တိဟိတ်လူသားထွန်းကားရေး
"ဘဝတဖန်၊ ဖြစ်တုံပြန်လည်း
လေးတန်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်
ကင်းတုံလစ်၍၊ ရှင်ချစ်မြတ်စွာ
သာသနာလျှင်၊ ရောင်ဝါထိန်ဝင်း
လင်းရာတမူ၊ လူကောင်းနတ်ကောင်း
ဘဝကောင်း၌၊ ညွတ်ညောင်းသန္ဓေ
တိဟိတ်နေ၍၊ ဆွေလယ်မျိုးလယ်
တန်ခိုးကြွယ်သည်၊
လ-နှယ်ထွန်းတင့်ပါစေသော်-------။ "
(လယ်တီဆရာတော်၏ ၇-နေ
့ဘုရားရှိခိုးလင်္ကာ၊ဆုတောင်းခန်း)
"သာသနာ့ဝန်ထမ်းရဟန်းသာမဏေများ
မြန်မာစာတတ်မြောက်ရေး" ကြွေးကြော်သံရည်မှန်းချက် မြန်မာနိုင်ငံ၊
သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပေးသည့် ပထမပြန်စာမေးပွဲမှာ
အင်တိုက်အားတိုက်
လွှမ်းမိုးခဲ့စဉ် အခြေပြုမူလတန်းပြဋ္ဌာန်းစာမြန်မာဘာသာ၊
ကဗျာပိုင်းအတွက် လယ်တီဆရာတော်ကြီး၏ "သုံးလူ့ 
ရှင်ပင်" အစချီ ကဗျာများကို
ပျော်ပျော်ကြီးအော်ဟစ်ကျက်မှတ်ကာ စာလည်းကျေစေ၊ ကုသိုလ်လည်းရစေ နှလုံး
ပိုက်၍ ဘုရားဝတ်တက်ချိန်တိုင်း
ဘုရားရှိခိုးစာအဖြစ် ရွတ်ဆိုခဲ့သည့် နုနုငယ်ငယ်နေ့ ရက်များကာလက "တိဟိတ်"
စကားလုံးကို ခက်ဆစ်အဓိပ္ပါယ်ဘယ်လိုကျက်မှတ်ခဲ့မိမှန်း
ဘယ်လိုမှအမှတ်မထင်ပါလေတော့---။
ထိုနှစ်အခြေပြုမူလတန်းအောင်ပြီး
အငယ်တန်းစာတွေတက်ရတော့ အငယ်တန်းမြန်မာစာ ကဗျာပိုင်းအတွက်
အရှင်မဟာရဋ္ဌသာရ၏ "ငါးဆူရွှေကြာ"ဧကပိုဒ်ကဗျာက
မိမိ၏ ဘုရားရှိခိုးစာဖြစ်လာခဲ့ပြန်တော့၏။ ဘယ်လိုပင်ဖြစ်စေ၊
တနေ့ က
တိဟိတ်အကြောင်းရှင်းပြဖို့ ကြိုးစားကြည့်ရင်း လယ်တီဆရာတော်ကဗျာကို
ပြန်လည်ရှာဖွေဖတ်ဖြစ်ခဲ့သည်။ ငယ်ငယ်ကထက် ပိုမိုပြတ်သားရှင်းလင်းစွာ
နားလည်နေသည်တော့ အမှန်ပင်--။
အပါယ် ၄ ပါး၊ ရပ်ပြစ် ၈ ပါး
မှလွတ်သည့်နေရာ၊ သာသနာထွန်းကားရာနေရာမှာ တိဟိတ်ပဋိသန္ဓေနေသူ
လူကောင်းနတ်ကောင်းဖြစ်ရပါလို၏၊ ဆွေမျိုးအလယ် တန်ခိုးကြွယ်၍ လစန္ဒာနှယ်
ရွှန်းရွှန်းဝင့်ဝင့်ထွန်းလင်းတင့်
တယ်သူဖြစ်ရပါလို၏----- ။
လူဖြစ်လျှင်
တိဟိတ်ပဋိသန္ဓေစိတ်ဖြင့်ပဋိသန္ဓေနေသူ ဖြစ်လိုသည်။ တိဟိတ်လူသားဖြစ်ဖို့ ဘာကြောင့်များ
အလေးတမူ တောင်းဆုယူနေရသနည်း---။
ဗုဒ္ဓအဘိဓမ္မာဒေသနာတော်အရ လူသားတို
့၏ပဋိသန္ဓေစိတ်မှာ ၃ မျိုးရှိသည်။ တိဟိတ်၊ ဒွိဟိတ်၊ သုဂတိအဟိတ်
ပဋိသန္ဓေစိတ်တို့ ဖြစ်သည်။ လူ့ အရည်အသွေးကိုလိုက်၍ ၃
မျိုးခွဲခြားထားခြင်းဖြစ်သည်။ အရည်အသွေး----။
ကင်မရာချင်းတူစေဦး၊
တရုတ်ပြည်လုပ်ကင်မရာနှင့် ဂျပန်ပြည်လုပ်ကင်မရာမတူ--။ အရည်အသွေးချင်းကွာသည်၊
တန်ဘိုးဈေးချင်းလည်း ကွာသည်။
ထို့ နည်းတူ လူချင်းတူစေဦး၊ လူအရည်အသွေးချင်းကွာသည်။ အရည်အသွေး
သည်ပင် ဟိတ်ဖြစ်တော့သည်။ ပဋ္ဌာန်း
၂၄ ပစ္စည်းထဲမှ "ဟေတုပစ္စယော"သည် ဟေတု ခေါ် ဟိတ်ဖြစ်လာသည်။
ဟေတုပစ္စယောမြန်မာပြန်တွင် "ဟေတုပစ္စယော=
ရေသောက်မြစ်လျှင် ကိုယ့်သစ်ပင်ကို စိမ်းရွှင်ညွန့် ဝေ စည်ပင်
စေထ ထောက်ပံ့မသို့ တကွဖြစ်ဟန်
ရုပ်နှင့်နာမ်ကို---"စသည်ဖြင့် ကျက်ခဲ့မှတ်ခဲ့ဖူးသည်။ အဓိကပြောလိုသည်မှာ
ဟေတုဟူသည် ရေသောက်မြစ်နှင့်တူသည်ဟူသော ဥပမာပေးချက်ပင်ဖြစ်သည်။ သစ်ပင်တွေမှာ
ရေသောက်မြစ်ရှိမှ ရှင်သန်နိုင်သည်။ လူမှာလည်း
အရည်အသွေးရှိမှ ထွန်းပေါက်နိုင်သည်။
သစ်ပင်မှာ ရေသောက်မြစ်ကနေ ရေယူပြီး ပင်စည်၊
အခေါက်၊ အရွက်၊ အပွင့်၊ အသီးတို့ ဆီ အစိုဓာတ်ထောက်ပံ့နိုင်သည်။ လူအရည်အသွေးရှိသူမှသာ သက်ဆိုင်ရာများ စိုပြေငြိမ်းချမ်းအောင်
ထောက်ပံ့နိုင်သူ ဖြစ်ပေလိမ့်မည်။
ပဋ္ဌာန်းသဘောအရ ဟိတ်ဆိုသည်မှာ
ကောင်းဟိတ် (အလောဘ၊အဒေါသ၊ အမောဟ) နှင့် မကောင်းဟိတ် (လောဘ၊ ဒေါသ၊မောဟ) တို့ကို
လွှမ်းခြုံပြောထားပါသည်။ သို့ သော် လူသားအမျိုးအစားကို ခွဲခြားပြရာမှာတော့
ကောင်းဟိတ်အပြည့်အစုံပါ၊ မပါကို
ကြည့်ပြီးခွဲခြားသောကြောင့် မတူကွဲပြားမှုအနည်းငယ်ရှိပါသည်။ မကောင်း
ဟိတ်ပါခြင်း၊မပါခြင်းကို
ထည့်သွင်းပြောဆိုသည်ကို မတွေ့ ရပါ။
ကောင်းဟိတ် ၃
မျိုးလုံးအပြည့်အစုံပါသူကို "တိဟိတ်လူသား"ဟု ခေါ်သည်။ သတ္တဝါတို
့၏ပဋိသန္ဓေစိတ်သည် အကျိုးတရားအုပ်စုမှာ ပါဝင်သည်။ အကျိုးဆိုက
အကြောင်းနှင့်မကင်း---။ တိဟိတ်လူသားပဋိသန္ဓေစိတ်၏အ
ကြောင်းမှာ
အတိတ်ကုသိုလ်ကံပြုစဉ်က အသိဉာဏ်ယှဉ်ပြီး ပြုခဲ့လျှင် အသိဉာဏ်အရည်အသွေးပါသော
ပဋိသန္ဓေစိတ်ကို ရသည်။ ထပ်ဆင့်ဆိုရလျှင် ကုသိုလ်ကောင်းမှုပြုသောအခါ အသိဉာဏ်ပါက အသိဉာဏ်ပါသော
ပဋိသန္ဓေစိတ်ကို ရသည်။ ကောင်းဟိတ် ၃ ပါးမှာ နောက်ဆုံးအမောဟသည် ပညာ၊ ဉာဏ်ဖြစ်ပေရာ
တိဟိတ်လူ
သားမှသာ ကောင်းဟိတ် ၃ ပါး
အပြည့်အစုံပိုင်ဆိုင်သူ ဖြစ်ပေသည်။ ကုသိုလ်ပြုစဉ် အသိဉာဏ်ပါခြင်းဟူသည်
ကံနှင့်
ကံအကျိုးကို နားလည်သဘောပေါက်သောအသိမျိုးကို ဆိုလိုသည်။
တိဟိတ်လူသားဖြစ်ခြင်း၏အကျိုး
ဆက်မှာ သမထအကျင့်ဖြစ်စေ၊
ဝိပဿနာအကျင့်ဖြစ်စေအားထုတ်က ပါရမီပြည့်လျှင်အောင်မြင်ပေါက်ရောက်သူ
ဖြစ်နိုင်၏။
နောက်လူသားတမျိုးမှာ "ဒွိဟိတ်လူသား"အမျိုးအစားဖြစ်၏။
ပါဠိသင်္ချာဝေါဟာရမှာ "ဧက= ၁၊ ဒွိ-ဒွေ= ၂၊ တိ=၃" ဟု ဆိုလိုပါသည်။ ဒွိဟိတ်လူသား၏ ပဋိသန္ဓေစိတ်မှာ
အလောဘနှင့် အဒေါသ ၂ မျိုးသာ ပါသော အကျိုးစိတ်ဖြစ်ပေသည်။ ကုသိုလ်ပြုစဉ်က ကံ၊
ကံအကျိုးကိုနားလည်ပြီး ပြုခဲ့သူမဟုတ်ဘဲ "ပြီးတော့လဲ ပြီးတာပါပဲ"
ဟုဖြစ်စေ၊ "သူများလုပ်လို့ သာ လိုက်လုပ်ရတယ်၊ ဘာမှန်းမသိဘူး"
သဘောတရားကို အခြေခံကာ လုပ်ခဲ့သူဖြစ်သောကြောင့်ဖြစ်သည်။ အသိဉာဏ်မပါသူဖြစ်သည်။
အသိဉာဏ်မပါသူဆိုသောကြောင့် ကျောင်းတက်၊ စာသင်သော်လည်းဘွဲ့ မရနိုင်၊
ပညာရေးမကောင်းနိုင်ဟု မဆိုလိုပါ။ ဒွိဟိတ်လူသည် သမထ၊
ဝိပဿနာအကျင့်များကြိုးစားအားထုတ်သော်လည်း
အောင်မြင်မှုကို မရနိုင်သူဟုသာ
ဆိုလိုရင်းပါ---။
အသိဉာဏ်ကို အခြေခံပြီးအလုပ်မလုပ်ခဲ့သောကြောင့်
အသိဉာဏ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးတိုးတက်မှုလုပ်ငန်းတို့ အ
တွက် စွမ်းရည်သတ္တိများ
ကင်းမဲ့နေသွားခြင်းဖြစ်၏။ ကိုယ်တွေ့ တခုကြုံခဲ့ဖူးပါသည်။ မြို့ နယ်သံဃအဖွဲ
့တခုဆီသို့  အထက်သံဃအဖွဲ့ အစည်းတခုမှ ကျောင်းပိုင်ဆိုင်နှင့်ပတ်သက်သော
အငြင်းပွားမှုကို ဆုံးဖြတ်ရန် ချပေးလိုက်ရာ
သက်ဆိုင်မြို့ နယ်က
တရားဆုံးဖြတ်ရေးအတွက် တရားသူကြီးအဖွဲ့ (ဝိနည်းဓိုရ်အဖွဲ့ )ကို ဖွဲ့ စည်းပေးလိုက်၏။
ဝိနည်းဓိုရ်အဖွဲ့ တွင်ပါဝင်ကြသူအများစုမှာ
ကျောင်းကန်ဆိုင်ရာဝိနိစ္ဆယဖြတ်ထုံးအဟောင်းများကို ဖတ်ရှုသုံးသပ်
လေ့လာရန်သော်လည်းကောင်း၊
ဝိနည်းဆိုင်ရာ ပါဠိ အဋ္ဌကထာ ဋီကာကျမ်းတို့ ဖတ်ရှုလေ့လာရန်သော်လည်း
ကောင်း
စိတ်ပါဝင်စားခြင်းမရှိကြဘဲ ရုံးတက်လာလျှင် ဘောလုံးဂျာနယ်၊ သတင်းဂျာနယ်တထပ်ကြီးပါလာပြီး
ဖတ်ကြပြောကြငြင်းခုံကြ၏။ တာဝန်ပေးထားသည့်ကျောင်းအမှုကိစ္စအတွက် ကူညီကြပါဦး
ပြောသော်လည်း "ခက်တယ်၊ ခေါင်းရှုပ်တယ်"ဟုပြောကာ ရှောင်လွှဲနေကြ၏။ တဖွဲ
့လုံးက အင်တိုက်အားတိုက်မရှိသည့်အတွက်
တဦး နှစ်ဦးသာ ဒိုင်ခံတာဝန်ယူပြီး
အမှုကိစ္စအတွက် ရေးသားဖတ်ရှုခဲ့ရသည်။ ဤဖြစ်ရပ်၏သင်္ခန်းစာမှာ အကြောင်းအရာတခုကို
ခေါင်းရှုပ်ခံပြီး မလုပ်ခဲ့လျှင် နောင်လည်း ခေါင်းရှုပ်ခံကာ မလုပ်ချင်တော့--။ စဉ်းစားရတာပင်ပန်းတယ်ထင်သူတို့ အတွက်
စဉ်းစားသည့် အလေ့အကျင့်ကိုမရရှိနိုင်တော့ပြီဟု ဆိုလိုပါသည်။
ထိုနည်းတူ ဒွိဟိတ်တို့ သည်လည်း
ဉာဏ်မပါဘဲအလုပ်လုပ်ခဲ့သောကြောင့် ဉာဏ်နှင့်ဆိုင်သည့် အလေ့အကျင့်မျိုး
ကို မရနိုင်ကြခြင်းဖြစ်ပေသည်။
နောက်ဆုံးလူတမျိုးကို "သုဂတိအဟိတ်လူသား"ဟုခေါ်သည်။
ဝေါဟာရစကားကိုရှင်းရလျှင် လူဘုံနှင့် နတ်ပြည်၊
ဗြဟ္မပြည်တို့ ကို "ကောင်းသောဘဝ"ဟု
ဆိုလိုသည့် "သုဂတိ"ဟု ပါဠိဝေါဟာရသုံးစွဲသည်။
"အဟိတ်"ဟူသည်
ကောင်းဟိတ် ၃ ပါးလုံးဝကင်းမဲ့နေခြင်းဟုဆိုလိုသည်။
လူတော့လူ၊ သို့သော်
လူအဆင့်အတန်းမရှိသော "လူစဉ်မမှီသူ" ဝမ်းတွင်းကန်း၊
ဝမ်းတွင်းအ၊ ဝမ်းတွင်းရူး၊ ကျပ်မပြည့်သူ၊စကားသံပီသစွာမထွက်နိုင်ဘဲအမျှင်မပြတ်ပြောသူ၊
စကားပြောစဉ် ပါးစပ်မှအရည်များစီးကျသူ၊ မည်မျှသင်ပြစေကာမူ
အရပ်မျက်နှာကိုမခွဲခြားတတ်သူ၊ ယောက်ျားအင်္ဂါ မိန်းမအင်္ဂါ ၂ မျိုးလုံးပါသူ
(ဥဘတောဗျည်း) ၊
ယောက်ျားအင်္ဂါမိန်းမအင်္ဂါ ၂ မျိုးမပါသူ(နပုံးပဏ္ဍုက်)တို့ ဖြစ်နေတတ်သည်။
လျှိုဝှက်ဆန်းကြယ်ဝတ္ထုတွေမှာရေးသားကြသည့် "လူခြောက်ကလေး"သည်လည်း သုဂတိ
အဟိတ်အမျိုးအစားလူဖြစ်ဖွယ်ရှိပါ၏။
သုဂတိအဟိတ်လူတို့သည်လည်း ဈာန်မဂ်ဖိုလ်တရားရနိုင်ခြင်းမရှိပါချေ--။
လူသားအမျိုးအစား ၃ မျိုးတွင်
တိဟိတ်လူသာ လက်ရှိဘဝတွင်အားထုတ်က
ပါရမီပြည့်လျှင်ဈာန်မဂ်ဖိုလ်တရား
ရနိုင်သည်။ ကျန် ၂ မျိုးကား လက်ရှိဘဝမှာ
အားထုတ်သော်လည်း မရနိုင်ကြပါ။ မိမိကိုယ်မိမိ တိဟိတ်လား၊
ဒွိဟိတ်လား
ခွဲခြားကြည့်ရေးမှာ ဈာန်မဂ်ဖိုလ်ရရေးတရားကို အားထုတ်ကြည့်မှသာသိနိုင်ပေမည်။ ခေတ်စကား
ပြောလျှင် "စမ်းကြည့်"မှအဖြေထွက်ပါလိမ့်မည်။
ဒွိဟိတ်၊ သုဂတိအဟိတ်ဖြစ်နေကလည်း စိတ်ဓာတ်မကျသင့်ပါ။ ဘုရားအလောင်းတော်သည် ဆင်၊
မြင်း၊နွား၊ မျောက်၊စသော ဒုဂ္ဂတိအဟိတ်အမျိုးအစားဝင် တိရစ္ဆာန်ဘုံဘဝမှ
သည်
အဆင့်အတန်းမှီတိဟိတ်လူသားဖြစ်အောင် မိမိကိုယ်မိမိတည်ဆောက်ခဲ့ပုံကို အတုယူကာ
လူအဆင့်အ
တန်းမြင့်မားလာအောင်
ကြိုးစားနိုင်ပါသည်။ မိမိ၏အခြေအနေကို မိမိကိုယ်တိုင်ဆုံးဖြတ်ခြင်းဖြင့်တဘဝပြီးတဘဝ
ကြိုးစားတည်ဆောက်ပါက တဆင့်ပြီးတဆင့်မြင့်မားနိုင်ပါသည်။
လူသားကမ္ဘာလူသားဘဝအတွင်း
လူဖြစ်ရုံ၊ လူမည်ကာမတ္တမျှဖြင့် ပညာရှိသူတော်ကောင်းတို့ လူ့ ဘဝကို မရယူ
လိုကြပေ--။ ထို့ ကြောင့်ပင်
လယ်တီဆရာတော်ကြီးက အဆင့်အတန်းမှီ"တိဟိတ်လူသား"ဖြစ်ရေးကို နည်းပြဆု
တောင်းစကားဆိုခဲ့ခြင်းဖြစ်ပါသည်။
"လူကောင်းနတ်ကောင်း၊ ဘဝကောင်း၌၊ ညွတ်ညောင်းသန္ဓေ၊ တိဟိတ်နေ၍"
---------။ "လူကောင်းနတ်ကောင်း၊
ဘဝကောင်း၌၊ ညွတ်ညောင်းသန္ဓေ၊ တိဟိတ်နေ၍"---------။ အထပ်ထပ်ရွတ်
ဆိုမိပါ၏။
"သို့ သော်"ဟူသော
စကားလုံးကလေးသုံးလိုပါသေး၏။အချို့ ကား"တိဟိတ်လူ"ဖြစ်၏၊ --သို့ သော်--။
--သို့ သော် ဘာဖြစ်သလဲ--
ဈာန်မဂ်ဖိုလ်ပန်းတိုင်နှင့် ဝေးခဲ့ရသည်။ ထိုတိဟိတ်လူသားကား အတောင် ၂ဝ ဝတ်
မင်းယောက်ျား
အဇာတသတ်ဘုရင်ပင်ဖြစ်၏။ ကျေးဇူးရှင်ဖခမည်းတော်ကိုသတ်မိသည့် "ပိတုဃာတကကံကြီး"
ကို ကျူးလွန်ပြီးနောက်တွင်
ဘုရားရှင်ထံတော်မှ "သာမညဖလသုတ္တန်ဒေသနာ"ကို နာယူရ၏။ အဖေသတ်ကံကြီး
မထိုက်ထားပါက
ဒေသနာတော်အရှိန်ကြောင့် အဇာတသတ်မင်း တထိုင်တည်းဖြင့်သောတာပန်အရိယာဖြစ်နိုင်
ပေသည်။သို့ သော် (ဤနေရာမှာလည်း
သို့ သော်--ကို သုံးရပြန်ပြီ။) အဖသတ်ကံကြီးတားဆီးထားသောကြောင့် ဈာန်မဂ်ဖိုလ်စခန်းဆိုက်ရေး
ဝေးခဲ့ရသည်။ (တရားနာပြီးနောက် နေ့ ရောညရောအိပ်စက်မပျော်ခြင်းပျောက်ကင်း
သည်။ ဤသာသနာတော်ကို ကြည်ညိုသူပုထုဇဉ်များအနက်
သဒ္ဓါတရားအထက်ဆုံးသူဖြစ်ခဲ့သည်။ အဝီစိငရဲကြီး
အစား လောဟကုမ္ဘီငရဲသို
့သာရောက်ရသည်။ ငရဲမှလွတ်ပြီး နောင်တွင် ပစ္စေကဗုဒ္ဓါဖြစ်ပေလိမ့်မည်။)
"အဇာတသတ်မင်းသည် တိဟိတ်ပဋိသန္ဓေနေသောသူဖြစ်လျက်
အဆွေခင်ပွန်းယုတ်ဖြစ်သော
ဒေဝဒတ်နှင့်ပေါင်းမိသောကြောင့် "ပိတုဃာတက"ကံကိုပြုမှား၍
ရှည်လျားစွာသော အဝီစိငရဲ၌ခံထိုက်သူဖြစ်
လျက် ဘုရားရတနာ၌အလွန်သဒ္ဓါ၍
သာသနာကို ချီးမြှောက်ပေရကားအဝီစိအနီးအပါးဖြစ်သော လောဟကုမ္ဘီငရဲ
၌ အနှစ်ခြောက်သောင်းခံ၍ လွတ်ပြီးလျှင်
မေတ္တေယျဘုရားရှင်အကြား၌ "ဝိဇိတာဝီ"မည်သော ပစ္စေကဗုဒ္ဓါဖြစ်လ
တံ့သတည်း"
(ကျီးသဲလေးထပ်ဆရာတော်၊
ဇိနတ္ထပကာသနီကျမ်း၊ ၆၃၃)
အဇာတသတ်မင်းကြီး
ငရဲမှလွတ်ပြီးနောက် ပစ္စေကဗုဒ္ဓါဖြစ်မည့်ဆိုသောစကားနှင့်စပ်လျဉ်း၍ ကျေးဇူးတော်ရှင်၊
အမရပူရမြို့ ၊
မဟာဂန္ဓာရုံဆရာတော်က သီလက္ခန်ဘာသာဋီကာ၊ ၃၊ ၂၇၅ တွင် ဖော်ပြပါအတိုင်း မှတ်ချက်ရေး
သားတော်မူ၏။
"အဇာတသတ်မင်းသည် နဂိုကပင် ပစ္စေကဗောဓိကို
ရည်ရွယ်ထားသူတည်း၊ လောဟကုမ္ဘီငရဲမှလွတ်ပြီး
သောအခါ ပါရမီပြည့်အောင်ထပ်၍
ဖြည့်ရလိမ့်မည်၊ ထိုပစ္စေကဗုဒ္ဓါအလောင်းများသည် နိယတအဖြစ်သို့ မရောက်
သေးလျှင် အကြား၌ ဘုရားရှင်နှင့်တွေ
့သောအခါ ပကတိသာဝကလည်း ဖြစ်နိုင်ကြ၏။"
တိဟိတ်လူသားတို့ သည်
အသိဉာဏ်ပါသော ကောင်းမှုကိုပြုခဲ့သောကြောင့် တိဟိတ်ပဋိသန္ဓေစိတ်ဖြင့်
ဘဝစခဲ့ကြသည်။ ဈာန်မဂ်ဖိုလ်ရရန်လည်း
နီးစပ်ကြသည်။ ထိုစကားကိုအခြေခံထောက်ဆကြည့်လျှင် လက်ရှိဘဝတွင်
ပြုပြုသမျှသောကောင်းမှုတို့ ကို အသိဉာဏ်ရှေ့ သွားခေါင်းဆောင်ထားကာ
ပြုလုပ်ခြင်းဖြင့်
တိဟိတ်လူများ ဖြစ်ပေါ်ထွန်းကားလာနိုင်ပေသည်။
ယနေ
့ကမ္ဘာတွင်လည်း "ပညာခေတ်"ဆန်းသစ်နေသည်။ ပညာခေတ်ကို အသိပညာစိတ်ဗီဇဖြင့် သန္ဓေတည်ခဲ့ပြီး
အသိပညာကြွယ်ဝသူတို့ သာ ဦးဆောင်ကြလျက် သက်ဆိုင်ရာပတ်ဝန်းကျင်ကို စိုပြေငြိမ်းချမ်းသာယာစေလိမ့်မည်။
အမရဒီပ
၁-၂၉-၂ဝ၁၂