Total Pageviews

Thursday, September 12, 2013

သာသနာတော်ဆိုင်ရာ ဂျပန်ခေတ်ရက်စွဲများ


၂၇ မေ ၁၉၅၂                  မန္တလေးမြို့ ၊ မစိုးရိမ်ကျောင်းတိုက်တွင် မြန်မာစစ်ဗိုလ်များနှင့် ဂျပန်စစ်
ဗိုလ်များအား ကြိုဆိုပွဲကျင်းပသည်။

၁၁ ဇွန် ၁၉၄၂                  ညောင်ရမ်းဆရာတော်ကြီးက ကြေညာချက်တရပ်ထုတ်ပြန်ရာတွင်
 မြန်မာနိုင်ငံရှိ တကျိပ်နှစ်ပါးဂိုဏ်း၊ သာသနာပိုင်ဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ ဘုရားကြီးဂိုဏ်းမှ
ဆရာတော်များဆွေးနွေး၍ ဗုဒ္ဓသာသနာပြုအဖွဲ့ ကြီးအမည်ဖြင့် သာသနာတော်ကို
 စောင့်ရှောက်ရန် အဖွဲ့ ကြီးဖွဲ့ စည်းပြီးဖြစ်ကြောင်း ။

၂၅ ဇွန် ၁၉၄၂                  မန္တလေးမြို့ ၊ မစိုးရိမ်ကျောင်းတိုက်တွင် မြန်မာပြည်သာသနာ
အစည်းအရုံး တည်ထောင်ရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးအား ဂုဏ်ပြုချီးကျူးပွဲ ကျင်းပသည်။

၁၉ နိုဝင်ဘာ ၁၉၄၂            ဗုဒ္ဓသာသနာအစည်းအရုံးဗဟိုဌာနအထွေထွေတာဝန်ဆောင်မှူးချုပ် ဦးတိလောကဉာဏက ဗုဒ္ဓသာသနာအစည်းအရုံး၏အဓိကရည်ရွယ်ချက်မှာ သာသနာရေး နှင့် ဘာသာရေးဖြစ်၍ မိစ္ဆာအင်္ဂလိပ်တို့ လက်ထက်ကကဲ့သို့ နိုင်ငံရေးနှင့် လုံးဝမပတ်သက်သည့်
အပြင် အစည်းအရုံးရည်ရွယ်ချက် (ဃ) အရ မြန်မာပြည်နှင့်တကွ အာရှတိုက်ကြီး၏ ကောင်း
စားရေးကိုမူကား ဘုရားတရားတော်နှင့်မဆန့် ကျင်သော အချက်ဟူသမျှ ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း ကြေညာသည်။

၁ ဖေဖော်ဝါရီ ၁၉၄၃                   ဗြိတိသျှလေယာဉ် ၇ စင်း ရန်ကုန်မြို့ ပေါ်လာရောက်ဗုံးကြဲရာ ဆူးလေစေတီတော်ပေါ်သို့ တိုက်ရိုက်ဗုံးကျသွားသဖြင့် မုခ်တခု ပျက်စီးသွားသည်။

၂၃ ဖေဖော်ဝါရီ ၁၉၄၃                 ဗြိတိသျှလေယာဉ်တို့ က ရွှေတိဂုံစေတီတော်၏ တစိတ်တဒေ
သဖြစ်သောနေရာကို ဗုံးကြဲသွားသည်။

အမရဒီပ
စက်တင်ဘာ ၁၂၊ ၂ဝ၁၃

စာကိုး။  ဂျပန်ခေတ်ရက်စွဲသမိုင်း၊ ကျော်ငြိမ်း ၊ ညွန်ကြားရေးမှူး၊ တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌာန။


No comments: