နိဒါန်း
ဘုရားဖြစ်ပြီး ၄၅ နှစ်အတွင်း
မိုးရာသီကာလတွေမှာ ဘုရားရှင်နေထိုင်သီတင်းသုံးခဲ့တဲ့နေရာတွေ၊အဲသည်နေရာ
တွေမှာ ဟောပြခဲ့တဲ့ဒေသနာတွေ၊
ဖြစ်ရပ်တွေကို လေ့လာမယ်ဆိုရင် အတော်ကျယ်ပြန့် မယ့် လုပ်ငန်းတခုဖြစ်ပါ
လိမ့်မယ်။
ရှေးဦးစွာ ဝါဆိုစဉ်နေရာတွေကို
မြန်မာလင်္ကာသွားနဲ့ မှတ်တမ်းတင်ခဲ့တာတွေကို လက်လှမ်းမီသလောက် စုစည်းကြည့်ပါမယ်။
မဟာသုတကာရီမဃဒေဝလင်္ကာသစ်ရဲ့ ဝါဆိုမှတ်တမ်း
ရှေးကတန္တီ ၊ ပဝေဏီဖြင့်
နည်းမှီထုံးစံ ၊ အနှုန်းခံမှ
သဟံဗြဟ္မာ ၊ ခွင့်ပန်ထွာ၍
ယူဇနာဆဲ့ရှစ် ၊ ကွာလစ်ဓွန့် တာ
မိဂဒါသို့ ၊ ဒေသစာချီထ
နေ့  ခြင်းကြွပြီး၊ ပုဏ္ဏရက်ဝါ
လနွယ်တာ၌ ၊ မင်္ဂလာချမ်းမြေ့ 
စနေနေ့ ဝယ် ၊ ဘုန်းဟေ့မြတ်မွန်
မြတ်ရွှေဉာဏ်ဖြင့် ၊ အပြန်သုံးခါ
ခြင်းရာဆဲ့နှစ် ၊ စတုသစ်တည့်
ဘွင့်လှစ်နဲနက် ၊ ဓမ္မစက်ကို
ဘဝဂ်နရက်၊ အောက်ထက်ကြေညာ
ဟောလှည့်ကာလျှင် ၊ ဗာရာဏသီ
ဝါကပ်မှီ၏ ၊ ဒုတီယ
တတီယ ၊ စတုတ္ထနှင့်
သတ္တရသာ ၊ ဝါတော်ဆင့်တိုး
နှစ်ဆယ်ဖြိုးအောင် ၊ လူမျိုးမှီခို
ရာဇဂြိုဟ်ဝယ် ၊ ခေါက်ကြိုတုံ
့ပြန်
ငါးတန်ဝဿ ၊ ဝါတော်မျှ၏
ပဉ္စမမှာ ၊ ပြည်ဝေသာနှင့်
ခြောက်ဝါမကုလ ၊ သတ္တမကား
သက္ကပုရိန် ၊ တာဝတိန်ထက်
ဒေဝိန်ဌာန ၊ ရှစ်ဝါရ၌
ဘဂ္ဂတိုင်းသာ ၊ ကိုးဝါတုံပြီ
ကောသမ္ဗီနဂရ ၊ ဒသမသော်
ရှင်တော်ဘော်နည်း ၊
တပါးတည်းဖြင့်
ပလလည်းတောရပ် ၊ တထပ်နောက်မှာ
ဆဲ့တဝါမူ ၊ နာဠာဂါမ
ဒွါဒသ၌ ၊
ဝေရဉ္ဇပြည်
တမည်ပေါင်းရုံး ၊
ဆယ့်သုံးဆယ့်ရှစ်
ဆဲ့ကိုးစစ်ကား ၊ တွင်လစ်သညီ
စာလီပဗ္ဗတ ၊ စုဒ္ဒသမှ
ဇေတကျောင်းသာ ၊ ဆဲ့ငါးဝါကို
ရွှေချက်သိုသည့် ၊ ကပိုလ်ပြည်ကြီး
စံပျော်မှီး၏ ၊ ထိုပြီးနောက်မှာ
ဆဲ့ခြောက်ဝါသော် ၊ အာဠဝီပြည်မ
ဤသို့ ပြသား၊ ပထမဗောဓိ
ဝီသတိဝယ် ၊ အနိဗဒ္ဓ
မြဲမမျှဘဲ ၊ ဒေသစာရီ
ရောက်ရာမှီ၍ ၊ ထိုဤပြည်ရပ်
ဝါတော်ကပ်၏ ၊ နောက်ထပ်ပစ္ဆိ
ဗောဓိမည်ပေး ၊ နှစ်ဆယ့်လေးကား
ရှေးသို့ ဘုန်းမော် ၊
စိတ်တော်မညွတ်
ပြည်သာဝတ်တွင် ၊ နိဗဒ္ဓဝါ
အရာမရွေ့ ၊
အရှေ့ ရွှေဘုံ
ပုဗ္ဗာရုံနှင့် ၊
မြေခုံဌာန
ဒက္ခိဏဟု ၊ နာမသမိုက်
တောင်တိုက်ဇေတဝန် ၊
ကျောင်းနှစ်ဌာန်ဝယ်
လှည့်ဘန်ဝါရ ၊ အစဉ်မျှတည့်
ပစ္ဆိမအခါ ၊ ဝေဠုရွှာ၌
ဝေနေသုံးကို ၊သိမ်းကျူံးချွတ်ကယ်
ကပ်စမ္ပယ်သည် ။ ။ လေးဆယ်ငါးဝါတွက်ရေတည်း……….။ (ပိုဒ်ရေ- ၅၇၃)
ပထမဗောဓိ ခေါ် ဘုရားဖြစ်ချိန်မှဝါတော်
၂ဝ အထိ ရာဇဂြိုဟ်မှာ ၅ ဝါ၊ စာလိယတောင်မှာ ၃ ဝါ၊ မိဂဒါဝုန်၊
ဝေသာလီ၊မကုလ(ဠ)၊ တာဝတိ
ံသာ၊ ဘဂ္ဂ၊ ကောသမ္ဗီ၊ ပါလိလေယျတော (ပလလဲတော)၊ နာဠရွာ၊ ဝေရဉ္ဖ၊ သာဝတ္ထိ၊ ကပိလဝတ်၊ အာဠဝီ
ဆိုတဲ့ ၁၂ နေရာမှာ ၁ ဝါစီ (၁၂+၅+၃= ၂ဝ) ဆိုတော့ ဝါတော် ၂ဝ ပြည့်သွား
ပါတယ်။ လင်္ကာမှာ အနိဗဒ္ဓဝါ လို့ သုံးတာက
ဝါဆိုမယ့်ကျောင်းကို အတည်တကျမသတ်မှတ်ဘဲ ခရီးလှည့်ရင်း
မိုးရာသီကျလာရင်
ရောက်တဲ့နေရာဝါဆိုတာလို့ ဆိုလိုတာပါ။
ဒုတိယဗောဓိ ခေါ် ၂၁ ဝါမှ ၄၅ ဝါအထိအတွင်းမှာ
၂၄ ဝါကို သာဝတ္ထိမြို့ အရှေ့ ဖက်ရှိ ပုဗ္ဗာရုံကျောင်းမှာဖြစ်စေ၊
မြို
့တောင်ဖက် ဇေတဝန်ကျောင်းမှာဖြစ်စေ ဝါဆိုလေ့ရှိပါတယ်။ သာဝတ္ထိမှာပဲ
အမြဲတစေအထိုင်ချပြီး ဝါဆိုလို့  နိဗဒ္ဓဝါ လို့ လင်္ကာမှာ သုံးထားတယ်။ ၄၅
ဝါမြောက်နောက်ဆုံးဝါကို ဝေဠုဝရွာမှာ သီတင်းသုံးပါတယ်။
မြတ်စွာဘုရားရဲ့ ၄၅ ဝါကာလမှာ
သာဝတ္ထိမှာ ၂၅ ဝါ၊ ရာဇဂြိုဟ်မှာ ၅ ဝါ၊ စာလိယ ၃ ဝါ ပေါင်း ၃၃ ဝါ၊ အခြား ၁၂ ဌာနမှာ ၁
ဝါစီ ပေါင်း (၂၅+၅+၃+၁၂= ၄၅) ဖြစ်ပါတယ်။
အပြန် ၃ ၊ အခြင်းအရာ ၁၂ ၊ စတုသစ်
လင်္ကာမှာ "အပြန်သုံးခါ၊
ခြင်းရာဆဲ့နှစ်၊ စတုသစ်တည့်" လို့ ရေးထားတာကို နည်းနည်းပြောဖို
့လိုလိမ့်မယ်ထင်ပါ
တယ်။ ဓမ္မစက္ကပဝတ္တနသုတ်ပါဠိတော်မှာ
"ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ
အဟောသိ= ဤသစ္စာ ၄ ပါးတို့ ၌ သစ္စဉာဏ်-ကိစ္စဉာဏ်-ကတဉာဏ်အား
ဖြင့် ၃ ပါးသောအပြန်ရှိသော ၊ ၃
ပါး ၄ လီဖြစ်၍ ၁၂ ပါးသောအခြင်းအရာရှိသော၊ ဟုတ်မှန်တိုင်းဖြစ်သော ဉာဏ်အမြင်သည်
ငါ့အားအလွန်သန့် ရှင်းကြည်လင်စင်ကြယ်စွာဖြစ်ပေါ်ပြီ" လို
့ဘုရားဖြစ်တာကိုယ်တိုင်ဝန်ခံတဲ့
စကားရပ်အဖြစ် တွေ့ နိုင်ပါတယ်။
မူလအခေါ်အားဖြင့် "တိပရိဝဋ္ဋ"
ကို မြန်မာပြန်တော့ "အပြန် ၃ ပါး"ဖြစ်လာတယ်။ အပြန် ၃ ပါးဆိုတာက
သစ္စာ
တပါးတပါးစီမှာ သစ္စဉာဏ်၊ကိစ္စဉာဏ် ၊ ကတဉာဏ်ဆိုတဲ့ ဉာဏ် ၃ မျိုးကို ဆိုလိုတာပါပဲ။
မူလအခေါ်အားဖြင့် "ဒွါဒသာကာရ"ကို
မြန်မာပြန်တော့ "အခြင်းအရာ ၁၂ ပါး"ဖြစ်လာပါတယ်။ (ပဋိစ္စသမုပ္ပါဒ်လာ
ခြင်းရာ ၂ဝ နဲ့  ကျေးဇူးပြုပြီး မရောထွေးလိုက်ပါနဲ့ ….။)
ဒီနေရာမှာ အခြင်းအရာ ၁၂
ပါးဆိုတာကတော့ သစ္စ-ကိစ္စ-ကတဉာဏ်ဆိုတဲ့ ၃ မျိုးကို သစ္စာ ၄ ပါးနဲ့ မြှောက်ပွားပြီး
ရတဲ့ ဉာဏ် ၃ ပါးရဲ့ သိမြင်နားလည်ပုံအခြင်းအရာ ၁၂ ပါးလို့ ဆိုလိုတာပါ။
သစ္စာတပါးတပါးစီမှာ ထိုးဖောက်သိမြင်ပုံ ၃ မျိုးစီ (တနည်းပြောရင် ဉာဏ်အမြင် ၃
မျိုးစီ) ရှိနေလို့  သစ္စာ ၄ ပါးဆိုတော့ ၄ ကို ၃ နဲ့ မြှောက်တော့ ၁၂
ဖြစ်လာပါလေရော…..။
"စတုသစ်"ဆိုတာကတော့
ပါဠိလို စတု= ၄ ၊ သစ်=သစ္စာ လို့ ဖော်ကြည့်ပါ။ ဒုက္ခ၊သမုဒယ၊နိရောဓ၊ မဂ္ဂသစ္စာ ကို
ဆိုလိုကြောင်း နားလည်နိုင်ပါတယ်။
"ကပိုလ်ပြည်"ဆိုတာက "ကပိလဝတ်ပြည်"ကို
ဆိုလိုတာပါ။ မန်လည်ဆရာတော်က ကဗျာဆရာလိုင်စင်
(Poetic License) ကိုကိုင်စွဲပြီး
ရှေးပါဒဖြစ်တဲ့ "ရွှေချက်သိုသည့်"က "သို"နဲ့ ကာရန်မိအောင် "ကပိလ"ကို
"ကပိုလ်"လို့  ပြောင်းသုံးတယ်။ "ဝတ္ထု=ဝတ်"ကိုတော့
ရဟန်းကျောင်းသုံးပါဠိသဒ္ဒါစကားလုံးနဲ့ ပြောရင် "လောပ=ကြေ၊ချေ" လိုက်တယ်ပေါ့လေ။
မရှိအောင်လုပ်ထားတယ်၊ကွယ်ပျောက်အောင်လုပ်လိုက်တယ်လို့ ဆိုလိုတာပါပဲ……။
အလားတူ……….
"ဒေဝဒဟ၊ ကောလိယနှင့်၊
ကပိလမည်၊ ပြည်သုံးပြည်ကို"….. (ပိုဒ်ရေ- ၁၃)
"တကွမပြား၊
လေးယောက်သားနှင့်၊ ငါးပါးသမီး၊ နတ်ရွယ်ညီးတို့ ၊ တောကြီးဟေမာ၊ ထွက်ကြလာ၍၊
မဟာဣသိန္ဒ၊
ကပိလ၏၊ သာကဝနေ၊ ကျောင်းရာမြေဝယ်၊ ဇေယျာနက်သန်၊ အောင်ကွက်မှန်၌၊
ဗိမာန်ထီးနန်း၊
တည်ဘန်ဆန်း၍၊ ပြဋ္ဌာန်းနာမ၊ တိုင်းသက္ကနှင့်၊ ကပိလဝတ္ထု၊ ပြည်သေတ္တုဟု" …..
(ပိုဒ်ရေ-၃၂)
"ဘုရားဖြစ်ဘို့ ၊ လူတို
့ဌာနီ၊ ပြည်ကပီဝယ်"….. (ပိုဒ်ရေ- ၅၃၄)
"သောင်းမြေဌာနီ၊ ပြည်ကပ္ပီ၌"…..
(ပိုဒ်ရေ- ၅၆၂)
"မဏ္ဍိုင်ဌာနီ၊ ပြည်ကပ္ပီဝယ်"…..
(ပိုဒ်ရေ- ၃၂)
……တို့ ကိုကြည့်ပြီး ကဗျာဆရာတွေ စကားလုံးကစားပြီး စာပန်းချီ
ရေးဆွဲပုံသွင်းစပ်ဟပ်တာတွေ မြင်လာရပါတယ်။
နောက်ကြောင်းဗုဒ္ဓဝင်
မန်လည်ဆရာတော်ရဲ့လင်္ကာအစပိုင်းအရ
ဇာတ်လမ်းကျောရိုးကိုပြောမှ ပြည့်စုံပေမယ်။ ဗုဒ္ဓမြတ်စွာဟာ
ကဆုန်လပြည့်နေ့ မှာ
ဘုရားဖြစ်ပြီး ဗောဓိပင်အနီးအနားနေရာတွေမှာ ခုနစ်ရက်ခုနစ်လီ (၄၉) ရက်လုံး
တနေရာစီ ရွှေ
့ပြောင်းသီတင်းသုံးပါတယ်။ ခုနစ်နေရာမြောက် လင်းလွန်းပင် (ရာဇာယတနသတ္တာဟ)ရင်းကနေ
ဆိတ်ကျောင်းညောင်ပင်(အဇပါလသတ္တာဟ)နေရာဆီသို့  တဖန်ပြန်လည်ကြွရောက်နေထိုင်စဉ်မှာ
တရားဟော
၊တရားပြလုပ်ငန်းအတွက်
သဟမ္ပတိဗြဟ္မာလာရောက်တောင်းပန်အဘိယာစကပြုပါတယ်။ ဝါဆိုလဆန်း ၁၄ ရက်
ညဥ့်အထိ ဗောဓိမဏ္ဍိုင်မှာ
နေထိုင်ခဲ့ပြီး နေ့ ချင်းအရောက် ၁၈ ယူဇနာဝေးတဲ့ ဗာရာဏသီ၊ မိဂဒါဝုန်တောရှိ
ပဉ္စဝဂ္ဂီတို့ ထံ ကြွရောက်ပါတယ်။ (ရှေးအခေါ်နွယ်တာလ) ခေတ်အခေါ်ဝါဆိုလပြည့်၊ စနေ့ နေ
့ညမှာ တရားဦး
ဓမ္မစကြာကို ဟောတော်မူပါတယ်။
ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ မှာ ပဉ္စဝဂ္ဂီတို့ နဲ့ အတူ မိဂဒါဝုန်မှာ ဝါဆိုဝါကပ်
တော်မူပါတယ်။
အမရဒီပ
သြဂုတ်၂၊ ၂ဝ၁၂
No comments:
Post a Comment