ဘုန်းကြီး
အိန္ဒိယမှာနေထိုင်ခဲ့သည့် ၁၉၅ဝ ပြည့်လွန်နှစ်များကာလက စဏ္ဍာလလူဦးရေ သန်း ၈ဝ ရှိသည်။
၁၉၅၆ ခုနှစ်၊
အောက်တိုဘာလတွင် စဏ္ဍာလတို့ ၏ဘဝမြင့်မားတိုးတက်ရေးကို ရှေ့ ဆောင်လမ်းပြပြုခဲ့သော
တခေတ်မှာတယောက် ဆိုရအောင်ထူးခြားသော ခေါင်းဆောင်ကြီး ဒေါက်တာ ဘိမရော၊ အမ်ဗေဒကာသည်
ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲခံယူခဲ့သည်။ အမ်ဗေဒကာသည် အင်္ဂလန်မှာ ပညာသင်ကြားနေရင်း
မမျှော်လင့်ဘဲ ဗုဒ္ဓဘာသာကို တွေ့ ရှိခဲ့သည်။ ဗုဒ္ဓဘာသာက သူ့ ကို သနားကရုဏာပြည့်ဝသည့်
လမ်းကြောင်းတခု ပေးခဲ့ပြီး ဟိန္ဒူအယူဝါဒကျောထောက်နောက်ခံပြုထားကာ အယူသီးတင်းကျပ်သော
ဇာတ်စနစ်အောက်မှ သူ့ ကို လွတ်မြောက်စေခဲ့သည်။
စဏ္ဍာလများအတွက်
ဒေါက်တာအမ်ဗေဒကာ၏ ဘဝဇာတ်ကြောင်းသည် စိတ်ဓာတ်ခွန်အားတက်ကြွစေသော
နှလုံးသားအာဟာရဖြစ်သည်။ ကျောင်းသားသူငယ်ဘဝက စာသင်ခန်းအပြင်ဖက်တွင်ထိုင်ကာ
စာလိုက်ခဲ့ရသည်။
စဏ္ဍာလဇာတ်မျိုးဖြစ်နေသောကြောင့်
စာသင်ခန်းတွင်းသို့  သူဝင်ခွင့်မရချေ။
တနေ့ တွင်
သင်္ချာပုစ္ဆာတခုကို အခန်းတွင်းရှိကျောင်းသားများ အဖြေမထုတ်နိုင်ဖြစ်ကာ
အကျပ်ရိုက်နေကြ၏။ ဆရာက အမ်ဗေဒကာကို အခန်းတွင်းသို့ ဖိတ်ခေါ်ကာ အဖြေကို သင်ပုန်းပေါ်
တွက်ပြခိုင်းသည်။ အမ်ဗေဒကာ သည် သင်္ချာပုစ္ဆာကို အဖြေထုတ်နိုင်ခဲ့သည်၊ သို့ သော်
အခြားကျောင်းသားငယ်များသည် သူတို့ ၏ထမင်းဗူးကို အမှိုက်ပုံးတွင်းသို
့
ပစ်ထည့်လိုက်ကြလေသည်။ အကြောင်းမှာ သူ၏အရိပ်က ထမင်းဗူးများအပေါ် ထိုးကျခဲ့သော
ကြောင့်ဖြစ်၏။
ဖခင်၏တိုက်တွန်းအားပေးမှုကြောင့်
အမ်ဗေဒကာ ပညာဆက်လက်သင်ယူခဲ့သည်။ အထက်တန်းကျောင်း ရောက်သည့်အခါလည်း
အခန်းပြင်ထိုင်ကာ စာမေးပွဲဖြေဆိုခဲ့ရသည်။
သူ၏စာမေးပွဲအောင်မှတ်များမှာ အံ့မခန်းကောင်းလှသည်။
ပြည်နယ်အုပ်ချုပ်ရေးမှုး (ပြည်နယ်ဝန်ကြီးချုပ်)က
ဤလူငယ်ကလေးကို မျက်စိကျသည်။ ကောလိပ်တက်ရန် နယူးယောက်မြို့ သို့ ပို့ သည်။
နောက်ပိုင်းတွင် လန်ဒန်သို့ ပါဆက်ပို့ သည်။ နယူးယောက်၊ လန်ဒန်တို့ လို ဇာတ်စနစ်ကင်းသော
ကမ္ဘာကြီးမှာ အမ်ဗေဒကာ သန်စွမ်းကြီးပွားခဲ့ရသည်။ ဥပဒေဘွဲ့ တခု၊ ဒဿနိက နှင့်
စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့  ၂ ခုကိုလည်း သူဆွတ်ခူးနိုင်ခဲ့သည်။
တရားရုံးတော်အတွင်းသို
့ရှေ့ နေအဖြစ် ပထမအကြိမ် ဝင်ရောက်လာသောအခါ တရားသူကြီး၊ အခြားရှေ့ နေများ၊
ခုံရုံးလူကြီးများ
နှင့် တက်ရောက်နားထောင်သူများအားလုံး အခန်းပြင်သို့ ရှောင်ထွက်သွားကြ၏။
ဥပဒေပြင်ပ
ဇာတ်စနစ်သည် အရှိန်အဟုန်အားကောင်းနေဆဲပါတည်း။
သို့ ဖြစ်ရာ သူ
နိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်လိုက်၏။ မဟာရဋ္ဌပြည်နယ်ရှိ စဏ္ဍာလမျိုးဇာတ်အားလုံးက သူ
့
ကို
ပုံအောမဲပေးကြလေရာ ပါလီမန်တွင် အမတ်တနေရာကို အလွယ်တကူပင် သူရသည်။ ၁၉၄၇ ခုနှစ် တွင်
ဗြိတိသျှထံမှ
အိန္ဒိယလွတ်လပ်ရေးကြေညာရန် အဆင်သင့်ဖြစ်သည့်အချိန်တွင် သူသည် အိန္ဒိယနိုင်ငံ အခြခံဥပဒေသစ်
ရေးဆွဲရေးကော်မတီတွင်
ဥက္ကဋ္ဌ ဖြစ်လာ၏။ အိန္ဒိယအခြေခံဥပဒေတွင် ဆင်းရဲတွင်းနက်နေကြသည့်
စဏ္ဍာလမျိုးဇာတ်များ နှင့်အခြား ဇာတ်နိမ့်များအတွက် ရည်ရွယ်၍ အသက်မွေးမှုပညာရပ်များသင်ကြား
ပေးရန် ပညာသင်ဆုများပေးခြင်း၊ တန်ဖိုးနိမ့်
အိမ်ရာမြေများ စီစဉ်ပေးခြင်း၊ အခွန်ငွေလျှော့ပေါ့ကောက်ခြင်း
နှင့် အခြားငွေကြေးဆိုင်ရာ
ထောက်ပံ့ဆုများ ပေးခြင်းပါဝင်သော ပြဋ္ဌာန်းချက်များ
ပါဝင်၏။
အမ်ဗေဒကာသည်
စဏ္ဍာလဇာတ်နိမ့်များအတွက် သူရဲကောင်းကြီး ဖြစ်၏။ စဏ္ဍာလဇာတ်နိမ့်များ၏
ချစ်ခင်ကြည်ညိုလေးစားခံရသော ခေါင်းဆောင်ကြီးအဖြစ် ၁ဝ နှစ် တာဝန်ထမ်းခဲ့၏။
ဗုဒ္ဓဘာသာဝင်အဖြစ် သူ ကူးပြောင်းလိုက်သောအခါ သန်းတဝက်လောက်သော စဏ္ဍာလဇာတ်နိမ့်တို
့သည်လည်း ခေါင်းဆောင်ကြီး
နည်းတူ
ဘာသာကူးပြောင်းခဲ့ကြ၏။ ဝမ်းနည်းဖွယ်ဖြစ်သည်မှာ ဗုဒ္ဓဘာသာကူးပြောင်းပြီးနောက် ၂ လအကြာ
၁၉၅၆ ခုနှစ် ၊ ဒီဇင်ဘာလတွင် အမ်ဗေဒကာ
ကွယ်လွန်အနိစ္စရောက်ခဲ့၏။
ဘုန်းကြီးသည်
ဟိန္ဒီစကား ကောင်းကောင်းပြောတတ်သည့်အတွက် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူ
စဏ္ဍာလဇာတ်နိမ့်များကို သရဏဂုံနှင့် ၅
ပါးသီလဆောက်တည်ရန် မကြာခဏ ဦးဆောင်ပေးရသည်။
အထူးသဖြင့် အမ်ဗေဒကာ ကွယ်လွန်ပြီးသည့်နောက်ပိုင်းကာလတွင်
ဖြစ်သည်။
အမ်ဗေဒကာကွယ်လွန်ပြီးစအချိန်
၁၉၅၆ ခုနှစ် ၊ ဒီဇင်ဘာလ…နံနက်ခင်းတခု၏ ၄ နာရီခွဲတွင် ဆရာတော်
အရှင်ပညာတိဿနှင့်အတူ
စုတ်စုတ်ပြတ်ပြတ်အဝတ်အစားဝတ်ဆင်ထားသည့် လူ ၂ ယောက် ရောက်လာ၏။
ဆရာတော်က
ပြောသည်။
“ဒီလူတွေက
စဏ္ဍာလဇာတ်နိမ့်တွေ၊ ဒီနေ့ အမ်ဗေဒကာရဲ့ အရိုးပြာကို နာဂပူရ်မြို့ ဆီ သယ်ကြမယ်၊
ဟိုမှာ အမှတ်တရ
ဂူတည်ထားမယ်၊ ဗုဒ္ဓဘာသာကူးပြောင်းကြမယ့် စဏ္ဍာလတွေလည်း ထောင်ချီ စောင့်နေကြတယ်။ အဲဒါ
သရဏဂုံ နဲ့  ၅ ပါးသီလပေးဖို့ ဦးဆောင်မယ့် ဘုန်းကြီးတပါး လိုနေတယ်၊ ငါ့ရှင်သွားနိုင်မလား”
ဆိုင်းတွတုံ
့ဆိုင်းမနေဘဲ ဘုန်းကြီး ပြန်ပြောသည်။
“သြော်….သွားနိုင်ပါတယ်”
တနေ့ ကုန်နီးနီး
ရထားစီးရသည်။ နာဂပူရ်သို့  နေ့ လယ် ၃ နာရီခန့် ရောက်သည်။ နာဂပူရ်မှ မိုင် ၆ဝ လောက် ဝေးသည့် အမရဝတီသို့  နောက်ထပ် ၅
နာရီကြာအောင် ဘတ်(စ်)ကား စီးရသည်။ အမရဝတီသို့  ဘုန်းကြီးတို့ ရောက်သည်။
စဏ္ဍာလတို့ အတွက်အစိုးရဆောက်လုပ်ပေးထားသောတိုက်ခန်းအိမ်ရာမြေ၏ ဘေးချင်းကပ်
မြေကွက်လပ်မှာ
ထောင်ပေါင်းများစွာတို့ ကို တစုတဝေးတည်းတွေ့ ရသောအခါ
အံ့အားသင့်ရသည်။
ဖုံထောင်းထောင်းထသည့် မြေကမ္ဗလာကွင်းတပြင်လုံးမှာ
ထိုင်သူ၊ မတ်တပ်ရပ်သူ လူတွေ ရုန်းရုန်းထနေ၏။
ကလေးများ…နွားများ..ခွေးများ…ကြက်များလည်း
လွတ်လွတ်လပ်လပ် ဥဒဟိုသွားလာပြေးလွှားနေကြ၏။
အဝါရောင်သင်္ကန်းနှင့်
ဘုန်းကြီးကို မြင်မြင်ချင်း လူစုကြီးထံမှ မာရသီဘာသာစကားနှင့် သံပြိုင်ရွတ်ဆိုသံတခု
ဟိန်းထွက်လာ၏။
“ဘဂဝန် ဗုဒ္ဓဉ္စ
ဇယဟော!
မဟာပရိနိဗ္ဗာပတ္တ
ပရမပူဇာ ဘာဘာ သဟ ဒေါက်တာ အမ်ဗေဒကာ ယဉ္စ ဇယဟော”
အခမ်းနားဆုံး၊
အကြီးကျယ်ဆုံးသော လေးစားမြတ်နိုးမှုနှင့် ထိုက်တန်လှစွာသော ၊ နောက်ဆုံး
ပရိနိဗ္ဗာန်စံလွန်ကြပြီးသော မြတ်စွာဗုဒ္ဓကို နုတ်ခွန်းဆက်ပဏာမပြုကြပါ၏။ ကျေးဇူးရှင်
ခေါင်းဆောင်ကြီး အမ်ဗေဒကာကိုလည်း နုတ်ခွန်းဆက်ပဏာမပြုကြပါ၏။”
မြတ်ဗုဒ္ဓနှင့်
ကွယ်လွန်သူ ခေါင်းဆောင်ကြီးကို
ကောင်းခြီးသြဘာထောမနာသည့် ရာချီထောင်ချီများစွာသော လူတို့ မှ ပေါ်ထွက်လာသော
တခုတည်းသော အသံသည် အံ့မငြီးနိုင်ဖွယ်ပေတကား။ နားမဆံ့၍ နားအကြား ဓာတ်များ ရပ်တန်
့သွားလုမတတ်ပါတကား။
လှေကားထစ် ၃
ထစ်မှ တဆင့် သစ်သားစကားပြောစင်မြင့်ထက်သို့ ဘုန်းကြီးတက်လိုက်သည်။ အမျိုးသားတဦး
က လက်ဝှေ့ ရမ်းကာ
အသံငြိမ်ရန် အချက်ပြလိုက်၏။
ဘုန်းကြီးက
မိုက်ကရိုဖုန်းကိုင်ကာ သရဏဂုံ နှင့် ၅ ပါးသီလကို ပါဠိဘာသာဖြင့် တိုင်ပေးသည်။
ဘုန်းကြီးတိုင်ပေးသမျှကို လူအုပ်ကြီးကလည်း အူလှိုက်သည်းလှိုက် လိုက်ဆိုကြသည်။ ဤသို
့သော လူအုပ်ကြီးကို ရှေးအခါကလည်း
မကြုံဖူးခဲ့၊ နောင်လည်း ထပ်မကြုံရတော့ပါပြီ။ သည်းလှိုက်ရင်ဖို ပျော်စရာဖြစ်သည်။
ပီတိမျက်ရည်စတို့ က မျက်လုံးများကို စပ်ဖျင်းဖျင်းလာရိုက်နေ၏။
သရဏဂုံ နှင့် ၅
ပါးသီလခံယူပြီးနောက် ဘုန်းကြီးကို တရားဟောပါဟု တောင်းဆိုကြ၏။
ရှောင်တခင်ထွက်လာရသော
ခရီးစဉ်ဖြစ်သောကြောင့် ဘုန်းကြီးမှာ ပြင်ပြီးဆင်ပြီးသား တရားဟောစရာ မယ်မယ်
ရရမရှိခဲ့ပေ။ သို
့သော်ငြားလည်း …သြော်..သို့ သော်ငြားလည်း ၊ သရဏဂုံနှင့် ၅ ပါးသီလဆောက်တည်ကျင့်သုံး
ရခြင်း၏အကျိုး၊
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဖြင့် ဗုဒ္ဓသာသနာဝင်တယောက်ဖြစ်လာရခြင်းအကျိုးကို
ဟိန္ဒီဘာသာ စကားဖြင့် မိနစ် ၃ဝ ခန့်် ဘုန်းကြီး ဟောခဲ့ပြောခဲ့ပါ၏။
ဘုန်းကြီး၏လက်တန်းဟောပြောချက်ကို
နောက်တနေ့ သတင်းစာတွင် အနှစ်ချုပ်ဖော်ပြကြလေ၏။
အမရဒီပ
ဖေဖော်ဝါရီ ၁၉၊ ၂ဝ၁၄
============
No comments:
Post a Comment