သက္ကရာဇ် ၈၃ဝ ပြည့်ဖွား အင်းဝခေတ်မဟာကဗျာကဝိ အရှင်မဟာရဋ္ဌသာရဆရာတော်ဟာ အသက် ၂၆ နှစ်မှာ ဘူရိဒတ်ဇာတ်ပေါင်းလင်္ကာကြီးကို ရေးသားပြီးစီးတယ်။ ကျမ်းပြီးသက္ကရာဇ် ၈၅၆ ဖြစ်ပါတယ်။
အသက် ၁၆ နှစ်သားအရွယ် သက္ကရာဇ် ၈၄၆ မှာ ဘူရိဒတ်လင်္ကာကြီးကို ရေးသားခဲ့တယ်။ လင်္ကာကြီးတခု
နဲ့ တခု နှစ်ပရိစ္ဆေဒအားဖြင့် ၁ဝ စုနှစ်တခုကွာသွားလို့  စာဆိုရဲ့ ကဗျာဉာဏ်၊ လောက-ဓမ္မအတွေ့ အကြုံ
တွေဟာ အများကြီးပြောင်းလဲသွားခဲ့ပြီ။ ဆရာတော် ၁၆ နှစ်သားတုန်းက ရေးခဲ့တဲ့လင်္ကာကြီးမှာ လောက
ကြောင်းတွေများတယ်။ အသက် ၂၆ နှစ်သားမှာရေးတဲ့ ဇာတ်ပေါင်းခန်းမှာ ဓမ္မကြောင်းတွေ များလာတယ်။
ကျမ်းဂန်စာပေပိုင်းကို အဓိကထားရေးဖွဲ့ လာတယ်-လို့  မြန်မာစာပေသမိုင်းမှာ ဆိုတယ်။
ဘူရိဒတ်ဇာတ်ပေါင်းလင်္ကာကြီးမှာ လူတွေရဲ့ စိတ်နေသဘောသဘာဝတခုကို အဆင့် ၃ ခုထားပြီး
ရေးဖွဲ့ သွားတာ ဖတ်ရတယ်။ ပထမအဆင့်ကို ဒီလို ရေးပါတယ်။
- ရွှေငွေ ပစ္စည်း ၊ သိတ်းဆည်းကျိတ်ကျိတ်
ရေဖိတ်မယို ၊ ဝန်တိုဝှက်လျှို့ 
သူတချို့ ကား ၊ နှစ်လို့ ကြည်ညို
ပေးမည်ဆိုသော် ၊ နုတ်ကိုစွဲ၍
အမြဲရကြောင်း ၊ တောင်းလတံ့ဟု
ပေးအံ့မဟ ၊ ထိုင်းမျဉ်းလှ၏။ (အပိုဒ် ၄၂၊)
ပေးမယ်လို့ ပါးစပ်နဲ့ ပြောမိရင် အမြဲတောင်း၊ အမြဲအလှူခံနေမှာစိုးလို့  ၊ တွေးမိလို့  ပေးမယ်လို့ တောင်
နုတ်အားဖြင့် ပြောဖို့ လေးလံထိုင်းမှိုင်းနေပါသတဲ့။ အလှူပေး၊ အလှူရှင်အဖြစ်နဲ့ ဆိုရင် ပေးမယ်လို့ ပြော
ရမှာ နုတ်ကို ပိတ်ချုပ်မထားပေမယ့် ဖွင့်ပြောရမှာ နုတ်လေးတတ်တယ်ဆိုတာလည်း လူ့ သဘာဝပါပဲ။
ဒုတိယအဆင့် စိတ်သဘာဝအခြေအနေကို ဆရာတော်က ဒီလိုဖွဲ့ ပြန်တယ်။
-တည်းတွမမူ ၊ တချို့ လူကား
ပျူပျူငှါငှါ ၊ မလာဝမ်းထဲ
မုသားစွဲ၍ ၊ ခြေခဲလက်ခဲ
ဖက်လဲတကင်း ၊ သိမ်းမြန်းခြင်းဖြင့်
ပေးလျှင်းလိလိ ၊ မသိသသူ
ယုံစေဟူသို့ ၊ ယူလှည့်နက်ဖြန်
မှန်၏သန်ဘက်၊ ဆိုကြလျက်တည့်
ထိုထက်တနေ့ ၊ တရွှေ့ ရွှေ့ လျှင်
ရွှေ့ လတ်ကာကာ ၊ လက်မှာမရောက်
နှလုံးကောက်နှင့် ၊ ဖောက်ဖောက်ပြန်ပြန်
ဧကန်မကျ ၊ နုတ်သာပြ၏။ (အပိုဒ် ၄၂။)
စိတ်ထဲမပါ၊မပေးချင်ပေမယ့် အခြေအနေ၊ အကြောင်းကြောင်းကြောင့် ပေးမယ်လို့ တော့ ပြောလိုက်တာပဲ။
အလှုပစ္စည်းပေးမှာကျတော့ နက်ဖြန်၊ သန်ဘက်အချိန်ဆွဲထားတယ်။ လက်မရောက်ဘဲ နုတ်သာရောက်
တတ်တဲ့ လူ့ သဘာဝကို ပြောတာပါပဲ။
တတိယအဆင့်ကို ဆရာတော်က သည်လိုဖွဲ့ ပြပါတယ်။
-ထိုမှတထူး ၊ သူတဦးကား
ညွတ်နူးသဒ္ဓါ ၊ ပေးတုံပါလျက်
တခါနောက်ပြီ့ ၊ အကြံရှိ၍
နှမိနှမြော ၊ ပေးလွန်သောဟု
တွေးတောလှည့်ထ ၊ ကုက္ကုစ္စဖြင့်
နောင်တတဖန် ၊ ယူပြန်လိုက်ချင်
မရွှင်မပြုံး ၊ ဒေါသဖုံးသည်
နှလုံးမဖြူ မထွားတည့်။ (အပိုဒ် ၄၂။)
ပေးကမ်းစဉ်တုန်းကတော့ သဒ္ဓါတရားအပြည့်ထားပြီး ပေးကမ်းလိုက်တာပဲ။ နောင် ကိုယ်ရေးကိုယ်တာ
ကိစ္စ၊ စီးပွားရေးကိစ္စပေါ်လာတဲ့အခါ လှုလိုက်မယ့်အစား ကိုယ့်စီးပွားရေးကိစ္စထဲ ထည့်သုံးလိုက်ရင် အကျိုး
ရှိမှာ ၊ အခုတော့ လက်လွန်ကုန်ပြီလို့ တွေးမိတိုင်း လှုလိုက်မိတာကို နှမြောစိတ်ဖြစ်တယ်။။ နောင်တရ
တယ်။ လွတ်သွားတဲ့ ငါး ပိုကြီးတာကို တွေးတွေးပြီး စိတ်ဓာတ်မဖြူစင်ဖြစ်ရတယ်။ ကုသိုလ်မပွားဖြစ်ရတယ်
လို့ ဆရာတော်က ဖွဲ့ ပါတယ်။
အပိုဒ် ၄၂ တပိုဒ်လုံးကို အနှစ်ချုပ်လိုက်ရင် ----
အဆင့် ၁ ပေးကမ်းမယ်၊ လှူမယ်ပြောဖို့ နုတ်လေးတယ်။
အဆင့် ၂ လှူဒါန်းပေးကမ်းဖို့ ပြောပြီးကာမှ လက်နှေးတယ်။
အဆင့် ၃ ပေးပြီးလှူပြီးတော့ နှမြောတယ်၊ စိတ်မပြတ်နိုင်ဖြစ်နေတယ်၊ နောင်တရတယ် လို့  ဆိုလိုကြောင်း
တွေ့ ရတယ်။
နောက်လင်္ကာတပိုဒ်ဆက်ရေးတဲ့အခါ ဆရာတော်က အဆင့် ၁ (ပထမအဆင့်) အတွက် ဥပမာတခုပြပြီး
ရှင်းပြပါတယ်။ ကြည့်ပါ။
-ထို့ ကြောင့်နှိုင်းရှဲ့၊ ပမာငဲ့သော်
သုံးဆဲ့သုံးဖန် ၊ လက်သစ်ပြန်အောင်
ရှည်ခြင်းဆောင်လျက် ၊ အရောင်ယူမြောက်
မရှုစောက်တည့် ၊ ဆင်ပေါက်လည်ပင်း
ပြတ်လျှင်းဘနန်း ၊ မျောမျောသွန်းသား
မြိုက်ချွန်းအသွား ၊ သန်လျက်ဓားကို
ဝံ့စားရဲလှ ၊ မျိုပြီးမှလျှင်
ဝမ်းချရောအန် ၊ ထွက်စေပြန်သား
မန္တာန်ကိစ္စ ၊ ထိုသိပ္ပထက်
ရက်ရက်ပင်ကို ၊ ပေးလျှင်းလိုဟု
ဆိုအံ့သည်မျှ ၊ ခဲယဉ်းလှ၏။ (အပိုဒ် ၄၃။)
အရှည် ၃၃ လက်သစ်၊ အရောင်တလက်လက်တောက်ပ၊ ခုတ်လိုက်ရင် ဆင်သားပေါက်ကလေးလည်ပင်း
လောက်ကို တိကနဲပြတ်ကျသွားစေနိုင်တဲ့ သန်လျက်ဓားကို မျိုချ၊ ပြီးတော့ ပြန်ထုတ်ပြတဲ့ မျက်လှည့်
အတတ်မျိုးဟာ အင်မတိအင်မတန် ခဲခက်ပါတယ်။ သန်လျက်ဓားကို မျိုချ၊ ပြန်ထုတ်ရတာထက် ပေးမယ်
လို့ ပြောရတာက ပိုပို ခက်ပါသတဲ့။
-မြွက်ဟဆိုတိုင်း ၊ မဆိုင်းကြံစည်
ပေးလျှင်းသည်ကား ၊ ပေးမည်ထိုသူ
ဟူသည်ထက်သော် ၊ ခဲခက်ဆယ်ဆ
ချီးမွမ်းရ၏။ (အပိုဒ် ၄၃။)
နုတ်နောက်က လက်လိုက်၊ တနည်း--အပြောနောက်အလုပ် (လက်တွေ့ )ပါသူဖြစ်ဖို့ ဆိုတာလည်း ပေးမယ်
လို့ ပြောရုံသာပြောသူဖြစ်ရထက် အဆပေါင်း ဆယ်ဆခက်ခဲပါတယ်။ ခက်ခဲတာကိုလုပ်နိုင်လို့  ချီးမွမ်းထိုက်
ပါတယ်။အဆင့် ၂ (ဒုတိယအဆင့်) ရဲ့ ခက်ခဲပုံကို ပြောပါတယ်။
-ဝမ်းကသက်သက် ၊ ပေးပြီးလျက်တည့်
တချက်တဖန် ၊ ယူပြန်မရ
နှမြောစွာ့ဟု ၊ နှစ်ခွမဲ့လျှင်း
ဝမ်းမြောက်ခြင်းကား ၊ ခပင်းထို့ ထက်
ဆယ်လေးတက်သည် ။ ။ ဖြစ်ခက်အခေါင်အဖျားတည်း။ (အပိုဒ် ၄၃။)
"ဝမ်းကသက်သက်" ဆိုတဲ့ ပါဒမှာ ဝမ်းဆိုတာ စိတ်ကို ဆိုလိုပါတယ်။ စိတ်ပါလက်ပါသဒ္ဓါအပြည့်လို့ ဆိုလို
ပါတယ်။ အလှူရှင်ရဲ့လက်ထဲကပစ္စည်းကို အလှူခံလက်ထဲ ထည့်ပေးလိုက်ပြီးပြီ။ ပြန်လိုချင်လို့ လည်း မရ
နိုင်တော့ဘူး။ မရနိုင်မှန်းသိတော့မှ စိတ်ကမပြတ်သားနိုင်ဖြစ်လာတယ်။ နှောင်ကြိုးမဖြတ်နိုင်တဲ့စိတ်ကြောင့်
လှူလိုက်တာကို အပြည့်အဝဝမ်းမသာနိုင်ရှာဘူး။ ဒါက အဆင့် ၃ (တတိယအဆင့်)မှာ ဖြစ်တာ။ သည်လို
အလှူပစ္စည်းအပေါ်စိတ်နှောင်ကြိုးကို ပြတ်ပြတ်သားသားပြတ်တောက်ပြီး လှူပြီးတာအတွက် ဝမ်းမြောက်
ဝမ်းသာဖြစ်ဖို့ ဆိုတာလည်း အဆင့် ၂ ထက် တဆယ်လေးဆတက် ခက်ခဲပြန်ပါရောတဲ့။ အခက်ခဲဆုံး
အပိုင်းဖြစ်ပါတယ်လို့  ဆရာတော်က ဆုံးမရေးဖွဲ့ ပြပါတယ်။
အပိုဒ် ၄၃ တခုလုံးကို အနှစ်ချုပ်ကြည့်ရင်
အဆင့် ၁ ကို ဓားသန်လျက်မျို၊ ပြန်ထုတ်တဲ့ ဥပမာပြတယ်။
အဆင့် ၂ ကို ဓားသန်လျက်မျို-ပြန်ထုတ်တာထက် ဆယ်ဆခက်တယ်လို့ ပြောတယ်။
အဆင့် ၃ ကို အဆင့် ၂ ထက် တဆယ်လေးဆတက်ခက်တယ် လို့ ပြပါတယ်။ တနည်းအားဖြင့် ခက်ခဲသော ဆိုတဲ့ နာမဝိသေသနကို (၁) ခက်ခဲသော (၂) ပိုခက်ခဲသော (၃) အခက်ဆုံး-ဆိုတဲ့ အဆင့် ၃ ခုစဉ်ပြသလို ပေးကမ်းမှုဆိုင်ရာလူ့ သဘာဝမှာလည်း သည်လိုအဆင့်တွေရှိတယ်၊ အဆင့်တိုင်းမှာ ခက်ခဲမှု
အတိုင်းအတာကိုယ်စီကိုယ်ငှရှိကြတယ်လို့  နားလည်ရပါတယ်။
ဆရာတော်အရှင်မဟာရဋ္ဌသာရက သည်လိုအဆင့် ၃ မျိုးကို ရှင်းပြရာမှာ အပိုဒ် ၄၂ မှာ ၄ လုံးတပါဒ နဲ့ 
ပါဒအရေအတွက်ပေါင်း ၄၈၊ ၇ လုံးအဆုံးသတ်ပါဒ ၁ ၊ အပိုဒ် ၄၃ မှာ ၄ လုံးတပါဒနဲ့  ပါဒပေါင်း ၃၈၊ ၇ လုံး အဆုံးသတ်ပါဒ ၁၊ သုံးစွဲပြီးရှင်းပြတာတွေ့ ရပါတယ်။
သက္ကရာဇ် ၁၂ဝ၃ ခုနှစ်ဖွား မန်လည်ဆရာတော်အရှင်ဇဝနဟာ သက်တော် ၃ဝ ပြည့်တဲ့ သက္ကရာဇ် ၁၂၃၃ မှာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကို စတင်ရေးသားတယ်။ ဘုရားကိစ္စ၊ သာသနာရေးကိစ္စတွေ
ကြောင့် လင်္ကာရေးသားမှု ခရီးမတွင်နိုင်ဘဲ ကြန့် ကြာနေခဲ့ရတယ်။ သက်တော် ၆၃ ၊ သက္ကရာဇ် ၁၂၆၆ မှာ
ရေးလက်စလင်္ကာသစ်ကို အပြီးသတ်နိုင်ခဲ့တယ်။
မန်လည်ဆရာတော်ရဲ့ မဃဒေဝလင်္ကာသစ်ကျမ်း၊ အပိုဒ် ၂၈၅ မှာလည်း ဘူရိဒတ်ဇာတ်ပေါင်းခန်းအဆို နဲ့ 
ခပ်ဆင်ဆင် အရေးအဖွဲ့ တခုကို တွေ့ ရပါတယ်။ ပေးကမ်းတဲ့ကိစ္စမှာ ဘူရိဒတ်ဇာတ်ပေါင်းခန်းက အဆင့် ၃ မျိုးရှင်းပြပေမယ့် မဃဒေဝလင်္ကာသစ်ကတော့ အဆင့် ၄ မျိုးထားပြီး ရှင်းပြတယ်။ မဃဒေဝအဆိုကို ရှုပါ။
-မိမိဥစ္စာ ၊ နှစ်သက်စွာကို
သဒ္ဓါကြည်ဖြူ ၊ ပေးအံ့ဟူ၍
လှူမည်ဝမ်းထဲ ၊ ကြံမရဲရှင့်....။
လူသဘာဝစိတ်က ပေးဖို့ ကမ်းဖို့ ဆိုတာကို စိတ်နဲ့ တောင်မကြံရဲတဲ့ ကိစ္စဖြစ်ကြောင်း ပထမအဆင့် အဖြစ်
ပြောပါတယ်။ အဆင့် ၁ က စိတ်နဲ့ ကြံစည်ဖို့ ပင် ခက်ခဲတယ်။
-ကြံခဲစွာဘိ ၊ ကြံသည်ရှိလည်း
မငြိမနား ၊ မန္တာန်အားဖြင့်
အသွားမတုံး ၊ ထိလျှင်ဆုံးမျှ
သုံးဆဲ့သုံးဘန် ၊ လက်သစ်ပြန်သည့်
သန်လျှက်ဓားကို ၊ ထင်ရှားပြက်ပြက်
မျိုသောထက်လျှင် ၊ နုတ်ထွက်ငါသည်
ပေးမည်မြွက်ခဲ....။
ဘူရိဒတ်ဇာတ်ပေါင်းခန်းမှာ ပြတဲ့ သန်လျှက်ဓားဥပမာနဲ့ ပဲ ပေးကမ်းဖို့ အပြောရခက်ကြောင်း ဒုတိယအဆင့်
အနေနဲ့ ပြပါတယ်။
-မြွက်တပဲလျက် ၊ ရဲရဲရက်ရက်
အပေးခက်ရှင့်...။
ပေးမယ်ပြောပြီးတာတောင် လက်တွေ့ ပေးတဲ့အခါ နှောင်ကြိုးမဲ့ စွန့် လွှတ်ဖို့ ခက်ခဲကြောင်း တတိယအဆင့်
အနေနဲ့ ပြပါတယ်။
-ဆက်ဆက်မုချ ၊ ပေးပြီးမှလည်း
နောင်တမပူ ၊ ခဲစွဟူ၏။
ပေးကမ်းပြီးတဲ့အခါမှာလည်း နောင်တမရဖို့ လည်း ခက်ခဲကြောင်း စတုတ္ထအဆင့်အနေနဲ့  ပြပါတယ်။
အရှင်မဟာရဋ္ဌသာရ နဲ့ မန်လည်ဆရာတော်ဟာ အတွေးအခေါ်တရပ်အပေါ် မူတည်ပြီး ဒီအဆိုအမိန့် တွေ
ကို တင်ပြကြတာဖြစ်ပါလိမ့်မယ်။ သို့ သော် အဆင့် ၃ ဆင့်ထားပြီး တင်ပြတာနဲ့ ၊ အဆင့် ၄ ဆင့် ထားပြီး
တင်ပြတာမျိုး မတူကြပေဘူး။ မန်လည်ဆရာတော်က အဆင့် ၄ မျိုးကို ၄ လုံးတပါဒနဲ့ ပါဒပေါင်း ၂၆ ခုနဲ့ 
ရှင်းပြသွားခဲ့ပါတယ်။ ဒီနေရာမှာ အကြံတူ နောင်လူကောင်းစမြဲ ဆိုတဲ့စကား မှန်နေတာတွေ့ ရပါတယ်။
