Total Pageviews
Showing posts with label ပစ္စုပ္ပန်သာသနာရေး. Show all posts
Showing posts with label ပစ္စုပ္ပန်သာသနာရေး. Show all posts
Friday, November 2, 2012
ချွတ်ချော်စပြုလာနေတဲ့မဟာစည်ကျမ်းစာတအုပ်
၁။
မဟာသတိပဋ္ဌာန်သုတ္တန်သင်တန်းအတွက် ကျမ်းစာအုပ်အလှုရှင်တဦးပေးလာတဲ့ "မဟာစည်-မဟာသတိပဋ္ဌာန
သုတ်နိဿယ"စာအုပ်ကို လက်ခံရရှိတာ ၂ဝဝ၉ ခုနှစ်လောက်ကတည်းကလို့ မှတ်မိတယ်။ လက်ဆောင်ရတဲ့စာ
အုပ်က ဆဋ္ဌမအကြိမ်ပုံနှိပ်မူဖြစ်ပါတယ်။ စာရေးသူမှာ ပဉ္စမအကြိမ်ပုံနှိပ်မူစာအုပ်ရှိနှင့်ပြီးသား ဖြစ်ပါတယ်။ စာအုပ် ၂ အုပ်ရှိတော့ အသစ်ဖတ်လိုက် ၊ အဟောင်းဖတ်လိုက်လုပ်နေခဲ့ရာက အသစ်စာအုပ်တနေရာမှာတွေ့ ရတဲ့ စာ တခုကြောင့် အံ့သြသင့်သွားရတယ်။ အဲဒါကတော့………………………
"ဤသတိပဋ္ဌာန်လမ်းဖြင့် သန္တတိအမတ်ကြီးကဲ့သို့ ပင် သောကကိုလည်း လွန်မြောက်နိုင်၏။ ပဋာစာရာထေရီမ
ကဲ့သို့ ပင် ပရိဒေဝကိုလည်း လွန်မြောက်နိုင်ပေ၏။ ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်သောသူများ
မှာ သတိပဋ္ဌာန်နည်းဖြင့်ပင် ကိစ္စပြီးသွားသည်ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤ
သို့ ရှင်းလင်းပြထားလေပြီ။"
အထူးသတိပြုသင့်တဲ့ဝါကျဟာ " ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်သောသူများမှာ သတိပဋ္ဌာန်
နည်းဖြင့်ပင် ကိစ္စပြီးသွားသည်ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤသို့ 
ရှင်းလင်းပြထားလေပြီ။"
တရားနာတဲ့တထိုင်အတွင်း မဂ်ဖိုလ်ဉာဏ်၊ ဝိပဿနာဉာဏ်ကို ဆိုက်ရောက်သွားကြတဲ့ သူတော်စင်တွေဟာ သတိပဋ္ဌာန်တရား ၄ ပါးထဲက တပါးပါးကို ရှုပွားနေရင်း ရောက်သွားကြတာဖြစ်တယ်။ သတိပဋ္ဌာန်တရားကို
ပွားများအားထုတ်တဲ့ လုပ်ငန်းစဉ်မပါဘဲ ဒီလို တရားထူး၊ တရားမြတ်ကို မရနိုင် မရောက်နိုင်ပါဘူးဆိုတာ အဲသည်
သတိပဋ္ဌာန်သုတ်အဋ္ဌကထာမှာ ပြောထားပြီးသားပါ။ မဟာစည်ဆရာတော်ကြီးကိုယ်တိုင်လည်း အဋ္ဌကထာထဲက
"ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာနာမ နတ္ထိ= ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော သတိပဋ္ဌာန်၏အာရုံလေးပါးထဲက တပါးပါးကိုမျှ မသုံးသပ်၊ မရှုမှတ်မူ၍ ဝိပဿနာဉာဏ်-မဂ်ဉာဏ်ကိုဖြစ်စေနိုင်
သော ပညာဘာဝနာမည်သည်ဖြစ်ရုံးမရှိချေ" ဆိုတဲ့ ဖော်ပြချက်ကို ကိုးကားပြီ့း ဝိပဿနာရှုနည်းကျမ်း၊ သတိပဋ္ဌာန်တရားစတာတွေမှာ အကြိမ်ကြိမ် အဖန်ဖန်ဟောတော်မူတာ လေ့လာတွေ့ ရှိရပါတယ်။ ဒီလိုဖြစ်နေပါ
လျက် အခုကောက်နုတ်ပြတဲ့ ဝါကျဟာ မဟာစည်ဆရာတော်ဆိုလိုတဲ့အာဘော်မဟုတ်နိုင်ဘူးလို့  သံသယဖြစ်
လာပါတယ်။
၂။
သံသယအခြေခံတော့ ပဉ္စမအကြိမ်ပုံနှိပ်တဲ့ မဟာစည်သတိပဋ္ဌာန်သုတ်နိဿယစာအုပ်နဲ့  တိုက်ဆိုင်ဖတ်ကြည့်
တယ်။ ပဉ္စမအကြိမ်ပုံနှိပ်မူမှာ တွေ့ ရတာက……..
"ဤသတိပဋ္ဌာန်လမ်းဖြင့် သန္တတိအမတ်ကြီးကဲ့သို့ ပင် သောကကိုလည်း လွန်မြောက်နိုင်၏။ ပဋာစာရာထေရီမ
ကဲ့သို့ ပင် ပရိဒေဝကိုလည်း လွန်မြောက်နိုင်၏။ ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်ကြသောသူများ
မှာ သတိပဋ္ဌာန်နည်းဖြင့်မရှုရတော့ဘဲ နာကြားရသော တရားကို သဘောကျရုံမျှဖြင့်ပင် ကိစ္စပြီးသွားသည်ဟုထင်
မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤသို့ ရှင်းလင်းပြထားလေပြီ……." လို့ သာ ဖြစ်နေ
တယ်။
ဒီဆန့် ကျင်ဘက်ဝါကျ ၂ ကြောင်းကို ဇယားကွက်ချကြည့်တော့ အခုလိုတွေ့ ရပါတယ်။
ပဉ္စမအကြိမ်ပုံနှိပ်မူ၊ စာမျက်နှာ- ၉
ဆဋ္ဌမအကြိမ်ပုံနှိပ်မူ၊ စာမျက်နှာ- ၈
ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်ကြ
သောသူများမှာ သတိပဋ္ဌာန်နည်းဖြင့်မရှုရတော့ဘဲ နာကြားသောတရားကို သဘောကျရုံမျှဖြင့် ကိစ္စပြီးသွားသည်ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်း
ဤအရာ၌ တရားနာစဉ်တွင်မဂ်ဖိုလ်သို့ ရောက်သော
သူများမှာ သတိပဋ္ဌာန်နည်းဖြင့်ပင်ကိစ္စပြီးသွားသည်
ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်း
ပဉ္စမအကြိမ်ပုံနှိပ်မူက "တရားနာရုံ၊ တရားသိရုံနဲ့ ကိစ္စပြီးတယ်၊ တရားကို အကူးတကအားထုတ်နေစရာမလိုဘူး"
လို့ အမှားပြောနေသူတွေရဲ့  အဓမ္မဝါဒကို အမှန်တရားဓမ္မနဲ့ တိုက်ဖျက်တယ်။ ဓမ္မကို ပြတယ်။
ဆဋ္ဌမအကြိမ်ပုံနှိပ်မူကတော့ သူတပါးအမှားကို ပြင်ဖို့ အသာထား၊ သူကိုယ်တိုင်က အဓမ္မဝါဒဖြစ်နေပါတယ်။
၃။
မဟာစည်ဆရာတော်ကြီးရဲ့စာပေတွေဟာ သာသနာနယ်၊ စာပေနယ်မှာ အင်မတန်သြဇာကြီးကြောင်း၊ ပညာရှင်တွေ တန်ဘိုးထားလေးစားကြောင်း အထူးပြောစရာမလိုပါ။ ၁၉၈ဝ နှစ်တွေလောက်က တွေ့ ရတဲ့
မဟာစည်စာအုပ်တွေဟာ အပြင်အဆင်၊ သပ်ရပ်ကောင်းမွန်ခဲ့ပါတယ်။ သို့ သော် နောက်ပိုင်းမှာမဟာစည်
ကျမ်းစာတွေထုတ်ဝေမှုမှာ ပြီးစလွယ် (ပစ္စလက္ခတ်) လုပ်လာတာတွေ့ ရတာ အင်မတန်ဝမ်းနည်းဖွယ်ကောင်းပါ
တယ်။ ဒါကြောင့် သက်ဆိုင်ရာ မဟာစည်အသိုင်းအဝိုင်းတို့ က မဟာစည်ဆရာတော်ကြီးရဲ့ဂုဏ်သိက္ခာမထိခိုက်
ရအောင် ကျမ်းစာတွေကို မျက်နှာလွှဲခဲပစ်လုပ်မထားဘဲ ပညာရှင်အင်အားနဲ့ ပြန်လည်စီစစ်သင့်ပြီလို့  တိုက်တွန်း
ချင်ပါတယ်။
မဟာသတိပဋ္ဌာန်သုတ်နိဿယမှာ အခုပြောခဲ့အမှားအပြင် အခြားပြင်ဆင်စရာတွေလည်း အများအပြား
ရှိနေပါတယ်။ အရင့်အရင်နှစ်တွေက ထုတ်ဝေခဲ့တဲ့ ပုံနှိပ်မူတွေနဲ့ တိုက်ဆိုင်ကြည့်ရင် သိသာနိုင်တာမို့ လို့ 
 အကျယ်တဝင့် မပြောတော့ပါ။ မဟာစည်ဆရာတော်ကြီး အမှန်ရေးခဲ့တာကို ငါတို့ လက်ထက်ရောက်မှ အမှားဖြစ်ရင် ငါတို့ ညံ့လို့ ပဲ၊ ငါတို့ မညံ့အောင် ဆရာတော်ကြီးရဲ့စာအုပ်တွေကို စီးပွားဖြစ်ထုတ်တာမဟုတ်ဘဲ သာသနာပြုတဲ့အနေထုတ်ဝေတာမျိုးဖြစ်အောင် ငါတို့ ကြိုးစားရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။
အမရဒီပ
နိုဝင်ဘာ ၂၊ ၂ဝ၁၂
Wednesday, October 17, 2012
တုံ ၃ တုံနဲ့  ငါ့လှေငါထိုးမောင်ဒယ်အိုးခရီးသွားခြင်း နောက်ဆက်တွဲ
တုံ ၃ တုံနဲ့ ငါ့လှေငါထိုးမောင်ဒယ်အိုးခရီးသွားခြင်းဆောင်းပါးကို ရေးပြီးနောက် ဆက်လက်တင်
ပြစရာတွေရှိလာလို့  နောက်ဆက်တွဲသတင်း ၁ ပုဒ်တင်ပြရပြန်ပါတယ်။ တုံ ၃ တုံနဲ့ ညီညွတ်ရင်
ဝါမဆိုဝါမကပ်ဘဲ ဘုန်းကြီး (ရဟန်း) ခရီးသွားနိုင်ခွင့်ရှိတယ်ဆိုတဲ့ ဝိနည်းဖျက်အယူအဆရှိတဲ့
မောင်ဒယ်အိုးတယောက် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက် ၊ မြန်မာသက္ကရာဇ် ၁၃၇၄၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ အင်္ဂါနေ့ က ရန်ကုန်ကို ပြန်လည်ရောက်ရှိကြောင်းသတင်းရုပ်သံ
ကို ထပ်ဆင့်တင်ပြလိုက်ပါတယ်။
Saturday, October 13, 2012
တုံ ၃ တုံနဲ့ ငါ့လှေငါထိုးမောင်ဒယ်အိုးခရီးသွားခြင်း
၁။
အင်တာဗျူးစကားပြောခန်းတခုမှာ တွေ့ မိတဲ့စကားကို ကောက်နုတ်ဖော်ပြပါရစေ….။
"သံဃာတော်တစ်ပါးအနေဲ့ ဝါတွင်းကာလမှာ ခရီးရက်ရှည်သွားတာနဲ့ ပတ်သက်ပြီး လျှောက်ထားကြည့်တော့
လည်း တုံ(၃) တုံနဲ့ ညီရင် ဘုန်းကြီးတပါးခရီးသွားနိုင်ကြောင်း ၊ တုံ (၃) တုံဟူသည် ဖူးမျှော်ပူဇော်ရန် ၊ တရားတော်များကိုနာယူရန် ၊ လှုဖွယ်ဝတ္ထုအစုစုကို လှုဒါန်းရန်ဆိုတဲ့ အချက်သုံးချက်ပင်ဖြစ်ကြောင်း
ဒယ်အိုးဆရာတော်ဥူးသုမင်္ဂလမှ မိန့် ဆိုခဲ့ပါသည်"
အပြည့်အစုံကြည့်လိုသူများ http://luthuorthan.blogspot.com/2012/08/blog-post_6600.html မှာ ကြည့်
နိုင်ပါတယ်။ ပြောသူကတော့ အထက်ကောက်နုတ်ချက်မှာပါတဲ့အတိုင်း ဘယ်သူဖြစ်တယ်ဆိုတာ ထပ်ပြောစရာ လိုမယ်မထင်ပါ။
တုံ ၃ တုံဆိုတာက ပုရိမဝါဖြစ်စေ၊  ပစ္ဆိမဝါဖြစ်စေကပ်ပြီးသော ရဟန်းတော်တပါးဟာ အထူးအခြေအနေများ
 ပေါ်ပေါက်လာရင် ဝါပန်ပြီး ၇ -ရက် ခရီးသွားခွင့်ရပါတယ်။ အထူးအခြေအနေဆိုတာကတော့ (က) ဒါတုံ= အလှုအတန်းကိစ္စ (ခ)သောတုံ= တရားနာယူလိုခြင်းကိစ္စ (ဂ) ပဿိတုံ= မျက်နှာတော်ကို ဖူးမြင်လိုခြင်းကိစ္စ
တို့ ဖြစ်ပါတယ်။ ဒီကိစ္စ ၃ ထဲက တမျိုး မျိုးပေါ်လာရင် ပုရိမဝါဖြစ်စေ၊ ပစ္ဆိမဝါဖြစ်စေ ဝါဆိုထားတဲ့ ရဟန်းတော်ဟာ (၇-ရက်အတွင်း ဝါဆိုတဲ့နေရာကို ပြန်လာမယ်) ဆိုတဲ့ စကားမျိုးကို နုတ်ဖြင့်ရွတ်ဆိုပြီးဖြစ်စေ၊စိတ်ဖြင့်နှလုံး
သွင်းပြီးဖြစ်စေ ဝါပန်ရပါတယ်။ ဝါပန်ပြီး ၇- ရက်ခရီးထွက်ခွင့်ပြုရပါတယ်။ ၇-ရက်ဆိုလို့ ကျောင်းပြင်ပမှာ 
၇-ရက်နေရမယ်ဆိုလိုတာမဟုတ်ပါ။ အပြင်မှာ ၆ ရက်သာ အတိအကျနေခွင့်ရတယ်။ ၇ -ရက်မြောက်အရုဏ်
ကိုတော့ နေရင်းကျောင်းမှာသာ တက်စေရတယ်။
 ဒီနေရာမှာ ဝါပန်တယ်၊ ဝါပန်တယ်ဆိုတာကို ထပ်တလဲလဲပြောနေရတာ အကြောင်းရှိပါတယ်။
အကြောင်းကတော့ တုံ (၃) တုံနဲ့ ညီရင် ဝါတွင်း ၃ လလုံး ဘုန်းကြီးတပါးခရီးသွားနိုင်တယ်လို့  မောင်ဒယ်အိုး
 အမှားတွေပြောနေလို့ ပါပဲ။ အမှန်ကတော့ တုံ (၃) တုံနဲ့ ညီရင် ဝါဆိုတဲ့နေရာက ပြင်ပကို အတိအကျ ၆ ရက်သွား၊ ၇-ရက်မြောက်အရုဏ်တက်အမှီ နေရင်းကျောင်းကို ပြန်ရောက်ရမယ်လို့ ဝိနည်းကျမ်းတွေမှာ ဆိုထားတာပါပဲ။
၂။
တုံ (၃) တုံနဲ့ ညီရင် ဝါတွင်း ၃ လလုံး ဝါပန်တာမလုပ်ဘဲ ဘုန်းကြီးတပါးခရီးသွားနိုင်တယ်ဆိုတဲ့ မောင်ဒယ်အိုးရဲ့ ဝိနည်းအသိမှားကို သိပြီးနောက် သူ့ ခရီးစဉ်တွေကို အင်တာဗျူးဆောင်းပါထဲပါတဲ့အတိုင်း သတိပြုမိပါတယ်။
၉-၈-၂ဝ၁၂ ရန်ကုန်မှ စင်္ကာပူနိုင်ငံ (နံပတ်စဉ်ကို ရက်-လ-နှစ်ဟု ဖတ်ရန်။)
မြန်မာရက်စွဲနဲ့ ပြောရင် ၁၃၇၄-ခုနှစ်၊ ဒုတိယဝါဆိုလဆုတ် ၇-ရက် ၊ ကြာသပတေးနေ့ မှာ မောင်ဒယ်အိုး
ခရီးစတယ်။ ဝါဆိုဝါကပ်လုပ်မယ်ဆိုရင် ဒုတိယဝါဆိုလဆုတ် ၁ ရက်နေ့ မှာ ပုရိမဝါကပ်ရပါမယ်။
ပုရိမဝါကပ်သလား၊မကပ်ဘူးလားဆိုတာ ကာယကံရှင် မောင်ဒယ်အိုးသာ သိပေလိမ့်မယ်။
၁ဝ-၈-၂ဝ၁၂ မှာ စင်္ကာပူမှ ဂျပန်သွားတယ်။ (နံပတ်တွေက ရက်-လ-နှစ်အစဉ်အတိုင်းညွှန်းပါတယ်။)
၂ဝ-၈-၂ဝ၁၂ အထိ ဂျပန်မှာ နေတယ်။ အကယ်၍ ပုရိမဝါဆိုခဲ့ရင် ၊ ဝါပန်ခဲ့ရင် ဂျပန်မှာ ၅ ရက်နေပြီးရင်
 မြန်မာပြည်က သူ့ ဘုန်းကြီးကျောင်းပြန်သွားမှာပါပဲ။ ဂျပန်မှာ ၁ဝ ရက်နေတယ်ဆိုမှတော့ ပုရိမဝါ
မဆိုခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ပုရိမဝါဆိုခဲ့တယ်ဆိုရင်လည်း ဒီရက်ပိုင်းအတွင်း ဝါကျိုးသွားပါပြီ။ ဒီတော့ မောင်ဒယ်အိုးအတွက် ပစ္ဆိမဝါဆိုဖို့  အခွင့်အရေးတခုကျန်သေးတာကြောင့် ရန်ကုန်မှာ ပုရိမဝါမဆိုခဲ့ဘူးလို့  ပဲ ဆိုကြပါစို့ ။
ရဟန်းတပါးအနေနဲ့ ပုရိမဝါမဆိုရင် ပစ္ဆိမဝါဆိုရပါမယ်။ ဝါခေါင်လဆုတ် ၁ ရက်နေ့ ဟာ ပစ္ဆိမဝါဆိုရမယ့် 
နေ့ ဖြစ်ပါတယ်။ 
၃။
သြဂုတ်လ ၂ဝ ၊ ၂ဝ၁၂ (မြန်မာရက် ၁၃၇၄၊ ဝါခေါင်လဆန်း ၃ ရက်၊ တနင်္လာ) မှာ ဂျပန်နိုင်ငံကနေ အမေရိကန် နိုင်ငံဆီ ခရီးဆက်တယ်။ သြဂုတ်လကုန်သွားပြီ။ စက်တင်ဘာ ၂ ၊ ၂ဝ၁၂ (မြန်မာရက် ၁၃၇၄၊ ဝါခေါင်လဆုတ် ၁ ၊ တနင်္ဂနွေ) ဟာ မောင်ဒယ်အိုး ပစ္ဆိမဝါဆိုရမယ့် နေ့ ပါပဲ။ ပစ္ဆိမဝါဆိုသလား၊ မဆိုဘူးလားဆိုတာတော့ ကာယကံရှင် မောင်ဒယ်အိုးသာ သိပါလိမ့်မယ်။ ပစ္ဆိမဝါဆိုခဲ့ရင် … ပစ္ဆိမဝါဆိုတဲ့ ရဟန်းတွေဟာ တန်ဆောင်မုန်းလပြည့် နေ့ မှာ ဝါကျွတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက နေရာတခုမှာ ပစ္ဆိမဝါကပ်တဲ့ မောင်ဒယ်အိုးဟာ အမေရိကန်နိုင်ငံအတွင်းမှာပဲ  တရားပွဲရှိတယ်ဆိုရင် သူ ဝါဆိုတဲ့နေရာကနေ
 ၆- ရက်ခရီးထွက်၊ ၇-ရက်မြောက်နေ့ ပြန်လာလုပ်ရပါမယ်။ ဝါဆိုကျောင်းနဲ့ အပြင် သွားချည်၊ ပြန်လှည့် လုပ်ရပါတော့မယ်။ သည်လိုနဲ့ စက်တင်ဘာလ ကုန်သွားတယ်ဆိုပါတော့……။
၁ဝ-၁ဝ-၂ဝ၁၂ (အောက်တိုဘာ ၁ဝ၊ ၂ဝ၁၂) (မြန်မာရက် ၁၃၇၄၊ တော်သလင်းလဆုတ် ၁ဝ၊ ဗုဒ္ဓဟူး) ရက်စွဲတပ်ထားတဲ့ Facebook ဓာတ်ပုံအရ မောင်ဒယ်အိုးဟာ တောင်ကိုးရီးယားနိုင်ငံကို ရောက်နေကြောင်း သိရပြန်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံကနေတဆင့်  ကမ္ဘောဒီးယားနိုင်ငံဆီ ခရီးဆက်ဦးမယ်လို့ သိရပါတယ်။
ဤပုံ၊ ဤခြေလှမ်းတွေကို ကြည့်သောအားဖြင့် မောင်ဒယ်အိုးဟာ ပုရိမဝါ၊ ပစ္ဆိမဝါ နှစ်ခုလုံး ဝါဆိုဝါကပ်ခြင်းမပြုဘဲ ခရီးလှည့်လည်သွားလာနေတယ်ဆိုတာ ပေါ်လွင်သွားပါတယ်။
http://www.thumingala-deou.com/index.php/home/biography  မှာဖော်ပြပါရှိတဲ့အချက်အလက်များအရ
၁၉၆၇ မှာမွေး၊ မန္တလေးတက္ကသိုလ်မှဓာတုဗေဒဘွဲ့ ရ၊ မြန်မာသက္ကရာဇ် ၁၃၅၆၊ ကဆုန်လပြည့်နေ့ မှာရဟန်းဝတ်၊ ရဟန်းသက်တမ်း ၁၉ နှစ်ရှိနေပြီးဖြစ်တဲ့မောင်ဒယ်အိုးဟာ ဝါဆိုဝါကပ်၊ဝါပန်ဆိုင်ရာ ရဟန်းဝိနည်းစည်းကမ်းတွေ
ကို မသိပါဘူး၊မသိလို့ ဒီလိုလုပ်မိပါတယ်ပြောရင်တောင် သံသယရှိစရာကောင်းပါတယ်။ ဒီလိုလက်တွေ့ ဆန်တဲ့
ဝါဆိုဝါကပ်၊ ဝါပန်ကိစ္စတွေကို မသိဘဲ အရှင်ဘုရားဘာလို့ ကျောင်းထိုင်ကျောင်းပိုင်လုပ်နေတာလဲ
 မေးစရာရှိတော့မှာပေါ့။ လူတကာကို တရားဟော၊ တရားပြပြီးဆရာတဆူလုပ်နေသူက ဒါတွေဒါတွေ
မသိဘဲဆရာလုပ်နေတာဆိုတော့ (တတ်ယောင်ကားဆရာ) ဖြစ်နေတာပေါ့။
ဒီနေရာမှာ မောင်ဒယ်အိုးသိရမှာက ဝါဆိုဝါကပ်စည်းကမ်းလိုက်နာတဲ့ရဟန်းတော်များကိုသာ တုံ (၃) တုံဆိုတဲ့ အခွင့်အရေးကို မြတ်စွာဘုရားပေးထားခဲ့တာပါ။ တုံ (၃) တုံဆိုတာလဲ ဝါတွင်း ၃ လလုံးပေးတာမဟုတ်..၊ ၆ ရက် ခရီးသွား၊ ၇-ရက်မြောက်နေ့ ပြန်လာဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပေးတာပါ။
ဝါဆိုဝါကပ်မလုပ်တဲ့ မောင်ဒယ်အိုးလို ရဟန်းမျိုးကို ဒီအခွင့်အရေးပေးခဲ့တာမဟုတ်ဘူးဆိုတာပါပဲ။
ကိုယ့်သဘောနဲ့ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း သွားချင်လို့ သွားတဲ့ ခရီးကို ဒီလိုသွားတာ ဝိနည်းတော်နဲ့ 
ညီညွတ်ပါတယ်လို့  မဟုတ်ကို အဟုတ်၊အမှားကို အမှန်ဖြစ်အောင်ကြံဖန်လီဆယ်ပြောရဲတဲ့ မောင်ဒယ်အိုး
ကိုလည်း အတော်အံ့သြမိပါတယ်။  "   ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ဗဂိုးရောက်ရောက် "   ဆိုတာတွေလို  "   ငါ့လှေငါထိုး မောင်ဒယ်အိုး "   ပါတကား……။
အမရဒီပ
အောက်တိုဘာ ၁၃၊ ၂ဝ၁၂
Friday, March 23, 2012
ရွှေယပ်တောင်ကိုင်ကာဟောချင်ပေမယ့်
ဓမ္မာစရိယအောင်မှနယ်လှည့်ဓမ္မကထိကလုပ်ခွင့်ပြုမယ်-သတင်းထွက်လာတော့ ကြားဖူးသိဖူးသလောက်ဓမ္မက
ထိကဆရာတော်တွေကို ဓမ္မာစရိယအောင်သလား၊ မအောင်ဘူးလားပေတံနဲ့ တိုင်းနေမိတော့တယ်။
သည်လိုတိုင်းတာမိလို့  ထိခိုက်မှုရှိလေမလား၊အပြစ်များရှိနေမလားလို့ တွေးမိတယ်။ ဘယ်သူကိုမှ မထိခိုက်စေ
