Total Pageviews
Tuesday, November 27, 2012
Saturday, November 24, 2012
ွှအရှင်အရိယဓမ္မ၏ ဗုဒ္ဓဝါဒပြဿနာများ
BuddhismProblems_AriyaDhamma
တခါတလေဖတ်ချင်ရင်ရှာရလွယ်အောင်တင်ထားလိုက်တာပါ။
Friday, November 2, 2012
ချွတ်ချော်စပြုလာနေတဲ့မဟာစည်ကျမ်းစာတအုပ်
၁။
မဟာသတိပဋ္ဌာန်သုတ္တန်သင်တန်းအတွက်
ကျမ်းစာအုပ်အလှုရှင်တဦးပေးလာတဲ့ "မဟာစည်-မဟာသတိပဋ္ဌာန
သုတ်နိဿယ"စာအုပ်ကို
လက်ခံရရှိတာ ၂ဝဝ၉ ခုနှစ်လောက်ကတည်းကလို့ မှတ်မိတယ်။ လက်ဆောင်ရတဲ့စာ
အုပ်က
ဆဋ္ဌမအကြိမ်ပုံနှိပ်မူဖြစ်ပါတယ်။ စာရေးသူမှာ ပဉ္စမအကြိမ်ပုံနှိပ်မူစာအုပ်ရှိနှင့်ပြီးသား
ဖြစ်ပါတယ်။ စာအုပ် ၂ အုပ်ရှိတော့ အသစ်ဖတ်လိုက် ၊ အဟောင်းဖတ်လိုက်လုပ်နေခဲ့ရာက
အသစ်စာအုပ်တနေရာမှာတွေ့ ရတဲ့ စာ တခုကြောင့် အံ့သြသင့်သွားရတယ်။ အဲဒါကတော့………………………
"ဤသတိပဋ္ဌာန်လမ်းဖြင့် သန
္တတိအမတ်ကြီးကဲ့သို့ ပင် သောကကိုလည်း လွန်မြောက်နိုင်၏။ ပဋာစာရာထေရီမ
ကဲ့သို့ ပင် ပရိဒေဝကိုလည်း
လွန်မြောက်နိုင်ပေ၏။ ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်သောသူများ
မှာ သတိပဋ္ဌာန်နည်းဖြင့်ပင်
ကိစ္စပြီးသွားသည်ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤ
သို့ ရှင်းလင်းပြထားလေပြီ။"
အထူးသတိပြုသင့်တဲ့ဝါကျဟာ " ဤအရာ၌
တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်သောသူများမှာ သတိပဋ္ဌာန်
နည်းဖြင့်ပင် ကိစ္စပြီးသွားသည်ဟု
ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤသို့ 
ရှင်းလင်းပြထားလေပြီ။"
တရားနာတဲ့တထိုင်အတွင်း
မဂ်ဖိုလ်ဉာဏ်၊ ဝိပဿနာဉာဏ်ကို ဆိုက်ရောက်သွားကြတဲ့ သူတော်စင်တွေဟာ သတိပဋ္ဌာန်တရား ၎
ပါးထဲက တပါးပါးကို ရှုပွားနေရင်း ရောက်သွားကြတာဖြစ်တယ်။ သတိပဋ္ဌာန်တရားကို
ပွားများအားထုတ်တဲ့
လုပ်ငန်းစဉ်မပါဘဲ ဒီလို တရားထူး၊ တရားမြတ်ကို မရနိုင် မရောက်နိုင်ပါဘူးဆိုတာ အဲသည်
သတိပဋ္ဌာန်သုတ်အဋ္ဌကထာမှာ
ပြောထားပြီးသားပါ။ မဟာစည်ဆရာတော်ကြီးကိုယ်တိုင်လည်း အဋ္ဌကထာထဲက
"ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိ
ဓမ္မံ အနာမသိတွာ ဘာဝနာနာမ နတ္ထိ= ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော သတိပဋ္ဌာန်၏အာရုံလေးပါးထဲက
တပါးပါးကိုမျှ မသုံးသပ်၊ မရှုမှတ်မူ၍ ဝိပဿနာဉာဏ်-မဂ်ဉာဏ်ကိုဖြစ်စေနိုင်
သော
ပညာဘာဝနာမည်သည်ဖြစ်ရုံးမရှိချေ" ဆိုတဲ့ ဖော်ပြချက်ကို ကိုးကားပြီ့း ဝိပဿနာရှုနည်းကျမ်း၊
သတိပဋ္ဌာန်တရားစတာတွေမှာ အကြိမ်ကြိမ် အဖန်ဖန်ဟောတော်မူတာ လေ့လာတွေ့ ရှိရပါတယ်။
ဒီလိုဖြစ်နေပါ
လျက် အခုကောက်နုတ်ပြတဲ့ ဝါကျဟာ
မဟာစည်ဆရာတော်ဆိုလိုတဲ့အာဘော်မဟုတ်နိုင်ဘူးလို့  သံသယဖြစ်
လာပါတယ်။
၂။
သံသယအခြေခံတော့
ပဉ္စမအကြိမ်ပုံနှိပ်တဲ့ မဟာစည်သတိပဋ္ဌာန်သုတ်နိဿယစာအုပ်နဲ့  တိုက်ဆိုင်ဖတ်ကြည့်
တယ်။ ပဉ္စမအကြိမ်ပုံနှိပ်မူမှာ
တွေ့ ရတာက……..
"ဤသတိပဋ္ဌာန်လမ်းဖြင့် သန
္တတိအမတ်ကြီးကဲ့သို့ ပင် သောကကိုလည်း လွန်မြောက်နိုင်၏။ ပဋာစာရာထေရီမ
ကဲ့သို့ ပင် ပရိဒေဝကိုလည်း
လွန်မြောက်နိုင်၏။ ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်ကြသောသူများ
မှာ သတိပဋ္ဌာန်နည်းဖြင့်မရှုရတော့ဘဲ
နာကြားရသော တရားကို သဘောကျရုံမျှဖြင့်ပင် ကိစ္စပြီးသွားသည်ဟုထင်
မှတ်ဖွယ်ရှိ၍ ထိုသို
့မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤသို့ ရှင်းလင်းပြထားလေပြီ……." လို့ သာ ဖြစ်နေ
တယ်။
ဒီဆန့် ကျင်ဘက်ဝါကျ ၂ ကြောင်းကို
ဇယားကွက်ချကြည့်တော့ အခုလိုတွေ့ ရပါတယ်။
|
ပဉ္စမအကြိမ်ပုံနှိပ်မူ၊
စာမျက်နှာ- ၉
|
ဆဋ္ဌမအကြိမ်ပုံနှိပ်မူ၊
စာမျက်နှာ- ၈
|
|
ဤအရာ၌ တရားနာစဉ်တွင်
မဂ်ဖိုလ်သို့ ရောက်ကြ
သောသူများမှာ
သတိပဋ္ဌာန်နည်းဖြင့်မရှုရတော့ဘဲ နာကြားသောတရားကို သဘောကျရုံမျှဖြင့်
ကိစ္စပြီးသွားသည်ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို
့မထင်သင့်ကြောင်း
|
ဤအရာ၌ တရားနာစဉ်တွင်မဂ်ဖိုလ်သို့ ရောက်သော
သူများမှာ
သတိပဋ္ဌာန်နည်းဖြင့်ပင်ကိစ္စပြီးသွားသည်
ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို
့မထင်သင့်ကြောင်း
|
ပဉ္စမအကြိမ်ပုံနှိပ်မူက "တရားနာရုံ၊
တရားသိရုံနဲ့ ကိစ္စပြီးတယ်၊ တရားကို အကူးတကအားထုတ်နေစရာမလိုဘူး"
လို့ အမှားပြောနေသူတွေရဲ့ 
အဓမ္မဝါဒကို အမှန်တရားဓမ္မနဲ့ တိုက်ဖျက်တယ်။ ဓမ္မကို ပြတယ်။
ဆဋ္ဌမအကြိမ်ပုံနှိပ်မူကတော့
သူတပါးအမှားကို ပြင်ဖို့ အသာထား၊ သူကိုယ်တိုင်က အဓမ္မဝါဒဖြစ်နေပါတယ်။
၃။
မဟာစည်ဆရာတော်ကြီးရဲ့စာပေတွေဟာ
သာသနာနယ်၊ စာပေနယ်မှာ အင်မတန်သြဇာကြီးကြောင်း၊ ပညာရှင်တွေ တန်ဘိုးထားလေးစားကြောင်း
အထူးပြောစရာမလိုပါ။ ၁၉၈ဝ နှစ်တွေလောက်က တွေ့ ရတဲ့
မဟာစည်စာအုပ်တွေဟာ အပြင်အဆင်၊
သပ်ရပ်ကောင်းမွန်ခဲ့ပါတယ်။ သို့ သော် နောက်ပိုင်းမှာမဟာစည်
ကျမ်းစာတွေထုတ်ဝေမှုမှာ ပြီးစလွယ်
(ပစ္စလက္ခတ်) လုပ်လာတာတွေ့ ရတာ အင်မတန်ဝမ်းနည်းဖွယ်ကောင်းပါ
တယ်။ ဒါကြောင့် သက်ဆိုင်ရာ
မဟာစည်အသိုင်းအဝိုင်းတို့ က မဟာစည်ဆရာတော်ကြီးရဲ့ဂုဏ်သိက္ခာမထိခိုက်
ရအောင် ကျမ်းစာတွေကို
မျက်နှာလွှဲခဲပစ်လုပ်မထားဘဲ ပညာရှင်အင်အားနဲ့ ပြန်လည်စီစစ်သင့်ပြီလို့  တိုက်တွန်း
ချင်ပါတယ်။
မဟာသတိပဋ္ဌာန်သုတ်နိဿယမှာ
အခုပြောခဲ့အမှားအပြင် အခြားပြင်ဆင်စရာတွေလည်း အများအပြား
ရှိနေပါတယ်။
အရင့်အရင်နှစ်တွေက ထုတ်ဝေခဲ့တဲ့ ပုံနှိပ်မူတွေနဲ့ တိုက်ဆိုင်ကြည့်ရင် သိသာနိုင်တာမို့ လို့ 
အကျယ်တဝင့်
မပြောတော့ပါ။ မဟာစည်ဆရာတော်ကြီး အမှန်ရေးခဲ့တာကို ငါတို့ လက်ထက်ရောက်မှ
အမှားဖြစ်ရင် ငါတို့ ညံ့လို့ ပဲ၊ ငါတို့ မညံ့အောင် ဆရာတော်ကြီးရဲ့စာအုပ်တွေကို
စီးပွားဖြစ်ထုတ်တာမဟုတ်ဘဲ သာသနာပြုတဲ့အနေထုတ်ဝေတာမျိုးဖြစ်အောင် ငါတို
့ကြိုးစားရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။
အမရဒီပ
နိုဝင်ဘာ ၂၊ ၂ဝ၁၂
Thursday, November 1, 2012
ပဉ္စသီခရဲ့ ချစ်ဒုက္ခကဗျာစာရင်း
၁။
တာဝတိံသာနတ်ပြည်က
ဂီတလုလင်စောင်းဆရာ ပဉ္စသီခနတ်သားဟာ သိကြားမင်းရဲ့ဘုရားဖူး၊ တရားနာခရီးစဉ်
ရှေ့ တော်ပြေးအဖြစ်နဲ့ မြတ်စွာဘုရားသီတင်းသုံးရာနေရာ
မလှမ်းမကမ်းသို့ ရောက်လာပြီး သူ့ ရဲ့ချစ်ဒုက္ခ
ကဗျာသီချင်းတွေကို
ကိုယ်တိုင်ဆို၊ ကိုယ်တိုင်စောင်းတီးပြီး ဘုရားရှင်ကို ရွှေနားတော်သွင်းခဲ့ပါတယ်။ ဒီအကြောင်းအရာကို
ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိတော်၊ သက္ကပဥှသုတ္တန်မှာ အပြည့်အစုံတွေ့ နိုင်ပါတယ်။
အခုတင်ပြလိုတာက
ပဉ္စသီခချစ်ဒုက္ခကဗျာသီချင်း (ဂါထာ) စာရင်းကိစ္စအကြောင်းပါ။ အကြောင်းခံကတော့ ဟောဒီ
မဟာသုတကာရီမဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၁၁ အဆိုကြောင့်ပဲဖြစ်ပါတယ်။
"နတ်ပြည်မိုးမြင့် ၊
ဘုံခြောက်ဆင့်က
မာရ်မင်းစောင်းရင်း ၊ ဥသျှစ်ဆင်းကို
ဝင်းဝင်းပိုက်ကာ ၊
ငြိမ်းအေးစွာလျှင်
ဂါထာဆဲ့ငါး ၊ မြတ်စွာကြားအောင်
ဘုရားလူ့ ဘ ၊ သမ္ဗုဒ္ဓ၏
ဣန္ဒသာလာ ၊ ဂုဟာနီးကပ်
သာတင့်ရပ်က ၊ ဂန္ဓဗ်သနင်း
သျှောင်ငါးကွင်းနှင့်
၊နတ်မင်းဉ္စသီ
ဒေဝီရောင်ပ ၊ သူရိယဝစ်
မ-မာန်ယစ်လျှက် ၊ လက်ရစ်သံစုံ
ဥဿုံမချို့ ၊ ငွေညှို
့ခုနစ်ချောင်း
သံစုံညောင်းလျက် ၊
သံမောင်းသံညှင်း
မတင်းမလျော့၊ လက်ကုန်ဆော့၍
ရှင်တော့်ထံမှောက် ၊
ကျူးသီလျှောက်သို့ ….."
တွေ့ တဲ့အတိုင်းပါပဲ …..။
ပဉ္စသီခနတ်သားဟာ မြတ်စွာဘုရားကို
ဂါထာ ၁၅ ပုဒ်နဲ့  သူရိယဝစ္ဆသာနတ်သမီးနဲ့ ပတ်သက်ပြီး ဘယ်လိုခံစား
နေရပါတယ်ဆိုတာ
လျှောက်ထားတယ်ဆိုတဲ့အကြောင်း "ဂါထာဆဲ့ငါး ၊ မြတ်စွာကြားအောင်"….လို
့မန်လည်
ဆရာတော်ကြီးဖွဲ့ သွားခဲ့ပါတယ်။
၂။
တိုက်ဆိုင်ချင်တော့
အကြောင်းတခုနဲ့ မှတ်စုစာအုပ်ထဲမှာ "ပဉ္စသီခနတ်သားရဲ့မယ်ဘွဲ့ "ဆိုတဲ့ခေါင်းစဉ်နဲ
့
ပါဠိရော၊ မြန်မာပြန်ပါကူးရေးထားတာ ရှိနေပါတယ်။ အဲဒါကိုသတိရပြီး ပြန်ဖတ်ကြည့်တော့
မဃဒေဝလင်္ကာသစ်ဆရာတော်ကြီးရေးသလို ၁၅ ဂါထာမဟုတ်ဘဲ
၁ ဂါထာလျော့ပြီး ၁၄ ဂါထာသာ
ရှိနေတာတွေ့ ရပါတယ်။ ဆိုင်ရာအဋ္ဌကထာ၊ ဋီကာတို့ မှာ
ဂါထာအရေအတွက်ကိုဖော်ပြထားတာရှိလေမလား
လို့ လည်းအတွေးပေါက်ကာ ကြည့်မိပြန်တယ်။ ဋ္ဌ-ဋီတို
့မှာဂါထာအရေအတွက်ကို တိတိကျကျဖော်ပြတာ
မတွေ့ ပါဘူး။ မဟာစည်ဆရာတော်ကြီးရဲ့
သက္ကပဥှသုတ္တန်တရားတော်ကြီးစာအုပ်ထဲမှာလည်း ပဉ္စသီခ
နတ်သားဘုရားကို လျှောက်တာ ၁၄
ဂါထာလို့ သာ ဖော်ပြထားတာတွေ့ ရပြန်တယ်။
မင်းကွန်းတိပိဋကဆရာတော်ကြီးရဲ့ မဟာဗုဒ္ဓဝင်၊
၅၊ ၆၇-၇၆ မှာလည်း ပဉ္စသီခနတ်သားရဲ့ စောင်းချင်းဂါထာများကို ၁၄ ဂါထာလို့ သာ
အတိအကျဆိုထားပြန်ပါတယ်။ မဟာစည်ဆရာတော်၊ မင်းကွန်းတိပိဋကဆရာတော်တို့ ဆိုတာ
ဆဋ္ဌသင်္ဂါယနာမူကို ပဓာနထားသုံးစွဲလို့ ဒီလို ၁၄ ဂါထာလို
့တညီတညွတ်တည်းဆိုတော်မူသလောလို့ 
ဆင်ခြင်စရာလည်း ရှိပြန်ရဲ့ …။
သို့ သော် မဟာဗုဒ္ဓဝင် ၅ မှာပါတဲ့ ပဉ္စသီခစောင်းချင်းဂါထာအနက်တွေကို
ပဉ္စမသင်္ဂါယနာအကြီးအမှုးတပါးဖြစ်တော်မူတဲ့ ဆီးဘန်းနီဆရာတော်ကြီးရေးသားတော်မူတဲ့ ကဝိမဏ္ဍနမေဒနီကျမ်း
လာမြန်မာအနက်ကို
ဆင့်ပွားဖော်ပြပါတယ်။
ဒါကြောင့်
မန်လည်ဆရာတော်ကြည့်ရှုတဲ့မူဟာ ပဉ္စမသင်္ဂါယနာတင်မူ ဖြစ်နိုင်လို့ 
ကဝိမဏ္ဍနမေဒနီကျမ်းလိုပဲ
ဂါထာ ၁၄ ခုသာဖော်ပြတဲ့ မူဖြစ်ဖွယ်ရှိပါတယ်။ မိုးထိမူစာချနက်၊ သုတ်မဟာဝါနိဿယမှာလည်း ၁၄
ဂါထာကို
သာ မြန်မာပြန်ထားတာ တွေ့ ရပါတယ်။
၃။
ဖော်ပြပါ ပဉ္စသီခနတ်သားရဲ့ချစ်ဒုက္ခသီချင်းပါဠိ၊
မြန်မာများဟာ ဆဋ္ဌသင်္ဂါယနာမူ၊ ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိတော်
၊ သက္ကပဥှသုတ္တန်၊ စာမျက်နှာ ၂၁၂၊
၂၁၃ နဲ့  ယင်းမြန်မာပြန် ၂၃၈-၂၄ဝ တို့ မှာပါတဲ့အတိုင်း မူအတိုင်းကူးယူထား
တာဖြစ်ပါတယ်။
(မဟာဂန္ဓာရုံဆရာတော်ရဲ့ သုတ်မဟာဝါဘာသာဋီကာ၊ ၃၊ ပါဠိတော်၊ အဋ္ဌကထာအနက်ကိုလည်း
ရှုစားသင့်ပါတယ်။)
(၁) ဝန္ဒေ တေ ပိတရံ ဘဒ္ဒေ ၊
တိမ္ဗရုံ သူရိယဝစ္ဆသေ။
ယေန ဇာတာသိ ကလျာဏီ ၊ အာနန္ဒဇနနီ မမ။
(၁) ချစ်နှမသူရိယဝစ္ဆသာ…..
အကြင်နတ်မင်းကြောင့် ကောင်းခြင်းလက္ခဏာနှင့်ပြည့်စုံ၍ ငါ့အားနှစ်သက်မြတ်နိုး
ခြင်းကိုဖြစ်စေနိုင်သည့် သင်သည်
ဖြစ်ပေါ်လာရပေ၏။ သင်၏ဘခင် ထို တိမ္ဗရုသကနတ်မင်းကို ငါ ရှိခိုး၏။
(၂) ဝါတောဝ သေဒတံ ကန္တော၊
ပါနိယံဝ ပိပါသတော။
အင်္ဂီရသိ ပိယာမေသိ ၊ ဓမ္မော အရဟတာမိဝ။
(၂) ပြိုးပြိုးပြက်ပြက်အရောင်ထွက်သော
ချစ်နှမ.. ချွေးထွက်နေသူတို့ သည် လေအေးကို နှစ်သက်သကဲ့သို့  ၊ ရေငတ်နေသူတို့ သည်
ရေအေးကို နှစ်သက်သကဲ့သို့ ၊ ရဟန္တာတို့ သည် (လောကုတ္တရာ) တရားကို
နှစ်သက်တော်မူသကဲ့သို့  ငါသည် သင့်ကို ချစ်ကြိုက်လျက်ရှိပါ၏။
(၃) အာတုရေဿဝ ဘေသဇ္ဇံ ၊ ဘောဇနံဝ
ဇိဃစ္ဆတော။
ပရိနိဗ္ဗာပယ မံ ဘဒ္ဒေ ၊ ဇလန္တမိဝ ဝါရိနာ။
(၃) (ချစ်နှမ) … ဆေးသည်
သူနာ၏ရောဂါကိုငြိမ်းစေသကဲ့သို့ ၊ အစာသည် ငတ်မွတ်နေသူ၏ဆာလောင်ခြင်း
ကို
ငြိမ်းစေသကဲ့သို့  ငါ၏အချစ်မီးကို ငြိမ်းစေပါလော့….။
(၄) သီတောဒကံ ပေါက္ခရဏီ ၊ ယုတ္တံ
ကိဉ္ဇက္ခရေဏုနာ။
နာဂေါ ဃမ္မာဘိတတ္တောဝ ၊ သြဃာဟေ တေ ထနူဒရံ။
(၄) (ချစ်နှမ)…
အလွန်ပူအိုက်သောဆင်ပြောင်ကြီးသည် ကြာဝတ်မှုန်ပြွမ်းလျက် အေးမြသောရေရှိသည့်ရေကန်
ထဲသို့ (သက်ဆင်းသကဲ့သို့ ) ငါသည်
သင်၏ရင်ခွင်ထဲသို့ သက်ဆင်းလိုပါ၏။
(၅) အစ္စကုင်္သောဝ နာဂေါဝ ၊ ဇိတံ မေ
တုတ္တတောမရံ။
ကာရဏံ နပ္ပဇာနာမိ ၊ သမ္မတ္တော လက္ခဏူရုယာ။
(၅) (ချစ်နှမ)…
ချွန်းအုပ်မရအောင် အမုန်ကျနေသော ဆင်သည် လှံလျင်လှံမကို ငါနိုင်ပြီဟု မာန်ယစ်လျက်
မည်သည့်အကြောင်းကိုမျှ မသိသကဲ့သို့  လက္ခဏာနှင့်ညီညွတ်သည့်ပေါင်ရှိသော
သင်နှမကြောင့် အချစ်မာန်ယစ်
နေသော ငါသည်
မည်သည့်အကြောင်းကိုမျှ မသိတော့ပါ။
(၆) တယိ ဂေဓိတစိတ္တောသ္မိ ၊ စိတ္တံ ဝိပရိဏာမိတံ။
ပဋိဂန္တုံ န သက္ကောမိ ၊ ဝင်္ကဃသ္တောဝ အမ္ဗုဇော။
(၆) (ချစ်နှမ)….
ငါ၏စိတ်သည်သင်နှမအပေါ်၌ တဖက်သတ်တိမ်းညွတ်လျှက် စွဲမက်နေချေပြီ။ ငါးမျှားချိတ်ကို
မျိုမိသော ငါးကဲ့သို့ ပင် ငါ၏စိတ်ကိုပြန်လည်ဆုတ်နစ်စေရန် မစွမ်းနိုင်တော့ပါ။
(၇) ဝါမူရု သဇ မံ ဘဒ္ဒေ ၊ သဇ မံ
မန္ဒလောစနေ ။
ပလိဿဇ မံ ကလျာဏိ ၊ ဧတံ မေ အဘိပတ္ထိတံ ။
(၇)
တင့်တယ်သောပေါင်လုံးရှိသောချစ်နှမ… ငါ့ကိုဖက်လှည့်ပါလော့၊ မခို
့သရိုကြည့်လေ့ရှိသောချစ်နှမ.. ငါ့ကိုဖက်လှည့်ပါလော့။
ကောင်းခြင်းလက္ခဏာနှင့်ပြည့်စုံသောချစ်နှမ… ငါ့ကိုဖက်လှည့်ပါလော့။ ဤသို့ ဖက်ခြင်း
ကို ငါသည်
အလွန်ပင်တောင့်တလျက်ရှိပါ၏။
(၈) အပ္ပကော ဝတ မေ သန္တော၊ ကာမော
ဝေလ္လိတကေသိယာ။
အနေကဘာဝေါ သမုပ္ပါဒိ ၊ အရဟန္တေဝ
ဒက္ခိဏာ။
(၈) ချစ်နှမ…. ငါ၏ချစ်ခင်တပ်မက်မှုသည်
ပကတိအားဖြင့် အနည်းငယ်မျှဖြစ်သော်လည်း ရဟန္တာပုဂ္ဂိုလ်၌ လှုဒါန်းခြင်းဒါနစေတနာသည်
အတိုင်းမသိတိုးပွားသကဲ့သို့  အဖျားကော့သောဆံပင်ရှိသည့် သင်နှမ၌
ငါ၏ချစ်ခင်တပ်မက်မှုသည် အမျိုးမျိုးတိုးပွားဖြစ်ပေါ်လျက်ရှိ၏။
(၉) ယံ မေ အတ္ထိ ကတံ ပုညံ ၊ အရဟနေ
္တသု တာဒိသု။
တံ မေ သဗ္ဗင်္ဂကလျာဏိ ၊ တယာ သဒ္ဓိံ ဝိပစ္စတံ။
(၉) အလုံးစုံသော
ကောင်းခြင်းငါးဖြာလက္ခဏာနှင့်ပြည့်စုံသော ချစ်နှမ… သည်းခံခြင်းစသည်
တာဒိဂုဏ်နှင့်ပြည့်စုံ
ကုန်သော
တာဒိဂုဏ်နှင့်ပြည့်စုံကုန်သော မြတ်စွာဘုရားတို့ ၌ ပြုခဲ့သော ငါ၏ကောင်းမှုဟူသမျှသည်
သင်နှမနှင့်
အတူ အကျိုးပေးပါစေသတည်း။
(၁ဝ) ယံ မေ အတ္ထိ ကတံ ပုညံ ၊ အသ္မိ
ံ ပထဝိမဏ္ဍလေ။
တံ မေ သဗ္ဗင်္ဂကလျာဏိ ၊ တယာ သဒ္ဓိံ ဝိပစ္စတံ။
(၁ဝ)
အလုံးစုံသောကောင်းခြင်းငါးဖြာလက္ခဏာနှင့်ပြည့်စုံသောချစ်နှမ…. ဤမြေပြင်၌
ငါပြုထားသော
