Total Pageviews

Wednesday, January 16, 2013

ဗုဒ္ဓဘာသာဆိုင်ရာကဗျာကို ခရစ်ယာန်ဓမ္မဆရာက ဆင်တူယိုးမှားအတုပြုလုပ်ခြင်း၊ ရှက်ဖွယ်



-ဘုရားလေးငယ်ငယ်
ကိုးတောင်ပြည့်တည် (တယ်)။
-ငယ်သာငယ်
ကယ်ဆယ်မယ့်ဘုရား ။
-ကျွတ်ထိုက်သူလူအများရယ်
ဖူးကြစေသား။

ဒီကဗျာ မူရင်းဖြစ်မယ်ထင်တာပဲ။ အဓိပ္ပါယ်ရှင်းပါတယ်။ နားမလည်စရာဘာမှမရှိဘူး။


နောက်မူကွဲကဗျာကဒီလို ။ ရွာတရွာမှာ ၉ တောင်ပြည့်ဘုရားစေတီတဆူ ရွာကျောင်းဆရာတော်နဲ့ 
ရွာသူရွာသားတွေစုပြီးတည်ထားပူဇော်ကြတယ်။ဘုရားတည်ပြီး ဘုရားပွဲကျင်းပဆိုတော့ ဆရာတော်က
ဘာဘာညာညာချဲ့ မနေကြနဲ့ ၊ ဘုရားအနေကဇာတင်၊ သံဃာဆွမ်းကပ်၊ တရားနာ၊ ရေစက်ချလောက်နဲ့ 
ပွဲကို အကျဉ်းချုံးတာပေါ့ဆိုတာ ရွာကာလသားနားမထောင်ချင်၊ ရွာမိရွာဖကလည်း အပျော်စိတ်များများနဲ့ 
ဆိုတော့ ဘုရားပွဲအထိမ်းအမှတ်အငြိမ့်လေးတခုငှါးလိုက်ကြတယ်။ အငြိမ့်ပါလို့ ပွဲကအတော်စည်တယ်။
အငြိမ့်မင်းသမီးလေးက တော်တော်လေးလှတယ်ဆိုတော့ ရွာကခပ်ထွေထွေကာလသားတွေ မင်းသမီးကို
လုကြပါလေရော။ ရိုက်ပွဲဖြစ်တော့ လူ ၃ဝ ခေါင်းကွဲထိပ်ပြဲဖြစ်သတဲ့။ မြို့ ရဲစခန်းကလည်း အဲဒီကောင်တွေကို
ဆွဲစိလိုက်ပါသတဲ့။ အဲဒီလိုဖြစ်တာကို သူ့ စကားနားမထောင်လို့ စိတ်ပေါက်နေတဲ့ ရွာကျောင်းဆရာတော်က
ခံစားချက်ပေါက်ကွဲပြီး ကဗျာစပ်ပါသတဲ့...။

ဘုရားလေးငယ်ငယ်
ကိုးတောင်ပြည့်တယ်။
ငယ်သာငယ်
တယ်တွယ်တဲ့ဘုရား။
လူ ၃ဝ ခေါင်းတွေကွဲတယ်ကွယ်
ရဲ ရဲဌာနသွား။

ဆရာတော်ကသူ့ ကဗျာကို ၉ တောင်ပြည့်ဘုရားနားက ကုက္ကိုပင်ကြီးမှာ စာရွက်ကြီးပေါ် စာလုံးကြီးကြီးရေးပြီးကပ်ထားသတဲ့။

နောက်---မူကွဲတပုဒ်က ၂ဝ၁၂ ခုနှစ် ခရစ္စမတ်နေ့ မှာ VOA မြန်မာပိုင်းက အင်တာဗျူးတခုမှာ ခရစ်ယာန်ဓမ္မဆရာတဦးက
ပြောသွားတာ။ နားထောင်လို့ ရအောင် VOA လင့်ကိုပါထည့်ပေးထားတယ်။

-ဘုရားလေးငယ်ငယ်
ကိုးတောင်ပြည့်တည် (တယ်)။
-ငယ်သာငယ်
ကယ်ဆယ်မယ့်ဘုရား ။
-တွေ့ မြင်သူအပူငြိမ်းမယ်
ဖူးကြအများ။

ဘုရားလေးငယ်ငယ်ဆိုတာ သူငယ်တော်လေးဘဝဖြစ်တယ်။ ၉ ဂဏန်းဟာ သူပဲဖြစ်တယ်။
ကိုးတောင်ပြည့်တယ်ဆိုတာက ယေရှုခရစ်ကိုဆိုလိုတာပါပဲ။
ငယ်သာငယ်ကယ်မယ့်ဘုရား-ဆိုတာ ငယ်သာငယ်ပေမယ့်သူက ကယ်မယ့်ဘုရားဖြစ်တယ်၊ အသက်ကြီးကြီးနဲ့ ကယ်မယ့်ဘုရား
မဟုတ်ဘူး။ တွေ့ မြင်သူအပူငြိမ်းမယ်-လို့ ပြောထားတယ်၊ သူ့ ကိုလက်ခံသောသူ အပူငြိမ်းမယ်၊ ဘာအပူငြိမ်းမလဲဆိုတော့ မီးဟူသမျှ
အားလုံးငြိမ်းမယ်ပေါ့နော်။ထာဝရအသက်ကိုလဲ ရသွားမယ်။ ကိုးနဝင်းဆိုပြီးတော့ပြောကြတယ်။ အမှန်တကယ် ကိုးနဝင်း၊ ကိုးတောင်ပြည့်ဆိုတာက ယေရှုခရစ်ကို ပြောတာပါပဲ-ဟု အဆိုပါဓမ္မဆရာက ရှင်းပြသွားတယ်။

