Total Pageviews

Saturday, January 21, 2012

၂ဝ၁၂-ခုနှစ် ဓမ္မကထာမှတ်စုများ-၂


ရှင်သာမဏေပြုနည်း
            " ဟောဒီစာက ကသာမြို့ ၊ အမှတ် (၄) သိင်္ဂီရပ်ကွက်၊ မောင်ကျော်သောင်းနှင့် မကြင်မြိုင်တို့ က ပေးစာ
ဖြစ်ပါတယ်ဘုရား"
            " ဆိုစမ်းပါဦး၊ သူတို့ စာက ဘာတဲ့လဲကွယ့်"
            " သူတို့ စာမှာဆိုတာက သူတို့မှာ အရွယ်ရောက်နေတဲ့သားငယ် ၂ ယောက်ရှိပါသတဲ့၊ ဒီသားငယ်လေး
တွေကို သာမဏေဘုံအရောက်ချီးမြှောက်ချင်ပါသတဲ့ဘုရား၊ သာမဏေဘုံရောက်အောင်ဘုရားရှင်လက်ထက်
တော်က ဘယ်လိုချီးမြောက်ကြပါသလဲ၊ ယခုခေတ်ပြုကြတဲ့ ရှင်ပြုပွဲဟာ ဘုရားရှင်ရဲ့ပညတ်တော်နဲ့ ညီ၊ မညီ သိ
လိုပါတယ်လို့ လျှောက်ထားခြင်းဖြစ်ပါတယ်"
            " လောကမှာ ပညတ်တရား၊ ပရမတ်တရားရယ်လို့ တရား၂ မျိုးရှိသလို ပကာသနတရားနှင့် သဘာဝတ
ရားရယ်လို့ လည်းတရား၂ မျိုးရှိတယ်။ အဲဒါကို သစ်ပင်နှင့် ဥပမာပေးရလျှင် သစ်ပင်ရဲ့အပြင်အပ အကာက ပကာ
သနဖြစ်ပြီး အတွင်းအနှစ်က သဘာဝဖြစ်တယ်။ ပကာသနနဲ့  သဘာဝ ၂ မျိုးအနက် ပကာသနဟာ အစစ်မဟုတ်
ဘူး၊ သဘာဝကသာ အစစ်ဖြစ်တယ်၊သို့ သော်လည်း မျက်စိအမြင်မှာ ပကာသနက လှပပြီး သဘာဝက မြုပ်ကွယ်
နေတယ်၊ ဒါကြောင့် လူတွေက ပကာသနကိုသာ အထင်ကြီးတတ်ကြတယ်၊ ဥပမာ --စေတီတဆူဆိုပါစို့ ၊ " ရွှေမ
ရှိတဲ့ဘုရား အများမရိုသေ" တဲ့ ဆိုတတ်ကြတယ်၊ ရွှေဆိုတာ ပကာသနပဲ၊ သဘာဝက စေတီအတွင်းထည့်သွင်း
မြုပ်နှံထားတဲ့ ဌပနာထားတဲ့ ဓာတ်တော်ကို မမြင်ဘဲ မြုပ်ကွယ်နေတတ်တယ်၊ အဲဒီဥပမာအတိုင်း ရှင်ပြုပွဲတခုရဲ့ အနှစ်သာရက ရှင်သာမဏေအဖြစ်အောင်မြင်ခြင်းမဟုတ်ပါလားကွယ်"
            " ဟုတ်ပါတယ်ဘုရား"
            " သို့ သော်လည်း ရှင်ပြုတယ်ဆိုလျှင် အဲဒီအနှစ်သာရကို မွမ်းမံတဲ့ ရှင်လောင်းလှည့်တို့ ၊ ဧည့်ခံပွဲတို့  ကျွေးပွဲမွေးပွဲတို့ ဆိုတဲ့ ပကာသနအကာက ဖုံးလွှမ်းနေလို့ အစစ်အမှန်ရှင်ပြုမှုဟာ ပျောက်ကွယ်နေတယ်၊ ဘယ်
အထိ ပျောက်ကွယ်နေသလဲဆိုလျှင် အချို့ သာမဏေအတွက် သင်္ကန်း၊ သပိတ်၊ သင်ဓုန်းစတဲ့ ပရိက္ခရာတွေဟာ အတုသော်လည်းကောင်း၊ သုံးမဖြစ်တာတွေနှင့်သော်လည်းကောင်းဖြစ်နေတတ်ပြီး ပကာသနအတွက်ကတော့ ရွှေမဏ္ဍပ်ကြီးတွေ အငြိမ့်ဇာတ်ပွဲကြီးတွေနှင့် မွမ်းမံနေတတ်ကြတယ်၊ ပြီးတော့ ကျွေးခန်းမွေးခန်း ပျော်ရွှင်ခန်း
တွေမှာ ကျွတ်ကျွတ်ဆူအောင်စည်ကားနေသလောက် အမှန်တကယ် ရှင်ပြုတဲ့အချိန် ရေစက်ချတဲ့အချိန်မှာတော့ အလှူရှင်လောက်သာ အနိုင်နိုင်ကျန်ရစ်တာကို တွေ့ ကြရတယ်၊ ဒီတော့မသိတဲ့လူတွေက သြော်-ရှင်ပြုတယ်ဆို
တာ ဒီလို စားသောက်သောက်ကြ ပျော်ရွှင်ကြတာကိုးလို့ အထင်မှားသွားတတ်ကြတယ်။"
            " ယခုပြဿနာဟာ အဲဒီလို အရိုးပေါ်အရွက်ဖုံးတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ပြဿနာလို့  ယူဆတယ်ကွယ့်၊ အမှန်တကယ်က ရှင်ပြုတယ်ဆိုတာဟာ အဲဒီအသိုင်းအဝိုင်းပကာနတွေနှင့်မဆိုင်ပါဘူး၊ အင်္ဂါ ၃ ချက်နှင့်ညီညွတ်ခဲ့လျှင် ရှင်သာမဏေဖြစ်တာပါပဲ"
            " မှန်ပါ၊ အင်္ဂါ ၃ ချက်ဆိုတာ အမိန့် ရှိပါဦးဘုရား"
            " အင်္ဂါ ၃ ချက်မပြောမီ ရှင်သာမဏေသမိုင်း ကိုပြောရလျှင် ကောင်းလိမ့်မယ်ထင်တယ်ကွယ့်၊ ဝိနယ
မဟာဝဂ်ပါဠိတော်အစမှာ မဟာခန္ဓကရယ်လို့ အခန်းကြီး ၁ ခန်းပါရှိတယ်၊ အဲဒီမဟာခန္ဓကအခန်းကြီးဟာ ရှင်၊
ရဟန်းဖြစ်ပေါ်လာပုံ သမိုင်းအခန်းကြီးပဲကွယ့်၊ အဲဒီအခန်းကြီးကို အတိုချုပ်ပြီး ပြောပြမယ်"
            ဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မှာ ဥရုဝေလတော၊ နေရဉ္ဇရာမြစ်
ကမ်းအနီး ဗောဓိပင်ရင်းမှာ သစ္စာ ၄ ပါးကိုသိလို့ (ဗုဒ္ဓ)လို့ အမည်ခံတော်မူတယ်၊ ဗုဒ္ဓအဖြစ်ရောက်ပြီးတဲ့ ဘုရားရှင်
ဟာ ဗောဓိပင်ရင်း၌ပင် (၇)ရက် တင်ပလ္လင်ခွေထိုင်တော်မူပြီး ပဋိစ္စသမုပ္ပါဒ်ကိုအနုလုံ-ပဋိလုံဆင်ခြင်တော်မူတယ်။
            ခုနှစ်ရက်လွန်မြောက်တော့ ဗောဓိပင်ရင်းကနေ အဇပါလ (ဆိတ်ကျောင်းညောင်) ပင်ရင်းချဉ်းကပ်ပြီး ၇ ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားနေထိုင်တော်မူတယ်၊ ၇-ရက်လွန်မြောက်တဲ့အခါ ဆိတ်ကျောင်း
ညောင်ပင်ရင်းနေ ကျည်းပင်ရင်းချဉ်းကပ်တော်မူပြီး အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်မူတယ်၊ အဲဒီအချိန်မှာ အခါမဲ့မိုးရွာသွန်းတဲ့အတွက် မုစလိန္ဒာနဂါးမင်းက အပူအအေးကာကွယ်ရန် အခွေ ၇-ပတ်ပတ်ပြီး ဘုရားရှင်ကို ပူ
ဇော်သတဲ့ကွယ့်။
