ဗာရာဏသီကို
ရောက်လျင်ရောက်ချင်း တက္ကသိုလ်အနီးမှာ နေထိုင်စရာ ရှာဖွေရသည်။
တက္ကသိုလ်ဝန်းအတွင်း
လှည့်ကြည့်နေစဉ် ရဟန်းတော်တပါးနှင့် ကံကောင်းထောက်မစွာ တွေ့ ဆုံရသည်။ စတွေ့ ရုံသာရှိသေးသော်လည်း
ထိုရဟန်းတော်က သူနှင့်အတူနေနိုင်ကြောင်း ဘုန်းကြီးကို ပြောသည်။
တိုက်တိုက်ဆိုင်ဆိုင် ၊ သူ၏ဘွဲ့ အမည်တော်သည်လည်း
ဘုန်းကြီး၏ဘွဲ့ အမည်နှင့် အတူတူ “ဂုဏရတန” ဖြစ်သည်။
သူ့ မှာ ဘုန်းကြီးအတွက်
အဖိုးတန်ပစ္စည်းဟု ဆိုနိုင်သည့် ပါဠိပြဋ္ဌာန်းစာအုပ်တွေလည်း ရှိလိုက်သေးသည်။ ထိုစာအုပ်ကို ဘုန်းကြီးတို့ သည် နေ
့ပေါင်းများစွာ အတူဖတ်ခဲ့ကြသည်။ ကိုယ့်ကံကိုတောင် မယုံနိုင်တော့ပြီ။
ဝင်ခွင့်စာမေးပွဲမစခင်
၂ ရက်အလိုဘုန်းကြီး၏မိတ်ဆွေကသူအခြားတနေရာသို့ ပြောင်းရွှေ့ နေတော့မည်ဟု
ကောက်ကာငင်ကာ ပြောလာသည်။ “အခန်းဖော်”အဖြစ်နေခဲ့သော အချိန်တိုကလေး
ပြီးဆုံးသွားတော့သည်။
ဘုန်းကြီးမှာ သွားနေစရာမရှိတော့ပါ။
စိတ်ပျက်လက်ပျက်နှင့်
မဟာဗောဓိအသင်း ဗာရာဏသီရုံးသို့ ဘုန်းကြီးရောက်သွားသည်။
ယင်းရုံးမှာရှိသည့်
ရဟန်းတော်က တက္ကသိုလ်အနီးရှိ မြန်မာဘုန်းတော်ကြီးကျောင်းမှာ အခန်းတခန်းရအောင်
လိုလိုလားလား ရှာပေးခဲ့သည်။ မြန်မာဘုန်းတော်ကြီးကျောင်းမှ
တက္ကသိုလ်စာမေးပွဲခန်းသို့  အချိန်တိုအတွင်း လမ်းလျှောက် ရောက်သွားနိုင်သည်။
စာမေးပွဲတွင်
ဟိန္ဒီ၊ သက္ကတ၊ ပါဠိဘာသာ (စာပေ) ၊ အိန္ဒိယသမိုင်း၊ ဟိန္ဒူကိုးကွယ်မှု တို့ ကို
ဖြေဆိုရသည်။
ဝိဇ္ဇာလင်္ကာရ ရဟန်းစာသင်တိုက်မှာနေစဉ် သင်ခန်းစာများတွင်
လေ့လာခဲ့ရသောကြောင့် ဟိန္ဒူဘာသာကိုးကွယ်
မှုအကြောင်း
ဘုန်းကြီး အထိအတွေ့ ရှိဖူးရာ ကံကောင်းလေစွ။
စာမေးပွဲကို
တရက်ခြား ဖြေဆိုရသည်။ ပါဠိဘာသာစာမေးပွဲမတိုင်ခင်ရက်က မိတ်ဆွေရဟန်းတော် အရှင်ဂုဏရ
တနနှင့် တွေ
့သည်။ သူ၏ပါဠိပြဋ္ဌာန်းစာအုပ်ကို နာရီပိုင်းလောက်ငှါးပါဟု အကူအညီတောင်းကြည့်သည်။
“၅
ပါးသီလသိတယ်မဟုတ်လား၊ ၈ ပါးသီလကော… ပြီးတော့ ၁ဝ ပါးသီလ ။ ဒါတွေသိထားပြီးရင်
ရပြီလေ။
ဒါတွေပဲ သူတို
့မေးခွန်းထုတ်ကြမှာလေ။ ထားပါတော့လေ။ ပါဠိပြဋ္ဌာန်းစာအုပ်က ကိုယ့်ဆီမရှိတော့ဘူးပဲ”
သူက ပြောသည်။
စာမေးပွဲမဖြေခင်
နာရီပိုင်းသာ လိုတော့သည့်အချိန်မှာ ပါဠိပြဋ္ဌာန်းစာအုပ်ကို သေရေးရှင်ရေးတမျှ
လိုအပ်လာ၏။
သို့ နှင့်
ဆရာတော်အရှင်သဒ္ဓါတိဿထံသို့ သွားရောက်အကူအညီတောင်းရတော့သည်။ ဆရာတော်က ဘုန်းကြီး
ကို
ပါဠိပြဋ္ဌာန်းစာအုပ်ပေးသည်။ စာအုပ်ကို လှမ်းပေးရင်းလည်း ဆရာတော်က ပြောလိုက်သေး၏။
“ပြီးခဲ့တဲ့သီတင်းပတ်ကပဲ
ဂုဏရတန နောက်တပါးကို ဒီစာအုပ်မိတ္တူ ငှါးလိုက်သေးတယ်။ သူ့ ဆီကလည်း
နာရီပိုင်းလောက်တော့ ငါရှင့် ငှါးကြည့်နိုင်ပါတယ်”
တညလုံး
ပါဠိစာအုပ်ကို ဘုန်းကြီးဖတ်မှတ်သည်။ နောက်မနေ့  စာမေးပွဲခန်းအတွင်းသို
့စာဖြေသူအားလုံးဝင်ကြ
သောာအခါ
အခန်းကြီးကြပ်သူများက အိတ်များကို ခန်းမကြီးအဝင်လမ်းရှိ စားပွဲတခုအပေါ် စုထားကြဖို
့ ပြောပါ၏
။ ဘုန်းကြီးကပင်
စတင်ပြီး တံခါးပေါက်သို့ ပြန်လှည့်ထွက်သောအခါ ဂုဏရတနက သူ၏အိတ်ကို ဘုန်းကြီးလက်
ထဲသို့ အတင်းထိုးပေးပြီး
အခြားအိတ်များနှင့်အတူ စားပွဲပေါ်တင်ထားခိုင်းလေ၏။
မည်သို
့ပင်ဖြစ်စေ ၊ အခန်းအဝင်လမ်းဖက်ပြန်လှည့်ရင်း ဘုန်းကြီးသည် ဂုဏရတန၏အိတ်ကို အသာကလေး
လှစ်ကြည့်မိ၏။
ထင်သည့်အတိုင်းပင်။ မရှိတော့ဘူးဟု သူပြောခဲ့သည့် ပါဠိပြဋ္ဌာန်းစာအုပ်သည် အိတ်ထဲမှာ
ရှိ
နေ၏။ ဤအကြိမ်သည်
ရဟန်းတော်များ ကိုယ်ကျင့်တရားချိုးဖောက်သည်ကို ဘုန်းကြီးတွေ့ ရသော
ပထမအကြိမ်မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်ပါချေ။ ဤသို့ ကြုံရတိုင်း ဘုန်းကြီး
စိတ်မကောင်း
ဖြစ်မိသည်။ ရဟန်းဟူသည် လူဝတ်ကြောင်များအတွက် ကိုယ်ကျင့်တရားအရာ
စံပြပုဂ္ဂိုလ်ဖြစ်ကိုဖြစ်ရမည်။ လူဝတ်ကြောင်များက ရဟန်းတော်များကို