အရှင်မဟာရဋ္ဌသာရ နဲ့ မန်လည်ဆရာတော်တို့ ဟာ ကဗျာတင်ပြပုံမှာသာ ဆင်တူယိုးမှားဖြစ်တာမဟုတ်ဘဲ
ငယ်မည်တွေမှာလည်း ဆင်တူယိုးမှားဖြစ်နေပြန်တာ အမှတ်မထင်တွေ့ ရတယ်။ အရှင်မဟာရဋ္ဌသာရငယ်
မည်က မောင်မောက် ဖြစ်တယ်။ မန်လည်ဆရာတော်ငယ်မည်ကတော့ မောင်မာ ဖြစ်ပါတယ်။
အမရဒီပ
မတ်လ ၈၊ ၂ဝ၁၄
Total Pageviews
Saturday, March 8, 2014
Thursday, March 6, 2014
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၃၉
အခန်း ၁၃၊ ဗောဓိပင်မဟာ၏ ရိပ်ဆာယာအောက်ဝယ်
၁၉၅၆ ခုနှစ်၊ နွေရာသီတွင် ဆန်ချီမှ
လွတ်မြောက်ရေးနည်းလမ်းစီမံကိန်းကို ဘုန်းကြီး တစိုက်မတ်မတ် အကွက်ချ
နေခဲ့၏။ ဆန်ချီကျောင်းတော်ကို
ချစ်မြတ်နိုးပါ၏။ ဆန်ချီမှာရှိသည့် အလုပ်ကိုလည်း ချစ်မြတ်နိုးပါ၏။ သို့ သော်
ဆရာတော်အရှင်ပညာတိဿ၏
ဆက်ဆံရေးအချိုးမပြေချက်ကိုလည်း စိတ်ကုန်လှချေပြီ။ မဟာဗောဓိအသင်း
ကြီး၏ မူလတာဝန်မှာ ၅ နှစ်သက်တမ်းဖြစ်လေရာ နောက်ထပ် ၃
နှစ်ကျန်နေသေး၏။
တနေ့ တွင် ဆရာတော်အရှင်နာရဒမဟာထေရ် နှင့်
ဆရာတော်အရှင်ကေ ၊ သီရိဓမ္မာနန္ဒထေရ်တို့ ပါဝင်သော ထင်ပေါ်ကျော်ကြားဧည့်သည်တော်ခရီးသည်အဖွဲ
့ ရောက်လာကြ၏။ ထိုအချိန်က ဆရာတော်အရှင်နာရဒသည် ဆင်ဟာလီဘာသာ ၊ အင်္ဂလိပ်ဘာသာနှင့်
တရားဟောပြောနိုင်သောကြောင့် သီဟိုဠ်ကျွန်းတွင် နာမည်အကြီးဆုံး
(ဆရာတော်အရှင်ကေ၊သီရိဓမ္မာနန္ဒ)
ဆရာတော်အရှင်ဓမ္မာနန္ဒမှာ ကွာလာလမ်ပူမြို
့တွင် ကျောင်းကြီးကန်ကြီးရှိသူမှန်းလည်း ဘုန်းကြီးသိထား၏။
ဘုန်းကြီးသည်
သွယ်ကာဝိုက်ကာလုပ်မနေတော့ဘဲ အရှင်ဓမ္မာနန္ဒကို ချဉ်းကပ်ကာ သူ၏မလေးရှားနိုင်ငံကျောင်း
တွင် ရဟန်းငယ်တပါးတလေ လို-မလိုကို
မေးမြန်းလျှောက်ထားပါ၏။ ဆရာတော်က မိန့် ၏။
“ကောင်းပြီလေ၊ အရှင်ဘုရား မလေးရှားကို
လာချင်ရင် တပည့်တော် ကူညီပါ့မယ်၊
ဘယ်အချိန်လောက် ကြွနိုင်မလဲ ပြောပါဦး”
မိနစ်ပိုင်းလောက် ကြာပြီးနောက်
ဆရာတော်အရှင်နာရဒကလည်း ဘုန်းကြီးကို ကောက်ကာငင်ကာ အမိန့် ရှိပြန်၏။
“ဂုဏရတန….၊ မင်းရဲ့ ဆန်ချီ ဗဟုသုတရယ်၊
မုခ်ဦးဂိတ်ဝအကြောင်းရှင်းပြချက်ရယ်ဟာ အလွန်ကောင်းတယ်၊ မင်းက အင်္ဂလိပ်လိုလည်း
ပြောနိုင်တယ်ဆိုတော့ မင်းမလေးရှားလာဖို့ ငါ စီစဉ်ပေးနိုင်ပါတယ်၊ မင်းဆန္ဒရှိမယ်
ဆိုရင်ပေါ့လေ”
၅ မိနစ်အတွင်း စိတ်လှုပ်ရှားဖွယ်
ဖိတ်ကြားချက် ၂ ခု…..။ ရွှေပုံကြီးကို ဘုန်းကြီးဝင်တိုက်မိချေပြီကော။
မဟာဗောဓိအသင်းကြီးနှင့် ၅
နှစ်သက်တမ်းအလုပ်စာချုပ်သဘောတူညီချက်ရှိကြောင်း၊ သို့ သော် တနည်းနည်း
ဖြင့်
အဆင်ပြေအောင်လှုပ်ရှားနိုင်မည့်အခြေအနေကို ဘုန်းကြီးရှာနိုင်မည်ဟု ထင်ကြောင်း
ဆရာတော်ကြီး ၂ ပါး
ကို ဘုန်းကြီးလျှောက်ထားပါသည်။
ဆရာတော်ကြီး ၂ ပါးကို
ဘုန်းကြီးထုတ်မပြောသည့်အချက်တခုလည်း ရှိပါ၏။ မဟာဗောဓိအသင်းကြီး၏
အထွေထွေအတွင်းရေးမှုး ဒေဝပရိယ ဆန်ချီသို့ ရောက်ရှိခဲ့သည့် ခပ်စောစောလများအတွင်းက အခြားဖိတ်ခေါ်
ချက်တခုကို ဘုန်းကြီး ရရှိထားပြီးဖြစ်၏။
ကျောင်းထမင်းချက်အားလိမ်ညာသည့်ကိစ္စအတွက်
ဘုန်းကြီးနှင့် ဆရာတော်အရှင်ပညာတိဿတို့  ထိပ်တိုက်ရင်
ဆိုင်မှုဖြစ်ပြီးနောက် ဆရာတော်က ဂုဏရတနလို
ရဟန်းမျိုးကို သူ့ ကျောင်း၊ သူ့ ပတ်ဝန်းကျင်မှာ ဆက်လက်ထား
ရှိဖို့ ကို သူမလိုလားတော့ကြောင်း
ဒေဝပရိယကို အရေးဆိုခဲ့လေ၏။
ဒေဝပရိယက ခပ်မဆိတ်ပင်နေသည်။ သို့ သော်
နောက်တနေ့ နံနက်တွင် ဘိုပိုင်း(လ်)သို့ လိုက်ခဲ့ရန် သူ ဘုန်းကြီးကို ဖိတ်ခေါ်၏။ သူက
ဘုန်းကြီးနှင့် သီးသန့် စကားပြောချင်၏။ ရထားပေါ်တွင် ဆရာတော်အရှင်ပညာ တိဿသည်
လူညာဖြစ်သည်ကို သူသိထားကြောင်း ဘွင်းဘွင်းပင် သူပြောသည်။
“တပည့်တော် အရှင်ဘုရားကို ကာလကတ္တားပဲ
ဖြစ်ဖြစ်၊ ဗုဒ္ဓဂယာပဲဖြစ်ဖြစ် သွားစေချင်တယ်၊ နောက်ထပ်ခန့် စာ
အသစ် တပည့်တော် အရှင်ဘုရားဆီ ပို
့ပေးလိုက်မယ်”
သူက ပြောခဲ့သည်။
အတွင်းရေးမှုးဒေဝပရိယထံမှ ခန့် စာကို
စောင့်ဆိုင်းနေခိုက် နယူးဒေလီရှိ သီဟိုဠ်သံအမတ်ကြီးထံ ဘုန်းကြီး၏
ကိုယ်ရေးကိုယ်တာစာတစောင် ရေးဖြစ်သည်။ သီဟိုဠ်မှ အိန္ဒိယသို့ ထွက်ခွါစဉ်က
ထုတ်ယူခဲ့သော အရေးပေါ်
နိုင်ငံကူးလက်မှတ်သည် သက်တမ်းကုန်ဖို့ လပိုင်းသာ လိုတော့သည်။
သက်တမ်းထပ်တိုးရန် လိုအပ်လာ၏။
၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာအထိ သီဟိုဠ်သံအမတ်ထံမှ
ဘာသံမှ ပြန်ကြားသံမကြားရသဖြင့် ဘုန်းကြီးစိတ်ပူလာ၏။ လာမည့် ဇန်နဝါရီလမှာ
ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်သက်တမ်း ကုန်ဆုံးတော့မည်။ သို့ ဖြစ်ရာ ရေးကြီးသုတ်ပြာ
လေသံပါသည့် စာတစောင် ဘုန်းကြီးထပ်ရေးရပြန်သည်။
နိုင်ငံကူးလက်မှတ်သက်တမ်း ရက်သတ္တ ၃
ပတ်ပင်မကျန်တော့သည့် ဇန်နဝါရီ ၅ ရက်မှာ သီဟိုဠ်သံအမတ်၏
ပြန်စာကို ဘုန်းကြီး ရသည်။
ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်အသစ်အတွက် လျှောက်လွှာပို့ ပေးပြီး လျှောက်လွှာ
ပြန်ပို့ သည်အခါ သီဟိုဠ်ကျွန်းရှိ
လူသိများထင်ရှားသည့် ဆရာဝန် သို့ မဟုတ် ရှေ့ နေတဦးဦး၏ ထောက်ခံစာပါ
ပူးတွဲပေးပို့ နိုင်လျှင်
ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်ကို အတည်ပြုပါမည်ဟု ဆိုထား၏။ လာပြန်ပြီ။ ဘုန်းကြီးမှာ ဝင်ငွေမရှိသောကြောင့်
ထောက်ပံ့ကူညီသူ (စပွန်ဆာ) တဦး လိုအပ်လာပြန်၏။
ထိုစာရပြီးနောက်ရက်ပိုင်းအတွင်းမှာ
သီဟိုဠ်သား ဆရာဝန်တယောက် ဆန်ချီသို့ ကံကောင်းထောက်မစွာ
ရောက်လာ၏။ သူ့ အား
ဘုန်းကြီး၏နိုင်ငံကူးလက်မှတ်လျှောက်လွှာမှာ လက်မှတ်ထိုးပေးဖို့  အကူအညီတောင်း
ကြည့်သည်။ ဘုန်းကြီးကို သူ့ အနေဖြင့်
ကောင်းကောင်းမသိကျွမ်းသောကြောင့် လက်မှတ်ထိုးပေးဖို့  သူငြင်းဆိုပါ
သည်။
မကြာမီရက်ပိုင်းအတွင်း ရှေ့ နေတယောက်
ဆန်ချီသို့ ရောက်လာပေ၏။ ဘုန်းကြီးအနေဖြင့် အိန္ဒိယရှိ ဗုဒ္ဓရှင်တော်၏ သံဝေဇနိယ ၎
ဌာနဘုရားဖူးခရီးစဉ်မှာ သူနှင့်အတူ လိုက်ပါစေလိုကြောင်း ရှေ့ နေက ပြော၏။
ဘုန်းကြီး သူနှင့်အတူ လိုက်ပါလျှင် သူ
ဘုန်းကြီးကို ကူညီလိမ့်မည်ဟု တွက်ဆထားလိုက်၏။
သံဝေဇနိယ ၄ ဌာနသို့ သွားရောက်ဖူးမြှော်ရန် ဘုန်းကြီးကိုယ်တိုင်လည်း
အမြဲမျှော်လင့်ခဲ့ပါသည်။
နောက်တနေ့ တွင် ဘုန်းကြီးတို့  နယူးဒေလီသို
့ ခရီးထွက်ခဲ့ကြ၏။ ခရီးစထွက်သည့် နံနက်တွင် အဂ္ဂရာရှိ
ရင်သပ်ရှုမောဖွယ် တပ်(ခ်ျ)မဟာသို
့သွားရောက်ကြသည်။ ထိုနောက် နယူးဒေလီ ရောက်သည်။ အရေးပေါ်
နိုင်ငံကူးလက်မှတ်လျှောက်လွှာတွင် လက်မှတ်ထိုးပေးဖို့ မိတ်ဆွေရှေ့ နေကို ဘုန်းကြီး
အကူအညီတောင်းကြည့်ရာ သူလုပ်ပေးမည်ဟု လိုလိုလားလားပင် ပြောသည်။
ဘုန်းကြီး၏စာကို ခုနစ်လမကကြာမြင့်အောင်
ပေယျာလကန်ပြုထားခဲ့သည့် သီဟိုဠ်သံအမတ်ရုံးသို့  မျက်နှာချင်း
ဆိုင်တွေ့ ရအောင် သွားခဲ့၏။ ဘုန်းကြီးက ပြောသည်။
“သံအမတ်ကြီး…၊ လွန်ခဲ့တဲ့ ခုနစ်လကတည်းက
သံအမတ်ကြီးဆီ လျှောက်လွှာပို့ ပေးခဲ့ပါတယ်။
အဲသည် လျှောက်လွှာတွေ သံအမတ်ကြီး
လက်ခံရရှိပါသလား”
သံအမတ်ကြီးက စူးစူးဝါးဝါး အော်ငေါက်သည်။
“အဲဒါတွေ လာမေးမနေနဲ့ ”
ဘုန်းကြီးကလည်း ပြန်မေးသည်။