            အဲဒီ ၇ -ရက်လွန်မြောက်ပြန်တော့ ကျည်းပင်ရင်းက လင်းလွန်းပင်ရင်ချဉ်းကပ်ပြီး ၇-ရက်စီနေပြန်သတဲ့၊ အဲဒီ လင်းလွန်းပင်ရင်းမှာပဲ တပုဿ=ဘလ္လိကကုန်သည်ညီနောင်တို့ ရဲ့ ကြွက်ကျစ်မုန့် ၊ ပျားဆုပ်မုန့် များကို အလှူခံပြီး ဘုဉ်းပေးတော်မူရတယ်၊ လင်းလွန်းပင်ရင်းမှာ ၇ -ရက်လွန်တော့ ဆိတ်ကျောင်းညောင်ပင်ရင်ပြန်ကြွ
တယ်၊ ဆိတ်ကျောင်းညောင်ပင်ရင်းမှာ သီတင်းသုံးရင်း " ငါသိတဲ့တရားဟာ နက်နဲတယ်၊ ကိလေသာမြူနည်းပါး
သူတို့ သာ သိနိုင်တယ်၊ ဤသတ္တဝါများမှာ ကိလေသာ ထူပြောတယ်၊ ကာမဂုဏ်မှု မွေ့ လျော်ကြတယ်၊ ငါတရား
ဟောသော်လည်း မြင်နိုင်ကြမှာ မဟုတ်ဘူး"လို့ တရားဟောဖို့ စိတ်တော်မညွတ်ဘဲ ကြောင့်ကြမဲ့နေဖို့ စိတ်ညွတ်
တော်မူသတဲ့၊ ဒီအကြောင်းကို သဟမ္ပတိဗြဟ္မာမင်းကသိလို့  တရားဟောပါရန် တောင်းပန်တဲ့အခါမှ တရားဟော
ရန် ကြည့်ရှုတော်မူပြီး ပဉ္စဝဂ္ဂီ ၅ ဦးတို့ ကို တရားဟောဖို့  မိဂဒါဝုန်တောကို ကြွတော်မူလာတယ်။
            မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ်ဖြစ်တဲ့အဲဒီ ပထမဝါကို ဘုရားရှင်ဟာ မိဂဒါဝုန်တောမှာ ဝါဆိုတော်မူတယ်၊ ဝါဆိုတော်ပြီး ၃-လအတွင်းမှာ ပဉ္စဝဂ္ဂီ ၅ ပါး၊ ယသသူဌေးသား၊ ယသရဲ့မိတ်ဆွေ ၄ ဦး၊ ယသရဲ့သူငယ်ချင်းငါးကျိပ်
အားဖြင့် ရဟန်းပေါင်း ၆ဝ-ဖြစ်ပွားလာတယ်၊ ဝါကျွတ်တော့ ဘုရားရှင်က ရဟန်းခြောက်ကျိပ်တို့ကို ခေါ်တော်မူပြီး
" ရဟန်းတို့ - ငါသည် ကိလေသာကျော့ကွင်းက လွတ်ပြီ၊သင်တို့ လဲ လွတ်ကြပြီ၊ များစွာသောလူတို့  ချမ်းသာတိုး
ပွားအကျိုးများအောင် ခရီးတကြောင်းတည်း ၂ ပါးမသွားမူ၍ ခရီးလှည့်ကြ၊ တရားမသိသေးသူတို့အား တရားသိ
လွယ်ရန် ဟောပြောကြ" လို့ မိန့် တော်မူပြီး (ကိုယ်တော်တိုင်က) ရသေ့ညီနောင်ရှင်တထောင်တို့ ကို တရားဟော
ရန်အတွက် ဥရုဝေလတောကို ကြွသွားတော်မူတယ်။
            ရဟန်းတို့ ဟာ ဘုရားရှင်အမိန့် တော်အတိုင်း ခရီးထွက်၊ တရားဟောကြတော့ သာသနာတော်အတွင်း ရှင်အဖြစ်၊ ရဟန်းအဖြစ်ဝင်ရောက်လိုသူတွေ ပေါ်လာတယ်၊ အဲဒီရှင်လောင်းရဟန်းလောင်းတွေကို ကိုယ်တိုင်
ရှင်ပြု ရဟန်းပြုပေးဖို့ ခွင့်ပြုချက်မရှိလို့  ဘုရားရှင်ရှိရာ ခေါ်လာကြရတယ်၊ ဒီလိုခေါ်လာကြရတဲ့အတွက် ရှင်
လောင်း ရဟန်းလောင်းများရော ရဟန်းတော်များရော အလွန်ပင်ပန်းကြတာပေါ့။
            ဒါကြောင့် ဘုရားရှင်က ရဟန်းများကို ခေါ်တော်မူပြီး " ရဟန်းတို့ - သင်တို့ ကိုယ်တိုင် ရှင်လောင်း၊ ရဟန်းလောင်းများကို ရှင်ပြု၊ ရဟန်းပြုပေးကြ" လို့ ခွင့်ပြုတော်မူပြီး " ဤသို့  ရှင်၊ရဟန်းပြုပေးကြရမည်၊