ယေရှုခရစ်နဲ့ ၉ ဂဏန်းဘာမှမဆိုင်တာကို ဘာကြောင့်တမင်တကာဆွဲထည့်ရလဲ။
ယေရှုခရစ်က ကိုးတောင်ပြည့်တယ်ဆိုတာ အရပ်အမောင်းကိုပြောတာလား။ ဘာကို ၉ တောင်ပြည့်တာလဲ။
ခရစ်တော်ရဲ့ခန္ဓာကိုယ်မှာ ၉ တောင်ပြည့်တဲ့ပစ္စည်းဘယ်နေရာများရှိသလဲ။ ကြည့်လဲလုပ်ကြပါဦး..ဒေါက်တာဓမ္မဆရာရေ။
ခရစ်ယာန်အဆုံးအမနဲ့  ကိုးနဝင်းနဲ့ ဘယ်ပုံဘယ်နည်းဆက်စပ်ပတ်သက်သွားတာလဲ။ ခရစ်ယာန်တွေ ဘယ်တုန်းက
ကိုးနဝင်းဆိုတာကို လက်ခံသွားကြတာလဲ။  အတော်ပုံပျက်ပန်းပျက်စကားတွေပဲ။

ဘုရားလေးငယ်ငယ်ဆိုတာကို ခရစ်တော်နဲ့ ယှဉ်တွဲပြီး ထိထိမိမိရှင်းပြနိုင်ပေမယ့် ၉ တောင်ပြည့်၊ ၉ နဝင်းဆိုတာကျတော့
ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ညွှန်းဆိုထားတဲ့ကဗျာဖြစ်လို့  ခရစ်ယာန်ယဉ်ကျေးမှုနဲ့  ဘယ်လိုမှ အံဝင်ခွင်ကျမဖြစ်ဘူး။
မတူဘဲနဲ့  တုပဖို့ ၊ ဆင်တူယိုးမှားလုပ်ဖို့ ၊ ပုံတူကူးချဖို့ ဘယ်လိုမှ အဆင်မပြေဘူးဆိုတာ ခရစ်ယာန်ဓမ္မဆရာကြီး
သတိပြုသင့်ပါတယ်။

ခရစ္စမတ်နေ့ မှာ ခရစ်ယာန်ဘာသာဝင်တွေ ဆုတောင်းသံတွေ၊ ခရစ္စမတ်တေးသံတွေ နေထိုင်ရာပတ်ဝန်းကျင်မှာ
ဖုံးလွှမ်းနေလို့  ပျော်ရွှင်ကြည်နူးမိပေမယ့် ရေဒီယိုမှာပြောခွင့်ရပြီဆိုပြီး မဟုတ်မဟတ်တွေကို သိက္ခာမဲ့ပြောတာ
ကိုတော့ အတော်အော်ဂလီဆန်လို့ ဒီစာကို ရေးပါတယ်။

 ယုံကြည်ကိုးကွယ်သူတိုင်း ကိုယ့်ဘာသာကို ကိုယ့်ကျမ်းစာတော်နဲ့ အညီ ငြိမ်းချမ်းစွာဖြန့် ချီဟောပြောနိုင်ကြပါစေ.....။

အမရဒီပ
ဒီဇင်ဘာ ၂၅၊ ၂ဝ၁၂၊ ခရစ္စမတ်နေ့ 




1 comment:

Unknown said...

အရှင်ဘုရား
တပည့်တော် တင်ထားတဲ့ စာအုပ် ပြန်ရှာရင်းနဲ့ အရှင်ဘုရား ဘလော့ထဲ ရောက်သွားတယ်။ ဘိက္ခုနီသာသနောပဒေသ က Scribd မှာ တပည့်တော် တင်ထားတာပါ။ စာရိုက်ပြီး တင်ထားတာ ဇော်ဂျီဖောင့် မဟုတ်တဲ့အတွက် အဆင်မပြေခဲ့ဘူး။ အခု Scan ဖတ်ပြီး PDF File အနေနဲ့ တင်ထားပါတယ်။ ဘာသန္တရလမ်းညွှန်နဲ့ တခြား အရှင်အာဒိစ္စ၀ံသ စာအုပ်တွေတင်ထားပါတယ်။ http://www.scribd.com/mthumana မှာ ဒေါင်းပါ။ တပည့်တော်ရဲ့ ဂျီမေးမှာ mahathumana@gmail.com ဖြစ်ပါတယ်။