုရားဆိုတော့ လုပ်ပုံလုပ်နည်းတွေ ဈာန်ခန်းပါတယ်ကွဲ့ "လို
့ပြောလိုက်တယ်တဲ့။ ဒီတော့ မဟာမြိုင်ဆရာတော်ပြောတာနဲ့  ထပ်တူထပ်မျှဖြစ်နေတယ်
၊ အခု သမထ ဝိပဿနာနည်းတွေ
ထပ်တူထပ်မျှ ဖြစ်နေတယ်တဲ့။"
ဒီကိုးကားချက်ဟာ
ရွှေကျင်သာသနာပိုင် ဝိသုဒ္ဓါရုံမြောင်းမြဆရာတော် (၁၂၅ဝ-၁၃၃၇) ရဲ့ သြဝါဒမိန်
့ခွန်းတော်
ဖြစ်ပါတယ်။ ဆိုလိုရင်းက မင်းကွန်းဆရာတော်ဟာ မဟာဝိသုဒ္ဓါရုံဆရာတော်ရဲ့
ပရမတ္ထသရူပဘေဒနီဒုတိယအုပ် ကို အလွတ်အာဂုံဆောင်နိုင်တယ်၊ ကမ္မဋ္ဌန်းနည်းနဲ့  လက်တွေ
့လုပ်နည်းကားတွေကို ပရမတ္ထသရူပဘေဒနီက ရတယ်၊
ဒီတော့ လက်တွေ့ လုပ်နေတဲ့ကမ္မဋ္ဌာန်းတရားနဲ
့ ပရမတ္ထသရူပဘေဒနီမှာပါတဲ့နည်းတွေဟာ ထပ်တူထပ်မျှဖြစ်နေတယ် လို့ မိန်
့တော်မူသွားတာပါပဲ…..။
သထုံ၊ မင်းကွန်းဇေတဝန်ဆရာတော်ဟာ
လယ်တီဆရာတော်ရဲ့ ပရမတ္ထဒီပနီမဟာဋီကာကို အတုယူအားကျပြီး
ပေဋကောပဒေသအဋ္ဌကထာ၊
မိလိန္ဒပဥှာအဋ္ဌကထာဆရာဖြစ်အောင် ကြိုးစားတက်လှမ်းခဲ့တယ်။
မဟာဝိသုဒ္ဓါရုံဆရာတော်ရဲ့
ပရမတ္ထသရူပဘေဒနီဒုတိယအုပ်ကို အခြေခံပြီး ကမ္မဋ္ဌာန်းတရားလက်တွေ့ အားထုတ်
လေ့ကျင့်ဖို့ 
သဲလွန်စနည်းစနစ်တွေ ခြေရာကောက်နိုင်ခဲ့တယ်။ မဟာသတိပဋ္ဌာန်သုတ္တန်မှာလမ်းညွှန်ထားတာ
တွေနဲ့  အချိုးကျကျရောသမမွှေစပ်ပြီး
အကျိုးရလဒ်ကို ကိုယ်တိုင်လည်းသုံးစွဲ၊ သူတပါးကိုလည်း လက်ဆင့်ကမ်းနိုင်တဲ့
ဝိပဿနာဂုရုဆရာတော်ဖြစ်လာပါတယ်။ ဒါတွေဟာ မဟာဝိသုဒ္ဓါရုံဆရာတော်၊ လယ်တီဆရာတော်များနဲ
့ သထုံ၊ မင်းကွန်းဇေတဝန်ဆရာတော်တို့ ရဲ့ (အဓိကအားဖြင့်စာပေမှတဆင့်)ဆက်စပ်မှုကို လေ့လာတွေ့ ရှိခြင်းဖြစ်ပါတယ်။
ပုဂ္ဂိုလ်ချင်းဆက်စပ်မှုကိုတော့ မတွေ့ ရှိရသေးပါဘူး……..။
အမရဒီပ
ဇူလိုင် ၁ဝ၊ ၂ဝ၁၂
Monday, July 9, 2012
မြန်မာဆရာတော်တပါးရဲ့ ပါဠိအဋ္ဌကထာတစောင်အကြောင်း
ခရစ်နှစ် ၁၉၃၆ (မြန်မာနှစ် ၁၂၉၇)
မှာ အရှင်အာဒိစ္စဝံသရဲ့မြန်မာဘာသာရေး "ဘိက္ခုနီသာသနောပဒေသ"
စာအုပ်ထွက်တယ်။ (မေမြို
့မိုးကြည်၊ မြန်မာစာပေတိုက်ပွဲ)
နောက် ၆ နှစ်အကြာ ခရစ်နှစ် ၁၉၄၂
(မြန်မာနှစ် ၁၃ဝ၃)သထုံ၊ မင်းကွန်းဇေတဝန်ဆရာတော် (ဦးနာရဒ)ရဲ့
ပါဠိဘာသာရေး မိလိန္ဒပဥှာအဋ္ဌကထာစာအုပ်ရေးသားပြီးစီးတယ်။(ဓမ္မာစရိယဦးဋ္ဌေးလှိုင်၊ရဟန
္တာနှင့်ပုဂ္ဂိုလ်ထူးများ)
ခရစ်နှစ် ၁၉၄၈ (မြန်မာနှစ် ၁၃၁၁)
မှာ ဟံသာဝတီပိဋကတ်စာအုပ်တိုက်က ပုံနှိပ်ထုတ်ဝေတယ်။
ဒီစာအုပ် ၂ ခုလုံး "ပွဲဆူ"တဲ့
စာအုပ်ဖြစ်ခဲ့တယ်။ စာအုပ်ထဲတင်ပြထားတဲ့ အတွေးအေခါ်၊ အယူအဆတွေက
တမူထူးခြားနေတာမို့ 
ဗုဒ္ဓဘာသာစာပေလောကအတွင်း "ဂယက်ထန်မှု"တွေ
ပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့တာမို့ 
စာရေးသူတွေကို
ပိုမိုကျော်ကြားစေခဲ့ပါတယ်။
အရှင်အာဒိစ္စဝံသရဲ့ "ဘိက္ခုနီသာသနောပဒေသ"ကို ၁၉၉၅ လောက်က မိတ်ဆွေရဟန်းတော်တပါးပြလို့ 
ဖတ်ဖူးလိုက်တယ်။အခုချိန်မှာ အသေးစိတ်အချက်အလက်တွေ မမှတ်မိတော့ပါ။ မိတ်ဆွေနဲ့ လည်း
ပြန်မတွေ့ ဖြစ်
တော့ဘူး။ ကော်ပီမိတ္တူကူးမထားလိုက်မိတာ
"နာချက်"ကြီးလှတယ်။ အဲဒီစာအုပ်ကို အခုထိ တသသဖြစ်ဆဲ…..။
"ဘိက္ခုနီအရေးတော်ပုံ"ကတော့
အရှင်အာဒိစ္စဝံသက သူ့ ကို "ပကာသနိယကံ"ပြုတဲ့ တဖက်ပုဂ္ဂိုလ်ကြီးတွေကို တုံ
့ပြန်ထားတဲ့စာအုပ်ဖြစ်တယ်။ စာအုပ်ဆိုက်အတော်ကြီးတယ်။ ဘိက္ခုနီသာသနောပဒေသက
ဆိုက်သေးတယ်။ အရှင်အာဒိစ္စဝံသရဲ့ အဆိုပါစာ
၂ အုပ်လုံး"ရှားပါးစာရင်းဝင်စာအုပ်"ဖြစ်သွားပြီ။ စာအုပ်မုဆိုးကြီးတွေက
ရှာဖွေပြီး အွန်လိုင်းစာကြည့်တိုက်တွေပေါ်တင်ပေးနိုင်ရင်တော့ မဖတ်ဖူးသူတွေ
ဖတ်ခွင့်ကြုံမယ်လို့ မျှော်လင့်မိပါတယ်။
(အမှန်အတိုင်းပြောရင်
ဘိက္ခုနီသာသနောပဒေသကျမ်းကို www.scribd.com မှာတွေ့ တယ်။
ဒါပေမယ့် မြန်မာစာမပေါ်လို့ 
ဖတ်မရဖြစ်နေတယ်။)
အသောကကျောက်စာတော်စာအုပ်ကိုလည်း
သူများဆီမှာ ဖတ်ဖူးတယ်။ ဦးရွှေအောင်စာအုပ်တွေမှာ
ကြိုကြားကိုးကားပြတာတော့ တွေ
့မိရဲ့….။
အခုပြောချင်တာက
အရှင်အာဒိစ္စဝံသစာအုပ်အကြောင်းသက်သက်တော့မဟုတ်ဘူး။ သထုံ၊မင်းကွန်းဇေတဝန်
ဆရာတော်ရဲ့စာ ၁
အုပ်အကြောင်းကိုပါ ပြောချင်တာပါ။
သထုံ၊ မင်းကွန်းဇေတဝန်ဆရာတော်လို
့ပြောရင် အချို့ က အဆက်အစပ်ဝေးလို့ 
မသိတသိဖြစ်နေတတ်ကြ
တယ်။ မဟာစည်ဆရာတော်ရဲ့
ဝိပဿနာဆရာလို့ ပြောလိုက်မှ ကွင်းဆက်မိပြီး နားလည်သွားတယ်။
ပရိယတ်၊
ပဋိပတ်စွယ်စုံထက်မြက်ကျွမ်းကျင်တဲ့ မင်းကွန်းဇေတဝန်ဆရာတော်ဟာ ရဟန်းငယ်ဘဝကတည်းက "အဋ္ဌကထာ"ရေးသားပြုစုဖို
့ရည်မှန်းချက်အားသန်ခဲ့ပါသတဲ့…….။ အကြောင်းက လယ်တီဆရာတော်ကြီးရဲ့ "ပရမတ္ထဒီပနီ"ဂယက်ထတော့
"ငါသာဆို အဋ္ဌကထာပဲရေးမယ်"လို့အကြံပေါက်ခဲ့ပါသတဲ့……။
(ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ)
အရွယ်တော်ရတဲ့အခါ
ပေဋကောပဒေသအဋ္ဌကထာနဲ့  မိလိန္ဒပဥှာအဋ္ဌကထာ ၂ စောင်ကို ရေးသားပါတယ်။
ပေဋကောပဒေသအဋ္ဌကထာကို
ရသေ့ကြီးဦးခန္တီက မန္တလေးတောင်ခြေ၊ စန္ဒမုနိဘုရားအတွင်း ပဉ္စမ
သင်္ဂါယနာတင်ကျောက်စာများနှင့်အတူ
ကျောက်ထက်အက္ခရာတင်ခဲ့ပါတယ်။ ကျောက်စာရေ ၂၈ ချပ်ရှိတယ်။ အဋ္ဌကထာနိဿယကိုလည်း
ကျမ်းပြုဆရာတော်ကိုယ်တိုင်ရေးသားခဲ့ရာမှာ ပထမအုပ်၊ဒုတိယအုပ်၊
တတိယအုပ်လို့ ၃ တွဲရှိတယ်။ (ရဟန
္တာနှင့်ပုဂ္ဂိုလ်ထူးများ)
ရည်ညွှန်းပါအဋ္ဌကထာ ၂ စောင်အပြင်
ကျမ်းစာပေါင်း ၂၂ ကျမ်းရေးသားပြုစုတော်မူခဲ့ပေမယ့် ဆရာတော်ကြီးက
"တို့ ရေးတာ ၂ ကျမ်းပဲ"လို
့ ပြောဆိုလေ့ရှိတယ်။ ဓမ္မာစရိယဦးဌေးလှိုင်က မှတ်ချက်ပေးထားတယ်။ "ဒါပေမယ့်
ပါဠိအရေးအသားတော့ သိပ်အဆင့်အတန်းမမြင့်လှဘူး"…တဲ့ ။ (ရဟန
္တာနှင့်ပုဂ္ဂိုလ်ထူးများ)
အခြားမှတ်တမ်းတခုမှာ
ဆရာတော်ရေးသားပြုစုတာ ၂၅ ကျမ်းလို့  ဆိုပါတယ်။
အရှင်အာဒိစ္စဝံသလက်ရာစာပေတွေကို
မြန်မာနိုင်ငံ၊ သာသနာရေးဆိုင်ရာတွေက ပိတ်ပင်တားမြစ်ထားပုံရတယ်။
အရှင်အာဒိစ္စဝံသစာတွေကို နောင်လူတွေ ဖတ်ခွင့်၊ ထုတ်ဝေခွင့် ပြုတာမတွေ့ ရဘူး။ အလားတူ
မင်းကွန်းဇေတ
ဝန်ဆရာတော်ရဲ့ အဋ္ဌကထာတွေကိုလည်း
သက်ဆိုင်ရာတွေကပိတ်ပင်ထားလို့ ဆက်လက်ထုတ်ဝေခွင့်
မရကြတော့ဘူး။ ထုတ်ဝေခွင့်လည်းမရ၊
နောင်လူတွေလည်း သိခွင့်မရတော့ရင် ဒီကျမ်းတွေဟာ ကွယ်ပျောက်သွားဖို
့လမ်းသာရှိတော့တယ်။ ဒီလိုတွေးမိပေမယ့် ကံကောင်းချင်တော့ မိလိန္ဒပဥှာအဋ္ဌကထာကို
မြန်မာအက္ခရာကနေ ရိုမန်အက္ခရာသို့ 
ဖလှယ်ထားတဲ့စာအုပ်ကို လက်ခံရရှိခဲ့တယ်။
ရိုမန်အက္ခရာသို့ ပြောင်းလဲသူက
သက္ကဋနဲ့ ပါဠိပညာရှင် မဒါ(ဗ်) အမ် ဒေ့(ရှ်)ပန်ဒေး ( Madhav M. Deshpande)
ဖြစ်ပါတယ်။ ၁၉၆၈ မှာ ပါမောက္ခ
ပီ.ဗီ ဘားပတ် (P.V. Bapat) က မြန်မာမူပါဠိစာအုပ်ကို ပန်ဒေးကို ပေးခဲ့တယ်။
ပန်ဒေးရဲ့ နိဒါန်းမှာ
မင်းကွန်းဇေတဝန်ဆရာအကြောင်း၊ မိလိန္ဒပဥှာအဋ္ဌကထာကြောင့် ပွဲဆူတဲ့အကြောင်း ဖော်ပြတယ်။
ပိုစိတ်ဝင်စားစရာကောင်းတာက ၁၉၄၉၊ နိုဝင်ဘာ ၆ နဲ့  ၁၃ ရက်အကြားထုတ်ဝေတဲ့
ဟံသာဝတီသတင်းစာပါ
သတင်းတခုကို မူရင်းမြန်မာဘာသာအတိုင်း ဖော်ပြတယ်။
မြန်မာကျောင်းသားတယောက်အကူအညီနဲ့ 
အင်္ဂလိပ်ဘာသာပြန်မူကိုလည်း ဖော်ပြထားတယ်။
အခု ဟံသာဝတီသတင်းစာမြန်မာဘာသာမူကို တင်ပြပေးပါမယ်။
မိလိန္ဒပဥှာအဋ္ဌကထာအတွက် ဂယက်သံ
အထူးဂရုပြု၍ သုံးသပ်တော်မူကြပါဆိုခြင်း
တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ
့ကမာရွတ်ရွာမကျောင်းဆရာတော် ဦးအာဒိစ္စကျောင်းတိုက်၊ ကထိန်ပွဲသို
့ကြွရောက်တော်မူကြကုန်သော ပဋ္ဌမကျော် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ရတော်မူသော ကျိုက္ကလားဆရာတော်၊
ဝိနည်းငါးကျမ်းပြန်ကမာရွတ်ရွာမဆရာတော်အစရှိသော ၅၅ ပါးသော သံဃာတော်တို
့သည်၊သံဃထေရ်ဖြစ်တော်မူသောတောင်လုံးပြန်ပိဋကတ်တိုက်ကျောင်းဆရာတော်
ဘုရားကြီးအား သဘာပတိတင်မြှာက်၍၊
ဟေမာဂနိုင်ဆရာတ်ေအား အကျိုးဆောင်တင်မြှောက်ပြီးလျှင်
အောက်ပါအဆိုများကို
စည်းဝေးဆုံးဖြတ်တော်မူကြကြောင်း။
ကြောင့်ကျကင်းလျက်မနေအပ်
သထုံမင်းကွန်းဆရာတော်ဘုရားကြီးရေးသား၍
အင်းစိန်မြို့  မင်းကွန်းဇေတဝန်ဆရာတော်
ပြင်ဆင်ထုတ်ဝေသော မိလိန္ဒပဥှာအဋ္ဌကထာကို
ဖတ်နာဆွေးနွေးတော်မူကြရာ ၄င်းစာအုပ်တွင် ကထိန်နုတ်ခြင်းနှင့်စပ်၍ ၊ အစဉ်မပျက်လေ့ကျင့်စဉ်များအတိုင်းဆိုလျှင်
ပါပဘိက္ခူချည်း ဖြစ်နေကြ၏။ သံဃာအားရည်ညွှန်း၍လှုသမျှ အကာလသင်္ကန်းချည်းဖြစ်သည်သာမက
ခင်းပြီးအာနိသင်ရသည်ဟု
အယူရှိသော ရဟန်းတော်ဟူသမျှတို့ မှာ ပါရာဇိကအစရှိသော
အာပတ်အများသင့်ကြောင်း။
မာတုကာမကို
ယခုလက်ရှိဘိက္ခုသံဃာတော်များက ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ပဉ္စင်းခံပေးအပ်ကြောင်း၊
အစရှိသော သာသနာတော်ကို ချောက်ချားစေသော ဝါဒတို့ ကို သိတော်မူကြသဖြင့် ၊ သာသနာတော်
ထမ်း ရဟန်းဟူသမျှ
ကြောင့်ကျကင်းလျက် မနေအပ်သင့်ကြောင်း၊ အားလုံးသဘောတူဆုံးဖြတ်
တော်မူကြပြီးလျှင် သာသနာတော်ဆိုင်ရာ ရဟန်းရှင်လူတို့ အား ၊
အဆိုပါအဋ္ဌကထာစာမျက်နှာ ၁၉၅။
၂ဝဝ။ ၂၂၈။ ၂၈၁။ ၂ဝ၃။၂၇၆။၇၇။ တို့ ကို အထူးဂရုပြု၍ သုံးသပ်ကြည့်ရှုတော်မူကြမည့်အကြောင်း
သတင်းစာမှ တောင်းပန်နှိုးဆော်ရန် အကျိုးဆောင်အား တာဝန်လွှဲတော်မူကြကြောင်း။
တောင်းပန်နှိုးဆော်ချက်
အထက် အဆိုပါအချက်တို့ ကို
သုံးသပ်လေ့လာတော်မူကြပြီးသော သံဃာတော်အရှင်မြတ်တို့ သည် မိမိတို့ သဘောဆန္ဒတို့ ကို
ကမာရွတ်ရွာမကျောင်းသို့  စာရေးပေးတော်မူကြပါရန်တောင်းပန်ပါကြောင်း၊ သံဃာတော်များ
ဆန္ဒအရ အထက်ပါသာသနာတော်ကို ချောက်ချားစေမည့် ဝါဒထူးတို့ ကို သုတ်သင်ရန် သင့် မသင့် ဆွေးနွေးဆုံးဖြတ်တော်မူကြရန် ဖြစ်ပါကြောင်း။
အင်းစိန်မြို့ 
ဟေမာဂနိုင်ကျောင်း
"ဆရာတော်"
သည်လို သတင်းစာပါအသံတွေကို
မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးအနေနဲ့  သက်ဆိုင်ရာတပည့်တပန်း
တွေလျှောက်ထားအသိပေးလို့ ၊
မေးမြန်းလို့  သိတော်မူတဲ့အခါ ………………
"တို့ က
အလွတ်ရေးတာမဟုတ်ဘူး။ "အနုဇာနာမိ ဘိက္ခဝေ ဘိက္ခူဟိ ဘိက္ခုနိယော ဥပသမ္ပာဒေတုံ"
စူဠဝါပါဠိတော်နှင့်အဋ္ဌကထာကို
အားကိုးပြီး ရေးတာ။ အဲဒီအဖွင့်မှာလာတဲ့ အနုပညတ်သည် ဘုရားရှင်ပညတ်တော်မူသော အခါမှစ၍
သာသနာငါးထောင်အတွင်းမပျက်စီးနိုင်သဖြင့် ဧကတော
သံဃာခေါ်တဲ့ ရဟန်းယောက်ျားများက
ဘိက္ခုနီမ ဖြစ်အောင် ပဉ္စင်းခံပေးနိုင်တယ်လို့  တို့ ကရေးတာ။ အရေးကြီးတာက ဘုရားရှင်ခွင့်ပြုတော်မူသော အနုပညတ်
ပျက်-မပျက်ဘဲ။အနုပညတ်ပျက်လျှင် ဘိက္ခုနီမ လုပ်မပေးနိုင်ဘူး။ အနုပညတ်မပျက်လို့ 
လုပ်ပေးနိုင်တယ်မှတ်ရမယ်" ……………..
လို့  ပါဠိတော် အဋ္ဌကထာတွေကို
ရွတ်ပြပြီးရှင်းပြဖြေဆိုခဲ့ပါတယ်။ (ရဟန
္တာနှင့်ပုဂ္ဂိုလ်ထူး)
ကထိန်ကိစ္စမှာလည်း "ဣမံ
ကထိနစီဝရံ သံဃဿ ဒေမ" ဆိုတဲ့အစဉ်အလာ ဆိုပုံမှာ "သံဃဿ"ဆိုတဲ့
ရည်ညွှန်းချက်ထည့်ပြီး လှုရင် ကထိန်မမည်တဲ့အကြောင်း မင်းကွန်းဇေတဝန်ဆရာတော်ကြီးက
ရေးသားပါတယ်။
မိလိန္ဒအဋ္ဌကထာပါဠိ
ကထိန်ခန်းကို ဆရာတော်ကြီးကိုယ်တိုင်နိဿယရေးပြီး "ကထိန်ခန်းနိဿယ"
စာအုပ်ကို ပုံနှိပ်ဖြန်
့ဝေခဲ့ပါသေးတယ်။ (ရဟန္တာနှင့်ပုဂ္ဂိုလ်ထူး)
ဒါတွေဟာ မိလိန္ဒပဥှာအဋ္ဌကထာဆရာဘက်က
ပြန်လည်တုံ့ ပြန်ရှင်းလင်းချက်လို့  ယူဆနိုင်ပါတယ်။ ဒီအဋ္ဌကထာမထုတ်ခင်ကတည်းက တပည့်တပါးဖြစ်တဲ့
မဟာစည်ဆရာတော်က အကျိုးထက်အပြစ်သာများမယ်၊ သာသနာအတွက်လည်း အလွန်ကျေးဇူးများမယ်လို့ 
ယုံကြည်တော်မမူတာကြောင့်လားမဆိုနိုင်၊ ပုံနှိပ်ထုတ်ဝေဖို့  သဘောမတူခဲ့ဘူးလို
့သိရပါတယ်။
အခြားတဘက်မှာလည်း ဆရာတော်ကြီးကို
ကြည်ညိုလေးစားတဲ့တပည့်တွေက စာအုပ်ကို ထုတ်ဝေလိုကြတယ်။
ဓမ္မာစရိယဦးဌေးလှိုင်ပြောတာက "သဒ္ဓါလွန်ပြီးစာအုပ်ရိုက်ကြလို
့ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်တယ်"ဆိုပါတယ်။
အဋ္ဌကထာမရှိသေးတဲ့ မိလိန္ဒပဥှာပါဠိတော်အတွက်
အဋ္ဌကထာရေးပြုဖို့  မိုးညှင်းဆရာတော်ကြီးက ကျမ်းပြုဆရာတော်ကို
တောင်းပန်လျှောက်ထားတယ်လို့ သိရပါတယ်။ အဲဒီမိလိန္ဒအဋ္ဌကထာကို ၃ နှစ်ကြာအောင်
ပြုစုခဲ့ရတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံ၊
ပါဠိစာပေလောကမှာတိမ်မြုပ်နေတဲ့ အဋ္ဌကထာစာမူတစောင်ဟာ မြန်မာပြည်ပြင်ပမှာ "ပြည်ပရောက်မြန်မာတယောက်ဘဝ"နဲ
့ အသက်ရှည်ရပ်တည်နေသေးတယ်ဆိုတာ စာပေလေ့လာသူများကို အသိပေးပြောကြားလိုပါတယ်။
အမရဒီပ
ဇူလိုင် ၉၊ ၂ဝ၁၂
Sunday, July 1, 2012
ဗုဒ္ဓစာပေနည်းကျ ရှိခိုးနည်းများ
နိဒါန်း
မြန်မာစကားပြောကြပုံတွင် "ရှိခိုး"
ဟူသောစကားကို ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ကြသည်။ စကားလုံးအနက်သဘောကိုကြံဆသူတို့ က "ရှိခိုး"ဟူသည်
မြတ်စွာဘုရားမှာ ရှိနေသော ဂုဏ်တော်များကို အတုခိုးခြင်း(ရှိတာကိုခိုးခြင်း)ဟု
ကြံဆပြီး ရှိခိုးဟူသောစကားဖြစ်ပေါ်ကြောင်း ပြောကြ၏။
နောက်တနည်းမှာ ပုဂံခေတ်က အရှေ
့အရပ်ကို "အရှိဖက်"ဟုခေါ်ပြီး မျက်နှာတည်ရာအရှေ့ ဖက်တွင် အရိုအသေပြုခြင်းကို "ရှိခိုး"ဟု
ပြောစမှတ်ပြုကြရာမှ ယင်းစကားပေါ်လာကြောင်း သိရ၏။ အနောက်ဖက်က ရှိခိုးခြင်းကို "နောက်ခိုး"ဟု
ပုဂံခေတ်စကားရှိခဲ့သော်လည်း ယင်းစကားမှာ ယခုအခါ တိမ်ကောပျောက်ကွယ်
သွားကြောင်း
သိရ၏။
ယခုခေတ်တွင် "ရှိခိုး၊
ကန်တော့ ၊"ဟူသောစကားကို လူကြီးများက ပြောဆိုလေ့ရှိပြီး ကလေးငယ်များ
အတွက်မူ "ဦးတော်လုပ်သည်၊သာဓုလုပ်သည်"ဟု သုံးစွဲကြသည်။ ယင်းရှိခိုး၊ကန်တော့၊ ဦးတော်၊
သာဓုလုပ်နည်းကို ဗုဒ္ဓစာပေများတွင် စနစ်တကျရှင်းပြထားချက်ရှိပါသည်။ ရှိခိုးခြင်းအလေ့နှင့်မကင်းကြ
လေသော ဗုဒ္ဓဘာသာဝင်များအတွက် စနစ်တကျ ရှိခိုးနည်းများကို ဝေမျှလိုပါသည်။
အတွက်မူ "ဦးတော်လုပ်သည်၊သာဓုလုပ်သည်"ဟု သုံးစွဲကြသည်။ ယင်းရှိခိုး၊ကန်တော့၊ ဦးတော်၊
သာဓုလုပ်နည်းကို ဗုဒ္ဓစာပေများတွင် စနစ်တကျရှင်းပြထားချက်ရှိပါသည်။ ရှိခိုးခြင်းအလေ့နှင့်မကင်းကြ
လေသော ဗုဒ္ဓဘာသာဝင်များအတွက် စနစ်တကျ ရှိခိုးနည်းများကို ဝေမျှလိုပါသည်။
ဗုဒ္ဓစာပေလာ ရှိခိုးနည်းမှာ
ခြေစုံမတ်တပ်ရပ်ပြီးရှိခိုးနည်း၊ ထိုင်လျက်ရှိခိုးနည်းဟု ၂ မျိုးရှိပါသည်။
ရပ်လျက်ရှိခိုးနည်း
ရပ်လျက်ရှိခိုးရာတွင် "တည်ခြင်း
၅ မျိုး"နှင့် ညီညွတ်ရပါသည်။
သုံးပုံတံချူကျမ်းတွင် ဤသို့ ညွှန်ပြ
သည်ကို တွေ့ ရ၏။
"နယတဖြာ၊ ကျမ်းအလာကား
ရပ်ခါဌိတေ၊ ရှိခိုးပေမူ
ခြေလျှင်နှစ်ဘက်၊ မြေဝယ်ယှက်၍
နှစ်ဘက်လက်ဝါး၊ ရှိငြားယှဉ်ပူး
နဖူးထက်တွင်၊ တင်ပြီးချင်မှ
ကြည်လင်ရှေ့ ရှု၊ ညွတ်ကာပြုလော့
နှစ်ခုလက်တွင်၊ ဦးခေါင်းတင်မှ
ငါးအင်ဝန္ဒနာ၊ ပြည့်စုံရာသည်
မကွာမြဲထွေ-မှတ်ကြလေ……….။ ။"
ဖော်ပြပါ လင်္ကာဆောင်ပုဒ်နည်းအရ
မတ်တပ်ရပ်ရှိခိုးပါက…….
၁။ ခြေစုံရပ်ခြင်း
(ခြေလျှင်နှစ်ဘက်၊ မြေဝယ်ယှက်၍)
၂။ လက်ဝါးနှစ်ဖက်ယှဉ်ပူးခြင်း
(နှစ်ဘက်လက်ဝါး၊ ရှိငြားယှဉ်ပူး)
၃။ ပူးထားပြီးလက်ဝါးအစုံကို
နဖူးထက်တင်ခြင်း (နဖူးထက်တွင်၊ တင်ပြီးချင်မှ)
၎။ ကိုယ်ကိုကိုင်းညွှတ်ခြင်း
(ကြည်လင်ရှေ့ ရှု၊ ညွတ်ကာပြုလော့)
၅။ လက်နှစ်ဖက်ပေါ်၌
ဦးခေါင်းထားခြင်း (နှစ်ခုလက်တွင်၊ ဦးခေါင်းတင်မှ)
ဟူသော အမူအရာများနှင့်
ပြည့်စုံစေရပါမည်။
ထိုင်လျက်ရှိခိုးနည်း
ထိုင်လျက်ရှိခိုးရာတွင် "တည်ခြင်း၊ထိခြင်း
၅ မျိုး"နှင့်ပြည့်စုံရပါမည်။
ထိခြင်း ၅ မျိုးနှင့်ပတ်သက်၍ ပဋိသမ္ဘိဒါမဂ်ဂဏ္ဌိအဆို နှင့်
သီလက္ခန်ဋီကာသစ်အဆိုဟု ၂ မျိုးရှိသည်။
ပဋိသမ္ဘိဒါမဂ်ဂဏ္ဌိအဆိုမှာ"ပဉ္စပတိဋ္ဌိတေနာတိ
ဒွိဇာဏု ဒွိဟတ္ထ နလာဋေဟိ ပဉ္စပတိဋ္ဌိတံ ကတွာ"ဟုဖြစ်ပြီး ဆိုလိုသည်မှာ……..
(၁-၂) ပဆစ်တုပ်ထားသောဒူးနှစ်ဖက်
မြေပေါ် (ကြမ်းပြင်ပေါ်)ထိခြင်း
(၃-၄) လက်နှစ်ဖက် မြေပေါ်
(ကြမ်းပြင်ပေါ်)ထိခြင်း
(၅) နဖူး မြေပေါ်
(ကြမ်းပြင်ပေါ်)ထိခြင်း-တို့ ပြည့်စုံစေလျက် ရှိခိုးမှုပြုသင့်သည်ဟူ၍ဖြစ်၏။
သီလက္ခန်ဋီကာသစ်အဆိုမှာ "ပါဒ
ဇာဏု ကပ္ပရ ဟတ္ထ သီသသင်္ခါတာနိ သမံ ကတွာ သြနာမေတွာ အဘိမုခံ ဌိတေန ပဌမံ ဝန္ဒိတွာတိ ဝုတ္တံ ဟောတိ"ဟုဖြစ်ပြီး
ခြေ၊ ပုဆစ်၊ တံတောင်ဆစ်၊လက်၊ ဦးခေါင်းဟူသော ကိုယ်အင်္ဂါ ၅ ပါးတို့ ကို မြေပေါ်
(ကြမ်းပေါ်)၌ ထိလျက် ရှိခိုးရမည်ဟူသတည်း။
မြန်မာလင်္ကာဖြင့်ပြဆိုသော
သုံးပုံတံချူကျမ်းအဆိုမှာ ဤသို့ ဖြစ်၏။
"ထိုင်လျက်တည်ကာ၊
ရှိခိုးရာ၌
နှစ်ဖြာစုံလစ်၊ ဒူးပဆစ်ကို
ကျစ်လစ်ညီမျှ၊ မြေ၌ချလော့
နှစ်ဝတံတောင်ဆစ်၊ မြေသို့ နှစ်၍
နှစ်ဘက်လက်နေ၊ ဆန့် တုံပေမှ
နှစ်ဘက်လက်နေ၊ ဆန့် တုံပေမှ
မြေသို့ ညီစွာ၊ ကျစေရာ၏
အင်္ဂါတမျိုး၊ လက်ဘမိုးနှစ်ဘက်
ထိုအထက်၌၊ တင်လျက်ဦးခေါင်း
ထားတုံရှောင်း၍၊
ကောင်းကောင်းရိုသေ
ရှိခိုးပေက၊ လေးထွေပါယ်ရွာ
လွတ်ကင်းရာသည်
သဒ္ဓါစိတ်နေ ထက်လှစေ………။
။"
ထိုင်လျက်ရှိခိုးအရိုအသေပေးမှုပြုသောအခါ
(၁-၂) ဒူးပဆစ်နှစ်ဖက်ကို မြေ (ကြမ်းပြင်)သို့ ချပါ။
(၃-၄) တံတောင်ဆစ်နှစ်ဖက်ကိုလည်း
မြေ (ကြမ်းပြင်) သို့ ချပါ။ ထိုအခါ လက်ဖဝါးအစုံသည်လည်း မြေ (ကြမ်းပြင်)ပေါ်
အလိုအလျောက်ကျရောက်ပါလိမ့်မည်။ (၅)
လက်ဖမိုးနှစ်ဖက်အထက်မှာ ဦးခေါင်းကို ချပါ ။ သို့ မဟုတ် လက်ဖမိုးနှစ်ဖက်အထက်နှင့်
ဦးခေါင်းထိပါ။ ဤကား ထိုင်လျက်
ရှိခိုးသောအခါ
ပြည့်စုံရမည့်အမူအရာများဖြစ်ကြပေသည်။
(မှတ်ချက်။ လက်ဖမိုး ၂ ခုကို ပူးကပ်ထားသင့်သလား၊ သို့ မဟုတ်
ခွဲထားသင့်သလား ဟု မေးခွန်းထုတ်ခံရဖူးပါသည်။ လက်ဖမိုး ၂ ဖက်ခွဲထားပါက
ဦးခေါင်းထိစရာ မြေ (ကြမ်း)ပြင်သာ ကျန်တော့သည်။ သို့ ဖြစ်ရာ လက်ဖမိုး ၂
ခုထိရုံစပ်ထားပြီး ယင်းအပေါ်သို့  ဦးခေါင်းထိလိုက်ပါဟု စာဆိုသည့်အတွက် လက်ဖမိုး ၂
ဖက်ကျဲကျဲကြီးခွဲရန်မလိုပါကြောင်း ဖြေကြားခဲ့ဖူး၏။)
မန်လည်ဆရာတော်ဘုရား၏
မဟာသုတကာရီမဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၁၈ တွင်လည်း…
"ဥက္ခောင်းမြေထိ၊
ပြားပြားပိမျှ
အတိဂါရဝ၊ ရိုသေခလျက်
တုပ်ကွကျစ်လစ်၊ မြတ်ရှင်ချစ်အား
ပုဆစ်နှစ်ဘက်၊ စုံလက်ပြိုင်ပူး
နဖူးထိပ်စ၊ ဦးနှိမ်ချပြီး
ပဉ္စပတိဋ္ဌီ၊ ငါးလီမယွင်း
တည်ညွတ်ခြင်းဖြင့်……….."ဟု တည်ခြင်းငါးရပ်တို့ ဖြင့် မြတ်စွာဘုရားရှင်အား
ရဟန်းအပေါင်း ရှိခိုးကြကြောင်း လင်္ကာဖွဲ့ သီတော်မူခဲ့၏။
တခါက ဘတ်(စ်)ကားမှတ်တိုင်မှာ
ကားအလာစောင့်နေသည့်စာရေးသူကို ကရုဏာသက်ပုံပေါ်သော အာဖရိကန်-အမေရိကန်အမျိုးသမီးနှင့်
သူ၏သားငယ်တို့ က စာရေးသူနေထိုင်ရာသို့ လိုက်ပို့ ပေးကြ
၏။ ကားပေါ်မှာ စကားပြောရင်း သူတို
့ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်းသိရ၏။ ကျောင်းသင်္ခမ်းသို့ ရောက်၍
ဗုဒ္ဓဆင်းတုတော်ကို
အရိုအသေပေးသောအခါ တိဘက်ဗုဒ္ဓဘာသာဝင်တို့ ၏ ရှိခိုးနည်းဖြင့် အရိုအသေ
ပေး၏။ သူဝတ်ထားသည့်စကတ်မှာ
ဒူးဖုံးရုံသာသာ…. ခြေတံရှည်ရှည်သူက ဝမ်းလျားမှောက်တော့
ဘေးကထိုင်ကြည့်သူ အတွက်
အမြင်မတော်ဖြစ်ရသည်။ "မင်းရှိခိုးနည်းလည်း ကောင်းပါတယ်၊
ငါဘုရားရှိခိုးတဲ့နည်းကိုလည်း အသုံးပြုကြည့်နိုင်တယ်"ပြောပြီး တည်ခြင်း
(ထိခြင်း) ၅ ပါးရှိခိုးနည်းကို သင်ပြပေးဖူးသည်ကို အမှတ်ရမိပါ၏။
အမရဒီပ
၆-၃ဝ-၂ဝ၁၂
Subscribe to:
Posts (Atom)