(၁) ရှေးဦးစွာ ဆံမုတ်ဆိတ်ကို ပယ်စေရမည်၊
(၂) ဖန်ရည်ဆိုးသော သင်္ကန်းကိုဝတ်စေ၍ ပုခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်စေရမည်။
(၃) သရဏဂုံကို ပီသစွာ ရွတ်ဆိုစေရမည်-----------ဤအင်္ဂါ ၃ ချက်ဖြင့် ရှင်အဖြစ်၊ ရဟန်းအဖြစ်ခွင့်ပြုတော်မူ
တယ်" လို့ မိန့် ဆိုတော်မူတယ်။
            " မှန်ပါ၊ သည်ပညတ်ချက်အတိုင်းဆိုလျှင် သာမဏေပြုတာနှင့် ရဟန်းပြုတာဟာ သရဏဂုံခံယူတာ
ချည်း တူနေပါလားဘုရာ့၊ သိမ်တွင်းမှာ ယခုလို ဉတ္တိ (ဉတ္တိ= ညတ်တိ)စတုတ္ထဥပသမ္ပဒ ကမ္မဝါစာ နဲ့ ရဟန်းဖြစ်ရ
တာ ဘယ်လိုပါလဲဘုရာ့"
            " ဓမ္မပဒ၊ ပဏ္ဍိတဝဂ်မှာ ရာဓဝတ္ထုဆိုတာ ရှိတယ်၊ အဲဒီ ရာဓဆိုတာက ဆင်းရဲတဲ့ ပုဏ္ဏားအိုကြီးပဲ၊ ပုဏ္ဏား
ကြီးဟာ ရှင်၊ ရဟန်းဖြစ်ချင်လွန်းလို့  မစားနိုင် မသောက်နိုင် ပိန်ကြုံပြီး နေရှာသတဲ့၊ ဒီအကြောင်းဘုရားသခင်က
သိတော်မူတဲ့အတွက် ရဟန်းအများထဲက ပုဏ္ဏားအိုကြီးရဲ့ကျေးဇူးတရားအမှတ်ရသူရှိသလားလို့မေးတော်မူတော့ အရှင်သာရိပုတ္တရာက" ဒီပုဏ္ဏားအိုရဲ့ကျေးဇူးတပည့်တော်အမှတ်ရပါတယ်၊ ဒီပုဏ္ဏားအိုကြီးဟာ တပည့်တော်ကို ဆွမ်းတယောက်မ လှူဒါန်းဖူးပါတယ်" လို့ လျှောက်ထားတယ်၊ ဘုရားရှင်က " ကျေးဇူးတုံ့ ပြန်အပ်သည်ကိုသိ
သောအားဖြင့် ဒီပုဏ္ဏားကြီးကို ရှင်သာမဏေပြုပေးလိုက်၊ ရဟန်းလဲခံပေးလိုက်" မိန့်တော်မူတယ်၊ ရဟန်းများကို ခေါ်တော်မူပြီး--
            " ရဟန်းတို့ - သရဏဂုံသုံးပါးဖြင့် ငါခွင့်ပြုခဲ့တဲ့ ပဉ္စင်းခံခြင်းကို ယနေ့ မှစပြီး ဖျက်သိမ်းလိုက်ပြီ၊ ဉတ်လျှင် လေးချက်မြောက် ဥပသမ္ပဒကမ္မဝါစာဖြင့် ပဉ္စင်းခံရန်ခွင့်ပြုတယ်" လို့ မိန့် တော်မူတဲ့အတွက် သိမ်အတွင်းဥပသမ္ပဒ ကမ္မဝါစာဖြင့် ရဟန်းခံခြင်း ဖြစ်ပေါ်လာတယ်၊ ရှင်သာမဏေကတော့ မူလကခွင့်ပြုချက်အတိုင်း-------------------
            (၁) ဆံမုတ်ဆိတ်ကိုပယ်ခြင်း  (၂) လူဝတ်ကိုပယ်၍ သင်္ကန်းဝတ်ခြင်း (၃) သရဏဂုံကို ပီသစွာရွတ်ဆို
ခြင်း--------ဒီအင်္ဂါ ၃ ချက်နှင့်ညီညွတ်လျှင် ဘုရားရဲ့ပညတ်တော်နှင့်ညီညွတ်တဲ့ ရှင်သာမဏေပြုခြင်းဖြစ်တယ်လို့ 
မှတ်သင့်တယ်ကွယ့်"
" သာဓု--သာဓု--သာဓု---"

(ထီးချိုင့်မြို့ ၊ တည်တောဆရာတော်၏ ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေ ၄၊ ၇၄)

ဟေတု ခေါ် ဟိတ်အားဖြင့် အကြောင်းအကျိုး ဆက်သွယ်ပုံဇယား

အကြောင်းကုသိုလ်
အကျိုးပဋိသန္ဓေစိတ်
တိဟိတ်
ဥက္ကဋ္ဌ
တိဟိတ်ပုဂ္ဂိုလ်
သြမက
ဒွိဟိတ်ပုဂ္ဂိုလ်
ဒွိဟိတ်
ဥက္ကဋ္ဌ
ဒွိဟိတ်ပုဂ္ဂိုလ်
သြမက
သုဂတိအဟိတ်ပုဂ္ဂိုလ်
           

ဝေါဟာရရှင်းလင်းချက်
တိဟိတ်= အလောဘ၊ အဒေါသ၊အမောဟ (ဉာဏ်၊ပညာ၊ ဝိဇ္ဇာ) ၃ ပါးရှိသူ
ဒွိဟိတ်= အလောဘ၊ အဒေါသ ၂ ပါးရှိသူ
ဥက္ကဋ္ဌ= အမြတ်စား၊ အကောင်းစား (ရှေး၊ နောက်ကုသိုလ်ခြံရံ)
သြမက= အနိမ့်စား၊ အညံ့စား (ရှေး၊နောက် အကုသိုလ်ခြံရံ)

တဘဝမှာ တူမြဲတရား ၃ ပါး

ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်

ပဋိသန္ဓေစိတ်= ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးသောစိတ်
ဘဝင်စိတ်= (ဘဝင်္ဂ) ဘဝတည်မြဲရေးအတွက် မရှိမဖြစ်သောစိတ်
စုတိစိတ်= ဘဝတခု၏နောက်ဆုံးစိတ် (သေစိတ်)

အမရဒီပ
၁-၂၂-၂၀၁၂

No comments: