Total Pageviews

Thursday, March 6, 2014

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၃၉



                                  အခန်း ၁၃၊ ဗောဓိပင်မဟာ၏ ရိပ်ဆာယာအောက်ဝယ်

၁၉၅၆ ခုနှစ်၊ နွေရာသီတွင် ဆန်ချီမှ လွတ်မြောက်ရေးနည်းလမ်းစီမံကိန်းကို ဘုန်းကြီး တစိုက်မတ်မတ် အကွက်ချ
 နေခဲ့၏။ ဆန်ချီကျောင်းတော်ကို ချစ်မြတ်နိုးပါ၏။ ဆန်ချီမှာရှိသည့် အလုပ်ကိုလည်း ချစ်မြတ်နိုးပါ၏။ သို့ သော်
 ဆရာတော်အရှင်ပညာတိဿ၏ ဆက်ဆံရေးအချိုးမပြေချက်ကိုလည်း စိတ်ကုန်လှချေပြီ။ မဟာဗောဓိအသင်း
ကြီး၏  မူလတာဝန်မှာ   ၅ နှစ်သက်တမ်းဖြစ်လေရာ နောက်ထပ် ၃ နှစ်ကျန်နေသေး၏။

                                                      (ဆရာတော်အရှင်နာရဒ)

တနေ့ တွင် ဆရာတော်အရှင်နာရဒမဟာထေရ် နှင့် ဆရာတော်အရှင်ကေ ၊ သီရိဓမ္မာနန္ဒထေရ်တို့ ပါဝင်သော ထင်ပေါ်ကျော်ကြားဧည့်သည်တော်ခရီးသည်အဖွဲ့  ရောက်လာကြ၏။ ထိုအချိန်က ဆရာတော်အရှင်နာရဒသည် ဆင်ဟာလီဘာသာ ၊ အင်္ဂလိပ်ဘာသာနှင့် တရားဟောပြောနိုင်သောကြောင့် သီဟိုဠ်ကျွန်းတွင် နာမည်အကြီးဆုံး
ဓမ္မကထိကဖြစ်နေပါ၏။ အရှင်ဓမ္မာနန္ဒသည်လည်း မလေးရှားနိုင်ငံရှိ ဗုဒ္ဓဘာသာသံဃာများ၏ နာယက ဖြစ်၏။ 

                                             (ဆရာတော်အရှင်ကေ၊သီရိဓမ္မာနန္ဒ)


ဆရာတော်အရှင်ဓမ္မာနန္ဒမှာ ကွာလာလမ်ပူမြို့ တွင် ကျောင်းကြီးကန်ကြီးရှိသူမှန်းလည်း ဘုန်းကြီးသိထား၏။ 
ဘုန်းကြီးသည် သွယ်ကာဝိုက်ကာလုပ်မနေတော့ဘဲ အရှင်ဓမ္မာနန္ဒကို ချဉ်းကပ်ကာ သူ၏မလေးရှားနိုင်ငံကျောင်း
တွင် ရဟန်းငယ်တပါးတလေ လို-မလိုကို မေးမြန်းလျှောက်ထားပါ၏။ ဆရာတော်က မိန့် ၏။
“ကောင်းပြီလေ၊ အရှင်ဘုရား မလေးရှားကို လာချင်ရင် တပည့်တော် ကူညီပါ့မယ်၊
 ဘယ်အချိန်လောက် ကြွနိုင်မလဲ ပြောပါဦး”

မိနစ်ပိုင်းလောက် ကြာပြီးနောက် ဆရာတော်အရှင်နာရဒကလည်း ဘုန်းကြီးကို ကောက်ကာငင်ကာ အမိန့် ရှိပြန်၏။
“ဂုဏရတန….၊ မင်းရဲ့ ဆန်ချီ ဗဟုသုတရယ်၊ မုခ်ဦးဂိတ်ဝအကြောင်းရှင်းပြချက်ရယ်ဟာ အလွန်ကောင်းတယ်၊ မင်းက အင်္ဂလိပ်လိုလည်း ပြောနိုင်တယ်ဆိုတော့ မင်းမလေးရှားလာဖို့ ငါ စီစဉ်ပေးနိုင်ပါတယ်၊ မင်းဆန္ဒရှိမယ် ဆိုရင်ပေါ့လေ”

