မော်ဒန်၊
ပို့ (စ်)မော်ဒန်တွေခေတ်စားစဉ်ကာလတွင် သူသူငါငါကဗျာရေးသူ၊ ဝတ္ထုရေးသူတို့ သည်
ခေတ်နောက်
ကျကျန်ရစ်မှာ စိုးထိတ်သည့်အလား
သူ "ဒန်"လျှင် ကိုယ်လည်း"ဒန်"နေကြသည်ကို
ဝါရင့်သမ္ဘာရင့်စာရေးဆရာ
ကြီးတဦးက "အခုနေအခါတော့
ဘယ်သူက မော်ဒန်စာပေသမားအစစ်အမှန်လဲပြောရမှာခက်သဗျ၊ မြင်းတအုပ်
အပြေးပြိုင်ပွဲဝင်နေသလိုပဲ၊
ပန်းဝင်ခါမှ ဒီလူကတော့ ခါတော်မှီပဲ၊ ဒီလူကတော့ ဒန်သမားစစ်စစ်ပဲပြောလို့ ရမယ်
ထင်တယ်"ဟု
မှတ်ချက်ပေးဖူးကြောင်း ဧဝံ မေသုတံ ဖူး၏။
မြန်မာပြည်သာသနာရေးလောကတွင်
တရားဟောဓမ္မကထိကများရှားပါးခဲ့ဖူး၏။ လယ်တီဆရာတော် ဦးဝိလာသ
ကိုယ်တိုင်တရားပွဲတခုတွင် ဓမ္မကထိကစာရင်းကို ချပြဖူး၏။ ထိုဓမ္မကထိကများမှာ
မင်းကွန်းတိပိဋကဆရာတော်၊ အနီးစခန်းဆရာတော် နှင့် ဆရာတော်ဦးဝိလာသကိုယ်တိုင်တို
့ဖြစ်ကြသည်။ ထိုသို့ တရားဟောဆရာတော်ရှားပါး
ရသည့်အထဲ "ရှင်နည်းရာ
အဂ္ဂလူထွက်"ဆိုသလို အနီးစခန်းဆရာတော်သည် ကျန်းမာရေးချို့ တဲ့လာမှုကြောင့်
တရားဟောပြောခြင်းကို နားလိုက်သည့်အတွက် ပို၍ပင်
ဓမ္မကထိကအင်အားနည်းသွားပြီဖြစ်ကြောင်း ညဉ်းညူ
တော်မူဖူး၏။
တပါတီခေတ်ကောင်းစဉ်က
တနိုင်ငံလုံးအတိုင်းအတာဖြင့်လူသိများသောဓမ္မကထိကဆရာတော်များမှာလည်း
လက်ဆယ်ချောင်းပင် မပြည့်တတ်ချေ---။ ကြာနီကန်ဆရာတော်ကတော့ ယင်းအချိန်လောက်တွင် သက်ရှိ
ထင်ရှားမရှိတော့သော်လည်း အသံတရားခွေများကား
ကက်ဆက်အခွေငှါးဆိုင်များတွင် ငှါးသူများသည့်
စာရင်းဝင်ဖြစ်နေကြောင်း အတိတ်ကို
ပြန်အမှတ်ရမိပါ၏။
"သပိတ်အိုင်ဆရာတော်၊
သဲကုန်းဆရာတော်၊ သီတဂူဆရာတော်"ဟု အမည် ၃ မျိုးဖြင့်ကျော်ကြားတော်မူသော
ဆရာတော်တပါးသည်သာ သက်ရှိထင်ရှား နိုင်ငံကျော်ဓမ္မကထိကအဖြစ် မိမိတို့ ငယ်စဉ်ကတည်းက
သိမှတ်ခဲ့ရပါ
သည်။ ဆရာတော်သည်
ပါဠိတော်ဟောစဉ်ကြီးများကို ကျက်မှတ်လေ့လာပြီး ဟောတော်မူခဲ့သည်။ ဆရာတော်၏
ပါဠိတော်ဟောစဉ်များကို
နာကြားတိုင်းနာကြားတိုင်း စာချဆရာတော်ရှေ့မှောက်တွင် ပါဠိတော်၊ အဋ္ဌကထာ၊
ဋီကာများစုံလင်စွာခင်းကျင်းလျက်
စာတက်နေရသည့်အလား ခံစားရပါသည်။
ယခုအခါတွင် လောကအတွေ
့အကြုံ၊လုပ်ငန်းအတွေ့ အကြုံ၊ သက်တမ်းအတွေ့ အကြုံများကို ဓမ္မအတွေ့ အကြုံ
များနှင့်
ပေါင်းစပ်ပြီးဟောနေလေရာ မှတ်သားဖွယ်အနှစ်သာရများနှင့်ပြည့်ဝသောဟောစဉ်များကို ဖြန်
့ဝေဆဲ
ရှိနေပါ၏။
၁၉၈၈ နောက်ပိုင်းတွင်
အရင်ခေတ်ကာလနှင့်မတူ ဓမ္မကထိကဆရာတော်အများအပြားပေါ်ထွက်လာခဲ့သည်
ဟု ဆိုနိုင်ပါသည်။
များသောအားဖြင့် ၈၈ နောက်ပိုင်း တရားဟောဆရာတော်များစွာတို့ သည်
အဟောကောင်းများ မဟုတ်ကြဘဲ အပြောကောင်းများဖြစ်ကြသည်။ အဟောကောင်းဆိုသည်မှာ
သက်ဆိုင်ရာပါဠိတော်များကို
တရားနာသူများနာယူနိုင်ရန် ရွတ်ဆို၊ အနက်မြန်မာပြန်၊
အဓိပ္ပါယ်ပြောသည်ကို
ဆိုလိုပါသည်။ အပြောကောင်းဆိုသည်ကတော့ ပါဠိ၊အနက်ကို အသားပေးခြင်းမပြုဘဲ
ပါဠိကို သိသာရုံမျှသာပါစေသည်။
တရားနာသူခေတ်ပရိသတ်တို့ ကလည်း ပါဠိရွတ်၊အနက်ပေးသည်ကို
နားမလည်သည့်အတွက်
စိတ်မဝင်စား၊ အင်္ဂလိပ်စာကားလုံးအပါအဝင်ဘာသန္တရ
စကားလုံးတွေပါသည်ကို
စိတ်ဝင်စားသည်ယူဆကာထိုထိုစကားလုံးတို့ကို အစာသွတ်ပြီး စကားကိုသာ
ပရိသတ်စိတ်ဝင်စားအောင်ပြောကြသည်ကို ဆိုလိုပါ၏။ ရှိပစေ--ဟောသည်ဖြစ်စေ၊
ပြောသည်ဖြစ်စေ
ဓမ္မကထိကတို့၏ တာဝန်ကား အယူမှား အသိမှားကို ဖြေရှင်းပပျောက်စေပြီး
အယူမှန်အသိမှန်ကို
ပေးနိုင်ရေးပင်ဖြစ်ပါ၏။ အယူမှန်အသိမှန်ကို ပေးနိုင်ရေးအတွက်
ဓမ္မကထိကတို့ သည်
ဝမ်းစာပြည့်ရန် လိုအပ်၏။
ဤစကားသည်အထူးအဆန်းမဟုတ်ချေ---။ တပါးသူကို ပေးနိုင်ရေးအတွက်မိမိကိုယ်တိုင်ကသက်ဆိုင်ရာနယ်ပယ်မှာကျကျနနနားလည်ရေးဆိုသည်မှာ
ပညာရေး၊လေ့ကျင့်ရေးတို့၏လိုအပ်ချက်ပင် ဖြစ်ပေသည်။
ကာယကံရှင်ကိုယ်တိုင်က မသိနားမလည်ဘဲ တပါးသူကို သင်ပြပေးခြင်းသည် အမှားကို
ဖြန်
့ဖြူပေးရာရောက်သည့်အတွက် အလွန်အန္တရာယ်ကြီးမားသောလုပ်ရပ်ဖြစ်ပေသည်။
ဓမ္မကထိကတပါးသည်
သက်ဆိုင်ရာဝိနည်း၊ သုတ္တန်၊ အဘိဓမ္မပိဋကများကို ကျွမ်းကျင်နှံ့စပ်လေလေ
ဗုဒ္ဓသာသနာတော်၏ အနှစ်သာရကို မျာများပို့ ချဖြန့် ဖြူးနိုင်လေလေဖြစ်ပါသည်။
စာတတ်ဆရာတော်တိုင်း တရားဟောကောင်းသူ မဖြစ်ကြပါ။
သို့ သော်
စာတတ်ဆရာတော်ဟောသောတရားသည် များသောအားဖြင့်အမှားအယွင်းကင်းပါသည်။
ထိုဆရာတော်များသည်
သဘောတရားရေးရာပိုင်းမှာပိုင်နိုင်ကြသည်ပေကိုး---။
သို့ သော်
အဆိုပါဆရာတော်အများစုမှာ ပရိသတ်နှင့်ထိတွေ့ ဆက်ဆံမှုနည်းပါးသည့်အလျောက် ပရိသတ်
စိတ်ဝင်စားအောင်
တင်ပြသည့်အတတ်ပညာပိုင်းမှာ အားနည်းချက်များရှိကောင်းရှိနိုင်ပါသည်။
ယနေ့ ခေတ် ဓမ္မကထိကအများစုသည်
ပရိသတ်စိတ်ဝင်စားအောင် အကြောင်းအရာတရပ်ကို တင်ပြသည့်
အတတ်ပညာ၊ အပြောစကားလုံးကို
ပိုင်နိုင်ကြပါသည်။ သို့ သော်--သို့ သော် သဘောတရားရေးဟု ဆိုအပ်သော
ပိဋကပိုင်းဆိုင်ရာတွင် ကျွမ်းကျင်ပိုင်နိုင်မှုအားနည်းနေပါသည်။ ထိုအားနည်းချက်ကို
ပြုပြင်ရန် ပိဋကကိုလေ့လာရုံ
မှတပါးအခြားမရှိချေ--။
ဓမ္မကထိကပုဂ္ဂိုလ်တပါးအတွက်ပိဋကတ်ဆိုင်ရာသိမြင်မှုနားလည်မှုအားနည်းလျှင်
"ဓမ္မကထိကဝမ်းစာနည်းသူ"ဖြစ်လေတော့သည်။
ဓမ္မကထိကဆရာတော်တပါး၏ဟောပြောချက်ကို
ကြားလိုက်ရ၏။ ထိုဆရာတော်မှာ ယခုအခါ တရားဟောခွင့်
ပိတ်ပင်ခံနေရကြောင်းသတင်းကြားရသည့်အတွက်
သူ၏တရားကို ရှာဖွေနာယူဖြစ်ပါသည်။ ၄င်းဓမ္မကထိက
ဆရာတော်က------
သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒါပနံ၊
ဧတံ ဗုဒ္ဓါန
သာသနံ----ဟူသောပါဠိဂါထာကိုကိုးကားရွတ်ဆိုပြီး
အလုံးစုံသောမကောင်းမှုတွေကို
မပြုနဲ့ ၊ မလုပ်နဲ့ 
ကုသိုလ်ကိစ္စမှန်သမျှဖြစ်ပေါ်စေရမည်၊
လုပ်ရမည်
စိတ်ကိုဖြူစင်အောင်ထားကြ---
ဟုလည်း
ပါဠိဂါထာ၏ဆိုလိုလိုချက်ကို မြန်မာပြန်ပြသည်။
ယင်းနောက်--
"ဒီဂါထာက မြတ်စွာဘုရားရဲ့သာသနာတော်စတင်ပြီး
အခြေတည်လာတဲ့စကား----သာသနာအစပိုင်းမှာ
ဒီစကားကလေးနဲ့  ၊ ရဟန်းခံရင်လဲ ဒီစကားကလေးနဲ့ ရဟန်းခံတယ်။
သာသနာကို စတင်အခြေတည်
တာ သာသနာပြုခဲ့တဲ့စကားပေါ့နော်--။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပထမပိုင်းဝါတွေမှာ အခုဝိနည်း
ပညတ်ချက်တွေ မထုတ်ခင် ဆယ်ဝါအတွင်းပေါ့၊ ရဟန်းခံမယ့်
ပုဂ္ဂိုလ်တွေဆို ဒါကလေးပေးလိုက်တယ်။
ဒါလေးသြဝါဒပေး၊ ရဟန်းဖြစ်သွားတယ်။နောက်က ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ--ဘာညာပါတာပေါ့။
ပညာရှိတွေသိပြီးသား--------------------။"
အမှန်အားဖြင့်
သဗ္ဗပါပဿ-ဂါထာအပါအဝင် ဂါထာ ၃ ပုဒ်သည် ဓမ္မကထိကဆရာတော်ပြောသလို
ရဟန်းခံပေးသောဂါထာမဟုတ်ပါ။
မြတ်စွာဘုရားရှင်များသာ ကိုယ်တော်တိုင်ဟောပြတော်မူသော
သြဝါဒပါတိမောက်ဒေသနာတော်သာဖြစ်ပါသည်။
သြဝါဒပါတိမောက်ကို သာဝကများမပြကြပါ။
သာဝကများသည် အာဏာပါတိမောက်ကိုသာ ပြကြပါသည်။
ထိုကြောင့်
ဓမ္မကထိကဆရာတော်၏ "ဒီဂါထာကလေးနဲ့  ရဟန်းခံရတယ်"ဟူသော စကားမှာ
ကရော်ကမယ်အမှားသာဖြစ်နေသည်။ အကြောင်းရင်းမှာ ဓမ္မကထိကဆရာတော်၏
ဝမ်းစာမပြည့်မှုကြောင့်
ဖြစ်ပေါ်လာရကြောင်း အထူးပြောဖွယ်မလိုလေက်အောင်ရှင်းပါသည်။ ဧဟိဘိက္ခု
စသောရဟန်း ၈ မျိုး
အကြောင်းကို
သက်ဆိုင်ရာဆရာသမားများထံချဉ်းကပ်ပြီးသေသေချာချာ လေ့လာသင့်ပါသည်။
တဖန်ထို့ ပြင် " ဘုရားရှင်ကိုယ်တော်မြတ်ကြီး
ပထမပိုင်းဝါတွေမှာ အခုဝိနည်းပညတ်ချက်တွေ မထုတ်ခင် ဆယ်ဝါအတွင်းပေါ့၊"ဟူသော
ဓမ္မကထိကဆရာတော်၏စကားမှာလည်း လွဲချော်နေပြန်၏။ ကျမ်းဂန်မှာမရှိဘဲ
စိတ်ထင်ရာ
ဗရမ်းဗတာပြောနေသည်ဟု ယူဆမိပါ၏။ မြတ်စွာဘုရားရှင်သည် ပထမဗောဓိ
(ဝါတော် ၂ဝ)အတွင်းတွင်
သြဝါဒပါတိမောက်ကိုပြတော်မူခဲ့သည်။ ဝါတော် ၂ဝ နောက်ပိုင်းရောက်သောအခါ
ရဟန်းပရိသတ်မစင်ကြယ်မှုကိုအကြောင်းပြု၍
သြဝါဒပါတိမောက်ကို မပြတော့ဘဲ အာဏာပါတိမောက်ကိုသာ
ပြသရန် ညွှန်ကြားတော်မူခဲ့ပါသည်။ ဥဒါနအဋ္ဌကထာ၊
သောဏဝဂ်၊ ဥပေါသထသုတ္တန်အဖွင့်ကို ကြည့်ရှုပါလေ---။
၁၉၈၈ နောက်ပိုင်းကာလတွင်
ဓမ္မကထိကများ ပြိုင်မြင်းတအုပ်ပြေးသကဲ့သို့  တရိပ်ရိပ်ပေါ်ထွက်လာသည်ကို
သတိပြုမိပါသည်။ စာပေလောကတွင် သူလည်း မော်ဒန်၊ ငါလည်းမော်ဒန်၊ သူလည်းပို
့(စ်)မော်ဒန်၊ ငါလည်းပို့ 
(စ်)မော်ဒန်ကြသလို
သာသနာရေးလောကတွင်လည်း သူလည်းဓမ္မကထိက၊ ငါလည်းဓမ္မကထိကခေတ်ပေ
တည်း--။
ဓမ္မကထိကထွန်းကားသောခေတ်ပေလော၊ သို့ မဟုတ် ဓမ္မကထိကဝမ်းဖောဝမ်းရောင်လိုက်သော
ခေတ်ပေလော---။
တွေးတောဆင်ခြင်ကြရန်ဖြစ်ပါ၏။
ဝမ်းစာပြည့်သောဓမ္မကထိကများသည်
ဟောသည်ဖြစ်ဖြစ်၊ ပြောသည်ဖြစ်ဖြစ် သာသနာတော်၏ အယူအဆအ
စစ်အမှန်ကို
ဖော်ထုတ်ပေးနိုင်သည့်အတွက် ဝမ်းမြောက်သာဓုခေါ်ကြရမှာ အသေအချာပါ။ ဝမ်းစာမပြည့်သူဖြစ်
လျှင်ကား သာသနာတော်ကို
ထိခိုက်နိုင်သည်မှာ အထူးပြောနေဖွယ်မလိုပါ--။
၂ဝ၁၂ ခုနှစ်တွင် ဓမ္မကထိကအချို့ 
တရားပွဲများ ပိတ်ပင်ခံကြရ၏။ တရားပွဲပိတ်ခြင်းကို မထောက်ခံပါ။ သို့ သော် တဖက်တလမ်းမှတွေးကြည့်လျှင်အပြင်တရားပွဲနားခိုက်တွင်ဓမ္မကထိကတို့သည်ကျောင်းသင်္ခမ်းအတွင်းခိုအောင်းကာ
မိမိတို
့၏အားနည်းချက်များကို ပြင်ဆင်ချိန်ပိုမိုရကြပြီး ဝမ်းစာပြည့်အောင်
ပိဋကအသိတရားများဖြည့်ဆည်း
စုဆောင်းနိုင်ကြခြင်းဖြင့်"အင်အားသစ်မွေးမြူ"နိုင်ကြပေလိမ့်မည်ဟု
မျှော်လင့်မိပါသည်။
သြဝါဒပါတိမောက်အကြောင်းမှားယွင်းဟောပြောသော
ဓမ္မကထိကဆရာတော်၏တရားအမည်မှာ "ခွေးကို အဖေခေါ်တဲ့သူ"ဟူသတည်း----။
နာယူလိုသူတို့ အွန်လိုင်းဓမ္မဆိုက်များတွင် အလွယ်တကူ ရှာဖွေ
နာယူနိုင်ပါသည်။
အမရဒီပ
၂-၁၈-၂ဝ၁၂
No comments:
Post a Comment