ကောင်းမှုဟူသမျှသည် သင်နှမနှင့်အတူ အကျိုးပေးပါစေသတည်း။
(၁၁) သကျပုတ္တောဝ ဈာနနေ ၊ ဧကောဒိ
နိပကော သတော။
အမတံ မုနိ ဇိဂိသာနော ၊ တမဟံ သူရိယဝစ္ဆသေ။
(၁၁) (ချစ်နှမ)…
သာကီဝင်မင်းသားမြတ်စွာဘုရားသည် ဈာန်ဖြင့်တစိတ်တည်းရှိလျှက် သတိပညာနှင့်ယှဉ်လျက်
အမြိုက်နိဗ္ဗာန်ကိုရှာသကဲ့သို့ ငါလည်းသင့်ကိုရှာနေပါ၏။
(၁၂) ယထာပိ မုနိ နေႏၵယ် ၊ ပတြာ
သေမၺာဓိမုတၱမံ။
ဧဝံ နေႏၵယ်ံ ကလ်ာဏိ ၊ မိႆီဘာဝံ ဂေတာ တယာ။
(၁၂)
ကောင်းခြင်းလက္ခဏာနှင့်ပြည့်စုံသောချစ်နှမ…. မြတ်စွာဘုရားသည် မြတ်သောသမ္ဗောဓိဉာဏ်သို
့ရောက်၍ ဝမ်းမြောက်တော်မူသကဲ့သို့ ဤအတူပင် ငါသည်သင်နှင့်ပေါင်းသင်းရသည်ဖြစ်၍
ဝမ်းမြောက်ရပါစေသား….။
(၁၃) သက္ကော စေ မေ ဝရံ ဒဇ္ဇာ ၊
တာဝတိံသာနမိဿရော။
တဝဟံ ဘဒ္ဒေ ဝရေယျာဟေ ၊ ဧဝံ ကာမော ဒဠှော မမ။
(၁၃) (ချစ်နှမ) သူရိယဝစ္ဆသာ…
တာဝတိံသာနတ်တို့ ၏အရှင်သိကြားမင်းသည် ငါ့အားလိုရာဆုကိုပေးခဲ့လျှင် ငါသည်
သင်နှမကိုသာ တောင်းယူပါအံ့။
ငါ၏ချစ်ကြိုက်ခြင်းသည် ဤမျှလောက်ခိုင်မြဲလျှက် ရှိပါ၏။
(၁၄) သာလံဝ န စိရံ ဖုလ္လံ ၊ ပိတရံ
တေ သုမေဓသေ။
ဝန္ဒမာနော နမဿာမိ ၊ ယဿာ သေတာဒိသီ ပဇာ။
(၁၄) လိမ္မာရေးခြားရှိလှပေသော
ချစ်နှမ… ဤသို့ ကောင်းခြင်းလက္ခဏာနှင့်ပြည့်စုံသည့် သမီးရတနာရှိသော
ပွင့်သစ်စအင်ကြင်းပန်းသဖွယ်တင့်တယ်သော သင့်ဘခင်တိမ္ဗရုသကနတ်မင်းကြီးကို
ဦးညွတ်ရှိခိုးပါ၏။
၎။
မူလကျမ်းရင်းဖြစ်တဲ့
သက္ကပဥှသုတ္တန်မှာ ပဉ္စသီခနတ်သားရဲ့ သီချင်းဂါထာကို ၁၄ ပုဒ်မျှသာပြဆိုထားလို့ မဃဒေဝ
လင်္ကာသစ်ကျမ်းမှာဖွဲ့ ဆိုတဲ့ "ဂါထာဆဲ့ငါး
၊ မြတ်စွာကြားအောင်"….ဆိုတဲ့စကားဟာ ကျမ်းအဆိုနဲ့ ကွဲလွဲနေကြောင်း
အထူးပြောဖွယ်မလိုပါဘူး။
မန်လည်ဆရာတော်ကြီးကြည့်ရှုတော်မူတဲ့ သက္ကပဥှသုတ္တန်မှာ ဂါထာ ၁၅ ပုဒ်ပါခဲ့သည်
မှန်သော်
ကြားကာလတခုမှာ ဂါထာ ၁ ပုဒ်ပျောက်ဆုံးသွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ သို့ မဟုတ်
ဂါထာ ၁၄ ပုဒ်
အမှန်ရှိနေတာကို အကောက်အယူချွတ်ချော်ပြီး ပမာဒလေခအနေနဲ့  ၁၅ ပုဒ်လို
့ရေးသားမိတာလည်း ဖြစ်နိုင်
ကောင်းပါတယ်။ မည်သို
့ပင်ဖြစ်စေ…. မြန်မာစာပေနဲ့ ပိဋကတ်ပညာရှင်များအတွက် စဉ်းစားတွေးတောဖွယ်
အကြောင်းအရာတခုရသွားကြမယ်ဆိုရင်
စာရေးသူအတွက် ဒီဆောင်းပါးကိုရေးရကျိုးနပ်တယ်လို့  ယုံကြည်
မျှော်လင့်မိပါတယ်….။
အမရဒီပ
နိုဝင်ဘာ ၁၊ ၂ဝ၁၂
Sunday, October 21, 2012
ကဗျာဖတ်၍ အိုကီနာဝါ မယ်ရွေးပွဲကို ရှုစားခြင်း
Facebook စာမျက်နှာကွင်းတပြင်လုံး တဆွေလုံးတမျိုးလုံးရုတ်ရုတ်သဲသဲဖြစ်ကာ "မြန်မာ--
မြန်မာ ၊ ....ဇေယျာ...၊ဇေယျာ "အော်သံစာလုံးများဆူညံပြည့်နှက်လာလို့ "ဘာများပါလိမ့်"
စူးစမ်းကြည့်လိုက်တော့မြန်မာလုံမပျိုငယ်တဦးပါဝင်ယှဉ်ပြိုင်နေတဲ့"Miss International 2012"
အိုကီနာဝါကျွန်း၊ ဂျပန်နိုင်ငံ...ဆိုတာသိလာရသည်။
နေ့ စဉ်နေ့ တိုင်းသတင်းအဆက်မပြတ်ရလေအောင်၊ မြန်မာမယ်ကလေးဆုချိတ်ရလေအောင် အမျိုးသားစိတ်ဖြင့်အားပေးတိုက်တွန်းနှိုးဆော်နေသူများလည်း ကာယကံရှင်မြန်မာအလှမယ်
နည်းတူနီးနီး စိတ်ပန်းကိုယ်ပန်းဖြစ်ကြလိမ့်မည်။ ...ကိုယ့်မြန်မာရစေချင်တာကိုး...။
မြန်မာအလှမယ်ကလေးသည် ပိယဝါစာ ချစ်ဖွယ်သောစကားကို အလွန်ပင်ဆိုတတ်ရှာသော ရှားရှားပါးပါးခေတ်လူငယ်တဦးဖြစ်သည်ကိုလည်း အင်တာဗျူးမေးဖြေခန်းမှာ အကဲခတ်မိပါ
သည်။ "မျက်နှာမြင်ချစ်ခင် ၊ အသံကြားသနား"ဆိုစကားနှင့် ညီညွတ်သူကလေးပင်တည်း..။
ဒါကြောင့်လည်း သူကလေးကို အားလုံးက ချစ်ကြကာ မဲထည့်ပေးကြသည်ကိုး....။မြန်မာတို့ 