၅ မိနစ်အတွင်း စိတ်လှုပ်ရှားဖွယ် ဖိတ်ကြားချက် ၂ ခု…..။ ရွှေပုံကြီးကို ဘုန်းကြီးဝင်တိုက်မိချေပြီကော။
မဟာဗောဓိအသင်းကြီးနှင့် ၅ နှစ်သက်တမ်းအလုပ်စာချုပ်သဘောတူညီချက်ရှိကြောင်း၊ သို့ သော် တနည်းနည်း
ဖြင့် အဆင်ပြေအောင်လှုပ်ရှားနိုင်မည့်အခြေအနေကို ဘုန်းကြီးရှာနိုင်မည်ဟု ထင်ကြောင်း ဆရာတော်ကြီး ၂ ပါး
ကို ဘုန်းကြီးလျှောက်ထားပါသည်။


ဆရာတော်ကြီး ၂ ပါးကို ဘုန်းကြီးထုတ်မပြောသည့်အချက်တခုလည်း ရှိပါ၏။ မဟာဗောဓိအသင်းကြီး၏ အထွေထွေအတွင်းရေးမှုး ဒေဝပရိယ ဆန်ချီသို့ ရောက်ရှိခဲ့သည့် ခပ်စောစောလများအတွင်းက အခြားဖိတ်ခေါ်
ချက်တခုကို ဘုန်းကြီး ရရှိထားပြီးဖြစ်၏။

ကျောင်းထမင်းချက်အားလိမ်ညာသည့်ကိစ္စအတွက် ဘုန်းကြီးနှင့် ဆရာတော်အရှင်ပညာတိဿတို့  ထိပ်တိုက်ရင်
ဆိုင်မှုဖြစ်ပြီးနောက် ဆရာတော်က ဂုဏရတနလို ရဟန်းမျိုးကို သူ့ ကျောင်း၊ သူ့ ပတ်ဝန်းကျင်မှာ ဆက်လက်ထား
ရှိဖို့ ကို သူမလိုလားတော့ကြောင်း ဒေဝပရိယကို အရေးဆိုခဲ့လေ၏။

ဒေဝပရိယက ခပ်မဆိတ်ပင်နေသည်။ သို့ သော် နောက်တနေ့ နံနက်တွင် ဘိုပိုင်း(လ်)သို့ လိုက်ခဲ့ရန် သူ ဘုန်းကြီးကို ဖိတ်ခေါ်၏။ သူက ဘုန်းကြီးနှင့် သီးသန့် စကားပြောချင်၏။ ရထားပေါ်တွင် ဆရာတော်အရှင်ပညာ တိဿသည် လူညာဖြစ်သည်ကို သူသိထားကြောင်း ဘွင်းဘွင်းပင် သူပြောသည်။

“တပည့်တော် အရှင်ဘုရားကို ကာလကတ္တားပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓဂယာပဲဖြစ်ဖြစ် သွားစေချင်တယ်၊   နောက်ထပ်ခန့် စာ
အသစ် တပည့်တော် အရှင်ဘုရားဆီ ပို့ ပေးလိုက်မယ်”
သူက ပြောခဲ့သည်။


အတွင်းရေးမှုးဒေဝပရိယထံမှ ခန့် စာကို စောင့်ဆိုင်းနေခိုက် နယူးဒေလီရှိ သီဟိုဠ်သံအမတ်ကြီးထံ ဘုန်းကြီး၏ ကိုယ်ရေးကိုယ်တာစာတစောင် ရေးဖြစ်သည်။ သီဟိုဠ်မှ အိန္ဒိယသို့ ထွက်ခွါစဉ်က ထုတ်ယူခဲ့သော အရေးပေါ်
 နိုင်ငံကူးလက်မှတ်သည် သက်တမ်းကုန်ဖို့ လပိုင်းသာ လိုတော့သည်။ သက်တမ်းထပ်တိုးရန် လိုအပ်လာ၏။

၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာအထိ သီဟိုဠ်သံအမတ်ထံမှ ဘာသံမှ ပြန်ကြားသံမကြားရသဖြင့် ဘုန်းကြီးစိတ်ပူလာ၏။ လာမည့် ဇန်နဝါရီလမှာ ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်သက်တမ်း ကုန်ဆုံးတော့မည်။ သို့ ဖြစ်ရာ ရေးကြီးသုတ်ပြာ လေသံပါသည့် စာတစောင် ဘုန်းကြီးထပ်ရေးရပြန်သည်။

နိုင်ငံကူးလက်မှတ်သက်တမ်း ရက်သတ္တ ၃ ပတ်ပင်မကျန်တော့သည့် ဇန်နဝါရီ ၅ ရက်မှာ သီဟိုဠ်သံအမတ်၏
 ပြန်စာကို ဘုန်းကြီး ရသည်။ ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်အသစ်အတွက် လျှောက်လွှာပို့ ပေးပြီး လျှောက်လွှာ
ပြန်ပို့ သည်အခါ သီဟိုဠ်ကျွန်းရှိ လူသိများထင်ရှားသည့် ဆရာဝန် သို့ မဟုတ် ရှေ့ နေတဦးဦး၏ ထောက်ခံစာပါ
ပူးတွဲပေးပို့ နိုင်လျှင် ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်ကို အတည်ပြုပါမည်ဟု ဆိုထား၏။  လာပြန်ပြီ။ ဘုန်းကြီးမှာ ဝင်ငွေမရှိသောကြောင့် ထောက်ပံ့ကူညီသူ (စပွန်ဆာ) တဦး လိုအပ်လာပြန်၏။

ထိုစာရပြီးနောက်ရက်ပိုင်းအတွင်းမှာ သီဟိုဠ်သား ဆရာဝန်တယောက် ဆန်ချီသို့ ကံကောင်းထောက်မစွာ
 ရောက်လာ၏။ သူ့ အား ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်လျှောက်လွှာမှာ လက်မှတ်ထိုးပေးဖို့  အကူအညီတောင်း
ကြည့်သည်။ ဘုန်းကြီးကို သူ့ အနေဖြင့် ကောင်းကောင်းမသိကျွမ်းသောကြောင့် လက်မှတ်ထိုးပေးဖို့  သူငြင်းဆိုပါ
သည်။

မကြာမီရက်ပိုင်းအတွင်း ရှေ့ နေတယောက် ဆန်ချီသို့ ရောက်လာပေ၏။ ဘုန်းကြီးအနေဖြင့် အိန္ဒိယရှိ ဗုဒ္ဓရှင်တော်၏ သံဝေဇနိယ ၄ ဌာနဘုရားဖူးခရီးစဉ်မှာ သူနှင့်အတူ လိုက်ပါစေလိုကြောင်း ရှေ့ နေက ပြော၏။
ဘုန်းကြီး သူနှင့်အတူ လိုက်ပါလျှင် သူ ဘုန်းကြီးကို ကူညီလိမ့်မည်ဟု တွက်ဆထားလိုက်၏။  သံဝေဇနိယ ၄ ဌာနသို့ သွားရောက်ဖူးမြှော်ရန် ဘုန်းကြီးကိုယ်တိုင်လည်း အမြဲမျှော်လင့်ခဲ့ပါသည်။

နောက်တနေ့ တွင် ဘုန်းကြီးတို့  နယူးဒေလီသို့  ခရီးထွက်ခဲ့ကြ၏။ ခရီးစထွက်သည့် နံနက်တွင် အဂ္ဂရာရှိ
ရင်သပ်ရှုမောဖွယ် တပ်(ခ်ျ)မဟာသို့ သွားရောက်ကြသည်။ ထိုနောက် နယူးဒေလီ ရောက်သည်။ အရေးပေါ် နိုင်ငံကူးလက်မှတ်လျှောက်လွှာတွင် လက်မှတ်ထိုးပေးဖို့ မိတ်ဆွေရှေ့ နေကို ဘုန်းကြီး 
အကူအညီတောင်းကြည့်ရာ သူလုပ်ပေးမည်ဟု လိုလိုလားလားပင် ပြောသည်။

ဘုန်းကြီး၏စာကို ခုနစ်လမကကြာမြင့်အောင် ပေယျာလကန်ပြုထားခဲ့သည့် သီဟိုဠ်သံအမတ်ရုံးသို့  မျက်နှာချင်း
ဆိုင်တွေ့ ရအောင် သွားခဲ့၏။  ဘုန်းကြီးက ပြောသည်။
“သံအမတ်ကြီး…၊ လွန်ခဲ့တဲ့ ခုနစ်လကတည်းက သံအမတ်ကြီးဆီ လျှောက်လွှာပို့ ပေးခဲ့ပါတယ်။
 အဲသည် လျှောက်လွှာတွေ သံအမတ်ကြီး လက်ခံရရှိပါသလား”
သံအမတ်ကြီးက စူးစူးဝါးဝါး အော်ငေါက်သည်။
“အဲဒါတွေ လာမေးမနေနဲ့ ”
ဘုန်းကြီးကလည်း ပြန်မေးသည်။
“ဘာကြောင့် မမေးရမှာလဲ”
“အဲဒီလို မေးခွန်းမျိုး တခုမှပြန်ဖြေမှာမဟုတ်ဘူး”

ဘုန်းကြီးဒေါသထွက်လာသည်။ ငယ်မူငယ်သွေးမာန်တွေကလည်း ခေါင်းထောင်ထလာ၏။ ရဟန်းတပါးဖြစ်နေ
ပေငြား ဒေါသထွက်လာသောအခါ ရဟန်းဆိုတဲ့အသိ အလွယ်တကူပျောက်သွားသည်။ ဘုန်းကြီးအတွက် အာမခံပေးမည့်သူတယောက်နှင့်အတူ လာရမည်ဆိုသောအချက်ကလည်း ဘုန်းကြီးကို ဒေါသထွက်စေပြန်သည်။

“သံအမတ်ကြီး….၊ ကျုပ်က ကျုပ်ရဲ့နိုင်ငံကူးလက်မှတ်အသစ်ပြန်ရဖို့ အတွက် မိုင် ၄၅ဝ ခရီးကနေ လာရတာပါ။ 
သံအမတ်ကြီး အိန္ဒိယမှာနေတယ်ဆိုတာ ကျုပ်တို့ နိုင်ငံကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ သာမန်မေးခွန်းတွေ
 လောက်တော့ ကျုပ်မှာ ခင်ဗျားကို မေးပိုင်ခွင့်ရှိပါတယ်။”

ရှေ့ နေက ရုတ်တရက် စကားဝင်ပြောသည်။
“ကျွန်တော်က ဒီဘုန်းကြီးလေးကို ကူညီချင်လို့ လိုက်လာတာပါ။ ဒါပေမယ့် အခုတော့ သူ့ ကို အတိုက်အခံလုပ်ပြီး စကားပြောရပါတော့မယ်။ ဒီဘုန်းကြီးလေးက သူဟာ အရာရာကို သိနားလည်သူလို့ ထင်နေပုံပေါက်တယ်”

ဘုန်းကြီးကလည်း ရှေ့ နေပြောသည်ကို ကာကွယ်လိုက်သည်။
“ကျုပ်က ကိုယ့်ကိုယ်ကို သိနားလည်သူလို့ မထင်ပါဘူး၊ ဒါပေမယ့် ဒီသံအမတ်ကို မေးသင့်မေးထိုက်တာကို မေးရမှန်းတော့ သိပါတယ်။”

ရှေ့ နေက သူ့ ကိုယ့်ကို ဘုန်းကြီးဖက်ကိုင်းကာ ဘုန်းကြီးနားကို တိုးတိုးကပ်ပြောသည်။
“အရှင်ဘုရား…၊ ဘာမှမစိုးရိမ်နဲ့ ၊ အရှင်ဘုရားပြောတာကို တပည့်တော် သဘောတူပါတယ်၊ ဒီသံအမတ်က ဘဝင်မြင့်နေတာ၊ သို့ သော် သူ့ မှာ အရှင်ဘုရားရဲ့ အရေးပေါ်နိုင်ငံကူးလက်မှတ်ကို ငြင်းပိုင်ခွင့်အာဏာရှိနေတယ်၊
ဒီတော့ သူ့ အပေါ် သည်းခံစိတ်ရှည်တာ အကောင်းဆုံးပါ အရှင်ဘုရား”

ဟုတ်လေစွ။ ရှေ့ နေပြောတာ အမှန်ပင်ဖြစ်သည်။ အာဏာယစ်မူးနေသော ဗျူရိုကရက်များနှင့် ဘယ်သောအခါမျှ အငြင်းအခုံမလုပ်ခြင်းသည် စိတ်ကူးကောင်းတခုဖြစ်သည်။ ဘုန်းကြီးနောက်ထပ် စကားတခွန်းမျှ ထပ်မဟပါလေ
တော့ပြီ။

အောက်သိုးသိုးအပြုံးနှင့် သံအမတ်ကြီးသည် ဘုန်းကြီးအတွက် နိုင်ငံကူးလက်မှတ်ကို သုံးရက်အတွင်း ဆန်ချီသို့ 
ပို့ လိုက်မည်ဖြစ်ကြောင်း ပြောလေသည်။ ဘုန်းကြီးတို့ သည်လည်း သံအမတ်ကို ပုံအောကျေးဇူးတင်၊ အလေးပြု
ကာ ပြန်လည်ထွက်ခွါခဲ့ကြလေသည်။

အမရဒီပ
မတ်လ ၆၊ ၂ဝ၁၄

1 comment:

Khet Htan said...

အပိုင်းအားလုံး ဖတ်ရှုသွားပါတယ်...
ကျေးဇူး အထူးတင်ရှိပါတယ် ...