Total Pageviews

Thursday, March 6, 2014

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၃၉



                                  အခန်း ၁၃၊ ဗောဓိပင်မဟာ၏ ရိပ်ဆာယာအောက်ဝယ်

၁၉၅၆ ခုနှစ်၊ နွေရာသီတွင် ဆန်ချီမှ လွတ်မြောက်ရေးနည်းလမ်းစီမံကိန်းကို ဘုန်းကြီး တစိုက်မတ်မတ် အကွက်ချ
 နေခဲ့၏။ ဆန်ချီကျောင်းတော်ကို ချစ်မြတ်နိုးပါ၏။ ဆန်ချီမှာရှိသည့် အလုပ်ကိုလည်း ချစ်မြတ်နိုးပါ၏။ သို့ သော်
 ဆရာတော်အရှင်ပညာတိဿ၏ ဆက်ဆံရေးအချိုးမပြေချက်ကိုလည်း စိတ်ကုန်လှချေပြီ။ မဟာဗောဓိအသင်း
ကြီး၏  မူလတာဝန်မှာ   ၅ နှစ်သက်တမ်းဖြစ်လေရာ နောက်ထပ် ၃ နှစ်ကျန်နေသေး၏။

                                                      (ဆရာတော်အရှင်နာရဒ)

တနေ့ တွင် ဆရာတော်အရှင်နာရဒမဟာထေရ် နှင့် ဆရာတော်အရှင်ကေ ၊ သီရိဓမ္မာနန္ဒထေရ်တို့ ပါဝင်သော ထင်ပေါ်ကျော်ကြားဧည့်သည်တော်ခရီးသည်အဖွဲ့  ရောက်လာကြ၏။ ထိုအချိန်က ဆရာတော်အရှင်နာရဒသည် ဆင်ဟာလီဘာသာ ၊ အင်္ဂလိပ်ဘာသာနှင့် တရားဟောပြောနိုင်သောကြောင့် သီဟိုဠ်ကျွန်းတွင် နာမည်အကြီးဆုံး
ဓမ္မကထိကဖြစ်နေပါ၏။ အရှင်ဓမ္မာနန္ဒသည်လည်း မလေးရှားနိုင်ငံရှိ ဗုဒ္ဓဘာသာသံဃာများ၏ နာယက ဖြစ်၏။ 

                                             (ဆရာတော်အရှင်ကေ၊သီရိဓမ္မာနန္ဒ)


ဆရာတော်အရှင်ဓမ္မာနန္ဒမှာ ကွာလာလမ်ပူမြို့ တွင် ကျောင်းကြီးကန်ကြီးရှိသူမှန်းလည်း ဘုန်းကြီးသိထား၏။ 
ဘုန်းကြီးသည် သွယ်ကာဝိုက်ကာလုပ်မနေတော့ဘဲ အရှင်ဓမ္မာနန္ဒကို ချဉ်းကပ်ကာ သူ၏မလေးရှားနိုင်ငံကျောင်း
တွင် ရဟန်းငယ်တပါးတလေ လို-မလိုကို မေးမြန်းလျှောက်ထားပါ၏။ ဆရာတော်က မိန့် ၏။
“ကောင်းပြီလေ၊ အရှင်ဘုရား မလေးရှားကို လာချင်ရင် တပည့်တော် ကူညီပါ့မယ်၊
 ဘယ်အချိန်လောက် ကြွနိုင်မလဲ ပြောပါဦး”

မိနစ်ပိုင်းလောက် ကြာပြီးနောက် ဆရာတော်အရှင်နာရဒကလည်း ဘုန်းကြီးကို ကောက်ကာငင်ကာ အမိန့် ရှိပြန်၏။
“ဂုဏရတန….၊ မင်းရဲ့ ဆန်ချီ ဗဟုသုတရယ်၊ မုခ်ဦးဂိတ်ဝအကြောင်းရှင်းပြချက်ရယ်ဟာ အလွန်ကောင်းတယ်၊ မင်းက အင်္ဂလိပ်လိုလည်း ပြောနိုင်တယ်ဆိုတော့ မင်းမလေးရှားလာဖို့ ငါ စီစဉ်ပေးနိုင်ပါတယ်၊ မင်းဆန္ဒရှိမယ် ဆိုရင်ပေါ့လေ”

၅ မိနစ်အတွင်း စိတ်လှုပ်ရှားဖွယ် ဖိတ်ကြားချက် ၂ ခု…..။ ရွှေပုံကြီးကို ဘုန်းကြီးဝင်တိုက်မိချေပြီကော။
မဟာဗောဓိအသင်းကြီးနှင့် ၅ နှစ်သက်တမ်းအလုပ်စာချုပ်သဘောတူညီချက်ရှိကြောင်း၊ သို့ သော် တနည်းနည်း
ဖြင့် အဆင်ပြေအောင်လှုပ်ရှားနိုင်မည့်အခြေအနေကို ဘုန်းကြီးရှာနိုင်မည်ဟု ထင်ကြောင်း ဆရာတော်ကြီး ၂ ပါး
ကို ဘုန်းကြီးလျှောက်ထားပါသည်။


ဆရာတော်ကြီး ၂ ပါးကို ဘုန်းကြီးထုတ်မပြောသည့်အချက်တခုလည်း ရှိပါ၏။ မဟာဗောဓိအသင်းကြီး၏ အထွေထွေအတွင်းရေးမှုး ဒေဝပရိယ ဆန်ချီသို့ ရောက်ရှိခဲ့သည့် ခပ်စောစောလများအတွင်းက အခြားဖိတ်ခေါ်
ချက်တခုကို ဘုန်းကြီး ရရှိထားပြီးဖြစ်၏။

ကျောင်းထမင်းချက်အားလိမ်ညာသည့်ကိစ္စအတွက် ဘုန်းကြီးနှင့် ဆရာတော်အရှင်ပညာတိဿတို့  ထိပ်တိုက်ရင်
ဆိုင်မှုဖြစ်ပြီးနောက် ဆရာတော်က ဂုဏရတနလို ရဟန်းမျိုးကို သူ့ ကျောင်း၊ သူ့ ပတ်ဝန်းကျင်မှာ ဆက်လက်ထား
ရှိဖို့ ကို သူမလိုလားတော့ကြောင်း ဒေဝပရိယကို အရေးဆိုခဲ့လေ၏။

ဒေဝပရိယက ခပ်မဆိတ်ပင်နေသည်။ သို့ သော် နောက်တနေ့ နံနက်တွင် ဘိုပိုင်း(လ်)သို့ လိုက်ခဲ့ရန် သူ ဘုန်းကြီးကို ဖိတ်ခေါ်၏။ သူက ဘုန်းကြီးနှင့် သီးသန့် စကားပြောချင်၏။ ရထားပေါ်တွင် ဆရာတော်အရှင်ပညာ တိဿသည် လူညာဖြစ်သည်ကို သူသိထားကြောင်း ဘွင်းဘွင်းပင် သူပြောသည်။

“တပည့်တော် အရှင်ဘုရားကို ကာလကတ္တားပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓဂယာပဲဖြစ်ဖြစ် သွားစေချင်တယ်၊   နောက်ထပ်ခန့် စာ
အသစ် တပည့်တော် အရှင်ဘုရားဆီ ပို့ ပေးလိုက်မယ်”
သူက ပြောခဲ့သည်။


အတွင်းရေးမှုးဒေဝပရိယထံမှ ခန့် စာကို စောင့်ဆိုင်းနေခိုက် နယူးဒေလီရှိ သီဟိုဠ်သံအမတ်ကြီးထံ ဘုန်းကြီး၏ ကိုယ်ရေးကိုယ်တာစာတစောင် ရေးဖြစ်သည်။ သီဟိုဠ်မှ အိန္ဒိယသို့ ထွက်ခွါစဉ်က ထုတ်ယူခဲ့သော အရေးပေါ်
 နိုင်ငံကူးလက်မှတ်သည် သက်တမ်းကုန်ဖို့ လပိုင်းသာ လိုတော့သည်။ သက်တမ်းထပ်တိုးရန် လိုအပ်လာ၏။

၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာအထိ သီဟိုဠ်သံအမတ်ထံမှ ဘာသံမှ ပြန်ကြားသံမကြားရသဖြင့် ဘုန်းကြီးစိတ်ပူလာ၏။ လာမည့် ဇန်နဝါရီလမှာ ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်သက်တမ်း ကုန်ဆုံးတော့မည်။ သို့ ဖြစ်ရာ ရေးကြီးသုတ်ပြာ လေသံပါသည့် စာတစောင် ဘုန်းကြီးထပ်ရေးရပြန်သည်။

နိုင်ငံကူးလက်မှတ်သက်တမ်း ရက်သတ္တ ၃ ပတ်ပင်မကျန်တော့သည့် ဇန်နဝါရီ ၅ ရက်မှာ သီဟိုဠ်သံအမတ်၏
 ပြန်စာကို ဘုန်းကြီး ရသည်။ ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်အသစ်အတွက် လျှောက်လွှာပို့ ပေးပြီး လျှောက်လွှာ
ပြန်ပို့ သည်အခါ သီဟိုဠ်ကျွန်းရှိ လူသိများထင်ရှားသည့် ဆရာဝန် သို့ မဟုတ် ရှေ့ နေတဦးဦး၏ ထောက်ခံစာပါ
ပူးတွဲပေးပို့ နိုင်လျှင် ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်ကို အတည်ပြုပါမည်ဟု ဆိုထား၏။  လာပြန်ပြီ။ ဘုန်းကြီးမှာ ဝင်ငွေမရှိသောကြောင့် ထောက်ပံ့ကူညီသူ (စပွန်ဆာ) တဦး လိုအပ်လာပြန်၏။

ထိုစာရပြီးနောက်ရက်ပိုင်းအတွင်းမှာ သီဟိုဠ်သား ဆရာဝန်တယောက် ဆန်ချီသို့ ကံကောင်းထောက်မစွာ
 ရောက်လာ၏။ သူ့ အား ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်လျှောက်လွှာမှာ လက်မှတ်ထိုးပေးဖို့  အကူအညီတောင်း
ကြည့်သည်။ ဘုန်းကြီးကို သူ့ အနေဖြင့် ကောင်းကောင်းမသိကျွမ်းသောကြောင့် လက်မှတ်ထိုးပေးဖို့  သူငြင်းဆိုပါ
သည်။

မကြာမီရက်ပိုင်းအတွင်း ရှေ့ နေတယောက် ဆန်ချီသို့ ရောက်လာပေ၏။ ဘုန်းကြီးအနေဖြင့် အိန္ဒိယရှိ ဗုဒ္ဓရှင်တော်၏ သံဝေဇနိယ ၄ ဌာနဘုရားဖူးခရီးစဉ်မှာ သူနှင့်အတူ လိုက်ပါစေလိုကြောင်း ရှေ့ နေက ပြော၏။
ဘုန်းကြီး သူနှင့်အတူ လိုက်ပါလျှင် သူ ဘုန်းကြီးကို ကူညီလိမ့်မည်ဟု တွက်ဆထားလိုက်၏။  သံဝေဇနိယ ၄ ဌာနသို့ သွားရောက်ဖူးမြှော်ရန် ဘုန်းကြီးကိုယ်တိုင်လည်း အမြဲမျှော်လင့်ခဲ့ပါသည်။

နောက်တနေ့ တွင် ဘုန်းကြီးတို့  နယူးဒေလီသို့  ခရီးထွက်ခဲ့ကြ၏။ ခရီးစထွက်သည့် နံနက်တွင် အဂ္ဂရာရှိ
ရင်သပ်ရှုမောဖွယ် တပ်(ခ်ျ)မဟာသို့ သွားရောက်ကြသည်။ ထိုနောက် နယူးဒေလီ ရောက်သည်။ အရေးပေါ် နိုင်ငံကူးလက်မှတ်လျှောက်လွှာတွင် လက်မှတ်ထိုးပေးဖို့ မိတ်ဆွေရှေ့ နေကို ဘုန်းကြီး 
အကူအညီတောင်းကြည့်ရာ သူလုပ်ပေးမည်ဟု လိုလိုလားလားပင် ပြောသည်။

ဘုန်းကြီး၏စာကို ခုနစ်လမကကြာမြင့်အောင် ပေယျာလကန်ပြုထားခဲ့သည့် သီဟိုဠ်သံအမတ်ရုံးသို့  မျက်နှာချင်း
ဆိုင်တွေ့ ရအောင် သွားခဲ့၏။  ဘုန်းကြီးက ပြောသည်။
“သံအမတ်ကြီး…၊ လွန်ခဲ့တဲ့ ခုနစ်လကတည်းက သံအမတ်ကြီးဆီ လျှောက်လွှာပို့ ပေးခဲ့ပါတယ်။
 အဲသည် လျှောက်လွှာတွေ သံအမတ်ကြီး လက်ခံရရှိပါသလား”
သံအမတ်ကြီးက စူးစူးဝါးဝါး အော်ငေါက်သည်။
“အဲဒါတွေ လာမေးမနေနဲ့ ”
ဘုန်းကြီးကလည်း ပြန်မေးသည်။
“ဘာကြောင့် မမေးရမှာလဲ”
“အဲဒီလို မေးခွန်းမျိုး တခုမှပြန်ဖြေမှာမဟုတ်ဘူး”

ဘုန်းကြီးဒေါသထွက်လာသည်။ ငယ်မူငယ်သွေးမာန်တွေကလည်း ခေါင်းထောင်ထလာ၏။ ရဟန်းတပါးဖြစ်နေ
ပေငြား ဒေါသထွက်လာသောအခါ ရဟန်းဆိုတဲ့အသိ အလွယ်တကူပျောက်သွားသည်။ ဘုန်းကြီးအတွက် အာမခံပေးမည့်သူတယောက်နှင့်အတူ လာရမည်ဆိုသောအချက်ကလည်း ဘုန်းကြီးကို ဒေါသထွက်စေပြန်သည်။

“သံအမတ်ကြီး….၊ ကျုပ်က ကျုပ်ရဲ့နိုင်ငံကူးလက်မှတ်အသစ်ပြန်ရဖို့ အတွက် မိုင် ၄၅ဝ ခရီးကနေ လာရတာပါ။ 
သံအမတ်ကြီး အိန္ဒိယမှာနေတယ်ဆိုတာ ကျုပ်တို့ နိုင်ငံကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ သာမန်မေးခွန်းတွေ
 လောက်တော့ ကျုပ်မှာ ခင်ဗျားကို မေးပိုင်ခွင့်ရှိပါတယ်။”

ရှေ့ နေက ရုတ်တရက် စကားဝင်ပြောသည်။
“ကျွန်တော်က ဒီဘုန်းကြီးလေးကို ကူညီချင်လို့ လိုက်လာတာပါ။ ဒါပေမယ့် အခုတော့ သူ့ ကို အတိုက်အခံလုပ်ပြီး စကားပြောရပါတော့မယ်။ ဒီဘုန်းကြီးလေးက သူဟာ အရာရာကို သိနားလည်သူလို့ ထင်နေပုံပေါက်တယ်”

ဘုန်းကြီးကလည်း ရှေ့ နေပြောသည်ကို ကာကွယ်လိုက်သည်။
“ကျုပ်က ကိုယ့်ကိုယ်ကို သိနားလည်သူလို့ မထင်ပါဘူး၊ ဒါပေမယ့် ဒီသံအမတ်ကို မေးသင့်မေးထိုက်တာကို မေးရမှန်းတော့ သိပါတယ်။”

ရှေ့ နေက သူ့ ကိုယ့်ကို ဘုန်းကြီးဖက်ကိုင်းကာ ဘုန်းကြီးနားကို တိုးတိုးကပ်ပြောသည်။
“အရှင်ဘုရား…၊ ဘာမှမစိုးရိမ်နဲ့ ၊ အရှင်ဘုရားပြောတာကို တပည့်တော် သဘောတူပါတယ်၊ ဒီသံအမတ်က ဘဝင်မြင့်နေတာ၊ သို့ သော် သူ့ မှာ အရှင်ဘုရားရဲ့ အရေးပေါ်နိုင်ငံကူးလက်မှတ်ကို ငြင်းပိုင်ခွင့်အာဏာရှိနေတယ်၊
ဒီတော့ သူ့ အပေါ် သည်းခံစိတ်ရှည်တာ အကောင်းဆုံးပါ အရှင်ဘုရား”

ဟုတ်လေစွ။ ရှေ့ နေပြောတာ အမှန်ပင်ဖြစ်သည်။ အာဏာယစ်မူးနေသော ဗျူရိုကရက်များနှင့် ဘယ်သောအခါမျှ အငြင်းအခုံမလုပ်ခြင်းသည် စိတ်ကူးကောင်းတခုဖြစ်သည်။ ဘုန်းကြီးနောက်ထပ် စကားတခွန်းမျှ ထပ်မဟပါလေ
တော့ပြီ။

အောက်သိုးသိုးအပြုံးနှင့် သံအမတ်ကြီးသည် ဘုန်းကြီးအတွက် နိုင်ငံကူးလက်မှတ်ကို သုံးရက်အတွင်း ဆန်ချီသို့ 
ပို့ လိုက်မည်ဖြစ်ကြောင်း ပြောလေသည်။ ဘုန်းကြီးတို့ သည်လည်း သံအမတ်ကို ပုံအောကျေးဇူးတင်၊ အလေးပြု
ကာ ပြန်လည်ထွက်ခွါခဲ့ကြလေသည်။

အမရဒီပ
မတ်လ ၆၊ ၂ဝ၁၄

Monday, March 3, 2014

ခရစ်ယာန် နဲ့  အစ္စလာမ် ရဲ့ ယာန် နဲ့  လာမ်မှာပါတဲ့ ရေးချ

ခရစ်ယာန် နဲ့  အစ္စလာမ်.....။
ဒီခေါင်းစဉ်ကြောင့် ဘာသာရေးအကြောင်း ခက်ခက်ခဲခဲတွေ ပြောတော့မယ်လို့  မထင်စေချင်ပါဘူး။
ပြောလည်းမပြောပါဘူး။

ပြောချင်တာက "ခရစ်ယာန်" ဆိုတဲ့ စာလုံးပေါင်း၊ "အစ္စလာမ်" ဆိုတဲ့ စာလုံးပေါင်းအကြောင်းပါ။
လိုရင်းကို တိတိကျကျပြောစတမ်းဆိုရင် အဲသည်စာလုံး ၂ လုံးမှာပါတဲ့ ရေးချ (-ာ) အကြောင်းပဲ။

မြန်မာစာပေ၊ မြန်မာစာလုံးပေါင်းတွေမှာ ပါဠိဝေါဟာရကဆင်းသက်တဲ့ ပုဒ်ကို နောက်က အသတ်ပါလေ့ရှိ
တယ်။
ပါဠိဝေါဟာရတွေကနေ မြန်မာ ဝေါဟာရတွေ ဒီလိုဖြစ်သွားတာတွေ့ ပါတယ်။ ဥပမာ------
ပါဠိ ဝေါဟာရ                                              မြန်မာဝေါဟာရ
ကာယ                                                     ကိုယ်
ကုသလ                                                   ကုသိုလ်
နိဗ္ဗာန                                                      နိဗ္ဗာန်
မဂ္ဂ                                                          မဂ်
ဖလ                                                        ဖိုလ်
အဘိဓာန                                                 အဘိဓာန်
အဓိဋ္ဌာန                                                  အဓိဋ္ဌာန်
အဓိပ္ပါယ                                                 အဓိပ္ပါယ်

အခုပြခဲ့တဲ့ ဝေါဟာရတွေအထဲက "ခရစ်ယာန်၊ အစ္စလာမ်" စာလုံးပေါင်းတွေနဲ့ သဘောသွားတူနေတဲ့
ပါဠိ၊ မြန်မာ ဝေါဟာရကတော့ "အဘိဓာန ၊ အဘိဓာန်" ဖြစ်ပါတယ်။ အဘိဓာန်မှာ ပါတဲ့ (ဓာန်)ဟာ
ရေးချမပါလည်း (ဓန်) လို့ ဖြစ်တာပါပဲ။ သို့ သော် မူရင်းပါဠိပုဒ် အငွေ့ အသက်မကင်းတာကြောင့် အဘိဓာန်စာလုံးပေါင်းမှာ ရေးချပါနေရတယ်။

ခရစ်ယာန် တို့ ၊ အစ္စလာမ်တို့ ဟာ မူလပါဠိဝေါဟာရတွေ မဟုတ်ကြပေဘူး။
ခရစ်ယာန် ဆိုရင် မူရင်း Christian
အစ္စလာမ် ဆိုရင်  မူရင်း Islam/ Aslamc ဆိုတဲ့ အင်္ဂလိပ်-အာရပ်ဘာသာတို့ ကနေ မြန်မာဘာသာ
ထဲ ရောက်လာတာ ။ သို့ မဟုတ် ယူထားတယ်ပေါ့။

မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ "ခရစ်ယာန်" လို့ စာလုံးပေါင်းပြတယ်။ ပါဠိက ဆင်းသက်တာမဟုတ်လို့ 
ယ ကို ရေးချ-ပြီးတော့ နသတ်တာမလိုအပ်ပါ။ ခရစ်ယန် (သို့ မဟုတ်) ခရစ်ယံ ဆိုရင် လိုအပ်တဲ့ စာလုံး
ပေါင်း ပြည့်စုံတာပဲမဟုတ်လား။ ဒီတော့ မြန်မာ-အင်္ဂလိပ်အဘိဓာန်ရဲ့ စာလုံးပေါင်းကို စဉ်းစားရလိမ့်မယ်။

အစ္စလာမ်-ဆိုတဲ့ စာလုံးပေါင်းကိုတော့ မြန်မာ-အင်္ဂလိပ်အဘိဓာန်က (အစ္စလမ်) လို့ ပေါင်းပြတယ်။
လမ်-မှာ ရေးချမပါ။ သို့ သော် အခုတလောသတင်းတွေကို ဖတ်လိုက်ရင် လ-မှာ ရေးချထည့်ပြီး
အစ္စလာမ်-လို့ ပေါင်းနေကြတယ်။ မြန်မာအဘိဓာန်စာလုံးပေါင်းက (အစ္စလမ်)- လ-မှာ ရေးချမပါ။

အများစုကစာလုံးပေါင်းတာက (အစ္စလာမ်)။ လ-မှာ ရေးချထားတယ်။ မလိုအပ်ပါ။

 ရေးချမလိုအပ်တဲ့ နေရာတွေမှာ ရေးချကို ရက်ရက်ရောရော ထည့်ပေါင်းနေကြတယ်လို့ ပဲ မြင်ပါတယ်။

အမရဒီပ
မတ်လ ၃၊ ၂ဝ၁၄

Sunday, March 2, 2014

ဆွာမိ နှင့် မြွေဟောက်


ဘရင်ဒါဝန်သို့ ဦးတည်ခုတ်မောင်းနေသည့် ရထားပေါ်မှာ ဆွာမိတဦးသည် လူတယောက်အနီးထိုင်ကာ လိုက်ပါလာ၏။ ထိုလူက ဆွာမိကို မေးသည်။
"ဆွာမိခင်ဗျား.....၊ ဆွာမိဟာ သူတော်စင်တဦးဆိုတာ ကျွန်တော်သိပါတယ်၊
ဒါပေမယ့် ဆွာမိဟာ ဒေါသကို ချိုးနှိမ်နိုင်ပြီလား၊ သိပါရစေ"

"မှန်ပါတယ်၊ ဒေါသကို ကျုပ်ချိုးနှိမ်နိုင်ပါပြီ"
"အဲဒီလိုဆိုရင် ဆွာမိဟာ ဘယ်တော့မှ ဒေါသမထွက်တော့ဘူးလို့ ဆိုလိုတာပေါ့နော်"
"ဟုတ်တယ်၊ ဒေါသမထွက်တော့ဘူး"
"အဲသလိုဆိုရင် ဆွာမိဟာ ဒေါသကို ထိန်းချုပ်နိုင်ပြီလို့ ဆိုလိုတာလား"
"မှန်တယ်၊ ဒေါသကို ကျုပ်ထိန်းချုပ်နိုင်ပါပြီ"
"ဒါဖြင့်ရင် ဆွာမိ စိတ်မတိုတော့ဘူးပေါ့"
"ဟင့်အင်း၊ ကျုပ်စိတ်မတိုတော့ပါဘူး"
"ဆွာမိ...စိတ်မတို ဒေါသမထွက်တော့ဘူးဆိုတာ အမှန်ပဲလားဗျ"
"အမှန်ပါပဲ"

နောက်တမိနစ်အကြာတွင် ထိုလူက ပြန်မေးပြန်သည်။
"ဆွာမိဟာ ဒေါသကို ထိန်းချုပ်နိုင်ပြီဆိုတာ တကယ်ပဲ ဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ်၊ ခင်ဗျားကို ကျုပ်ပြောပြီးသားပဲဟာ"
"အဲသလိုပြောခဲ့တာတွေ ဆိုလိုတာက ဆွာမိမှာ ဒေါသဆိုတာ လုံးဝမရှိတော့ဘူး၊ဘယ်လိုပဲဖြစ်.."

ဆွာမိက ထိုလူကို အော်လိုက်၏။
"ခင်ဗျားဟာက ထပ်တလဲလဲနဲ့ ၊ ခင်ဗျား လာရစ်နေတာလား၊ ခင်ဗျား ရူးနေလား၊ ကျုပ် ခင်ဗျားကို ပြော
နေတိုင်း....."

"အို...ဆွာမိ..၊ ဒါ ခင်ဗျား ဒေါသထွက်တာပဲလေ၊ ခင်ဗျား ဒေါသကို မထိန်း..."

ဆွာမိက ထိုလူ၏စကားကို ကြားဖြတ်ပြောလိုက်သည်။
"အာ...ဒီလူ၊ ကျုပ် ဒေါသကို ထိန်းနိုင်၊ ချုပ်နိုင်ပါပြီ၊
မြွေဟောက်ပုံပြင်ကို ခင်ဗျား မကြားဖူးဘူးထင်တယ်၊ မကြားဖူးရင် ကျုပ်ပြောပြမယ်"

"ဘန်ဂေါပြည်နယ်က ရွာတရွာအနီး လမ်းမပေါ်မှာ မြွေဟောက်တကောင် ရှိတယ်။ အဲသည်မြွေက
ဘုရားကျောင်းဆီသွားတဲ့ လမ်းသွားလမ်းလာတွေကို ကိုက်တယ်။ ရွာသူရွာသားတွေ ကြောက်ကြ
လွန်းလို့  ဘုရားကျောင်းဆီ မသွားရဲကြဘူး။

ဘုရားကျောင်းမှာနေတာက ဆွာမိရာမလ ပေါ့။ သူဟာ အစွမ်းထက်တဲ့ ဆွာမိတပါးပေါ့။
သူရဲ့တန်ခိုးကို သုံးပြီး ဒီပြဿနာကို အေးသွားအောင်လုပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ဆွာမိ
ဟာ တောထဲဝင်၊ မြွေဟောက်ကို သူ့ ဆီ ဆင့်ခေါ်လိုက်တယ်။

မြွေရောက်လာတော့ ဆွာမိရာမလက မြွေက လူတွေကို ကိုက်ခဲနေတာဟာ မှားယွင်းကြောင်း ပြောတယ်။
နောက်ထက် ကိုက်တာခဲတာမျိုးမလုပ်အောင် မြွေဆီက ကတိတောင်းတယ်။ မြွေကလည်း မကိုက်တော့
ဘူးလို့ ကတိပြုလိုက်တယ်။

မြွေဟာ အန္တရာယ်မရှိတော့တဲ့ အကောင်မှန်း လူတွေ ဖြည်းဖြည်းချင်း သိလာကြတယ်။ သိပ်မကြာဘူး။
ရွာထဲကကလေးတွေဟာ သနားစရာမြွေကို ဒရွတ်တိုက်ဆွဲပြေးပြီး ကစားစရာ လုပ်လာကြတယ်။

ဆွာမိရာမလ မြွေရှိတဲ့လမ်းဖက် ခရီးကြုံလို့ ဖြတ်သွားတဲ့အခါ မြွေကို တွေ့ တယ်။
မြွေက ဆွာမိဆီကို တရွေ့ ရွေ့ တွားပြီး ရောက်လာတယ်။ ဆွာမိကြီး နုတ်က လွှတ်ကနဲ ထွက်သွား
တာက------
"အလို.. အသင့်မှာလဲ သွေးသံရဲရဲနဲ့ ပါလား၊ ဘာဖြစ်တာလဲ ပြောပါဦး" --တဲ့။

"ဆွာမိကြီးခင်ဗျား၊ အခုဆိုရင် ဘယ်သူမှ ကျွန်ုပ်ကို မကြောက်တော့ဘူး၊
ကလေးတွေကလည်း ကျွန်ုပ်ကို မလေးမခန့် ဆက်ဆံလာကြတယ်" လို့ မြွေက ပြောပြတယ်။

ဆွာမိကြီးကလည်း မြွေကို ပြောလိုက်ပါတယ်။
"ကျုပ်က လူတွေကို မင်းမကိုက်နဲ့ လို့ ပြောလိုက်တာလေ။
တရှုးရှုးနဲ့ နှာမှုတ်သံမပြုရဘူးလို့ မှ မပြောခဲ့တာပဲဟာကို".....တဲ့။

အမရဒီပ
မတ်လ ၂၊ ၂ဝ၁၄

Hot Topics 2 by Cheryl Pavlik  မှာပါတဲ့ the swami and the snake ကို ဘာသာပြန်ပါတယ်။

Saturday, March 1, 2014

ကြင်ဖော်ရွေးချယ် ချစ်သက်လယ်


၁။
လူတွေကို မိသားစုများက မွေးဖွားလိုက်ကြသည်။ ယောက်ျား နှင့် မိန်းမတို့ အတူတူပေါင်းသင်းနေထိုင်ခြင်း
ဖြင့် မိသားစုဘဝများကို အစပြုပြန်၏။ လက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်သည့် အတွေးအမြင်များက
တော့ ယဉ်ကျေးမှုနောက်ခံအပေါ် တည်မှီသည်။

ထိမ်းမြားခြင်းဆိုင်ရာအတွေးအမြင်များသည် အမှား၊ အမှန်နှင့်ပတ်သက်၍ အခြေခံယုံကြည်ချက်ဖြစ်သည်။
လက်ထပ်ထိမ်းမြားဓလေ့ကို လေ့လာကြည့်သည့်အခါ နည်းလမ်းအဖုံဖုံဖြင့် ကြင်ဖော်ကြင်ဖက် ရွေးချယ်ရ
သည့် ပြဿနာကို ဖြေရှင်းသော အသွယ်သွယ်သော ယဉ်ကျေးမှုကို တွေ့ မြင်လာရသည်။

အိမ်ထောင်ဖက်ရွေးချယ်သည်ဆိုတာက လူတိုင်းအတွက် ကာလဒေသမရွေး ဘယ်သောအခါမျှ လွယ်ကူ
သော ကိစ္စမဟုတ်ပါ။

၂။
တရုတ်ယဉ်ကျေးမှုတွင် သားသမီးများ၏ အိမ်ထောင်ရေးကို မိဘက ဆုံးဖြတ်သည်။ သား သို့ မဟုတ် သမီးအတွက် ဇနီးလောင်း သို့ မဟုတ် ခင်ပွန်းလောင်းရှာလိုသူမိဘတို့ က အောင်သွယ်တော်တဦးဦးကို
အသက်အရွယ်၊ ပညာရေးအရည်အချင်းစတာတွေပါဝင်သည့် စရိုက်လက္ခဏာကောင်းရှိသူကို ရှာဖွေပေး
ဖို့ အကူအညီတောင်းခံရသည်။

တရုတ်အတွေးအခေါ်အတိုင်းပြောလျှင် လူငယ်တွေကို သူတို့ စိတ်ကူးယဉ်တဲ့အတိုင်း သူတို့ ကြင်ဖက်ကို
ရွေးချယ်ခွင့်ပေးလိုက်တာသည် မဟာအမှားကြီးတခုဖြစ်သည်။ လက်ထပ်ထိမ်းမြားရေးအတွက် အရေးကြီး
ဆုံးဖြတ်ချက်ကို မိသားစုခေါင်းဆောင်အိမ်ထောင်ဦးစီးများက ချမှတ်ကြသည်။ ထိုဦးစီးကြီးများသည် အိမ်ထောင်ပြုတယ်ဆိုတာ ကျန်းမာရေးကောင်းတဲ့ သားများ မွေးဖွားရေးအတွက်ဆိုသည့် အဓိက ရည်ရွယ်
ချက်ကို နားလည်သူများ ဖြစ်သည်။

တရုတ်လူမျိုးအသိုင်းအဝိုင်းတွင် သားယောက်ျားများသည် အရေးပါအရာရောက်ကြ၏။ သားက မိသားစု
ခေါင်းဆောင်နေရာကို ဆက်ခံကာ မိသားစုနာမည်ကို ထိန်းသိမ်းသည်။

၃။
ကမ္ဘာကြီးမှာ လက်ထပ်ရေးဆိုင်ရာတွင် ယဉ်ကျေးမှု နှင့် ယုံကြည်မှုနောက်ခံကွဲပြားလျှင် ကွဲပြားသလောက်
မတူတာတွေ ရှိပါသည်။
တရုတ်ထုံးတမ်းစဉ်လာအရ လူငယ်များအား  သူတို့ အိမ်ထောင်ဘက်ကို သူတို့ ကိုယ်တိုင် လွတ်လွတ်လပ်
လပ် ရွေးချယ်ခွင့်ပြုခြင်းကို အသိအမှတ်မပြုပေမယ့် မြောက်အမေရိကတိုက်က ဟိုပီတိုင်းရင်းသားများတွင်
လွတ်လပ်ခွင့်နှင့်ပတ်သက်လို့ တရုတ်လူမျိုးတို့ နှင့် အပြတ်အသတ်ကွာခြားသည်။ လုံးဝမတူ။

ဟိုပီတိုင်းရင်းသားများသည် သားယောက်ျားလေးအသက် ၁၃ နှစ်ပြည့်လျှင် မိဘအိမ်မှာမနေဘဲ ကီဝ လို့ 
ခေါ်သည့် ယောက်ျားလေးများအတွက် သီးသန့် နေရာမှာ နေထိုင်ခွင့်ရကြသည်။ ကီဝအိမ်ရာမှာနေသူ
ယောက်ျားလေးများသည် ညပိုင်းမှာ တယောက်တည်းအပြင်ထွက်ခွင့် ရှိသည်။ မိန်းမပျိုလေးအိမ်သို့  တိတ်တဆိတ် လူပျိုလှည့်ခွင့်ရှိသည်။ ကောင်လေးအများစုက မိုးစင်စင်မလင်းခင် မိန်းကလေးအိမ်မှ ထွက်
ခွါတတ်ကြသည်။ သို့ သော် မိန်းကလေးရှင်မိဘများကလည်း ညဖက်လူပျိုလှည့်တာကို  စိတ်ဆိုးမာန်ဆိုး
မလုပ်ကြချေ။ သမီးအတွက် အိမ်ထောင်ဖက်ကောင်း သမက်လောင်းဖြစ်မည့်သူဟု သဘောကျလျှင် လွှတ်ပေးထားလိုက်သည်။

လူပျိုလှည့်တာ လချီကြာပြီးနောက် မိန်းကလေးမှာ ကိုယ်ဝန်ရှိလာမည်။ အကျိုးဆက်အနေဖြင့် မိန်းကလေး
က သူသဘောကျတဲ့ ကောင်လေးကို ခင်ပွန်းလောင်းအဖြစ် ရွေးချယ်လိုက်ပေသည်။

၎။
လူပျို နှင့် အပျို တယောက်ဆီတယောက် ညဖက်အလည်အပတ်ပြုတာ ဟိုပီယဉ်ကျေးမှုမှာသာ ရှိသည်
မဟုတ်သေး၊ ဂျာမနီတောင်ပိုင်းရှိ ဘာဗေးရီးယန်း လို့ ခေါ်သည့် လူမျိုးမှာလည်း "ပြူတင်းတံခါးဖွင့်ဟ
ထားခြင်း"ခေါ်တဲ့ အလေ့အထရှိနေပြန်သည်။

မိန်းမပျိုလေးက ပြူတင်းတံခါးကို ညအချိန်တွင် ကိုလူပျိုများ ဝင်လာနိုင်အောင် ဖွင့်လှစ်ထားသည်။
မိန်းကလေး ကိုယ်ဝန်ရှိလာလျှင် ယောက်ျားလေးက မိန်းကလေးဆီမှာ လက်ထပ်ခွင့် တောင်းရပေ
တော့၏။ "ပြူတင်းပေါက်ဖွင့်ပေး"ပြီးတာတောင် ကိုယ်ဝန်မရသော မိန်းကလေးခမျာ ခင်ပွန်းယောက်ျား
မရနိုင်တော့ပြီ။ ဤယဉ်ကျေးမှုအရ မိန်းကလေးအတွက် "သားသမီးထွန်းကားမွေးဖွားပေးနိုင်ခြင်း" မှာ
သေရေးရှင်ရေးတမျှ အရေးပါအရာရောက်သည်။ အသိုင်းအဝိုင်းအတွင်း သားသမီးမွေးဖွားပေးနိုင်ကြောင်း
အခြားသူကို သက်သေပြနိုင်သူကိုမှ "ပြူတင်းတံခါးဖွင့်ဟထားခြင်း" ယဉ်ကျေးမှုက အိမ်ထောင်ပြုခွင့်
ပေးသည်။

ကက်သလစ်ဘာသာဝင် ဂျာမနီတောင်ပိုင်းသားတွေမှာ အခုလို ထူးဆန်းသည့် ဓလေ့အစဉ်အလာရှိနေ
ကြောင်း သိသွားသူတွေ အံ့အားသင့်ကြသည်။ လက်မထပ်ထားတဲ့ အမျိုးသမီးတယောက် ကိုယ်ဝန်ရှိ
သည်မှာ မှားယွင်းမှုဖြစ်သည်ဟု ကက်သလစ်ဘာသာက ဆုံးမပါသည်။

သမားရိုးကျလက်ထပ်ထိမ်းမြားခြင်းကို လိုက်နာကျင့်သုံးသည့်  ဘာသာရေးယုံကြည်ချက်ရှိကြသော လူအများကြားမှာပင်  'ပြူတင်းတံခါးဖွင့်ဟထားခြင်း" အလေ့အထရှိနေခြင်းကား ကမ္ဘာတဝှန်းလုံးရှိ
အိမ်ထောင်ရေးဆိုင်ရာအံ့ဖွယ်အမြင်ဟု ဆိုရမည့် တခုတည်းသော ပြယုဂ်ကြီးပါတည်း။

၅။
အခုခေတ်လူအများစုလိုလို အံ့အားသင့်ကြမည့် အိမ်ထောင်ရေးဆိုင်ရာအတွေးအခေါ်တရပ်ကို ယူဆ
လက်ခံခဲ့သူမှာ ဂျွန်နွိုစ် (John Noyes) ဆိုသူဖြစ်သည်။ သူသည် ၁၈၃၁ ခုနှစ်က နယူးယောက်
ပြည်နယ်တွင် အိုနိုက်ဒါအသိုင်းအဝန်းကို ထူထောင်ခဲ့သော ဘာသာရေးသမားတဦးဖြစ်သည်။

သူသည် အများနှင့်မတူသည့် လူနေမှုပတ်ဝန်းကျင်တခုအဖြစ် အိုနိုက်ဒါအုပ်စုကို စတည်ခဲ့သည်။ အုပ်စုလိုက်လက်ထိမ်းမြားခြင်းသည် ယောက်ျား နှင့် မိန်းမများအတူတကွနေထိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ အုပ်စုလိုက်လက်ထပ်သည့်စနစ်တွင် ယောက်ျား နှင့် မိန်းမတို့ သည် အခါအားလျော်စွာ အဖော်များကို အပြောင်းအလဲလုပ်ရသည်။ အုပ်စုအဖွဲ့ ဝင်များကို ညီတူညီမျှ ချစ်ခင်ရမည်ဟု သူတို့ မျှော်လင့်ထားကြရသည်။ ကလေးများကို အုပ်စုဝင်အားလုံးက ပိုင်ဆိုင်
သည်။ လူကြီးများသည် ရပ်တည်ရေးအတွက် အလုပ်ကြိုးစားရသည်။ ပိုင်ဆိုင်မှုမှန်သမျှအားလုံးကို အများနှင့် မျှဝေသုံးစွဲကြသည်။

အိုနိုက်ဒါအုပ်စုဝင်များသည် ကာလအတိုင်းအတာတခုအထိ ကြီးကြီးမားမား အခက်အခဲမရှိဘဲ
ဤနေထိုင်မှုစနစ်ကို လိုက်နာကျင့်သုံးခဲ့ကြသည်။  သို့ သော် ၁၈၇၆ ခုနှစ်တွင် ဂျွန်နွိုစ်ကွယ်လွန်သော
အခါ အိုနိုက်ဒါအုပ်စုနေထိုင်မှုစနစ်လည်း အဆုံးသတ်နိဂုံးချုပ်သွားခဲ့သည်။ သူ၏ခေါင်းဆောင်မှု နှင့်
တူညီသော တွေးခေါ်ယူဆမှုမရှိသည့်အခါ အုပ်စုဝင်များသည် အစဉ်အလာဖြစ်သည့် တလင်တမယား
စနစ်သို့  အလျင်အမြန်ပြန်ရောက်သွားကြသည်။

၆။
ကွဲပြားထူးခြားပြီး ပိုမိုထင်ရှားသည့် လက်ထပ်ထိမ်းမြားမှုပုံစံတမျိုးကို ရှေးဦးမာမွမ်များအကြားတွင် တွေ့ ရ
သည်။ မာမွမ်မှာ ခရစ်ယန်ဂိုဏ်းတခုဖြစ်ပြီး  ၁၈၃ဝ ခုနှစ်တွင် နယူးယောက်ပြည်နယ်မှာ တည်ထောင်ခဲ့၏။
၁၈၄၇ ခုနှစ်တွင် ယူတားပြည်နယ်သို့ ပြောင်းရွှေ့ အခြေချသည်။

မာမွမ်ဂိုဏ်း၏ပထမခေါင်းဆောင်မှာ ဂျိုးဇက်စမစ် (Joseph Smith) ဖြစ်သည်။ သူက  မယားပြိုင်ယူသည့်
စနစ်ကို ယုံကြည်လက်ခံ၏။

မာမွမ်ဂိုဏ်းကျယ်ပြန့် လာသောအခါ ယောက်ျားအများစုသည် ဂျိုးဇက်စမစ်၏ ဟောပြောချက်ကို လိုက်နာ
ပြီး မယားများစွာ ယူကြလေသည်။

မိန်းမဟူသည် ငယ်ရွယ်စဉ်အခါ ယောက်ျားယူ၊ ဖြစ်နိုင်သရွှေ့ ကလေးများများမွေးရေးတာဝန်ရှိသည်ဟု မာမွမ်တို့ က ယုံကြည်သည်။

ဥပမာ..... ၁၈၅၄ ခုနှစ်က မာမွမ်ခေါင်းဆောင်တယောက်သည် သီတင်းပတ်တခုအတွင်းမှာ သူ၏မယား ၉ ယောက်က သူနှင့်ရသည့်ကိုယ်ဝန်ကလေး ၉ ယောက်ကို မွေးဖွားလေရာ ကလေးအဖေ ၉ ကြိမ်ဖြစ်ရ
လေသည်။

သို့ သော် ၁၈၉ဝ ပြည့်နှစ်တွင် မယားပြိုင်များယူသည့်စနစ်ကို မာမွမ်ကျောင်းတော်က တရားဝင် ဖျက်သိမ်း
ခဲ့၏။ ယနေ့ အချိန်တွင် မာမွမ်ဘုရားကျောင်းများတွင် တလင်တမယားစနစ်ကို သင်ကြားပို့ ချပေးနေသည်။
သို့ သော် အဓိကအုပ်စုမှခွဲထွက်သွားကြသည့် အချို့ အုပ်စုငယ်များကမူ မယားပြိုင်များယူသည့်စနစ်ကို
ကျင့်သုံးနေဆဲဖြစ်သည်။

၇။
ယနေ့ ခေတ်တွင် ယောက်ျားတယောက်တည်းက မယားတွေယူချင်သလောက် ယူခွင့်ပြုသည့် ဓလေ့
အစဉ်အလာကို သဘောတူသော ယောက်ျားအချို့ ရှိသည်။ ယနေ့ ခေတ် လူငယ်ချစ်သူတို့ ကလည်း
ဟိုပီတို့ ၏ လွတ်လပ်ခွင့်ကို အိပ်မက်မက်နေကြသည်။ 

အောင်သွယ်တော်များအနေဖြင့် ရှေ့ သွားနောက်လိုက်ညီသူကို ရှာဖွေပေးနိုင်လိမ့်မည်ဟုလည်း အချို့ 
က မျှော်လင့်အားကိုးနေကြသည်။

ဘဝတသက်တာလုံးလက်တွဲရေးအတွက် ကြင်ဖက်ရှာဖွေခြင်းသည် အလွန့် အလွန်အရေးပါသော ကိစ္စဖြစ်
သည်။ အိမ်ထောင်ဖက်ရှာဖွေရာမှာ ရှာပုံရှာနည်းမတူကွဲပြားကြသော်လည်း တကမ္ဘာလုံးက လူတွေမှာ တူညီသည့် အတွေးတခု ရှိနေပါသည်။

အိမ်ထောင်ပြုခြင်းသည် လူ့ ဘဝအတွက် အခြေခံအစိတ်အပိုင်းတခု၊ အရေးပါသော အစိတ်အပိုင်းတခု
ဖြစ်သည်ဆိုတာပဲ ဖြစ်သည်။

အမရဒီပ
မတ်လ ၁၊ ၂ဝ၁၄
========================================================
Laurie Barton & Carolyn Dupaquier Sardinas တို့ ၏ North Star Reading and Writing 3 စာအုပ်ပါ
Finding a spouse ကို မြန်မာပြန်ပါတယ်။