ချင်တာ ဆန္ဒအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ဓမ္မာစရိယအောင်မှ နယ်လှည့်ဓမ္မကထိကလုပ်ရမယ်--ဘောင်ကန့် 
သတ်လိုက်တဲ့အတွက် ရွှေပလ္လင်တက်ခွင့်မရတော့တဲ့ဆရာတော်များထဲမှာ ခင်မင်လေးစားရတဲ့ ညီနောင်ရဟန်း
များပါနေတော့ သူတို့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။
ဓမ္မာစရိယတန်းမအောင်ဘဲ ကျော်ကြားတဲ့ဓမ္မကထိကဆရာတော်ဖြစ်နေသူတွေကတော့---
"ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ"
"ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ"
"မေတ္တာရှင်အရှင်ဇဝန (ရွှေပြည်သာ) "
"တွံတေး အရှင်ဣန္ဒက"
"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ"
"အောင်ဆန်းဆရာတော်"
"ရွှေညဝါဦးပညာသီဟ"
"ဆူနာမီဦးဥတ္တမသာရ"
"ဒလဦးသန်းရွှေ"
"ဦးကိတ္တိသာရ (ခေါ်) ရုပ်ရှင်မင်းသားကြီးကျော်ဟိန်း"
စသည်တို့ ဖြစ်ကြတယ်။ သိသလောက်ကြားဖူးသလောက်ကိုသာ အမည်စာရင်းချကြည့်တာပါ။ အားလုံး
မဟုတ်ပါဘူး။
တချို့ ဆောင်းပါးရှင်၊ ရေဒီယိုမှာပင်တိုင်အသံလွှင့်ခွင့်ရသူတို့ က သံဃာ့မဟာနာယကရဲ့ ဓမ္မာစရိယနဲ့ ဓမ္မကထိက
ဘောင်ကန့် သတ်ချက်ဟာ ဒယ်အိုးဆရာတော်ကို တိုက်ခိုက်တာပဲ၊ မေတ္တာရှင်ဆရာတော်ကို တိုက်ခိုက်တာပဲလို့ 
ပြောကြ၊ ရေးကြတာ တွေ့ ရပါတယ်။ ဆိုခဲ့ပြီး ဆရာတော် ၂ ပါးသာ ဒီစည်းကမ်းချက်ကြောင့် ထိခိုက်နစ်နာရတာ 
မဟုတ်ပါဘူး။  တခြားနစ်နာထိခိုက်ရတဲ့ ဓမ္မကထိကဆရာတော်များလည်းရှိနေသေးတယ်ဆိုတာဖြည့်စွက်ပြော
ပြချင်တယ်။ ဒီဆရာတော်တွေနယ်လှည့်ဓမ္မခရီးမထွက်ဖြစ်ရင်ဓမ္မပူဇာငွေနဲ့ ရပ်တည်လှုပ်ရှားနေတဲ့ ပရဟိတ
လုပ်ငန်းတွေလည်း ထိခိုက်ယိုယွင်းလာမယ့်အကျိုးဆက်တွေရှိနေပါတယ်။ သည်လုပ်ငန်းတွေ အရှိန်အဟုန်
မပျက်လည်ပတ်နိုင်အောင် နည်းလမ်းရှာကြံရတော့မှာဖြစ်ပါတယ်။
နိုင်ငံတော်သံဃာ့မဟာနာယကရဲ့ ဓမ္မကထိကတွေအတွက် ဓမ္မာစရိယပညတ်ချက်ကြောင့် ဓမ္မကထိက
လောကမှာအချိုးအကွေ့ တခုတော့ ဖြစ်သွားပါလိမ့်မယ်။ဓမ္မကထိကခါးဆက်ပြတ်မလား။ ဓမ္မာစရိယအောင် တရားဟောဆရာတွေဟာ ဓမ္မာစရိယမအောင်သူတရားဟောဆရာတွေရဲ့ အရည်အသွေး၊ လုပ်ရည်ကိုင်ရည်
စံချိန်ကို ကျော်နိုင်မလား၊ မကျော်နိုင်ဘူးလား ဆိုတာကို စောင့်ကြည့်ရတော့မှာပဲလေ--။
အမရဒီပ
၃-၂၃-၂ဝ၁၂
Wednesday, March 21, 2012
အပြာရောင်ဝတ်ဘုန်းကြီး၊ ဓမ္မာစရိယတန်းအောင် ဓမ္မကထိက
နိဒါန်း
ဒီနေ့  အင်တာနက်သတင်းမှာ ဘာသာ၊ သာသနာဆိုင်ရာ သတင်း ၂ ပုဒ်တွေ့ မိတယ်။ တပုဒ်က မိုးပြာဦးဉာဏသတင်း၊ နောက်တခုက ဓမ္မာစရိယတန်းအောင်မှ နယ်လှည့်ဓမ္မကထိကဘဝနဲ့  အနယ်နယ်မှာ တရားဟောပြောခွင့်ရမယ်ဆိုတဲ့သတင်းတွေပါပဲ--။
အပြာရောင်ဝတ်စုံနဲ့ မြန်မာဘုန်းကြီးတမျိုး
၁၉၈၃ ခုနှစ်က သာသနာညှိုးနွမ်းစေမှုနဲ့  ထောင်ဒဏ်အပြစ်ပေးခံရဖူးသူ ဦးဉာဏဟာ ထောင်ကလွတ်မြောက်တဲ့အခါ 
ထေရဝါဒဗုဒ္ဓဘာသာအဖြစ်ကို စွန့် လွှတ်၊ အပြာရောင်ဝတ်၊ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ (ခေါ် )ဝိသေသဗုဒ္ဓဘာသာကိုထူထောင်ပြီး တပည့်သာဝကများစွာခြံရံမှုရရှိလာချိန် ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ နယ်၊ ကျီကုန်းရွာ၊ အနုပါဒါယဉ်ကျေးမှုမိုးပြာခြံမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အခြေခံကနေ စပြီး စော်ကားပုတ်ခတ်တဲ့ စာအုပ်စာတမ်း
များထုတ်ဝေခြင်း၊ ဟောပြောပြသခြင်း၊ သင်တန်းပေးခြင်း၊ အင်တာနက်သို့ တင်ပြီး ကမ္ဘာဖြန့် ခြင်း စတဲ့ စတဲ့ လုပ်ငန်းတွေ
လုပ်ဆောင်သီတင်းသုံးနေခိုက်မှာ ဖမ်းဆီးခံရတယ်။ ဘာသာရေးပုဒ်မတွေနဲ့  တရားစွဲခံရပြီး ထောင်ဒဏ်နှစ် ၂ဝ ချမှတ်ခံထားရတယ်၊ အခု သူဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်မှာ အကျဉ်းသားအဖြစ်ရောက်နေတယ်၊
အာရှလူ့ အခွင့်အရေးကော်မရှင်က ဦးဉာဏကိုအခုလိုလုပ်တာဟာ ဘာသာရေးလွတ်လပ်ခွင့်မရှိမှုနဲ့ လွတ်လပ်စွာ အသင်းဖွဲ့ စည်းခွင့်မရှိဖြစ်နေတယ်လို့  ထုတ်ဖော်ပြောဆိုကြောင်း သတင်းက ဆိုပါတယ်။
မြန်မာပြည်ကထင်ရှားတဲ့ ရှေ့ နေကြီးတဦးဖြစ်တဲ့ ဥပဒေအကျိုးဆောင် ဦးအောင်သိန်းကလည်း ဦးဉာဏဟာ ၁၉၈၃ ခုနှစ်အဖမ်းရတာ၊ ၂ဝ၁ဝ အဖမ်းခံရတာ အမှုတခုတည်းကြောင့်ဖြစ်တယ်။ အမှုတခုကို ၂ ခါအပြစ်ပေးခံတာဖြစ်လို့ 
 တရားမျှတမှုမရှိဘူးလို့  ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။
"ကျနော်တို့ က သူ့ ကို ယုံကြည်ချက်အကျဉ်းသားလို ဖြစ်နေတာ အမှန်ပဲ။ ဗုဒ္ဓဘာသာက သူ့ ဘာသာ
လမ်းခွဲထွက်ပြီးတော့ အပြာဝတ်ပြီး ရပ်တည်နေတဲ့သဘောပေါ့။ ကျနော်သူ့ အစီအစဉ်ကို မပြောလိုဘူး။ ကျနော်ပြောတာက ဥပဒေဆိုင်ရာကိစ္စကိုပြောတာပါ။ ဥပဒေက ချပြီးသားအမှုကို ထပ်ပြီးချတယ်ဗျာ"
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၇/ ၂ဝ၁၁) ရဲ့ ရှင်းလင်းပြောဆိုချက်အရ ဦးဉာဏဟာ ထေရဝါဒ၊ မဟာယာနဗုဒ္ဓဘာသာမဟုတ်ဘူး။ ဒါကြောင့် သူ့ ဂိုဏ်းကို "ဝိသေသဗုဒ္ဓဘာသာ" နာမည်ပေးတယ်။
ပြီးတော့ ၁၃၄၁ ခုနှစ်၊ ၁၉၈ဝပြည့်နှစ်နောက်ပိုင်းမှာ ဗုဒ္ဓဘာသာဂိုဏ်းအသစ်ထူထောင်ခွင့်ကို အစိုးရက တားမြစ်ခဲ့ပြီးဖြစ်တယ်။ ဦးဉာဏက အဲဒီတားမြစ်ချက်ကို မလိုက်နာဘဲ ပစ္စပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဆိုပြီး ဂိုဏ်းသစ် ထောင်တယ်။ အခု ဦးဉာဏက အဲဒီဥပဒေနဲ့ မလွတ်ကင်းတာကြောင့် ထောင်ကျနေရတယ်။
လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတာနဲ့ ပတ်သက်လို့  သီးခြားဝိနည်းဓိုရ်အဖွဲ့ ရဲ့ ပြဆိုချက်ကို တိုက်ရိုက်ပဲ တင်ပြလိုပါတယ်။ တခုခုလွဲချော်သွားရင် စာဖတ်သူအတွက် မကောင်းဖြစ်မှာစိုးရိမ်လို့ ပါပဲ။
            "တိုင်းပြည်တပြည်ရဲ့ အခြေခံဥပဒေထဲမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အတိအလင်း
ပေးထားတာပဲ-ဟု အကြောင်းပြကာကွယ်လိုကြသေး၏။ မှန်ပါ၏။ "မည်သည့်ဘာသာများကို(မဆို) လွတ်လပ်စွာ ယုံကြည်ခွင့်ရှိသည်"
ဗုဒ္ဓဘာသာ ခရစ္စယန် မွစ္စလင် ဟိန္ဒူဘာသာစသည် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်နိုင်ကြောင်း၊ နတ်ကိုးကွယ်သောဘာသာစသည်မျာများကိုသာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်ဟု ဆိုလိုသည်။ ကိုးကွယ်မှုကို မကန့် သတ်၊ မချုပ်ချယ်ရန် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်ဟု ပြဌာန်းထားသည်မှာ မှန်ပါ၏။
သို့ သော် ဗုဒ္ဓဘာသာဝင်များထဲမှ (မူလရှိပြီးဂိုဏ်းကြီးကိုးဂိုဏ်းမှတပါး) အခြားသော ဗုဒ္ဓဘာသာဂိုဏ်းကွဲများကို လွတ်လပ်စွာ ထူထောင်ခွင့်ရှိသည်၊ ကိုးကွယ်ခွင့်ရှိသည်ဟု ဆိုလိုသည်မဟုတ်ပေ။
အရေးကြီးသည်မှာ မည်သည့်ဘာသာမျှ မဝင်ဘဲ အလွတ်နေလိုလျှင် နေနိုင်သည်။ နေကြသည်။ မနေဘဲ ဘာသာတခု ဂိုဏ်းတခုသို့ သက်ဝင်ခဲ့လျှင်ကား ထိုဘာသာ ထိုဂိုဏ်း၏ ဘာသာရေးစည်း ဂိုဏ်းစည်းကိုမူ လေးစားလိုက်နာရမည်ဖြစ်ပါ၏။"  (မိုးပြာဝိနိစ္ဆယ၊ စာမျက်နှာ ၁၂)
ဒီပြဆိုချက်အရ မိုးပြာဦးဉာဏဟာဗုဒ္ဓဘာသာထဲမှ နုတ်ထွက်နိုင်တယ်၊ ပြဿနာမရှိဘူး။ ပြဿနာက ညောင်ပင်ကြီးအောက်
 ညောင်ပင်လေးစိုက်တာပါပဲ။ ထေရဝါဒဗုဒ္ဓဘာသာစာပေတွေကို အသုံးပြုပြီ ထေရဝါဒဗုဒ္ဓဘာသာ ကို ဆန့် ကျင်တာ။ လိုရင်လိုသလို အသုံးချပြီး မလိုရင်မလိုသလို အပုပ်ချတာကို ဦးဉာဏလုပ်တာပါပဲ။ ဗုဒ္ဓဘာသာကထွက်တယ်ဆိုပြီး
ဗုဒ္ဓဘာသာနဲ့  လွတ်လွတ်ကင်းကင်းဟောပြောတာမျိုးလုပ်သင့်ပါရဲ့နဲ့ မလုပ်ဘဲ မလွတ်မကင်းလုပ်လာတာကြောင့်
 အခုပြဿနာပေါ်တာပါပဲ။
ဦးဉာဏတယောက် ထောင်ကလွတ်မြောက်လာတယ်ပဲထား--။ သူ့ ပြဿနာဟာ "ရိုဟင်ဂျာ"ကိစ္စလို ဖြေရှင်းရခက်လာမယ်။
 မြန်မာပြည်တိုင်းရင်းသားအဖြစ် ရိုဟင်ဂျာတွေ သတ်မှတ်ခြင်းမခံရသလို ဦးဉာဏရဲ့ ပစ္စပ္ပန် ကမ္မဝါဒဂိုဏ်းကို သက်ဆိုင်ရာဘာသာရေးအဖွဲ့ အစည်းက တရားဝင်ဂိုဏ်းဂဏတခုအဖြစ် လက်ခံမယ်မထင်ဘူး။ 
ရိုဟင်ဂျာဟာ မြန်မာပြည်ရဲ့နယ်မြေတစိတ်တဒေသကိုလွှမ်းမိုးပိုင်ဆိုင်ဖို့ ကြိုးစားသလို ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ
ဆိုတာလည်း ထေရဝါဒ၊မဟာယာနဗုဒ္ဓဘာသာဝင်တွေအကြားနေရာတနေရာယူနိုင်အောင် ကြိုးစားမှာပါပဲ။
ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားတခုအဖြစ်လက်ခံတာ၊ လက်မခံတာရှိပစေဦး--လူ့ အခွင့်အရေးဆိုတဲ့ ရှုထောင့်က ကြည့်သူရှိသလို ဦးဉာဏရဲ့ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဆိုတာကို လက်ခံတာ၊ လက်မခံတာထား-- လူ့ အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊
 လွတ်လပ်စွာယုံကြည်ခွင့်ဆိုတဲ့ ရှုထောင့်ကကြည့်ပြီး ပြောကြဆိုကြဦးမှာမို့  မိုးပြာရောင်ဝတ်ရုံရှင် ဦးဉာဏကိစ္စဟာ
"ပြောမဆုံးပေါင်တောသုံးတောင်"ဖြစ်နေဦးမယ်ဆိုတာ ခန့် မှန်းမိပါတယ်။
နယ်လှည့်၊ ကမ္ဘာလှည့်တရားဟောဆရာများ
ဘာသာ၊ သာသနာ၊ အယူအဆတခုခုကို ဟောပြောပို့ ချသူတိုင်း ကိုယ့်အလုပ်ကိုယ်ပိုင်ပိုင်နိုင်နိုင်ရှိသင့်တာ အထူးပြောစရာမလိုပါဘူး။ တရားဟောတယ်ဆိုတာ ပရိသတ်ကို စကားပြောရဲတာ၊ စကားပြောကောင်းတာ
လောက်နဲ့  မပြီးပါဘူး။ ဝိနည်း၊ သုတ္တန်၊ အဘိ၊မ္မာသဘောတရားတွေကို အခြေခံကျကျသင်ယူတတ်မြောက်နား
လည်ထားသင့်တယ်။ အရင်ခေတ်ကတော့ စာမေးပွဲဦးစားမပေးဘဲ တကယ်သိအောင်၊ တတ်မြောက်အောင် သင်ခဲ့ကြတယ်။ စာမေးပွဲအောင်လက်မှတ်ပြစရာမရှိဘဲ ကျမ်းပြုသွားတဲ့ ရှေးဆရာတော်ကြီးတွေရဲ့စာတွေပဲ ကြည့်ပါ။
အခုခေတ်ကတော့ စာမေးပွဲခေတ်ဖြစ်နေတယ်။ တတ်တာ၊ မတတ်တာမသိဘူး၊ စာမေးပွဲအောင်အောင် ကြိုးစားလာကြတယ်။ အဲဒီတော့ ရိုးရိုးသားသားနဲ့ စာမေးပွဲအောင်သူတွေက စာမေးပွဲလည်းအောင် တကယ်လည်း စာတတ်သူတွေဖြစ်လာတယ်။ ခိုးဖြေ၊ ခိုးကူးသူတွေကတော့ စာမေးပွဲကို အဆင့်မြင့်မြင့်အောင်ပေမယ့် အရည်အချင်းဆင်းရဲနိမ့်ကျသူတွေ ဖြစ်လာတယ်။
"ဂုဏ်ရှိသူကိုမှ လူမြင်တယ်"စကားအရှိသားပဲ--။ ဘွဲ့ ထူးဂုဏ်ထူးတွေဆိုတာ အဲဒါကို အထင်ကြီးသူတွေအတွက် ဆွဲဆောင်မှုတမျိုးဖြစ်တယ်။ အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်ဟာ စာမေးပွဲတွေ မအောင်လည်း သူ့ အရည်အ
ချင်းကို သူယုံပြီးသားပဲ။ ဒါပေမယ့် ဂုဏ်ရှိမှအလုပ်ဖြစ်မယ်ဆိုတာမြင်လို့  စာမေးပွဲဆိုင်ရာဂုဏ်တွေ ရအောင်ကြိုးစားခဲ့တယ်။
ဒီကနေ့ မှာ အချို့ တရားဟောဆရာတွေ စာတွေနားလည်တယ်၊ စာမေးပွဲဂုဏ်မရှိဘူး။ဂုဏ်မရှိလို့ 
မတွင်ကျယ်ဖြစ်ကြတယ်။ အဲဒီဆရာတွေ သံဃမဟာနာယကပြောသလို ဓမ္မာစရိယတမျိုးမျိုးအောင်ဖို့ လိုတယ်။ (မအောင်ရင် ကိုယ့်ကျောင်းကိုယ်ဟောပေါ့။ နယ်လှည့်ခွင့်တော့မရဘူးပေါ့လေ။)
ငယ်စဉ်ကတည်းက သာမဏေဝတ်၊ ရဟန်းပြုခဲ့ပေမယ့် ဗုဒ္ဓစာပေမသင်ဘဲ တိုင်းရင်းဆေးကုနည်းကိုသာ သဲကြီးမဲကြီးလိုက်စားခဲ့တဲ့ဘုန်းတော်ကြီးတပါး သက်တော် ၇ဝ လောက်မှာ စစ်အစိုးရကပ်တဲ့ "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့ ရတယ်။ အဲဒီအဂ္ဂမဟာပဏ္ဍိတပုဂ္ဂိုလ်ကြီးကလည်း တရားဟောရင် "သရဏဂုံသာတည်ရင် တရားအားမထုတ်ဘဲ မဂ်ဖိုလ်ရနိုင်တယ်"  
အမှားကိုဟောနေတာပဲ။ (နယ်လှည့်ဓမ္မကထိကများ ဓမ္မာစရိယအောင်ရမယ်သတ်မှတ်တဲ့ မဟနအဖွဲ့ အနေနဲ့  တရားအမှားတွေဟောတဲ့ အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတစတဲ့ ဘွဲ့ ရပုဂ္ဂိုလ်တွေ
ကိုလည်း ပြန်လည်စစ်ဆေးခြင်း၊ သတိပေးခြင်း၊ ပညာပေးခြင်းစတာတွေကို လုပ်သင့်တာပေါ့။)
အချို့ တရားဟောဆရာတွေ လောကီအတန်းကျောင်းဆိုင်ရာ ဘီအေ၊ ဘီအက်(စီ) ဘွဲ့ တွေ ရကြတယ်။ ဗုဒ္ဓစာပေကို ကောင်းကောင်းမလေ့လာဘဲ တရားဟောကြတယ်။ အားနည်းချက်တွေ ရှိတယ်။ ရဟန်းပညာရှိ၊ လူပညာရှိတွေရဲ့ နှစ်သက်မှုကို မရရှိကြဘူး။
အမေရိကားမှာ ရူပဗေဒနဲ့ ဒေါက်တာဘွဲ့ ရသူတဦး၊ ဓာတုဗေဒနဲ့ ဒေါက်တာဘွဲ့ ရသူတဦး တို့ ကို တွေ့ ဖူးတယ်။
 နှစ်ဦးလုံးက မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေချည်းပဲ။ သူတို့ က ဗုဒ္ဓဘာသာနဲ့ မဆိုင်တဲ့ ပညာရပ်တွေနဲ့ 
 ဒေါက်တာဘွဲ့ ရရုံလောက်နဲ့  ဗုဒ္ဓဘာသာတရားတွေကို နားလည်တယ်လို့  ထင်နေကြတယ်။ တဦးကဆို
"သမထကျင့်ရင် နိဗ္ဗာန်ရောက်တယ်"ပြောနေလို့  ပြင်ပေးတာ-- အကြီးအကျယ်စိတ်ဆိုးသွားတယ်။
 လောကီဘွဲ့ ရတရားဟောရဟန်းတော်တပါးဆိုရင် "ဝင်လေ-ထွက်လေမှတ်ချက်တိုင်းမှာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဖြစ်တယ်" ဆိုပြီး နယ်တင်မက ကမ္ဘာပါပတ်ပြီးဟောနေတာပဲ--။
အဲဒီလိုလောကီဘွဲ့ ရတွေ ဗုဒ္ဓသာသနာထဲရောက်လာရင်၊ တရားဟောဝါသနာလည်းရှိမယ်ဆိုရင် အတိုင်းအတာ တခုအထိတော့ ပရိယတ္တိစာပေကို ပေါက်မြောက်အောင်သင်ရပေလိမ့်မယ်။
လန်ဒန်၊ တိသရဏဝိဟာရမြောင်းမြဆရာတော်ကြီးသြဝါဒတခုမှာ "လောကရေးလည်းမညံ့စေနဲ့ ။ သာသနာရေးလည်း မချွတ်ယွင်းစေနဲ့ " ဆိုတာကို မျှဝေချင်တယ်။ ကမ္ဘာလှည့်၊နယ်လှည့်ကြမယ့်  တရားဟောဆရာတွေဟာ လောကရေးဖြစ်တဲ့ ဘွဲ့ ဂုဏ်လည်း ပိုင်ဆိုင်ကြပါစေ။ မြတ်ဗုဒ္ဓအဆုံးအမအစစ်အမှန်ကိုလည်း မချွတ်ယွင်းအောင် ဟောပြောနိုင်ကြပါစေ။
အမရဒီပ
၃-၂၁-၂ဝ၁၂
ရည်ညွှန်း။ 
 http://burmese.dvb.no/archives/22920
 http://burmese.dvb.no/archives/22917
Thursday, February 9, 2012
နိဗ္ဗာန်ရောက်မှ အေးလိမ့်သော်
အခုတလောရေဒီယိုသတင်းနားထောင်လျှင် ဗုဒ္ဓဘာသာရဟန်းတော်များလောကမငြိမ်မသက်ဖြစ်ကြောင်းဖော်ပြခံနေရသော နေရာ ၂ နေရာရှိနေကြောင်း သတိပြုမိပါသည်။
ပထမနေရာမှာ တိဗက်ဗုဒ္ဓဘာသာထွန်းကားရာ တိဗက်မြေ ဖြစ်၏။ တိဗက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် ကွန်မြူနစ်တရုတ်အစိုးရ၏အုပ်ချုပ်မှုကို ဆန့် ကျင်
ကြောင်း ဖော်ပြသည့် အနေဖြင့် ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေနေကြ၏။
ဘုန်းတော်ကြီးများသည် တပါးပြီးတပါး ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြနေကြ၏။
ထို့ ကြောင့်  တိဗက်မြေ၏ ဗုဒ္ဓသာသနာ့ဝန်ထမ်းဘုန်းတော်ကြီးများအခြေအနေသည် တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဖော်ပြနေပါ၏။
ဒုတိယနေရာမှာ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားရာ မြန်မာနိုင်ငံဖြစ်၏။
ဓမ္မကထိကရဟန်းတော်များကို တရားဟောပြောခွင့်ပိတ်ခြင်း၊ ကျောင်းတိုက်မှ
ထွက်ခွါစေခြင်း၊ကျောင်းတိုက်များကိုချိပ်ပိတ်ခြင်း၊ အောက်ခြေအဖွဲ့ အစည်းများက
နေထိုင်ခွင့်ပြုထားနှင့်ပြီးသောရွှေဝါရောင်မဂ္ဂင်ကျောင်းတိုက်အပါအဝင်ဘုန်းကြီးကျောင်း
များကို အထက်အဖွဲ့ အစည်းများက ပယ်ဖျက်ကာ ပြန်လည်ချိပ်ပိတ်ခြင်း၊ ကျောင်းနေရဟန်းတော်
များသည် သူတို့ နေထိုင်ရာကျောင်းတိုက်မှထွက်ခွါပေးရပြီးအခြားကျောင်းမှာ
မှီခိုနေရခြင်း၊ သံဃာ့မဟာနာယကဥက္ကဋ္ဌဆရာတော်ကြီးကတရားဟောခွင့်ပြုကြောင်း စာထုတ်ပြန်သော်လည်း သက်ဆိုင်ရာအာဏာပိုင်တို့ က ယင်းစာတရားမဝင်ဟု
ဆိုခြင်း၊ ယခုနောက်ဆုံး သတင်းမှာ ရွှေဝါရောင်အရှင်ဂမ္ဘီရကို ခေတ္တနေထိုင်ရာ လယ်တီဝိပဿနာစံကျောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ ကို သတင်းများကဖော်ပြ
နေ၏။ မြန်မာထေရဝါဒဗုဒ္ဓသာသနာသည်လည်း တိဗက်ဒေသကဲ့သို့ ပင် တည်ငြိမ်မှုကင်းနေသေးကြောင်း ဖော်ပြနေပါ၏။
အမရဒီပ
၂-၉-၂ဝ၁၂