၏ချစ်စိတ်ကြောင့် မဲအပြတ်အသတ်နဲ့ နိုင်ကာ Miss Internet ဆုကို ဆွတ်ခူးသွားလေသည်။
အပြတ်အသတ်ဆို မြန်မာတို့ က ဇေယျာစစ်ဆင်ရေး ဆိုပြီးလှုပ်ရှားကြပေသကိုး....။
မြန်မာအလှမယ်ကလေးအပါအဝင် အားလုံးသော ပြိုင်ပွဲဝင်အလှမယ်ကလေး၏ ဓာတ်ပုံကို မြင်
ရတော့ ဥမ္မာဒန္တီပျို့ ကို ပြန်ဖတ်ကြည့်မိ၏။
"ကေသာခြေဆုံး၊တကိုယ်လုံး၌
ရွှေတုံးပွတ်သစ် ၊ဇမ္ဗူရာဇ်သို့ 
ညစ်ကြေးဟူက ၊ မြူမလိမ်းကျံ
ကျူမီးလျှံလည်း ၊နှိုင်းကြံမမျှ
လျှပ်ရောင်ပလျက် ....... "
ဟု ပျို့ လင်္ကာအစပိုင်း (အပိုဒ် ၁ဝ) မှာ ဖွဲ့ ဆိုထားသော မိန်းမလှဘွဲ့ ကို တွေ့ ရ၏။
အိုကီနာဝါကျွန်း၊ မယ်ပြိုင်ပွဲအလှမယ်တို့ ကား မြင်သူတကာတို့ ရူးအောင်မဟုတ်သော်လည်း
ငေးအောင်ကား လှပ...တင့်တယ်...ချောမော..ပြေပြစ်ကြပါသည်။ အလှအပကို ပုထုဇဉ်တိုင်း
မြင်တတ်၊ငေးတတ်၊ခံစားတတ်၊ကြိုက်တတ်ကြသည်ချည်းပါ...။ အဿာဒ ခေါ် သာယာဖွယ်
တောင်း အလှဖြစ်သည်ကိုး။ သို့ သော် အလှဆိုတာသည် အာဒိ အစမျှသာဖြစ်ပေသည်။
အစမျှကိုသာ မြင်နေလျှင် တဖက်မြင်ဖြစ်သွားတတ်သည်။ လောကကြီးမှာ တဖက်မြင်ရုံနဲ့  မဖြစ်
သေး ၊ မလုံလောက်သေး၊ မပြည့်စုံသေး၊ တဖက်ချည်းသာမြင်နေ ကြာရင် ခက်ရချည့်သေး..။
"ဥမ္မာဒန္တီ၊ဤမိန်းမမွန်
အလှလွန်လည်း ၊ အတန်မကြာ
အနိစ္စာတွင် ၊ ဇရာမရဏံ
နိယတံနှင့် ၊ ဓုဝံမချွတ်
ဖြစ်ရလတံ့..........။"
ဤစကား(အပိုဒ် ၈၉)သည် သိဝိမင်းကြီး ဥမ္မာယမင်းလေးကို မြင်ပြီးရာဂရူးဖြစ်သွားရာမှ ပြန်
လည်သတိရပြီး ၊ မိမိကိုယ်မိမိပြန်လည်ထိန်းသိမ်းနိုင်ချိန် တရားသဘောနှင့်ဖြေသိမ့်လိုက်
နိုင်သည်။ အလှသည် ခဏ.....၊ အနိစ္စ မမြဲခြင်းပေမို့  နောက်တော်ပါ အိုမင်းရင့်ရော်ဇရာ၊သေ
ခြင်း မရဏတို့ အမြဲကပ်လိုက်ပါနေမည်။
ဥမ္မာဒန္တီကော ဘာသားနဲ့ ထုထားတာမို့  မအိုဘဲနေမလဲ.....။
မသေဘဲနေမလဲ......။ အို၊သေမကင်းသော အလှရှင်ပေတကား...။
ဤအမြင်တွင်မှ အလှအစကိုလဲမြင်ရာရောက်သည်။ အဆုံးကိုလည်း မြင်ရာရောက်သည်။
နှစ်ဘက်မြင်....။
လှသည်ကိုမြင်က အလှတွင်ရပ်ပြီး ယစ်မူးတိမ်းညွတ်မနေပါနှင့်ဦး...။
ရုပ်ရည်အိုမင်း၊ ပျက်သုဉ်းသည်အထိ မြင်အောင်ကြည့်....။ ဒါမှ သဘာဝကို အမှန်မြင်မည်။
စာဆိုတော် ဦးရွှန်းက ဥမ္မာဒန္တီ၏အလှအပကို အစပိုင်းတွင် ပုံဆောင်၍ မြင်သူများကို ရူးစေ
သည်။ ငေးသွားစေကြောင်း စကားလုံးလှလှပပ၊ အကွန့် အညွန့် သုံးကာ အသိပေး၏။
အဆုံးပိုင်းမှာတော့ အလှအပပေါ်တွင် အနိစ္စသဘောလက္ခဏာတင်ကာရှုက ရူးနေသူကို အသိပြန်ရစေကြောင်း ၊ ဆင်ခြင်တုံသတိပြည့်အောင် စွမ်းဆောင်စေကြောင်း ဘုရားကိုယ်
စား ဓမ္မကထာပြဆိုပြန်သည်။
အလှတရားမှာ ရပ်တန့် မနေကြနဲ့ ဦး......။
ဦးရွှန်း၏ အသံသဲ့သဲ့ကို ကဗျာဖတ်ရင်းကြားလိုက်ရ၏။ မယ်ရွေးပွဲဆုပေးအခမ်းအနားလည်း
ပြီးလေ၏။
အမရဒီပ
အောက်တိုဘာ ၂၁၊ ၂ဝ၁၂
Wednesday, October 17, 2012
တုံ ၃ တုံနဲ့  ငါ့လှေငါထိုးမောင်ဒယ်အိုးခရီးသွားခြင်း နောက်ဆက်တွဲ
ပြစရာတွေရှိလာလို့  နောက်ဆက်တွဲသတင်း ၁ ပုဒ်တင်ပြရပြန်ပါတယ်။ တုံ ၃ တုံနဲ့ ညီညွတ်ရင်
ဝါမဆိုဝါမကပ်ဘဲ ဘုန်းကြီး (ရဟန်း) ခရီးသွားနိုင်ခွင့်ရှိတယ်ဆိုတဲ့ ဝိနည်းဖျက်အယူအဆရှိတဲ့
မောင်ဒယ်အိုးတယောက် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက် ၊ မြန်မာသက္ကရာဇ် ၁၃၇၄၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ အင်္ဂါနေ့ က ရန်ကုန်ကို ပြန်လည်ရောက်ရှိကြောင်းသတင်းရုပ်သံ
ကို ထပ်ဆင့်တင်ပြလိုက်ပါတယ်။
