ထိုနှစ်နှောင်းပိုင်းမှာ
ဘုန်းကြီး၏သာသနာပြုလုပ်ငန်းတွင် အရေးပါဆုံးအစိတ်အပိုင်းတခုဖြစ်လာခဲ့သော
လူတစု
နှင့် ပထမအကြိမ် ထိတွေ့ ခွင့် ရခဲ့၏။ သူတို့ ကား မထိမတို့ ရသူများ (ခေါ်) ဇာတ်နိမ့်
(ခေါ်) စဏ္ဍာလများ
ပေတည်း။
ဤဇာတ်နိမ့်အုပ်စုသည်
အယူသီးတင်းကျပ် ခွဲခြားဆက်ဆံတတ်သော အိန္ဒိယ၏ဇာတ်စနစ်ဘောင်အတွင်း၌ အနိမ့်ကျဆုံးအောက်တန်းရောက်များ
ဖြစ်၏။
ဇာတ်ခွဲခြားသည့်စနစ်သည်
ဟိန္ဒူဘာသာကဲ့သို့ ပင် နှစ်ပေါင်း သုံးထောင်ထက်မက ကာလအဓွန့် ကြီးရင့်
ရှည်ကြာတည်ရှိခဲ့ပြီး
ကြံ့ ကြံ့ ခံအင်အား ထုထည်ကောင်းဆဲလည်း ဖြစ်သည်။ လူသားတယောက်သည် ဖန်ဆင်းရှင်၏ အလိုဆန္ဒတော်အတိုင်း
ဇာတ်မြင့်အစုမှာဖြစ်စေ၊ ဇာတ်နိမ့်အစုမှာဖြစ်စေ မွေးဖွားလာရသည် ဟု ဟိန္ဒူလူမျိုးတို
့ယုံကြည်ကြ၏။ ဇာတ်စနစ်တွင် အခြေခံအုပ်စု ၄ မျိုး ရှိပေသည်။
ဗြာဟ္မဏသည် ဇာတ်အမြင့်ဆုံးဖြစ်ပြီး
ဗြဟ္မာ၏ ခံတွင်းတော်မှ ဖွားမြင်ခဲ့ကြသည်ဟု မှတ်ယူကြ၏။
ဗြာဟ္မဏတို့ ၏ တာဝန်မှာ
ဟိန္ဒူဘာသာရေးကျမ်းဂန်ဖြစ်သည့် ဝေဒကျမ်းစာများကို လေ့လာရန်၊
အခြား ဗြာဟ္မဏတို့ အား
ပညာသင်ကြားပေးရန်၊ တရားဟောရန်၊ ဘာသာရေးကျမ်းစာရွတ်ဆိုပေးရန်၊
ဘုရင့်ထံ အမှုထမ်းပြီး
တိုင်းပြည်အုပ်ချုပ်ရေးနည်းလမ်းကို
ဘုရင်အားလမ်းညွှန်ပဲ့ပြင်ပေးရန်တို့ ဖြစ်ပေသည်။
ဒုတိယဇာတ်အမြင့်ဆုံးမှာ
ခတ္တိယ (အုပ်ချုပ်သူ) တို့ ဖြစ်ပြီး ဗြဟ္မာ၏လက်မောင်းမှ ဖွားမြင်သည်ဟု မှတ်ယူကြ၏။
ခတ္တိယတို့ မှာ စစ်သားများ ၊ ဘုရင်များဖြစ်ကြ၏။ ဥပဒေဘောင်အတွင်း လက်နက်ကိုင်စွဲခွင့်ရကြပြီး
နိုင်ငံကို
ကာကွယ်ကြရ၏။
တတိယဇာတ်မှာ ဝေဿ
ဖြစ်သည်။ ဝေဿတို့ ကို ဗြဟ္မာ၏ ဝမ်းဗိုက်မှ ဖွားမြင်သည်ဟု မှတ်ယူကြ၏။ ယင်းတို့ 
၏တာဝန်မှာ လူတို
့အား အစားအစာကျွေးမွေးရန်ဖြစ်သည်။ ဝေဿဇာတ်မျိုးတို
့သည် လယ်သမား၊ အရောင်းအဝယ်သမား၊ ကုန်သည်တို့ လို အစားစားသော
အသက်မွေးဝမ်းကြောင်းများ လုပ်ကိုင်ကြသည်။ ဝေဿတို့ သည် ဘဏ်လုပ်ငန်းရှင်၊
ပွဲစား၊ ငွေချေးစားသူ၊
စီးပွားရေးသမားများအဖြစ်လည်း ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ကြ၏။
စတုတ္ထဇာတ်မှာ
သုဒ္ဓ ဖြစ်သည်။ ဗြဟ္မာ၏ခြေဖဝါးမှဖွားမြင်သည်။ ဇာတ်မြင့်တို့ ၏အိမ်များမှာ သန်
့ရှင်းရေးအလုပ် လို အောက်ခြေသိမ်းအလုပ်များ လုပ်ကိုင်ကြသည်။ ကြေး၊
ဒန်သတ္ထုအတိုအစအရောင်းအဝယ်လိုမျိုး အမှိုက်ကောက်
အလုပ်ကို လုပ်ကိုင်ကြသည်။
မတို့ မထိရသူများ
(စဏ္ဍာလများ) ခေါ် ဇာတ်နိမ့်အစုမှာ သုဒ္ဓဇာတ်အောက် နိမ့်ကျသေး၏။ စဏ္ဍာလများသည်
ဇာတ်ရှိသူများဟုပင် သတ်မှတ်ယူဆခြင်းမပြုကြချေ။ သူတို့ သည် အိမ်စေအလုပ်ကို
အမြင့်ဆုံးလုပ်ကိုင်ကြရ၏။
မိလ္လာကျူံးသမား
(ပန်းမှိုက်သွန်) ၊ အမှိုက်ကျူံးသမား၊ လမ်းမပေါ်ရှိ တိရစ္ဆာန်အသေကောင်ကို ဖယ်ရှားသူ၊
မီးစာအတွက် နွားချေးကောက်သူတို့ လို ရွံရှာစက်ဆုပ်ဖွယ်အလုပ်မျိုးကို လုပ်ကိုင်ရ၏။
ဘုန်းကြီး
အိန္ဒိယမှာ နေထိုင်စဉ်က မတို့ မထိရသူ (စဏ္ဍာလ)များကို ကျောင်းတက်ခွင့်၊
ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်
ခွင့်၊
စားသောက်ဆိုင်ထိုင်ခွင့်၊ ပန်းခြံ ဥယျာဉ်သွားခွင့် မပြုကြချေ။ အကြောင်းမှာ သူတို
့သည် ဇာတ်မြင့်များကို “သန” စေသောကြောင့် ဖြစ်၏။
မတို့ မထိရသူ (စဏ္ဍာလ)များ
လမ်းပေါ်ထွက်လာလျှင် သူတို့ လည်ပင်းမှာ ခေါင်းလောင်းချိတ်ကြရ၏။ အခြားသူများက သူတို
့လာသည်ကို အသံကြားပြီး လမ်းဖယ်နိုင်အောင် ဖြစ်၏။
မတို့ မထိရ
(စဏ္ဍာလ)များသည် အများသုံးရေတွင်းမှာ ရေသောက်ခွင့်မရှိ။ သူတို့ အတွက် သောက်ရေကို
ရေသွယ်မြောင်းကလေးများမှ ခပ်ယူရသည်။
အိန္ဒိယကို
ဗြိတိသျှတို့ ကိုလိုနီပြုအုပ်ချုပ်ခဲ့စဉ်ကလည်း ဇာတ်စနစ်ကိုအကြောင်းပြု၍
ခွဲခြားဆက်ဆံနေမှုကို ဥပဒေထုတ်တားမြစ်ဖူးသည်။ ၁၉၄၇ ခုနှစ် အိန္ဒိယအခြေခံဥပဒေမှာလည်း
ဇာတ်စနစ်ကို ဖျက်သိမ်းကြောင်း တရားဝင်ပြဋ္ဌာန်းသည်။ သို့ သော် ဘယ်လိုပင်ဖျက်သော်ငြားလည်း
ဇာတ်စနစ်သည် ယနေ့ အထိ သက်ဆိုးရှည်
ဆဲ။
ဇာတ်ခွဲခြားမှု “ဇာတိဘေဒ”
မှာ ဟိန္ဒူအယူဝါဒနှင့် ရောလိမ်ယှက်ထွေးလွန်းပြီး အခွင့်ထူး ခံစားနေသူများ က တိုးမပေါက်အောင်
ကျောထောက်နောက်ခံပြုထားသည်။ ဇာတ်ခွဲခြားစနစ်ကို အမြစ်ဖြုတ်ရေးကား နည်းနည်း
ကလေးမျှပင်
မဖြစ်ရေးချ မဖြစ်နိုင်ပါချေ။
ဇာတ်တူအချင်းချင်းလက်ထပ်မှုများကား
မရှိတော့သလောက် ဖြစ်လာလေပြီ။ နိုင်ငံရေးသမားများက ဇာတ်စနစ်ကို
သူတို့ ၏
ကိုယ်ကျိုးအတွက် အသုံးချနေဆဲ ဖြစ်၏။
အိန္ဒိယ၏ဇာတ်စနစ်သည်
ဘုန်းကြီးမျက်မြင်ကိုယ်တွေ့ ဖြစ်သည့် အမေရိကန်ပြည်ထောင်စုရှိ လူမျိုးရေးခွဲခြား
ဆက်ဆံမှုပုံစံနှင့် ချွတ်စွပ်နီးပါးပင် တူညီနေ၏။ အမေရိကန်နိုင်ငံတွင်
လူမျိုးရေးခွဲခြားဆက်ဆံခြင်းသည်
ဥပဒေ ကြောင်းအရ ဥပဒေကို
ချိုးဖောက်သောလုပ်ရပ်ဖြစ်သော်လည်း “ပါးပါးလေး” နှင့် ဆက်သွားနေဆဲဖြစ်၏။
ယင်းကို
တရားစွဲ ၊ အရေးယူလုပ်ဖို့ လည်း ခက်ခဲပါသည်။