ယုံကြည်ကြသည်။ ရဟန်းတော်များသည် လူဝတ်ကြောင်များအား သီလပေးကြသည်။ ရဟန်းတော်များဖြစ်သည့်
ဘုန်းကြီးတို့ ကိုယ်တိုင်က ကိုယ်ကျင့်သီလကို မလိုက်နာလျှင် ဘုန်းကြီးတို့ သည် ကြောင်သူတော်၊ သီလကြောင်များ
ဖြစ်ရာ၏။
ရဟန်းတပါးလိမ်ညာကြောင်း
ပေါ်ပေါက်လျှင် သံဃာအပေါ် လူထု၏ယုံကြည်မှုသည် ပျက်စီးလေရာ၏။
“ဘုန်းကြီးရဟန်းဆိုရင်
အားလုံးလူညာကြီးတွေပဲ” ဟု ဝါးလုံးရှည်နှင့်သိမ်းရိုက်ကြပေတော့မည်။ သို့ ပေရာ
ရိုးဖြောင့်သော ရဟန်းတို့ သည် ယုံကြည်မှုနှင့် ရိုသေလေးစားမှုတို့ ကို
ရယူထားနိုင်ရန် အားသွန်ခွန်စိုက်
ကြိုးပမ်းကြရာ၏။
လိမ်ညာပြောတတ်သူတဦးဦးကိုမြင်တွေ
့တိုင်း ဘုန်းကြီးစိတ်မကောင်း ဖြစ်မိပါ၏။ လိမ်ညာခြင်းသည်
ဒုစရိုက်အမှုဖြစ် ကြောင်း ဘုန်းကြီး
သိမြင်သောကြောင့်ဖြစ်၏။ စာတွေ့ မဟုတ်သော ငါတွေ့ ၊
ကိုယ်တိုင်တွေ့  ဖြစ်၏။
ဘုန်းကြီး ငယ်ငယ်က လိမ်တတ်ညာတတ်သည်။ လိမ်တာညာတာကို
ဖုံးကွယ်နိုင်အောင် ဘာမဆိုလုပ်ရတတ်သည်။
မီးခိုးမဆုံး မိုးမဆုံးသော လိမ်စဉ်စကားများကို
ပြောဆိုခဲ့၏။ အလိမ်အညာပြည့်လျှံနေပြီး
နောင်တ တဖန်ပူပန်နေခဲ့ရသည်။
မိမိကိုယ်မိမိ
သီလကြောင်သူ၊ မရိုးသားသူမှာ ကိုယ်စိတ်ပင်ပန်းဆင်းရဲရကြောင်းသိသူဖြစ်အောင်
အချိန်အတော်
ကြာမြင့်ခဲ့သည်။
ရဟန်းဘဝသို့ မရောက်မီအထိ ဖြစ်ပါလိမ့်မည်။ နောက်ဆုံးတွင် ဓမ္မပဒကျမ်းလာ ဗုဒ္ဓ၏
မုသာဆိုခြင်း ဆိုင်ရာဒေသနာတော်တခုကို
သဘောပေါက်သွားခဲ့ပါသည်။
“တဦးတယောက်သောသူသည် မှန်ကန်စွာပြောဆိုမှုတရားတခုကို
ကျော်နင်းလွန်ကျူး၍ မမှန်မကန် ပြောဆို
တတ်၏။
နောက်ဘဝအတွက် လုံးဝထည့်မတွက်ဘဲ ကျောခိုင်းစွန့် လွှတ်ထား၏။ ထိုသူမျိုးအတွက် မလုပ်ရဲ
သော
အကုသိုလ်မည်သည် မရှိနိုင်တော့ချေ။”
(ဓမ္မပဒကျမ်း၊
ဂါထာအမှတ် ၁၇၆။)
အမရဒီပ
ဖေဖော်ဝါရီ ၁၇၊ ၂ဝ၁၄
No comments:
Post a Comment