Saturday, October 13, 2012
တုံ ၃ တုံနဲ့ ငါ့လှေငါထိုးမောင်ဒယ်အိုးခရီးသွားခြင်း
၁။
အင်တာဗျူးစကားပြောခန်းတခုမှာ တွေ
့မိတဲ့စကားကို ကောက်နုတ်ဖော်ပြပါရစေ….။
"သံဃာတော်တစ်ပါးအနေဲ
့ဝါတွင်းကာလမှာ ခရီးရက်ရှည်သွားတာနဲ့ ပတ်သက်ပြီး လျှောက်ထားကြည့်တော့
လည်း တုံ(၃) တုံနဲ့ ညီရင်
ဘုန်းကြီးတပါးခရီးသွားနိုင်ကြောင်း ၊ တုံ (၃) တုံဟူသည် ဖူးမျှော်ပူဇော်ရန် ၊
တရားတော်များကိုနာယူရန် ၊ လှုဖွယ်ဝတ္ထုအစုစုကို လှုဒါန်းရန်ဆိုတဲ့
အချက်သုံးချက်ပင်ဖြစ်ကြောင်း
ဒယ်အိုးဆရာတော်ဥူးသုမင်္ဂလမှ မိန်
့ဆိုခဲ့ပါသည်"
အပြည့်အစုံကြည့်လိုသူများ http://luthuorthan.blogspot.com/2012/08/blog-post_6600.html
မှာ ကြည့်
နိုင်ပါတယ်။ ပြောသူကတော့
အထက်ကောက်နုတ်ချက်မှာပါတဲ့အတိုင်း ဘယ်သူဖြစ်တယ်ဆိုတာ ထပ်ပြောစရာ လိုမယ်မထင်ပါ။
တုံ ၃ တုံဆိုတာက
ပုရိမဝါဖြစ်စေ၊ ပစ္ဆိမဝါဖြစ်စေကပ်ပြီးသော
ရဟန်းတော်တပါးဟာ အထူးအခြေအနေများ
ပေါ်ပေါက်လာရင် ဝါပန်ပြီး ၇ -ရက် ခရီးသွားခွင့်ရပါတယ်။
အထူးအခြေအနေဆိုတာကတော့ (က) ဒါတုံ= အလှုအတန်းကိစ္စ (ခ)သောတုံ= တရားနာယူလိုခြင်းကိစ္စ
(ဂ) ပဿိတုံ= မျက်နှာတော်ကို ဖူးမြင်လိုခြင်းကိစ္စ
တို့ ဖြစ်ပါတယ်။ ဒီကိစ္စ ၃ ထဲက တမျိုး
မျိုးပေါ်လာရင် ပုရိမဝါဖြစ်စေ၊ ပစ္ဆိမဝါဖြစ်စေ ဝါဆိုထားတဲ့ ရဟန်းတော်ဟာ (၇-ရက်အတွင်း
ဝါဆိုတဲ့နေရာကို ပြန်လာမယ်) ဆိုတဲ့ စကားမျိုးကို နုတ်ဖြင့်ရွတ်ဆိုပြီးဖြစ်စေ၊စိတ်ဖြင့်နှလုံး
သွင်းပြီးဖြစ်စေ
ဝါပန်ရပါတယ်။ ဝါပန်ပြီး ၇- ရက်ခရီးထွက်ခွင့်ပြုရပါတယ်။ ၇-ရက်ဆိုလို့ ကျောင်းပြင်ပမှာ
၇-ရက်နေရမယ်ဆိုလိုတာမဟုတ်ပါ။ အပြင်မှာ ၆ ရက်သာ အတိအကျနေခွင့်ရတယ်။ ၇ -ရက်မြောက်အရုဏ်
ကိုတော့
နေရင်းကျောင်းမှာသာ တက်စေရတယ်။
ဒီနေရာမှာ ဝါပန်တယ်၊ ဝါပန်တယ်ဆိုတာကို
ထပ်တလဲလဲပြောနေရတာ အကြောင်းရှိပါတယ်။
အကြောင်းကတော့ တုံ (၃) တုံနဲ
့ညီရင် ဝါတွင်း ၃ လလုံး ဘုန်းကြီးတပါးခရီးသွားနိုင်တယ်လို့  မောင်ဒယ်အိုး
အမှားတွေပြောနေလို့ ပါပဲ။ အမှန်ကတော့ တုံ (၃)
တုံနဲ့ ညီရင် ဝါဆိုတဲ့နေရာက ပြင်ပကို အတိအကျ ၆ ရက်သွား၊ ၇-ရက်မြောက်အရုဏ်တက်အမှီ
နေရင်းကျောင်းကို ပြန်ရောက်ရမယ်လို့ ဝိနည်းကျမ်းတွေမှာ ဆိုထားတာပါပဲ။
၂။
တုံ (၃) တုံနဲ့ ညီရင် ဝါတွင်း ၃
လလုံး ဝါပန်တာမလုပ်ဘဲ ဘုန်းကြီးတပါးခရီးသွားနိုင်တယ်ဆိုတဲ့ မောင်ဒယ်အိုးရဲ့
ဝိနည်းအသိမှားကို သိပြီးနောက် သူ့ ခရီးစဉ်တွေကို အင်တာဗျူးဆောင်းပါထဲပါတဲ့အတိုင်း
သတိပြုမိပါတယ်။
၉-၈-၂ဝ၁၂ ရန်ကုန်မှ
စင်္ကာပူနိုင်ငံ (နံပတ်စဉ်ကို ရက်-လ-နှစ်ဟု ဖတ်ရန်။)
မြန်မာရက်စွဲနဲ့ ပြောရင်
၁၃၇၄-ခုနှစ်၊ ဒုတိယဝါဆိုလဆုတ် ၇-ရက် ၊ ကြာသပတေးနေ့ မှာ မောင်ဒယ်အိုး
ခရီးစတယ်။
ဝါဆိုဝါကပ်လုပ်မယ်ဆိုရင် ဒုတိယဝါဆိုလဆုတ် ၁ ရက်နေ့ မှာ ပုရိမဝါကပ်ရပါမယ်။
ပုရိမဝါကပ်သလား၊မကပ်ဘူးလားဆိုတာ
ကာယကံရှင် မောင်ဒယ်အိုးသာ သိပေလိမ့်မယ်။
၁ဝ-၈-၂ဝ၁၂ မှာ စင်္ကာပူမှ
ဂျပန်သွားတယ်။ (နံပတ်တွေက ရက်-လ-နှစ်အစဉ်အတိုင်းညွှန်းပါတယ်။)
၂ဝ-၈-၂ဝ၁၂ အထိ ဂျပန်မှာ နေတယ်။
အကယ်၍ ပုရိမဝါဆိုခဲ့ရင် ၊ ဝါပန်ခဲ့ရင် ဂျပန်မှာ ၅ ရက်နေပြီးရင်
မြန်မာပြည်က သူ
့ဘုန်းကြီးကျောင်းပြန်သွားမှာပါပဲ။ ဂျပန်မှာ ၁ဝ ရက်နေတယ်ဆိုမှတော့
ပုရိမဝါ
မဆိုခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ပုရိမဝါဆိုခဲ့တယ်ဆိုရင်လည်း
ဒီရက်ပိုင်းအတွင်း ဝါကျိုးသွားပါပြီ။ ဒီတော့ မောင်ဒယ်အိုးအတွက် ပစ္ဆိမဝါဆိုဖို့ 
အခွင့်အရေးတခုကျန်သေးတာကြောင့် ရန်ကုန်မှာ ပုရိမဝါမဆိုခဲ့ဘူးလို့  ပဲ ဆိုကြပါစို
့။
ရဟန်းတပါးအနေနဲ့ ပုရိမဝါမဆိုရင်
ပစ္ဆိမဝါဆိုရပါမယ်။ ဝါခေါင်လဆုတ် ၁ ရက်နေ့ ဟာ ပစ္ဆိမဝါဆိုရမယ့် 
နေ့ ဖြစ်ပါတယ်။
၃။
သြဂုတ်လ ၂ဝ ၊ ၂ဝ၁၂ (မြန်မာရက်
၁၃၇၄၊ ဝါခေါင်လဆန်း ၃ ရက်၊ တနင်္လာ) မှာ ဂျပန်နိုင်ငံကနေ အမေရိကန် နိုင်ငံဆီ
ခရီးဆက်တယ်။ သြဂုတ်လကုန်သွားပြီ။ စက်တင်ဘာ ၂ ၊ ၂ဝ၁၂ (မြန်မာရက် ၁၃၇၄၊ ဝါခေါင်လဆုတ်
၁ ၊ တနင်္ဂနွေ) ဟာ မောင်ဒယ်အိုး ပစ္ဆိမဝါဆိုရမယ့် နေ့ ပါပဲ။ ပစ္ဆိမဝါဆိုသလား၊
မဆိုဘူးလားဆိုတာတော့ ကာယကံရှင် မောင်ဒယ်အိုးသာ သိပါလိမ့်မယ်။ ပစ္ဆိမဝါဆိုခဲ့ရင် …
ပစ္ဆိမဝါဆိုတဲ့ ရဟန်းတွေဟာ တန်ဆောင်မုန်းလပြည့် နေ့ မှာ ဝါကျွတ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက နေရာတခုမှာ ပစ္ဆိမဝါကပ်တဲ့ မောင်ဒယ်အိုးဟာ
အမေရိကန်နိုင်ငံအတွင်းမှာပဲ
တရားပွဲရှိတယ်ဆိုရင် သူ ဝါဆိုတဲ့နေရာကနေ
၆- ရက်ခရီးထွက်၊ ၇-ရက်မြောက်နေ
့ပြန်လာလုပ်ရပါမယ်။ ဝါဆိုကျောင်းနဲ့ အပြင် သွားချည်၊ ပြန်လှည့် လုပ်ရပါတော့မယ်။ သည်လိုနဲ
့စက်တင်ဘာလ ကုန်သွားတယ်ဆိုပါတော့……။
၁ဝ-၁ဝ-၂ဝ၁၂ (အောက်တိုဘာ ၁ဝ၊
၂ဝ၁၂) (မြန်မာရက် ၁၃၇၄၊ တော်သလင်းလဆုတ် ၁ဝ၊ ဗုဒ္ဓဟူး) ရက်စွဲတပ်ထားတဲ့ Facebook
ဓာတ်ပုံအရ မောင်ဒယ်အိုးဟာ တောင်ကိုးရီးယားနိုင်ငံကို ရောက်နေကြောင်း သိရပြန်ပါတယ်။
တောင်ကိုးရီးယားနိုင်ငံကနေတဆင့်  ကမ္ဘောဒီးယားနိုင်ငံဆီ ခရီးဆက်ဦးမယ်လို
့သိရပါတယ်။
ဤပုံ၊ ဤခြေလှမ်းတွေကို
ကြည့်သောအားဖြင့် မောင်ဒယ်အိုးဟာ ပုရိမဝါ၊ ပစ္ဆိမဝါ နှစ်ခုလုံး
ဝါဆိုဝါကပ်ခြင်းမပြုဘဲ ခရီးလှည့်လည်သွားလာနေတယ်ဆိုတာ ပေါ်လွင်သွားပါတယ်။
http://www.thumingala-deou.com/index.php/home/biography မှာဖော်ပြပါရှိတဲ့အချက်အလက်များအရ
၁၉၆၇ မှာမွေး၊ မန
္တလေးတက္ကသိုလ်မှဓာတုဗေဒဘွဲ့ ရ၊ မြန်မာသက္ကရာဇ် ၁၃၅၆၊ ကဆုန်လပြည့်နေ့ မှာရဟန်းဝတ်၊
ရဟန်းသက်တမ်း ၁၉ နှစ်ရှိနေပြီးဖြစ်တဲ့မောင်ဒယ်အိုးဟာ ဝါဆိုဝါကပ်၊ဝါပန်ဆိုင်ရာ
ရဟန်းဝိနည်းစည်းကမ်းတွေ
ကို မသိပါဘူး၊မသိလို
့ဒီလိုလုပ်မိပါတယ်ပြောရင်တောင် သံသယရှိစရာကောင်းပါတယ်။ ဒီလိုလက်တွေ့ ဆန်တဲ့
ဝါဆိုဝါကပ်၊ ဝါပန်ကိစ္စတွေကို မသိဘဲ
အရှင်ဘုရားဘာလို့ ကျောင်းထိုင်ကျောင်းပိုင်လုပ်နေတာလဲ
မေးစရာရှိတော့မှာပေါ့။
လူတကာကို တရားဟော၊ တရားပြပြီးဆရာတဆူလုပ်နေသူက ဒါတွေဒါတွေ
မသိဘဲဆရာလုပ်နေတာဆိုတော့
(တတ်ယောင်ကားဆရာ) ဖြစ်နေတာပေါ့။
ဒီနေရာမှာ မောင်ဒယ်အိုးသိရမှာက
ဝါဆိုဝါကပ်စည်းကမ်းလိုက်နာတဲ့ရဟန်းတော်များကိုသာ တုံ (၃) တုံဆိုတဲ့ အခွင့်အရေးကို
မြတ်စွာဘုရားပေးထားခဲ့တာပါ။ တုံ (၃) တုံဆိုတာလဲ ဝါတွင်း ၃ လလုံးပေးတာမဟုတ်..၊ ၆
ရက် ခရီးသွား၊ ၇-ရက်မြောက်နေ့ ပြန်လာဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပေးတာပါ။
ဝါဆိုဝါကပ်မလုပ်တဲ့
မောင်ဒယ်အိုးလို ရဟန်းမျိုးကို ဒီအခွင့်အရေးပေးခဲ့တာမဟုတ်ဘူးဆိုတာပါပဲ။
ကိုယ့်သဘောနဲ
့ကိုယ့်ဆုံးဖြတ်ချက်အတိုင်း သွားချင်လို့ သွားတဲ့ ခရီးကို ဒီလိုသွားတာ
ဝိနည်းတော်နဲ့ 
ညီညွတ်ပါတယ်လို့  မဟုတ်ကို
အဟုတ်၊အမှားကို အမှန်ဖြစ်အောင်ကြံဖန်လီဆယ်ပြောရဲတဲ့ မောင်ဒယ်အိုး
ကိုလည်း အတော်အံ့သြမိပါတယ်။ "
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ဗဂိုးရောက်ရောက် " ဆိုတာတွေလို
" ငါ့လှေငါထိုး မောင်ဒယ်အိုး
" ပါတကား……။
အမရဒီပ
အောက်တိုဘာ ၁၃၊ ၂ဝ၁၂
Subscribe to:
Posts (Atom)


