၁။
"နံတေပညာ ၊ အဋ္ဌာရသ
နိပ္ဖန္နနှင့် ၊ လက္ခဏလေးထွေ
ယင်းအနေကို ၊ ကိလေဆယ်ပါး
မြှောက်ပွားတုံထ၊
ခုနှစ်ရာ့ငါးဆယ်
ပေါင်းချယ်ရေတွက် ၊ သင်္ချာထွက်သား
မီးထက်ပြောင်ညိ ၊ လောင်မချိဖြင့်
မိမိသန္တာန် ၊ သူ့ သန္တာန်ဟု
နှစ်တန်ပေါင်းကာ ၊
ထောင့်ငါးရာကို"……………….(ပိုဒ်ရေ၊၁၈။)
ဒီကနေ့ လူတွေကြား အသုံးများတဲ့
၁၅ဝဝ ဂဏန်းဖြစ်ပေါ်ပုံကို မဃဒေဝလင်္ကာသစ်မဟာကဗျာကဝိမန်လည်
ဆရာတော်ကြီးက ရှင်းပြတဲ့အနေ
လင်္ကာဖွဲ့ တော်မူပါတယ်။ "နံတေပညာ" ဆိုတာ "နာမ်တေပညာသ"ကိုဆိုလို
တာပါ။ စိတ် ၁၊ စေတသိက် ၅၂
ပေါင်းတော့ ၅၃ ပါးဟာ နာမ်တရားဖြစ်လို့  နာမ်တေပညာသလို့ ခေါ်တာဖြစ်ပါ
တယ်။ (တေ ၃ + ပညာသ ၅ဝ=တေပညာသ ၅၃)
နောက် နိပ္ဖန္နရုပ် အဋ္ဌာရသ ၁၈၊
လက္ခဏရုပ် ၄ ကို ဆက်လက်ဖော်ပြတယ်။ ၅၃+၁၈+၄= ၇၅ ဖြစ်လာပါတယ်။
၇၅ ကို ကိလေသာ ၁ဝ ပါးနဲ
့မြှောက် ၇၅ဝ ဖြစ်တယ်။ မိမိသန္တာန် (အဇ္ဈတ္တ) ၁ နဲ့  သူတပါးသန္တာန် (ဗဟိဒ္ဓ) ၁
ဆိုတဲ့ သန္တာန် ၂ ပါးနဲ့ ထပ်မြှောက်တော့ ၁၅ဝဝ ဖြစ်လာပါတယ်။
၂။
"ခုဒ္ဒကကျမ်းလာ ၊
ရှစ်ရာနှင့်တစ်
ကိလေစစ်၌ ၊ ရာရှစ်တဏှာ
ပယ်နုတ်ကာလျှင် ၊ မိစ္ဆာဒွါသဌ်
ထည့်လတ်တုံပြန်၊ အနုပ္ပန်နှင့်
ဥပ္ပန်နှစ်ပါး ၊
ထပ်ပွားမြှောက်ကြို
ဆယ်ပါးပိုကို၊ မလိုပယ်ချ
ဦနသင်္ချာ၊ ထောင့်ငါးရာဟု
ကိလေသာဆိုး၊ မိုက်မျက်မျိုးကို
ပြတ်ကျိုးကျေမွ ၊ မကျန်ရအောင်
ပြာကျစေလျက်၊ ပစ်ချေညက်မှ".................(ပိုဒ်ရေ၊
၅၃၄။)
ဒီလင်္ကာပါ "ခုဒ္ဒကကျမ်း"ဆိုတာ ဓမ္မပဒပါဠိတော် စတဲ့ ကျမ်းစာတခုခုကို
ဆိုလိုတာမဟုတ်ပါဘူး။
အဘိဓမ္မာ ၇
ကျမ်းမှာအပါအဝင်ဖြစ်တဲ့ ဝိဘင်္ဂပါဠိတော်ကျမ်းလာ "ခုဒ္ဒကဝတ္ထုဝိဘင်္ဂ"ဆိုတဲ့အခန်းကို
ဆိုလိုတာပါ။
ဆဋ္ဌသံဂါယနာမူ၊ ဝိဘင်းပါဠိတော်၊
စာမျက်နှာ ၃၅၉ ကို ကြည့်ပါ။ ဝိဘင်းပါဠိတော်မြန်မာပြန်နိဒါန်းမှာ "ခုဒ္ဒက"ဆို
တဲ့ စကားလုံးအကြောင်းကို အခုလို
ရှင်းပြထားပါတယ်။
"ဤ၌ ခုဒ္ဒက သဒ္ဒါသည်
သေးငယ်သိမ်ဖျင်းယုတ်ညံ့သောတရားများဟု အဓိပ္ပါယ်အနက်ရရှိသည်။ မှန်လှ၏။
ယင်းအမည်နှင့်လိုက်လျောညီစွာပင် ခုဒ္ဒကဝိဘင်း၌ ယုတ်ညံ့သိမ်ငယ်သည့်
အကုသိုလ်တရားအမျိုးမျိုးကို
ဝေဘန်ဟောကြားထားပေသည်။"
အဲသည် ခုဒ္ဒကဝတ္ထုဝိဘင်းအခန်းမှာ
ကိလေသာ ၈ဝ၁ ကို ဟောတော်မူထားပါတယ်။ ၁ဝ၈ ပါးကို ပါဠိတော်မာတိ
ကာအတိုင်း
အကျဉ်းချုပ်ရေတွက်ကြည့်ရင် ၁ ပါးအုပ်စု ၇၃၊ ၂ ပါးအုပ်စု ၃၆၊ ၃ ပါးအုပ်စု ၁ဝ၅၊ ၎
ပါးအုပ်စု ၅၆၊ ၅ ပါးအုပ်စု ၇၅၊ ၆ ပါးအုပ်စု ၈၄၊ ၇ ပါးအုပ်စု ၄၉၊ ၈ ပါးအုပ်စု ၆၄၊ ၉
ပါးအုပ်စု ၈၁၊ ၁ဝ ပါးအုပ်စု ၇ဝ၊ တဏှာဝိစရိတ ၁ဝ၈ …….အားလုံးကိုပေါင်းကြည့်ရင်
(၇၃+၃၆+ ၁ဝ၅+ ၅၆+၇၅+၈၄+၄၉+၆၄+၈၁+၇ဝ+၁ဝ၈=၈ဝ၁)
ရှစ်ရာနဲ့ တစ် ဖြစ်လာပါတယ်။
၈ဝ၁ ထဲက တဏှာဝိစရိတ ၁ဝ၈ ကို
နုတ်ပါ။ ၆၉၃ ပါးကျန်ပါတယ်။ ၆၉၃ ကို မိစ္ဆာဒိဋ္ဌိ ၆၂ ပါးနဲ့ ပေါင်းတော့ ၇၅၅
ဖြစ်လာပါတယ်။ ဥပ္ပန္နကိလေသာ (ဖြစ်ပြီးကိလေသာ) နဲ့  အနုပ္ပန္နကိလေသာ
(မဖြစ်သေးသောကိလေသာ)
၂ ပါး နဲ့ မြှောက်ရင် ၁၅၁ဝ
ဖြစ်လာတယ်။ လင်္ကာမှာ "ဆယ်ပါးပိုကို၊ မလိုပယ်ချ၊ ဦနသင်္ချာ၊ထောင့်ငါးရာ"လို
့ ဆိုတဲ့
အတိုင်း ၁၅၁ဝ မှာ ၁ဝ
ပါးပိုနေပေမယ့် "အနည်းငယ်အပိုအလွန်မှာ
ဂဏန်းမဖွဲ့ လောက်ပါ= အပ္ပကံ ပန ဦနမဓိကံ ဝါ န ဂဏနူပဂံ ဟောတိ" ဆိုတဲ့
ပြောရိုးပြောစဉ်စကားအရ အပို ၁ဝ ကို ဂဏန်းအရေအတွက်ထဲ မထည့်တော့
တာကြောင့် "၁၅ဝဝ
ကိလေသာ"ဖြစ်လာပါတော့တယ်။
၃။
အဋ္ဌကထာ၊ ဋီကာတွေမှာ "အဋ္ဌသတတဏှာဝိစရိတ၊
အဋ္ဌသတပ္ပဘေဒ"လို့  ခေါ်ကြတဲ့ တဏှာ ၁ဝ၈ ကိုလည်း မဃဒေဝလင်္ကာသစ်မှာ တွေ့ ရပါတယ်။
"အာရုံခြောက်ဖြာ ၊ တဏှာသုံးထပ်
နှစ်ရပ်သန္တာန် ၊ သုံးတန်ကာလ
အဆဆတိ ၊ မြှောက်ထပွားလစ်
တရာ့ရှစ်ဟု ၊ ဆိုးညစ်ယုတ်မာ
ပျော်တတ်စွာသား၊ တဏှာမည်ရှိ
စပ်ယှဉ်ဘိတိုင်း ၊ …………………" (ပိုဒ်ရေ၊ ၅၂၁။)
လင်္ကာပြတဲ့အစီအစဉ်အတိုင်းပြောရင်
အာရုံ ၆ ပါးကို တဏှာ ၃ ပါးနဲ့ မြှောက်
(၁၈)၊ ၁၈ ကို သန္တာန် ၂ ပါးနဲ့ 
မြှောက် (၃၆)၊ ၃၆ ကို ကာလ ၃
ပါးနဲ့ မြှောက် (၁ဝ၈) ဖြစ်သွားပါတယ်။
အဘိဓမ္မတ္ထသင်္ဂဟ (သင်္ဂြိုဟ်)
သင်နည်းတွေမှာတွေ့ ရတတ်တဲ့……….
"တဏှာသုံးတန်၊ တည်ထားပြန်၊
အာ-ကာ-သန်ဖြင့်မြှောက်။"
"တဏှာအစစ်၊ တရာ့ရှစ်၊
ဖြစ်၏ကိုယ်မှာရောက်။"
ဆိုတာနဲ့  အညီကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာခေါ်တဲ့တဏှာ
၃ ပါးကိုတည်၊ တဏှာ ၃ ပါးက
အာရုံ ၆ ပါးကို အာရုံပြုတော့
အာရုံ ၆ ပါးနဲ့ မြှောက်တော့ တဏှာ ၁၈
ဖြစ်တယ်။ တဏှာ ၁၈ မျိုးလုံးဟာ အတိတ်
အနာဂတ် ပစ္စုပ္ပန်ကာလ ၃ ပါးမှာရှိတဲ့အာရုံတွေကို အာရုံပြုတတ်လေတော့ ကာလ ၃ ပါးနဲ
့မြှောက် ၅၄ ဖြစ်တယ်။ တဏှာ ၅၄ ပါးလုံးဟာ မိမိသန္တာန်၊ သူတပါးသန္တာန် ၂ မျိုးလုံးကို
အာရုံပြုလေတော့ ၅၄ ကို ၂ နဲ့ မြှောက် ၁ဝ၈
ဖြစ်ပြန်တယ်။
မြှောက်ပုံအစီအစဉ်ချင်းမတူပေမယ့် တဏှာ ၁ဝ၈
ဖြစ်တာချင်းတော့တူသွားတာပါပဲ။
၎။
"အထ မေ ဣမသ္မိံ ပလ္လင်္ကေ
နိသိန္နေန ဒိယဍ္ဎကိလေသသဟဿံ ခေပေတွာ အယံ ဓမ္မော
ပဋိဝိဒ္ဓေါတိ ပဋိဝိဒ္ဓဓမ္မံ ပစ္စဝေက္ခန္တော သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ= ထိုမှနောက်၌ ငါသည်
ဤပလ္လင်၌ထိုင်တော်မူလျက် အခွဲအားဖြင့် နှစ်ထောင်သောကိလေသာကို (ဝါ)
တထောင့်ငါးရာကိလေသာကို ကုန်စေပြီး၍ ဤသဗ္ဗညုတဉာဏ်
တရားကို ထိုးထွင်း၍ သိအပ်ပြီ၊
ဤသို့ ထိုးထွင်း၍သိတော်မူအပ်ပြီးသော သဗ္ဗညုတဉာဏ်တရားကို ဆင်ခြင်တော်
မူလျက် ခုနှစ်ရက်ပတ်လုံး တခုသော
လက်ဝယ်တင်ပလ္လင်ဖြင့် ထိုင်နေတော်မူပြီ" ဆိုတဲ့ အဋ္ဌသာလိနီအဋ္ဌကထာ