မြတ်ဗုဒ္ဓသည်လည်း
ဇာတ်၊ လူမျိုးခွဲခြားသည့်လုပ်ရပ်ကို ကန့် ကွက်ကြောင်း ပြင်းပြင်းထန်ထန်
ပြောဆိုတော်မူခဲ့
၏။ ဓမ္မပဒကျမ်းရှိ
ဒေသနာတော်မှာ မှတ်သားဖွယ်အကောင်းဆုံးဖြစ်ပါ၏။
-“ဆံကျစ်ထုံးသောအားဖြင့်
ဗြာဟ္မဏမဖြစ်၊ အနွယ်အားဖြင့် ဗြာဟ္မဏမဖြစ်၊ အမျိုးဇာတ်အားဖြင့် ဗြာဟ္မဏမဖြစ်၊
သစ္စာသိမြင်,
မဂ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို သိမြင်သူကသာ စင်ကြယ်သူလည်းမည်၏၊ ဗြာဟ္မဏလည်းမည်၏။”
-“ပညာမရှိသော
ရသေ့ ! ! ဆံကျစ်တို့ ဖြင့် သင့်မှာ အဘယ်အကျိုးရှိအံ့နည်း ?၊
သစ်နက်ရေအဝတ်ဖြင့်
သင့်မှာ အဘယ်အကျိုးရှိအံ့နည်း ? ၊ သင့်၏ကိုယ်တွင်းသည် ကိလေသာတောအုပ်ဖြင့်
ထွေးရှုပ်နေ၏၊ အပြင်အပမျှသာ စင်ကြယ်ပါ၏။”
-“ပုဏ္ဏားမျိုး၌ဖြစ်၍
၊ ပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေတည်နေ မွေးဖွားလာသော ပုဏ္ဏားကို ဗြာဟ္မဏ ဟု ငါဘုရား မခေါ်ပေ။
ယင်းသို့ မျိုးရိုးစွဲကာဖြစ်ပေါ်လာသော ပုဏ္ဏားသည် ရာဂစသော
ကြောင့်ကြမှုရှိနေခဲ့ပါလျှင် ဘောဘော ဟု ခေါ်လေ့ရှိသော ပုဏ္ဏားသာ ဖြစ်၏၊ ရာဂစသော
ကြောင့်ကြမှုမရှိသည့်အပြင် စွဲလမ်းမှုလည်း မရှိသူကိုသာ မကောင်းမှုများ ပယ်စွန့် ထား၍
တရားပြည့်ဝ ဗြာဟ္မဏ ဟု ငါခေါ်တော်မူသည်။ “
(ဓမ္မပဒကျမ်း၊
ဂါထာအမှတ် ၃၉၃၊ ၃၉၄၊ ၃၉၆။)
တဖန်
ခုဒ္ဒကနိကာယ်လာ ဝသလသုတ္တန်တွင်လည်း ဇာတ်နိမ့် (ဝသလ=ယုတ်မာသူ) ဟူသော စကားလုံး၏
ဖွင့်ဆိုရှင်းလင်းချက်ကို ဗုဒ္ဓက မိန့် တော်မူပြန်၏။
“မွေးဖွားခြင်းအားဖြင့်
ဇာတ်နိမ့်သူ မဖြစ်။
မွေးဖွားခြင်းအားဖြင့်
ဇာတ်မြင့်သူမဖြစ်။
အကျင့်အားဖြင့်သာ
ဇာတ်နိမ့်သူဖြစ်၏။
အကျင့်အားဖြင့်သာ
ဇာတ်မြင့်သူ ဖြစ်၏။”
အခြားတနည်းဖြင့်
စကားဆိုရပါလျှင် --- အကျင့် နှင့် တွယ်တာတပ်မက်မှုအပေါ် မူတည်၍ ဇာတ်မြင့်သူ
ဗြာဟ္မဏသည် မတို့ မထိရသူ (စဏ္ဍာလ) တဦးဖြစ်နိုင်သလို ၊ မတို့ မထိရ (စဏ္ဍာလ) တဦးသည်လည်း
ဇာတ်မြင့် ဗြာဟ္မဏတဦး
ဖြစ်လာနိုင်ပေသည်။
လူသားတို့ ၏
ဘဝအဆင့်အတန်း (သို့ မဟုတ်) ဇာတ်နိမ့်ဇာတ်မြင့်စနစ်ကို ဆုံးဖြတ်သောပေတံသည်
မွေးဖွားခြင်းမဟုတ်၊
ဘဝတလျှောက်လုံး လူသားတို့ ပြုမူကျင့်ကြံလုပ်ဆောင်ခဲ့သော အရာသာ ဖြစ်ပါ၏။
ဤအတွေးအခေါ်သည်ပင်လျှင်
ဟိန္ဒူအယူဝါဒနှင့် မတူကွဲပြားသော မူလဘူတ ဗုဒ္ဓဒဿနများအနက်မှ
အခြေခံ
တချက်ဖြစ်ပါ၏။
==================================
အမရဒီပ
ဖေဖော်ဝါရီ ၁၈၊ ၂ဝ၁၄
No comments:
Post a Comment