“ဘာကြောင့် မမေးရမှာလဲ”
“အဲဒီလို မေးခွန်းမျိုး
တခုမှပြန်ဖြေမှာမဟုတ်ဘူး”
ဘုန်းကြီးဒေါသထွက်လာသည်။
ငယ်မူငယ်သွေးမာန်တွေကလည်း ခေါင်းထောင်ထလာ၏။ ရဟန်းတပါးဖြစ်နေ
ပေငြား ဒေါသထွက်လာသောအခါ ရဟန်းဆိုတဲ့အသိ
အလွယ်တကူပျောက်သွားသည်။ ဘုန်းကြီးအတွက် အာမခံပေးမည့်သူတယောက်နှင့်အတူ
လာရမည်ဆိုသောအချက်ကလည်း ဘုန်းကြီးကို ဒေါသထွက်စေပြန်သည်။
“သံအမတ်ကြီး….၊ ကျုပ်က
ကျုပ်ရဲ့နိုင်ငံကူးလက်မှတ်အသစ်ပြန်ရဖို့ အတွက် မိုင် ၄၅ဝ ခရီးကနေ လာရတာပါ။
သံအမတ်ကြီး အိန္ဒိယမှာနေတယ်ဆိုတာ ကျုပ်တို့ နိုင်ငံကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။
သာမန်မေးခွန်းတွေ
လောက်တော့ ကျုပ်မှာ ခင်ဗျားကို မေးပိုင်ခွင့်ရှိပါတယ်။”
ရှေ့ နေက ရုတ်တရက် စကားဝင်ပြောသည်။
“ကျွန်တော်က ဒီဘုန်းကြီးလေးကို ကူညီချင်လို
့လိုက်လာတာပါ။ ဒါပေမယ့် အခုတော့ သူ့ ကို အတိုက်အခံလုပ်ပြီး စကားပြောရပါတော့မယ်။
ဒီဘုန်းကြီးလေးက သူဟာ အရာရာကို သိနားလည်သူလို့ ထင်နေပုံပေါက်တယ်”
ဘုန်းကြီးကလည်း ရှေ့ နေပြောသည်ကို
ကာကွယ်လိုက်သည်။
“ကျုပ်က ကိုယ့်ကိုယ်ကို သိနားလည်သူလို
့မထင်ပါဘူး၊ ဒါပေမယ့် ဒီသံအမတ်ကို မေးသင့်မေးထိုက်တာကို မေးရမှန်းတော့ သိပါတယ်။”
ရှေ့ နေက သူ့ ကိုယ့်ကို
ဘုန်းကြီးဖက်ကိုင်းကာ ဘုန်းကြီးနားကို တိုးတိုးကပ်ပြောသည်။
“အရှင်ဘုရား…၊ ဘာမှမစိုးရိမ်နဲ့ ၊
အရှင်ဘုရားပြောတာကို တပည့်တော် သဘောတူပါတယ်၊ ဒီသံအမတ်က ဘဝင်မြင့်နေတာ၊ သို့ သော်
သူ့ မှာ အရှင်ဘုရားရဲ့ အရေးပေါ်နိုင်ငံကူးလက်မှတ်ကို ငြင်းပိုင်ခွင့်အာဏာရှိနေတယ်၊
ဒီတော့ သူ့ အပေါ် သည်းခံစိတ်ရှည်တာ
အကောင်းဆုံးပါ အရှင်ဘုရား”
ဟုတ်လေစွ။ ရှေ့ နေပြောတာ အမှန်ပင်ဖြစ်သည်။
အာဏာယစ်မူးနေသော ဗျူရိုကရက်များနှင့် ဘယ်သောအခါမျှ အငြင်းအခုံမလုပ်ခြင်းသည်
စိတ်ကူးကောင်းတခုဖြစ်သည်။ ဘုန်းကြီးနောက်ထပ် စကားတခွန်းမျှ ထပ်မဟပါလေ
တော့ပြီ။
အောက်သိုးသိုးအပြုံးနှင့် သံအမတ်ကြီးသည်
ဘုန်းကြီးအတွက် နိုင်ငံကူးလက်မှတ်ကို သုံးရက်အတွင်း ဆန်ချီသို့ 
ပို့ လိုက်မည်ဖြစ်ကြောင်း ပြောလေသည်။
ဘုန်းကြီးတို့ သည်လည်း သံအမတ်ကို ပုံအောကျေးဇူးတင်၊ အလေးပြု
ကာ ပြန်လည်ထွက်ခွါခဲ့ကြလေသည်။
အမရဒီပ
မတ်လ ၆၊ ၂ဝ၁၄
Subscribe to:
Posts (Atom)