Total Pageviews

Tuesday, September 10, 2013

သာသနာတော်ဆိုင်ရာမန္တလေးရက်စွဲများ


ဒေါက်တာသန်းထွန်းရေးတဲ့ နယ်လှည့်ရာဇဝင် ၃ စောင်တွဲကို ဖတ်ပြီးနောက် မရေးရမနေနိုင်
ဖြစ်လို့  ဒီဆောင်းပါးကို ရေးပါတယ်။ မန္တလေးအကြောင်းတွေအပြည့်နဲ့ ဒုတိယတွဲဟာ ဒီဆောင်းပါးရဲ့ အသက်ပေါ့။

၁၂၁၉ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၅ ရက် (17 Sept 18, 1857 ) သာသနာပြုဆရာတော်ကျောင်း ပန္နက်ချ။

၁၂၂ဝ ပြည်နှစ် နယုန်လဆန်း ၄ ရက် (15 May, 1858) မြို့ အရှေ့ မြောက် စံကျောင်းပြီးလို့  စန္ဒိမာဘိသီရိဓဇပဝရမဟာဓမ္မရာဇာဂုရုကို ကျောင်းတင်။

၁၂၂၁ ခုနှစ် နယုန်လဆန်း ၁၄ ရက် (14 June, 1859) သီဟိုဠ်စွယ်တော်ပွားရောက်။

၁၂၂၁ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက် (26 Oct 1859) ပိဋကတ်တော်ကျောက်ထက်
အက္ခရာတင်။ (ပဉ္စမသင်္ဂါယနာ)
၁၂၂၁ ခုနှစ်  တပေါင်းလပြည့်ကျော် ၁ ရက် (7 Mar 1860) စွယ်တော်ပွားကို လောကမာရဇိန်
ဘုရားမှာ ဌပနာ။ တောင်အရပ်မှာ မဟာဗောဓိပင်စိုက်။ မန္တလေးတောင်ဗျာဒိတ်ပေးဘုရားကြီး
စထု။

၁၂၂၂  ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၆  ရက် (5 Oct 1860)  ဗောဓိပင် နောက်ထပ်စိုက်။

၁၂၂၃ ခုနှစ် ဒုတိယဝါဆိုလဆန်း ၁၃ ရက် (19 July, 1861) ခုနှစ်ဌာနအဝင်သိမ်တော်ပြီးလို့ 
ရေစက်ချ။
၁၂၂၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ဝ ရက် (13 Oct 1861) ခုနစ်ဌာနအဝင် မြို့ အရှေ့ 
မြောက် ယွန်းစေတီဌာပနာ။
၁၂၂၄ ခုနှစ် ဝါဆိုလပြည့်ကျော် ၉ ရက် (19 July 1862) ခုနစ်ဌာနအဝင် လောကမာရဇိန်ဘု
ရားထီးတင်။
၁၂၂၅ ခုနှစ် တပို့ တွဲလ (Jan 1864) အမရပူရက ပိဋကတ်တော်တွေကို ပင့်ပြီး ခုနစ်ဌာန
အဝင် မန္တလေးတောင်ခြေက ပိဋကတ်တိုက်မှာသွင်း။

၁၂၂၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၂ ရက် (19 Aug 1864) ကျောက်တော်ကြီးကို ပလ္လင်ပေါ်ရောက်အောင်တင်။
၁၂၂၆ ခုနှစ် (1864) တကြိမ်ပုံနှိပ်ရင်ပါဠိတော်ဂုဏ်အင်္ဂါ (၇၂) အင်္ဂါပြီးစီးအောင် ပုံနှိပ်နိုင်တဲ့ စက်ကိရိယာကို ဘယင်ဂျီခင်ကြီး  ဘီဂင်ဒတ်မှာပေးလို့ ပုံနှိပ်စက် မန္တလေးရောက်။
၁၂၂၆ ခုနှစ် တပေါင်းလဆန်း ၁၅ ရက် (1 March 1865)  ပိဋကတ်တော်ရေးပြီး။

၁၂၂၇ ခုနှစ် ကဆုန်လဆန်း ၁၅ ရက် (9 May 1865)  ကျောက်တော်ကြီးဝင်းအတွင်း အရှေ့ 
မြောက်ထောင့်မှာ ဗောဓိပင်စိုက်။
၁၂၂၇ ခုနှစ် ကဆုန်လပြည့်ကျော် ၇ ရက် (16 May 1865) မဟာသကျမာရဇိန်ကျောက်တော်
ကြီး မျက်နှာတော်ဖွင့်။
၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် (11 July 1865) ကျောက်တော်ကြီးဝင်းအ
တွင်း  အနောက်တောင်ထောင့်မှာ ဗောဓိပင်စိုက်။
၁၂၂၇ ခုနှစ် တပို့ တွဲလဆန်း ၁၂ ရက် (27 Jan 1865) သာသနာပြုဆရာတော် ဉေယျဓမ္မဘိမုနိဝရကိတ္တိ သီရိဓဇဓမ္မသေနာပတိ မဟာဓမ္မရာဇဂုရု ဘဝပြောင်း။ ခံကုန်းသင်းချိုင်းပို့ ။

၁၂၃ဝ ပြည့်နှစ် ကဆုန်လဆန်း ၁၄ ရက် (4 May 1868) ပိဋကတ်တော်ကျောက်ထက်
အက္ခရာတင်ပြီး၊ ကျောက်ချပ် ၇၂၉။
၁၂၃ဝ ပြည့်နှစ် တပို့ တွဲလ (Jan 1869) ပညာသာမိ သီရိကဝိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု (မောင်းထောင်းဆရာတော်) ပျံလွန်။

၁၂၃၁ ခုနှစ် နယုန်လပြည့်ကျော် ၈ ရက် (26 Dec 1869) ရန်ကုန်ရွှေတိဂုံဘုရားထီးတင်စေ 
အမိန့် တော်၊ (၁၂၃၂ ခုနှစ် ကဆုန်လဆန်း ၈ ရက် (7 May 1870) ထီးစလုပ်။ ၁၂၃၃ ခု သီတင်းကျွတ်လပြည့်ကျော် ၄ ရက် (2 Oct 1871) ပြီး။ ၁၂၃၃ ခု နတ်တော်လဆန်း ၁၅ ရက် 
(26 Nov 1871) ထီးတင်ပြီး။)

၁၂၃၃ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက် (15 Apr 1871) ပဉ္စမသင်္ဂ်ါယနာတင်ပွဲစ။ ၁၂၃၃ ခု တော်သလင်းလပြည့်ကျော် ၁၄ ရက် (12 Sept 1871) ပြီး။

၁၂၄ဝ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော်  ၆ ရက် (14 Nov 1878) သာသနာပြုဆရာ
တော် ၁၂ ပါး ခန့် ။( သီပေါမင်းလက်ထက်)
၁၂၄ဝ ပြည့်နှစ် တပေါင်းလဆန်း ၆ ရက် (25 Feb 1878) အနောက်ပြင်မီးလောင်၊ အိမ် ၂ဝဝ ကျော်၊ ရွှေရေးဆောင်ကျောင်းတိုက်နဲ့ မဟာမုနိအနောက်စောင်းတန်းပါ ပြာကျ။

၁၂၄၁ ခုနှစ် ကဆုန်လဆန်း ၄ ရက် (23 Apr 1879) မာရ်အောင်ရတနာစေတီပြီး။

၁၂၄၃ ခုနှစ် တန်ခူးလပြည့်ကျော် ၅ ရက် (18 Apr 1881) တံဆိပ်တော်ရ ဆရာတော်တွေနဲ့ ၊
စာချလေးဆယ်တို့ ကို ရှစ်ဌာနဝေပြီး သာသနာပြုလွှတ်။
၁၂၄၃ ခုနှစ် ကဆုန်လပြည့်ကျော် ၇ ရက် (19 May 1881) လငပုပ်ဖမ်းပြီး ပြန်လွှတ်ချိန်မှာ တမြို့ တဂူရွှေပုထိုး တပြိုင်တည်း ဌာပနာစေ။
၁၂၄၃ ခုနှစ် သီတင်းကျွတ်လ (Oct 1881) ဘုရင့်မယ်တော်နတ်ရွာစံပြီးနောက် အိမ်ဖြူတော်
ကို ဖျက်ပြီးကျောင်းဆောက်၊ အပြီးမသတ်။
၁၂၄၃ ခု တပေါင်းလဆန်း ၁ဝ ရက် (26 Feb 1882) မဟာဝိဇယပုည (မဟာတုလွတ်ဝေယံ)
 ကျောင်းတင်ပွဲ။

၁၂၄၄ ခုနှစ် တပေါင်းလဆန်း ၃ ရက် (8 Feb 1883) မြို့ အရှေ့ တောင်ထောင့် ဇမ္ဗူမျက်ရှင်ရပ် မင်းနံသင့် လောကရန်နှိမ်ဘုရား၊ အရှေ့ မြာက်ထောင့် မိဖုရားနံသင့် ရတနာတန်ဆောင်းဘုရား
နှစ်ဆူကို ၇ ရက်နဲ့ အပြီးတည်။
၁၂၄၄ ခုနှစ် တပေါင်းလဆန်း ၁၁ ရက် (16 Feb 1883) နံသင့်ဘုရားနှစ်ဆူထီးတင်၊
 တောင်တော်ဆရာတော်ကို သာသနာပြုအပ်။ (သာသနာပိုင်ခန့် )

၁၂၄၅ ခုနှစ် နယုန်လဆန်း ၁၃ ရက် (18 May 1883) သာသနာပြုဥပဒေ ၃၂ ချက် အတည်ပြု။
၁၂၄၅ ခုနှစ် ပထမဝါဆိုလဆန်း ၇ ရက် (11 June 1883) အိမ်ကျွန်တွေကို ငွေချေပြီး ကျွန်ကနုတ်၊ ရဟန်းခံစေ အမိန့် တော်။
၁၂၄၅ ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၈ ရက် (27 June 1883) သာသနာပိုင်နဲ့  လယ်ကိုင်းမြို
စား သေနတ်ဝန်ကြီးတို့ က သာသနာစည်ပင်အောင် ဆောင်ရွက်စေ။
၁၂၄၅ ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၉ ရက် (28 June 1883) ညောင်ရွှေစော်ဘွားအခစား
ဝင်၊ ရှင်တထောင်ပြုစေ။
၁၂၄၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက် (8 Apr 1883) ရွာဟိုင်းဈေးရပ်မီးလောင်၊ မဟာမုနိဘုရားပြာသာဒ်ကြီးပါလောင်။
၁၂၄၅ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၅ ရက် (10 Apr 1884) မီးဘေးကယ်ဆယ်ရေး ၁ အိမ်
 ငွေ ၂ ကျပ်၊ ဆန် ၁ စိတ်၊ မဟာမုနိကစီးကျတဲ့ ရွှေအချိန် ၅၄၅ဝိ ကျော်။
(ရခိုင်ကရောက်တဲ့ နှစ်တရာပြည့်နေ့ မှာ မီးလောင်တယ်။)

၁၂၄၆ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက် (17 May 1884) မဟာမုနိအာရုံခံနဲ့ ပြာသာဒ်
ဆောက်ပြီး။
၁၂၄၆ ခုနှစ် နယုန်လပြည့်ကျော် ၁ဝ ရက် (18 June 1884) သာသနာရေး သာသနာမှုကို 
မင်းကိုယ်တိုင် သာသနာပိုင်ကို လျှောက်။
၁၂၄၆ ခုနှစ် နယုန်လပြည့်ကျော် ၁၃ ရက် (21 June 1884) မဟာမုနိရွှေသင်္ကန်းကပ်ဖို့ ရွှေပု
ဇွန်ခွံပို့ ။
၁၂၄၆ ခုနှစ် ဝါဆိုလဆန်း ၁၃ ရက် (5 July 1884) မဟာမုနိမျက်နှာတော်ဖွင့်။
၁၂၄၆ ခုနှစ် တော်သလင်းလ (Sept 1884) ဆရာတော်တွေကို ဆက်ကပ်တဲ့ဘွဲ့ ကို ငါးဆင့်ခွဲ။
၁။       မာလာလင်္ကာရ အတုလဓိပတိ သီရိပဝရဓဇ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု 
ဘွဲ့ က သာသနာပိုင်အတွက် (အမြင့်ဆုံး)
၂။       ဒုတိယအဆင့်မှာ  အတုလ၊ ဓိပတိ၊ ပဝရ၊ ဓဇ လေးချက်ပါစေ။
၃။       တတိယအဆင့်မှာ အတုလကို နုတ်ပြီး ကျန်သုံးချက်ပါစေ။
၎။       စတုတ္ထအဆင့်မှာ အတုလ၊ ဓိပတိကို နုတ်ပြီး ကျန်နှစ်ချက်ပါစေ။
၅။       ပဉ္စမအဆင့်မှာ အတုလ၊ ဓိပတိ၊ ပဝရကို ကျန်တချက် (ဓဇ)ပါစေ။

၁၂၄၆ ခုနှစ် နှောင်းတန်ခူးလ (Apr 1885) မိဖုရားကုသိုလ် မြတောင်ကျောင်းဆောက်လုပ်ပြီး
စီး၊ ကျောင်းတင်။
၁၂၄၇ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၁ ရက် (1) Apr 1885) မဟာသကျသီဟပင့်ဖို့ 
အစီအစဉ်တွေ ပြင်ဆင်ပြီး၊ လူ ၃၅ဝဝ နဲ့ စဆွဲ၊ ရွှေမြို့ တော်ဝန် ယင်းတော်မြို့ စားကြီး သီရိ
မဟာဇယဂါမဏိက အုပ်ချုပ်။
၁၂၄၇ ခုနှစ် ကဆုန်လပြည့်ကျော် ၂ ရက် (30 Apr 1885) မဟာသကျသီဟ မန္တလေးရောက်
။ ကုန်ခဲ့တဲ့နှစ် အလှူတော်ငွေ  ၄ သန်းကျော်ကုန်သမျှကို စာရင်းလုပ်၊ ဖတ်ကြား၊ ရေစက်ချ။
၁၂၄၇ ခုနှစ် နယုန်လဆန်း ၈ ရက် (21 May 1885) မဟာသကျသီဟ ပလ္လင်တော်ပေါ်ရောက်
၁၂၅၅ ခုနှစ် တပေါင်းလပြည့်ကျော် ၈ ရက် (28 March 1894) ပထမရွှေကျင်ဆရာတော်ပျံ
လွန်။
၁၂၅၆ ခုနှစ် (1895) တောင်တော်သာသနာပိုင်လွန်။
၁၂၅၈ ခုနှစ် (1896) မလွန်ဆန်လှူသင်းတည်ထောင်။

၁၂၆၃ ခုနှစ် နယုန်လပြည့်ကျော် ၂ ရက် (2 June 1901) ကင်းဝန်မင်းကြီးအိမ်မှာ သာသနာပိုင်အသစ်တင်မြှောက်ဖို့ ပထမဆုံးအကြိမ် အစည်းအဝေးလုပ်။
၁၂၆၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ဝ ရက် (22 Oct 1901) သာသနာပိုင် ရွေးပွဲလုပ်။
(မိုးတားဆရာတော် ၃၉၆ မဲ၊ တောင်ခွင်ဆရာတော် ၁၉၅ မဲ၊ တုတ်လန်းဆရာတော် ၈၆ မဲ။)
၁၂၆၃ ခုနှစ် တပေါင်းလ (March 1902) မိုးတားဆရာတော်လွန်။

၁၂၆၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (13 Nov 1903) တောင်ခွင်ဆရာတော်
ကို သာသနာပိုင်ခန့် ။
၁၂၆၈ ခုနှစ် တပေါင်းလ (March 1907) မန္တလေးတောင်ကို ဦးခန္တီ စပြီး ပြုပြင်။
၁၂၉၇ ခုနှစ် ဦးတန်ခူးလပြည့်ကျော် ၄ ရက် (21 Apr 1935)  မန္တလေးရွှေရေးဆောင်ဆရာ
တော် ဦးအာဒိစ္စရံသီ ပျံလွန်။
၁၂၉၉ ခုနှစ် တပေါင်းလပြည့်ကျော် ၂ ရက် (17 Mar 1938) တောင်ခွင်သာသနာပိုင်ပျံလွန်။

၁၃၁ဝ ပြည့်နှစ် ပြာသိုလပြည့်ကျော် ၁၄ ရက် (27 Jan 1949) မန္တလေးတောင်ကို အခု
အခြေအနေမြင်ရအောင် ပြုပြင်တဲ့ ရသေ့ဦးခန္တီလွန်။
၁၃၁၃ ခုနှစ် တော်သလင်းလပြည့်ကျော် ၇ ရက် (22 Sept 1951) ကဗျာ့ကြေးမုံ၊ ပိဋကတ်
ကြေးမုံ ကျမ်းပြုဆရာတော် ဦးနိဂြောဓလွန်။
၁၃၁၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက် (11 Nov 1956) မန္တလေးဘုန်းကြီးအဓိကရုဏ်း
မှာ ဦးစန္ဒာသီရိနဲ့ ဦးကေသဝတို့ လွန်။
၁၃၂၄ ခုနှစ် ဝါခေါင်လဆန်း ၆ ရက် (6 Aug 1962) ဦးကလျာဏာဘိဝံသပျံလွန်။
၁၃၂၆ ခုနှစ် ဝါခေါင်လဆန်း ၁ဝ ရက် (18 Aug 1964) မန္တလေး အနောက်ပြင် ခင်မကန်
တိုက် စံကျောင်းဆရာတော်ပျံလွန်။
၁၃၂၇ ခုနှစ် ဝါခေါင်လဆန်း ၈ ရက် (5 Aug 1965) ရွှေမန်းဆရာတော် ဦးကေသရ ပျံလွန်။

၁၈၅၇ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အထိ သာသနာတော်ဆိုင်ရာမန္တလေးရက်စွဲကိုဖတ်ပြီးနောက် ၆၅ ကနေ ၂ဝ၁၃ အထိ မန္တလေးရက်စွဲကို ပြုစုကြပေတော့လို့ သတိပေးနေသလိုပါပဲ။

အမရဒီပ
စက်တင်ဘာ ၁ဝ၊ ၂ဝ၁၃

No comments: