ဆင်ဆာဖြတ်ထားတဲ့
သင်္ကန်းစာရင်း
တွင်းသင်းမင်းကြီးက ရဟန်းအတွက် (က)
ဖန်ရည်နီမြန်း ၊ ဝတ်သင်္ကန်း ဟု ကဗျာဖွဲ့ သည်။ ပြီးတော့ ရသေ့အတွက် (ခ)
သစ်ခေါက်နီမြန်း ၊ လျှော်သင်္ကန်း ဟုဖွဲ့ ကြောင်းတင်ပြခဲ့သည်။ ရဟန်းက
အဝတ်သင်္ကန်းဝတ်သည်။ ရသေ့က လျှော်တေသင်္ကန်းဝတ်ကြောင်း သတိပြုစရာဖြစ်ပါသည်။
ဘာကြောင့် အဝတ်သင်္ကန်း နှင့်
လျှော်သင်္ကန်းခွဲပြောသနည်းဟု စောကြောဖွယ်ရှိလာသည်။ ရဟန်းတော်များအနေဖြင့်
သင်္ကန်းအဖြစ်မဝတ်သင့်သော အဝတ်အမျိုးအစားတွေကို ဝိနည်းကျမ်းစာ
များမှာ
ပြဆိုထားကြသည်။
၁-
သမန်းမြက်ဖြင့်ရက်အပ်သောအဝတ်
၂-
လျှော်တေဖြင့်ရက်အပ်သောအဝတ်
၃-
ပျဉ်ချပ်သဏ္ဌာန်ရှိသောအပြားအချပ်တို့ ဖြင့်စီအပ်သောအဝတ်
၎- ဆံပင် ၊ သားမြီးတို့ ဖြင့် ရက်အပ်သော ကမ္ဗလာ
၅-
ခင်ပုပ်တောင်ဖြင့် ရက်အပ်သောအဝတ်
၆-
အမွှေး-ခွါနှင့်တကွသော သမင်ရေ (သစ်နက်ရေ--ဟုလည်း ဆိုကြ၏။)
အထက်ဖော်ပြပါ
အမျိုးအစားဝင်သင်္ကန်းကို ဝတ်ဆင်သူရဟန်းတော်သည် ထုလ္လစဉ်းအာပတ်သင့်၏။
ထို့ ပြင် ဝတ်ဆင်လျှင်
ဒုက္ကဋ်အာပတ်သင့်သော အဝတ်တွေလည်း ရှိသေးသည်။
၁-
ငှက်ပျောလျှော်ဖြင့်ရက်အပ်သောအဝတ်
၂-
ပြိတ်လျှော်မျှင်ဖြင့် ရက်အပ်သောအဝတ်
၃-
မရိုးလျှော်ဖြင့်ရက်အပ်သောအဝတ်
၎-
သင်ပန်းလျှော်ဖြင့် ရက်အပ်သောအဝတ်
၅- အလုံးစုံညို
(ပြာ)သောအဝတ်
၆-
အလုံးစုံမောင်းသောအဝတ်
၇-အလုံးစုံရွှေသောအဝတ်
၈-အလုံးစုံနီသောအဝတ်
၉-အလုံးစုံမည်းနက်သောအဝတ်
၁ဝ-
ကင်းခြေများကျောကုန်းအဆင်းဆိုးရည်ဖြင့်ဆိုးသောအဝတ်
၁၁- သစ်ခွံသင်္ကန်း
၁၂-
မဖြတ်အပ်သောအမြိတ်အဆာရှိသောသင်္ကန်း
၁၃-
ရှည်သောအမြိတ်အဆာရှိသောသင်္ကန်း
၁၄-
ပန်းပွင့်ပမာအမြိတ်အဆာရှိသောသင်္ကန်း
၁၅- အင်္ကျ
ီသင်တိုင်း (အံသကိုက်)
ခြွင်းချက်အနေဖြင့်
ရဟန်းတော်များ သင်္ကန်းအလုယက်ခံရ၊ အခိုးခံရပါက တားမြစ်ထားသော အဝတ်များကို
ဝတ်နိုင်ကြောင်း ခွင့်ပြုထားပါသည်။
အလောင်းတော်ရသေ့ဝတ်ဆင်သော “လျှော်တေသင်္ကန်း“ဟူသည် ဖြူဆံမြက်ကို
အမျှင်အမျှင်
ဆုတ်၍
ဆက်စပ်ထုံးဖွဲ့ ကာ ဝတ်ရုံစရာပြုလုပ်ထားသော အဝတ်ဖြစ်သည်။ စကားတရပ်..။
အဋ္ဌသာလီနီဋ္ဌကထာအဆို)
ချုပ်တွဲချောမော ၊
ဖြူဆံကြောတိ
ကုန်းစောလည်းတိမ် ၊
ကျစ်ကာလိမ်သည်
မွေ့ သိမ်တေဆန်း ၊
လျှော်နားစွန်းကို
သင်္ကန်းသင်းပိုင် ၊
မှတ်၍ကိုင်ပြီး …….။ (ဆုတောင်းခန်း ၊ ၈၃။) မိန့် ဆိုချက်အရမူ ဖြူဆံမြက်ပင်တို့ ကို
အမျှင်အမျှင်ရအောင်ဆုတ်ပြီး ဆက်စပ်ထုံးဖွဲ့ ရုံမျှဖြင့် ဝတ်ဆင်နိုင်သည့်အနေအထားသို
့မရောက်သေး
ဘဲ အသားအမျှင်တွေ
ပျော့ပျောင်းချောမွေ့ သွားအောင် ထုတေပေးရသေးသည်။ ထို့ ကြောင့် “လျှော်
တေသင်္ကန်း“ ခေါ်ကြောင်း သိနိုင်ပေသည်။ စကားတရပ်။
မြန်မာဘာသာပြန်“လျှော်တေသင်္ကန်း“ဟူသောဝေါဟာရကို ပါဠိစာပေတွင် “ဝါကစီရ ၊ ဝက္ကလ ၊ တိရီဋက“ ဟူသော ဝေါဟာရ ၃ မျိုးဖြင့် ခေါ်ဝေါ်လေသည်။ အဋ္ဌသာလိနီအဋ္ဌကထာအလို ဖြူဆံမြက်မှ
ဖြစ်ပေါ်သောသင်္ကန်းဖြစ်သောကြောင့် “ဖြူဆံမြက်သင်္ကန်း“ဟု ဆိုသင့်ပါ၏။ သို့ သော်
ရှေးဆရာများက “လျှော်တေသင်္ကန်း“ဟုသာ
မြန်မာပြန်ကြသည်။ ဖြူဆံမြက်သင်္ကန်းဟု ဆိုသော်လည်း မြက်ကိုပြုလုပ်သည်ထက်
သစ်ပင်လျှော်တို့ ဖြင့်ပြုလုပ်သည်ကများသော်ကြောင့် ဖြူဆံမြက်သင်္ကန်းဟု မထင်ရှား၊
လျှော်တေသင်္ကန်းဟုသာ ထင်ရှားပါတော့သည်။
ဝက္ကလ နှင့် တိရီဋက မှာ
သစ်ခွံမှရသောလျှော်ဖြင့်လုပ်သောသင်္ကန်းကို ဟောသည်။ သစ်ပင်တွင် ပြင်ပအခွံမာပြီးနောက်
အခွံပါးရှိသည်။ ယင်းအခွံပါးမှာ လျှော်(Plant fibre or fiber)
ဖြစ်သည်။ထိုလျှော်များကိုစနစ်တကျခွါယူ၊ချုပ်စပ်၊ နူးညံ့အောင်ထုတေထားသောကြောင့် လျှော်တေသင်္ကန်းဟု
ခေါ်သည်။ (မဟာဗုဒ္ဓဝင် ၁၊
၁၊ ဂါ-ဂိ)
ပါဠိ-အင်္ဂလိပ်အဘိဓာန်တွင်မူ ဝါကစီရ၊
ဝက္ကလ၊ တိရီဋက တို့ အတွက် သစ်ပင်၏သစ်ခေါက်ဟု
သာမညဆိုပါသည်။
ထွေထွေထူးထူးမဆိုပါချေ။
အမရဒီပ
မတ်လ ၁၈၊ ၂ဝ၁၅
No comments:
Post a Comment