စကားမှာ " ဒိယဍ္ဎကိလေသသဟဿံ "ကို
မူလဋီကာမှာ အသေအချာဖွင့်တယ်။ အဲဒီအဖွင့်အတိုင်းပဲ မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာမှာ
ပြန်ရေးတယ်။
"ဒိယဍ္ဎကိလေသသဟဿံ" ကို
အခွဲအားဖြင့် နှစ်ထောင် (ဝါ) တထောင့်ငါးရာ လို့ မြန်မာပြန်တာကို သတိပြုမိကြမှာပါ။ "အခွဲအားဖြင့်နှစ်ထောင်"
ဆိုတာ ၁၅ဝဝ ကို Rounding whole numbers အနေနဲ့ ကြည့်
ရင် ၂ဝဝဝ ဖြစ်သွားတယ်လို
့ယူဆနိုင်ပါတယ်။အတိအကျဆိုရင် ၁၅ဝဝ ပေါ့လေ။
စကားကြုံလို့ …………
" ခွဲပါတွက်ဆ ၊
တထောင်လျလျက်
ရှစ်ပါးတရာ၊ ကိလေသာနှင့်
တဏှာမလပ် ၊ နေ့ တိုင်းကပ်လည်း
ဖပ်ဖပ်စိုစို ၊ မစွတ်လိုဟု
ရွယ်ညိုလှထွား ၊ သားမယားကို
စွန့် ထားခွါရှောင် ၊
တောင်ကြီးချောင်၌ "………..ဆိုတဲ့ မုဒုလက္ခဏပျို
့၊ ပိုဒ်ရေ ၁၉ မှာ အခွဲ (တထောင်ရဲ့ ထက်ဝက် ၅ဝဝ) ကို ၁ဝဝဝ ထဲပေါင်းထည့်ပြီး
၁၅ဝဝ ကိလေသာဖြစ်ပုံကို စပ်ဆိုတာ တွေ့ ရပါတယ်။
၅။
ကိလေသာ ၁၅ဝဝ၊ တဏှာ ၁ဝ၈
များ-များနိုင်လွန်းတယ်၊ အရိယမဂ်ပယ်စဉ်နဲ့ ဒီ ၁၅ဝဝ၊ ၁ဝ၈ ကို "ဆန်စဉ်ရာ
ကျည်ပွေ့ လိုက်"ဆိုတာလို တခုချင်းလိုက်ပယ်ရှားနေရမှာလား စဉ်းစားဖွယ်ရှိပါတယ်။
အမှန်တော့ တဏှာ ၃ တန်အရင်းခံပြီး
အာ-ကာ-သန်နဲ့ မြှောက်ထားတဲ့ ကိလေသာတွေကို တခုချင်းလိုက်နေ
စရာမလိုပါဘူး။
အတိတ်ကိလေသာ၊အနာဂတ်ကိလေသာ၊ ပစ္စုပ္ပန်ကိလေသာ အစားစားတွေကိုလည်း လိုက်နေစ
ရာမလိုလှပါဘူး။ အနုသယတဏှာ
(လောဘကိလေသာ) ကို ပယ်နိုင်ရင် ကိစ္စပြီးတယ်လို့  မှတ်ယူနိုင်ပါတယ်။
အမရဒီပ
သြဂုတ် ၁၊ ၂ဝ၁၂
ကျမ်းကိုး။
၁။ ဝိဘင်းပါဠိတော် ၊ အဋ္ဌကထာ
၂။ အဋ္ဌသာလိနီအဋ္ဌကထာ၊ မူလဋီကာ
၃။ အဋ္ဌသာလိနီဘာသာဋီကာ ၊၁၊
၎။ မဟာသုတကာရီမဃဒေဝလင်္ကာသစ်
၅။ ဝိဘင်းပါဠိတော်မြန်မာပြန်
No comments:
Post a Comment