Total Pageviews

Thursday, February 9, 2012

နိဗ္ဗာန်ရောက်မှ အေးလိမ့်သော်

အခုတလောရေဒီယိုသတင်းနားထောင်လျှင် ဗုဒ္ဓဘာသာရဟန်းတော်များလောကမငြိမ်မသက်ဖြစ်ကြောင်းဖော်ပြခံနေရသော နေရာ ၂ နေရာရှိနေကြောင်း သတိပြုမိပါသည်။
ပထမနေရာမှာ တိဗက်ဗုဒ္ဓဘာသာထွန်းကားရာ တိဗက်မြေ ဖြစ်၏။ တိဗက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် ကွန်မြူနစ်တရုတ်အစိုးရ၏အုပ်ချုပ်မှုကို ဆန့် ကျင်
ကြောင်း ဖော်ပြသည့် အနေဖြင့် ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေနေကြ၏။
ဘုန်းတော်ကြီးများသည် တပါးပြီးတပါး ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြနေကြ၏။
ထို့ ကြောင့်  တိဗက်မြေ၏ ဗုဒ္ဓသာသနာ့ဝန်ထမ်းဘုန်းတော်ကြီးများအခြေအနေသည် တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဖော်ပြနေပါ၏။

ဒုတိယနေရာမှာ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားရာ မြန်မာနိုင်ငံဖြစ်၏။
ဓမ္မကထိကရဟန်းတော်များကို တရားဟောပြောခွင့်ပိတ်ခြင်း၊ ကျောင်းတိုက်မှ
ထွက်ခွါစေခြင်း၊ကျောင်းတိုက်များကိုချိပ်ပိတ်ခြင်း၊ အောက်ခြေအဖွဲ့ အစည်းများက
နေထိုင်ခွင့်ပြုထားနှင့်ပြီးသောရွှေဝါရောင်မဂ္ဂင်ကျောင်းတိုက်အပါအဝင်ဘုန်းကြီးကျောင်း
များကို အထက်အဖွဲ့ အစည်းများက ပယ်ဖျက်ကာ ပြန်လည်ချိပ်ပိတ်ခြင်း၊ ကျောင်းနေရဟန်းတော်
များသည် သူတို့ နေထိုင်ရာကျောင်းတိုက်မှထွက်ခွါပေးရပြီးအခြားကျောင်းမှာ
မှီခိုနေရခြင်း၊ သံဃာ့မဟာနာယကဥက္ကဋ္ဌဆရာတော်ကြီးကတရားဟောခွင့်ပြုကြောင်း စာထုတ်ပြန်သော်လည်း သက်ဆိုင်ရာအာဏာပိုင်တို့ က ယင်းစာတရားမဝင်ဟု
ဆိုခြင်း၊ ယခုနောက်ဆုံး သတင်းမှာ ရွှေဝါရောင်အရှင်ဂမ္ဘီရကို ခေတ္တနေထိုင်ရာ လယ်တီဝိပဿနာစံကျောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ ကို သတင်းများကဖော်ပြ
နေ၏။ မြန်မာထေရဝါဒဗုဒ္ဓသာသနာသည်လည်း တိဗက်ဒေသကဲ့သို့ ပင် တည်ငြိမ်မှုကင်းနေသေးကြောင်း ဖော်ပြနေပါ၏။

အမရဒီပ
၂-၉-၂ဝ၁၂

No comments: