Total Pageviews
Tuesday, August 28, 2012
Monday, August 27, 2012
Tuesday, August 21, 2012
Monday, August 20, 2012
အက်(စ်)ဂွန်အောင်ဇာတ်သိမ်းခန်း-၃ (ရုပ်သံ)
အက်(စ်)ဂွန်အောင်ဇာတ်သိမ်းခန်း- ၂ (ရုပ်သံ)
ပြီး တွေ့ ဆုံမေးမြန်းခဲ့တာပါ။ ရေဆုံးမြေဆုံးလိုက်တဲ့သဘောပါပဲ.........။
Thursday, August 16, 2012
Monday, August 13, 2012
အက်(စ်)ဂွန်အောင်၊ခ၊ ဘာသာရေးနေအေး- ၅ (ရုပ်သံ)
နှစ်ပြည်ထောင်တည်ကြ၊ အလယ်ကကျောင်းဆောင်
အနောက်ကရွှေဂူဆောင် ၊ဝေဘူတောင်အရှေ့ 
မင်းကြီးနဲ့ ကိန္နရာ၊ ဣန္ဒပါထွက်တဲ့ရသေ့
သုပဏ္ဏရာဇာ၊ နာဂါကိုအတွေ့ 
တောင်ဂုမ္ဘန်ရန်ကြွေ့ လို့ ၊ စံမွေ့ သည်ကြာပျော်
ဇော်ဖေဂျီတပသီဝိဇ်ကယ်တို့ ၊ တညီစိတ်မြန်းကြဟေမော်
လင်းကြက်ဖြင့်အတန်ဆော်ပြီ၊ ဘယ်ဇာတ်တော်လေမှန်းမသိ
အခန်းခန်းအထွေထွေ၊ များနိုင်မျှပေ
နိပါတ်နှယ်ရှုပ်လေသည်၊ အရုပ်တွေပြည်ဖုံးနဲ့ လေး။
(ဦးသာအောင်-ရေးသည်ဟုသိရသည်။)
တေးထပ်ထဲက =နိပါတ်နှယ်ရှုပ်လေသည်၊ အရုပ်တွေပြည်ဖုံးနဲ့ လေး= ဆိုတဲ့စာသားလေး
လို မျက်နှာဖုံးအမျိုးမျိုးနဲ့ ရှုပ်ပွထနေကြတဲ့ အလိမ်အညာသမားတွေကိုသတိပြုရမှာပါ။
အက်(စ်)ဂွန်အောင်၊ ခ၊ ဘာသာရေးနေအေး-၄ (ရုပ်သံ)
နှစ်ပြည်ထောင်တည်ကြ၊ အလယ်ကကျောင်းဆောင်
အနောက်ကရွှေဂူဆောင် ၊ဝေဘူတောင်အရှေ့ 
မင်းကြီးနဲ့ ကိန္နရာ၊ ဣန္ဒပါထွက်တဲ့ရသေ့
သုပဏ္ဏရာဇာ၊ နာဂါကိုအတွေ့ 
တောင်ဂုမ္ဘန်ရန်ကြွေ့ လို့ ၊ စံမွေ့ သည်ကြာပျော်
ဇော်ဖေဂျီတပသီဝိဇ်ကယ်တို့ ၊ တညီစိတ်မြန်းကြဟေမော်
လင်းကြက်ဖြင့်အတန်ဆော်ပြီ၊ ဘယ်ဇာတ်တော်လေမှန်းမသိ
အခန်းခန်းအထွေထွေ၊ များနိုင်မျှပေ
နိပါတ်နှယ်ရှုပ်လေသည်၊ အရုပ်တွေပြည်ဖုံးနဲ့ လေး။
(ဦးသာအောင်-ရေးသည်ဟုသိရသည်။)
တေးထပ်ထဲက =နိပါတ်နှယ်ရှုပ်လေသည်၊ အရုပ်တွေပြည်ဖုံးနဲ့ လေး= ဆိုတဲ့စာသားလေး
လို မျက်နှာဖုံးအမျိုးမျိုးနဲ့ ရှုပ်ပွထနေကြတဲ့ အလိမ်အညာသမားတွေကိုသတိပြုရမှာပါ။
အက်(စ်)ဂွန်အောင်၊ခ၊ ဘာသာရေးနေအေး-၃ (ရုပ်သံ)
နှစ်ပြည်ထောင်တည်ကြ၊ အလယ်ကကျောင်းဆောင်
အနောက်ကရွှေဂူဆောင် ၊ဝေဘူတောင်အရှေ့ 
မင်းကြီးနဲ့ ကိန္နရာ၊ ဣန္ဒပါထွက်တဲ့ရသေ့
သုပဏ္ဏရာဇာ၊ နာဂါကိုအတွေ့ 
တောင်ဂုမ္ဘန်ရန်ကြွေ့ လို့ ၊ စံမွေ့ သည်ကြာပျော်
ဇော်ဖေဂျီတပသီဝိဇ်ကယ်တို့ ၊ တညီစိတ်မြန်းကြဟေမော်
လင်းကြက်ဖြင့်အတန်ဆော်ပြီ၊ ဘယ်ဇာတ်တော်လေမှန်းမသိ
အခန်းခန်းအထွေထွေ၊ များနိုင်မျှပေ
နိပါတ်နှယ်ရှုပ်လေသည်၊ အရုပ်တွေပြည်ဖုံးနဲ့ လေး။
(ဦးသာအောင်-ရေးသည်ဟုသိရသည်။)
တေးထပ်ထဲက =နိပါတ်နှယ်ရှုပ်လေသည်၊ အရုပ်တွေပြည်ဖုံးနဲ့ လေး= ဆိုတဲ့စာသားလေး
လို မျက်နှာဖုံးအမျိုးမျိုးနဲ့ ရှုပ်ပွထနေကြတဲ့ အလိမ်အညာသမားတွေကိုသတိပြုရမှာပါ။
အက်(စ်)ဂွန်အောင်၊ခ၊ဘာသာရေးနေအေး-၂ (ရုပ်သံ)
နှစ်ပြည်ထောင်တည်ကြ၊ အလယ်ကကျောင်းဆောင်
အနောက်ကရွှေဂူဆောင် ၊ဝေဘူတောင်အရှေ့ 
မင်းကြီးနဲ့ ကိန္နရာ၊ ဣန္ဒပါထွက်တဲ့ရသေ့
သုပဏ္ဏရာဇာ၊ နာဂါကိုအတွေ့ 
တောင်ဂုမ္ဘန်ရန်ကြွေ့ လို့ ၊ စံမွေ့ သည်ကြာပျော်
ဇော်ဖေဂျီတပသီဝိဇ်ကယ်တို့ ၊ တညီစိတ်မြန်းကြဟေမော်
လင်းကြက်ဖြင့်အတန်ဆော်ပြီ၊ ဘယ်ဇာတ်တော်လေမှန်းမသိ
အခန်းခန်းအထွေထွေ၊ များနိုင်မျှပေ
နိပါတ်နှယ်ရှုပ်လေသည်၊ အရုပ်တွေပြည်ဖုံးနဲ့ လေး။
(ဦးသာအောင်-ရေးသည်ဟုသိရသည်။)
တေးထပ်ထဲက =နိပါတ်နှယ်ရှုပ်လေသည်၊ အရုပ်တွေပြည်ဖုံးနဲ့ လေး= ဆိုတဲ့စာသားလေး
လို မျက်နှာဖုံးအမျိုးမျိုးနဲ့ ရှုပ်ပွထနေကြတဲ့ အလိမ်အညာသမားတွေကိုသတိပြုရမှာပါ။
Sunday, August 12, 2012
အက်(စ်)ဂွန်အောင် ၊ခ၊ ဘာသာရေးနေအေး (ရုပ်သံ)
နှစ်ပြည်ထောင်တည်ကြ၊ အလယ်ကကျောင်းဆောင်
အနောက်ကရွှေဂူဆောင် ၊ဝေဘူတောင်အရှေ့ 
မင်းကြီးနဲ့ ကိန္နရာ၊ ဣန္ဒပါထွက်တဲ့ရသေ့
သုပဏ္ဏရာဇာ၊ နာဂါကိုအတွေ့ 
တောင်ဂုမ္ဘန်ရန်ကြွေ့ လို့ ၊ စံမွေ့ သည်ကြာပျော်
ဇော်ဖေဂျီတပသီဝိဇ်ကယ်တို့ ၊ တညီစိတ်မြန်းကြဟေမော်
လင်းကြက်ဖြင့်အတန်ဆော်ပြီ၊ ဘယ်ဇာတ်တော်လေမှန်းမသိ
အခန်းခန်းအထွေထွေ၊ များနိုင်မျှပေ
နိပါတ်နှယ်ရှုပ်လေသည်၊ အရုပ်တွေပြည်ဖုံးနဲ့ လေး။
(ဦးသာအောင်-ရေးသည်ဟုသိရသည်။)
တေးထပ်ထဲက =နိပါတ်နှယ်ရှုပ်လေသည်၊ အရုပ်တွေပြည်ဖုံးနဲ့ လေး= ဆိုတဲ့စာသားလေး
လို မျက်နှာဖုံးအမျိုးမျိုးနဲ့ ရှုပ်ပွထနေကြတဲ့ အလိမ်အညာသမားတွေကိုသတိပြုရမှာပါ။
Saturday, August 11, 2012
လိမ်တယ်ညာတယ် ကိုကိုလွင်-၇ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
လိမ်တယ်ညာတယ် ကိုကိုလွင်-၆ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
လိမ်တယ်ညာတယ်ကိုကိုလွင်- ၅ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
လိမ်တယ်ညာတယ် ကိုကိုလွင်-၄ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
လိမ်တယ်ညာတယ်ကိုကိုလွင်- ၃ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
လိမ်တယ်ညာတယ် ကိုကိုလွင်-၂ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
လိမ်တယ်ညာတယ် ကိုကိုလွင်- ၁ (ရုပ်သံ)
http://www.facebook.com/eaindar.nyana
https://www.facebook.com/truedhamma?ref=hl
Saturday, August 4, 2012
မြတ်ဗုဒ္ဓဝါဆိုသောနေရာများ- ၃
မုံရွေးဇေတဝန်ဆရာတော်ရဲ့ ဘုရားဝါဆိုစဉ်လင်္ကာ
မုံရွေးဇေတဝန်ဆရာတော်ဘုရားကြီးရဲ့
သမန္တစက္ခုဒီပနီကျမ်း၊ နဝမတွဲ လာ ဝါဆိုစဉ်လင်္ကာကို ဆက်လက်တင်ပြ
လိုပါတယ်။
တက်ထွန်းကြက်သရေ ။ …….
သုံးလူ့ ဆွေကား ၊ အောင်မြေသီရိ
ဗောဓိသမီပ ၊ ရပ်ဌာန၌
နှစ်လမှန်ကယ် ၊
ရက်ခြောက်ဆယ်ဖြင့်
သပ္ပါယ်မျှတ ၊ နေပြီးမှလျှင်
(၁) ပဌမဝါ ၊ ဗာရာဏသီ
မြိုင်တောမှီ၏။
(၂-၃-၄) နောက်ချီ ဒုတိယ၊
တတိယနှင့်
စတုတ္ထဝါ ၊ ပြည်ရာဇဂြိုဟ် ၊
ဝါးညိုကျောင်းလှ
ဝါကပ်မျှ၏။
(၅) ပဉ္စမဝါ ၊ ပြည်ဝေသာလီ
လိစ္ဆဝီမင်းပေါင်း ၊
ဆောက်တုံရှောင်းသည်
ကျောင်းမဟာဝန်။
(၆) တတန်ဆဋ္ဌ ၊ ဗကုလတောင်မှာ။
(၇) ခုနစ်ဝါသော်၊ တာဝတိ
ံသာရောက်။
(၈) မြောက်တုံရှစ်ဝါ ၊ ဘဂ္ဂါယန။
(၉) ကိုးဝကျသော် ၊ ဌာနပူရီ
ကောသမ္ဗီ၌ ၊ ဃောသီတာရုံ
ရွှေဘုံမှီကပ်။
(၁ဝ) ဆယ်ဝါရပ်ကား ၊ မလပ်သိပ်သည်း
ပလလည်းသာမော ၊ ဆင်မင်းတောဝယ်
ရှင်စောမှီကာ။
(၁၁) ဆယ့်တဝါကား၊ နာဠထင်ရှား
ပုဏ္ဏားနေထ၊ ရပ်ဂါမတည့်။
(၁၂) ဒွါဒသယှဉ် ၊
ဝေရဉ္ဇခေါ်။
(၁၃) ဆယ့်သုံးသော်ကား၊
တောင်ကျော်သာလှ
စာလီယ၌ ၊ ကပ်ထပြီးခါ။
(၁၄) ဆဲ့လေးဝါတွင် ၊
သာဝတ္ထိတောင်စွန်
ဇေတဝန်ထင်ရှား ၊ ရွှင်ပျော်ပါး၏။
(၁၅) ဆယ့်ငါးဝါမှ ၊ ကပိလတွင်
စိမ်းမြရိပ်သာ၊ နိဂြောဓာဟု
ကျောင်းသာစံမြောက်။
(၁၆) ဆယ့်ခြောက်ဝါဆီ ၊ အာဠဝီဟု
ပူရီဖက်မဲ့၊ ပျော်စံခဲ့၍ ။
(၁၇) ဆယ့်ခုနစ်ဝါ ၊
ထိုသောခါလျှင်
ရာဇဂြိုဟ်ဌာနေ ၊ သာလှဗိမာန်
နတ်ဌာန်တူလျော ၊ ဝါးတောညိုလဲ့
အောင်ပွဲဖွဲ့ ၏။
(၁၈-၁၉) တဆယ့်ရှစ်ဝါ၊
ဆယ့်ကိုးဝါ၌
စာလီယရောက် ၊ ဝါဆိုမြောက်၏။
(၂) ပယ်ဖျောက်ရန်ကွာ ၊
နှစ်ဆယ်ဝါကား
ရာဇဂြိုဟ်၎င်း ၊
ရောက်တုံရှောင်း၏။
နှစ်ပေါင်းဝီသ ၊ ပဌမဗောဓိ
မုနိမြတ်စွာ ၊ ဝါဆိုပါလည်း
မြဲစွာမရှိ။ ။
နောက်ဗောဓိကား ၊ (၂၁-၄၄)
သာဝတ္ထိမှာ
ပုဗ္ဗာရုံမွန် ၊ ဇေတဝန်ဟု
နှစ်တန်ကျောင်းမှာ ၊ လူးလာမဝေး
နှစ်ဆယ့်လေးဝါ ၊ နေပြီးခါမှ
(၄၅) နိဗ္ဗာနသို့ ၊ ကြွအံ့လှုလှု
ဝါတခုကား၊ ဝေဠုဝရွာ
ကပ်မှီလာ၏ ၊ သင်္ချာမှတ်သား
ပဉ္စစတ္တာ ၊ ဝါလေးဆဲ့ငါး
သက်ကားရှစ်ဆယ် ၊ တိုင်ခါဝယ်၌
ဘုန်းကြွယ်ထွတ်ခေါင် ၊
ခေမာသောင်သို့ 
ရွှေဖောင်တော်ယွန်း ၊ စံသိမ်းမြန်းသည်
သုံးခန်းလူတို့ မှန်ကူတည်း။ ။
ဤပျို့ ၌ဝါဆိုတော်မူရာ
တဆယ့်ငါးဌာနကား..........
၁။ ဗာရာဏသီမိဂဒါဝုန်
၂။ ရာဇဂြိုဟ် ဝေဠုဝန်ကျောင်းတော်
၃။ ဝေသာလီ မဟာဝန်ကျောင်း
၎။ ဗကုလတောင်
၅။ တာဝတိံသာနတ်ပြည်
၆။ ဘဂ္ဂါယန
၇။ ကောသမ္ဗီ
ဃောသိတာရုံကျောင်းတော်
၈။ ပလလည်းတော
၉။ နာဠကရွာ
၁ဝ။ ဝေရဉ္ဖာပြည်
၁၁။ စာလိယတောင်
၁၂။ သာဝတ္ထိပြည်
၁၃။ ကပိလဝတ်
၁၄။ အာဠဝီ
၁၅။ ဝေဠုဝရွာ
(သမန္တစက္ခုဒီပနီကျမ်း၊ နဝမတွဲ ၊
၆၃၂၊ ၆၃၃။)
ဒီဝါဆိုစဉ်လင်္ကာကို မဟာဗုဒ္ဓဝင်
၊တတိယတွဲ၊ ၁၆၃ မှာလည်း
တိုက်ရိုက်ယူပြီးဖော်ပြတာရှိပါတယ်။ အမှတ် ၄ ဗကုလတောင်ကို မကုဠတောင် လို
့မဟာဗုဒ္ဓဝင်ကပြင်ဆင်တာတွေ့ ရပါတယ်။
မဟာဗုဒ္ဓဝင်၊ တတိယတွဲမှာပဲ
ဆရာတော်ဦးဗုဓ်ကဝါဆိုစဉ်ဘုရားရှိခိုး ၅ ဂါထာ၊ ပင်းယမြို့  စတုရင်္ဂဗလအမတ်က ဝါဆိုစဉ်ဘုရားရှိခိုး ၇ ဂါထာ၊
တောင်ခွင်သာသနာပိုင်ဆရာတော်က ဂုဠှတ္ထဝိနိစ္ဆယကျမ်းမှာ ဝါဆိုစဉ်ဘုရားရှိခိုး
လင်္ကာတွေ ရေးသားခဲ့တာရှိကြောင်း၊
အလိုရှိရင် ထိုထိုဆိုင်ရာကျမ်းတွေမှာ ထုတ်နုတ်မှတ်သားကြဖို့ တိုက်တွန်း
ထားပါတယ်။
၂ လ ရက် ၆ဝ
ဝါဆိုလင်္ကာမှာ "နှစ်လမှန်ကယ်
၊ ရက် ခြောက်ဆယ်ဖြင့်"လို့  ဖွဲ့ ဆိုတာတွေ့ ရပါတယ်။ မြတ်ဗုဒ္ဓ
ဗောဓိမဏ္ဍိုင်မှာလအားဖြင် ၂ လ
၊ရက်အားဖြင့် ၆ဝ နေခဲ့တယ်။ ကဆုန်လပြည့်နေ့ မှ ဝါဆိုလပြည့်နေ့ အထိ
လို့ အကြမ်းဖျင်းအားဖြင့်
ပြောရင် ၂ လ ၊ရက် ၆ဝ အတိအကျဖြစ်ပါတယ်။ အသေးစိတ်တွက်ကြည့်ရင်လည်း
တမျိုးစိတ်ဝင်စားဖွယ်ကောင်းပါတယ်။ပထမဦးစွာ
"ပလ်-နိမ်-စင်-ဃ၊ အ-မု-ရ၊ မှတ်ကြသတ္တသတ္တာဟာ" ဆိုတဲ့ ခုနစ်ရက်ခုနစ်လီ
(=၄၉) ရက် နေထိုင်ပုံနဲ့ တွက်ကြည့်ပါတယ်။ ဒီနေရာမှာ ပလ္လင်္ကသတ္တာဟ ကို ဘယ်နေ့ က
စသလဲမေးရင် " ဘုရားဖြစ်တော်မူပြီးနောက် ကဆုန်လပြည့်ကျော် ၁ ရက်နေ့ သို
့ရောက်သစ်စအခါ၌
မြတ်စွာဘုရားသည် ဝမ်းမြောက်ရွှင်လန်းဥဒါန်းကျူးရင့်တော်မူ၍ ထိုအပရာဇိတပလ္လင်တော်ပေါ်၌
ထက်ဝယ်ဖွဲ့ ခွေ (=တင်ပလ္လင်ခွေ) ထိုင်နေတော်မူစဉ်မှာပင်- ။ ………………
ထိုအပရာဇိတပလ္လင်တော်ထက်မှာပင် ခုနစ်ရက်ကြာ
သီတင်းသုံးထိုင်နေတော်မူလေသည်"
ဆိုတဲ့ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊ ၃၅၅၊၃၅၆။) အရ ကဆုန်လပြည့်ကျော် ၁ ရက်နေ့ မှာ
ပလ္လင်္ကသတ္တာဟ အစပြုတယ်လို့ ဖြေရမှာပါ။
ကောင်းပြီ။ သတ္တသတ္တာဟကို
အကျဉ်းချုပ်တွက်ကြည့်ပါမယ်။
(၁) ပလ္လင်္ကသတ္တာဟ-
ကဆုန်လပြည့်ကျော် ၁ မှ ၇ အထိ (၇ -ရက်)
(၂) အနိမိသသတ္တာဟ-
ကဆုန်လပြည့်ကျော် ၈ မှ ၁၄ အထိ (၁၄-ရက်)
(၃) စင်္ကမသတ္တာဟ- ကဆုန်လပြည့်ကျော်
၁၅ မှ နယုန်လဆန်း ၆ အထိ (၂၁-ရက်)
(၄) ရတနာဃရသတ္တာဟ- နယုန်လဆန်း ၇
မှ ၄င်းလဆန်း ၁၃ အထိ (၂၈-ရက်)
(၅) အဇပါလသတ္တာဟ- နယုန်လဆန်း ၁၄
မှ ၄င်းလပြည့်ကျော် ၅ အထိ (၃၅-ရက်)
(၆) မုစလိန္ဒသတ္တာဟ-
နယုန်လပြည့်ကျော် ၆ မှ ၄င်းလပြည့်ကျော် ၁၂ အထိ (၄၂-ရက်)
(၇) ရာဇာယတနသတ္တာဟ-
နယုန်လပြည့်ကျော် ၁၃ မှ ဝါဆိုလဆန်း ၅ အထိ
(၄၉-ရက်)
ဒီလိုအသေးစိတ်ကြည့်ပြီးနောက်
မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊၃၉၄။ ရေးသားချက်ကို ဖတ်ကြည့်နိုင်ပါပြီ။
"ထိုအခါ လေးဆယ့်ကိုးရက်
(=သတ္တသတ္တာဟ) ပြည့်မြောက်သော ဝါဆိုလဆန်း ၅ ရက် ဗုဒ္ဓဟူးနေ့ တွင်
ထိုလင်းလွန်းပင်ရင်း၌ သီတင်းသုံးနေထိုင်တော်မူသော မြတ်စွာဘုရားအား
မျက်နှာတော်သစ်လိုသော စိတ်အကြံဖြစ်သည်ကို သိရှိရ၍ သိကြားနတ်မင်းသည် ဆေးကြဇုသီးကို
ဆက်ကပ်လေသည်"
ရက် ၅ဝ မြောက်နေ့ မှာ
နေရာဌာနအပြောင်းအရွှေ့ လုပ်ပုံကို
မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ ၊ ၃၉၉ မှာ အခုလို ဖော်ပြပါတယ်။
"ထို့ နောက် ဘုရားဖြစ်သည့်
ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မှ သတ္တသတ္တာဟ (=လေးဆယ့်ကိုးရက်) လွန်မြောက်၍ ရက်ပေါင်းငါးဆယ်သို
့ရောက်သော ဝါဆိုလဆန်း ၆ ရက်ကြာသပတေးနေ့ 
နံနက်ခင်းအခါ မြတ်စွာဘုရားသည် လင်းလွန်းပင်ရင်းသီတင်းသုံးထိုင်နေရာမှ ထပြီးလျှင်
တဖန် အဇပါလ (=ဆိတ်ကျောင်း)ညောင်ပင်ရင်းသို့ ပင် ကြွ
သွားချဉ်းကပ်တော်မူလျက်
ထိုအဇပါလညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ ခွေ (=တင်ပလ္လင်ခွေ)ထိုင်နေတော်မူ၏"
သတ္တသတ္တာဟ (=၄၉ ရက်) ထဲ
ဝါဆိုလဆန်း ၆ ရက်၊ ကြာသပတေး ၁ ရက်ထပ်ပေါင်းထည့် (၄၉+၁=၅ဝ) ဖြစ်သွားပါပြီ။
ဘုရားရှင် ဗောဓိမဏ္ဍိုင်မှ ထွက်ခွါတဲ့ရက်ကို သတိပြုကြည့်ပါဦး….။
မဟာဗုဒ္ဓဝင်၊
ဒုတိယတွဲ၊ ၄၁၄ မှကူးယူဖော်ပြတာပါ။
"မြတ်စွာဘုရားသည် "ငါဘုရားသည်
မိဂဒါဝုန်တောသို့ ကြွသွား၍ ဓမ္မစကြာတရားကို ဟောကြားမည်"ဟု
ကြံစည်တော်မူပြီးလျှင် ဗောဓိဏ္ဍိုင်ကုန်း၏အနီးမှာပင် ဆွမ်းခံလှည့်လည်ကာ ဝါဆိုလဆန်း
၁၄ ရက်
တိုင်အောင် နေတော်မူပြီးနောက် ဝါဆိုလပြည့်နေ့ သို့ ရောက်သောအခါ
နံနက်စောစောကပင် "ဗာရာဏသီပြည်သို့ ကြွသွားတော့အံ့" ဟု သပိတ်သင်္ကန်းကို
ပြင်ဆင်ယူဆောင်ကာ တဆယ့်ရှစ်ယူဇနာ
ဝေးကွာသော ခရီးကိုမြေပြင်မှ ခြေလျင်ကြွသွားတော်မူ၏"
ဝါဆိုလဆန်း ၇-၈-၉-၁ဝ-၁၁-၁၂-၁၃-၁၄-၁၅
ပေါင်း ၉ ရက် နဲ့  ဆိုခဲ့ပြီးရက် ၅ဝ နဲ့ ဆိုတော့ ၅၉ ရက် စာရင်း
ထွက်ပါတယ်။ ဒီ ၅၉
ရက် ဆိုတာ ကဆုန်လပြည့်နေ့ ကို ထည့်မတွက်ဘဲ ကဆုန်လပြည့်ကျော် ၁ ရက်နေ့ က
စတွက်တာပါ။ ကဆုန်လပြည့်
နေ့  ၁ ရက်ကို ပေါင်းထည့်တွက်ရင် ၂ လ ရက် ၆ဝ အတိအကျဖြစ်နေပုံ
ကိုကြည့်ပြီး
မုံရွေးဇေတဝန်ဆရာတော်ကြီးက "ဗောဓိသမီပ၊ ရပ်ဌာန၌၊ နှစ်လမှန်ကယ်၊ ရက်ခြောက်ဆယ်"
လို့ လင်္ကာရေးဖွဲ့ တော်မူတာ
ဖြစ်ပါကြောင်း………………။
အမရဒီပ
သြဂုတ် ၄၊ ၂ဝ၁၂
Friday, August 3, 2012
မြတ်ဗုဒ္ဓဝါဆိုသောနေရာများ- ၂
ရွှေတောင်မြို့ ၊
ကျီးသဲလေးထပ်ဆရာတော်ကြီးရဲ့ ဇိနတ္ထပကာသနီကျမ်းလာ ဝါဆိုစဉ်လင်္ကာကို ဆက်လက်တင်ပြ
ပါမယ်။
သုံးလူ့ သခင် ၊ ငါးမာရ်သင်၍
ပလ္လင်ပတ်ရံ ၊ သတ္တဋ္ဌာန်ဝယ်
သတ္တာဟံဖွဲ့ ၊ စံပယ်ခဲ့ပြီး
တဆဲ့ရှစ်ယူဇနာ ၊ ထိုမှကွာတည့်
ဗာရာနဂရ ၊ မိဂဒ၌
နန္ဒိယဝိဟာ ၊ ပထမဝါတည့်
ဒွါ-တိ-ဇယ ၊ ရာဇဂဟံ
ဝေဠုဝန်ပျော် ၊ ငါးသော်ဝေသာလီ
လိစ္ဆဝီဝိဟာ ၊ ဆဝါမကုဠ
သတ္တမဝတိံသာ ၊ အဋ္ဌာ ဘဂ္ဂ
နဝမ ကောသမ္ဗီ ၊ ဃောသီရွှေဘုံ
ရဂုံ ပါလိလေယျ ၊ ဒသမတည့်
နာဠပုဏ္ဏားရွာ ၊ ဧကာဒသဉ်
(သင်-ဟုဖတ်)
ဝေရဉ် ဗာရသ် ၊ တောင်မြတ်စာလိယ
တေရသတည့် ၊ စုဒ္ဒသဝါ
သာဝတ်တောင်စွန် ၊ ဇေတဝန်စံမှီ
ကပီ ပန္နရသ် ၊ ကျောင်းမြတ် နိဂြော
သောဠသမီ ၊ အာဠဝီတည့်
ဂီရိဗ္ဗဇ ၊ သတ္တရသာ
ဆယ့်ရှစ်ဝါ၌ ၊ နဝါ ဒသ
စာလိယကပ်ဆို ၊ ရာဇဂြိုဟ်ဝီသ
ဤထိုမျှကား ၊ ပထမဗောဓိ
အနိယဝါ ၊ နောင်လာတွက်ဖွဲ့ 
နှစ်ဆယ့်လေးတန် ၊ ဇေတဝန် ပုဗ္ဗာ
လှည့်လည်ကာဖြင့် ၊ ခေမာနီးသော်
ရွာကြီးဝေဠုဝ ၊ ဝါတော်မျှ၍
ပဉ္စစတ္တာလီ ၊ အသီတျာယု
တိုင်သမှုဖြင့် ၊ ဤလူ့ သက္ကရာဇ်
အဉ်-ဇော-ဧက်၌ ၊ နှစ်သစ်ကဆုန်
ပုဏ္ဏမီစေ့ ၊ အင်္ဂါနေ့ တွင်
နိဗ္ဗာန်ဝင်သား ၊ ရှင်ဘုရားကို
ညွတ်တွားဝန္ဒနာ ၊
ပူဇော်ပါ၏……..။ ။
(ပုံတော်စုံ ဇိနတ္ထပကာသနီ
နှစ်တရာပြည့်အထူးထုတ်၊ ၁၅၈။)
မြတ်စွာဘုရားဖြစ်တော်မူပြီးနောက်
ဗောဓိပင်အနီးတဝိုက်နေရာတွေမှာ သတ္တသတ္တာဟ (၄၉ ရက်) စံနေတော်မူပြီးနောက် ၁၈
ယူဇနာဝေးတဲ့ ဗာရာဏသီ၊ မိဂဒါဝုန်တောသို့ ကြွရောက်တော်မူတယ်။
ဒီနေရာမှာ
ကျီးသဲလေးထပ်ဆရာတော်ကြီးရဲ့ မူရင်းအရေးအသားစကားပြေကို ကောက်နုတ်ပြလိုပါတယ်။
"ယင်းသို
့ပဉ္စဝဂ္ဂီအစရှိကုန်သော ခြောက်ကျိပ်ကုန်သောသူတို့ အားလည်းကောင်း ၊ ထိုသူတို့ ၏မိဘ
ဆွေဉာ ဒါယကာစသည်တို့ အားလည်းကောင်း တရားအမြိုက်တိုက်ကျွေးတော်မူ၍ ဗာရာဏသီပြည်
မိဂဒါဝုန်တော၌ နန္ဒိယမည်သော ဥပါသကာသည် ဆောက်လုပ်အပ်သောကျောင်း၌ ပထမဝါဆိုတော်မူသည်။ "
(ယင်းကျမ်း၊ ၉၂-၉၃။)
ကျီးသဲလေးထပ်ဆရာတော်အဆိုအရ
ကျောင်းဒကာအမည် နန္ဒိယဆိုတာ ပါလာတယ်။ ထူးခြားမှုပါ။ ဆရာတော်ကြီးကိုးကားပြတဲ့
ဗုဒ္ဓဝံသဋ္ဌကထာ၊ ၄။) ပါဠိမှာတော့ ကျောင်းဒကာအမည်ဖော်ပြထားတာ မတွေ့ ရပါ
ဘူး။
"ဒွိ-တိ-ဇယ၊ ရာဇဂဟံ"
ဆိုတာ ၂-၃-၄ မြောက်ဝါတို့ ကို ရာဇဂြိုဟ်မှာ ကုန်လွန်စေတယ်ဆိုတာတော့
အတွေးပေါက်ပါတယ်။ သို့ သော် "ဇယ" ဆိုတာ "၄ ဂဏန်း"ကိုဆိုလိုကြောင်း
ဉာဏ်မမှီပါ။ ပိဋကတ်သင်္ချာဖော်
နည်းနဲ့ လည်း ဘယ်လိုမှာဆက်စပ်လို
့မရဖြစ်နေပါတယ်။
"ဂီရိဗ္ဗဇ၊ သတ္တရသာ"မှာ
ရာဇဂြိုဟ်ကို "ဂီရိဗ္ဗဇ" လို့  သုံးစွဲထားတယ်။ ရာဇဂြိုဟ်မြို့ ဟာ
ဂိဇ္ဈကုဋ်တောင်၊ ပဏ္ဍဝတောင်၊ ဣသိဂိလိတောင်၊ ဝေဘာရတောင်၊ ဝေပုလ္လတောင် ဆိုတဲ့
တောင်ကြီး ၅ လုံးအလယ်မှာ တည်နေတယ်။ မြို့ ပတ်ဝန်းကျင်တဝိုက်
တောင်ကြီးတွေကဝန်းရံတည်နေလို့  မြို့ ဟာ နွားခြံကြီးတခုနဲ့ တူနေလို့  ရာဇဂြိုဟ်ကို
ဂီရိဗ္ဗဇလို့ ခေါ်တာဖြစ်ပါတယ်။
(မူလပဏ္ဏာသဋ္ဌကထာ၊ ဋီကာ၊
အနင်္ဂဏသုတ်အဖွင့်နဲ့ သုတ္တနိပါတ်ဋ္ဌကထာ၊ ပဗ္ဗဇသုတ်အဖွင့်။)
ပဉ္စစတ္တာလီ ဆိုတာက ၄၅…..။
ဘုရားရှင်ရဲ့ဝါတော်ကို ရည်ညွှန်းပါတယ်။
အသီတျာယု ဆိုတာ (အသီတိ +အာယု=
၈ဝ+ အသက်) ဘုရားရှင်ရဲ့သက်တော် ၈ဝ ကို ရည်ညွှန်းပါတယ်။
အဌ်-ဇော-ဧက်ဆိုတာမှာ အဌ်-က အဋ္ဌ
(၈) ကို ၊ ဇော-က (၄) ကို ၊ ဧက်-က (၁)ကို ဆိုလိုပြီး ပြောင်းပြန်ပြန်တော့ ၁၄၈
(ဘုရားပရိနိဗ္ဗာန်စံတဲ့နှစ်) ဖြစ်လာတယ်။
ဆရာတော်ကြီးဝါဆိုစဉ်လင်္ကာမှာ
ရှင်းရှင်းနားမလည်နိုင်တာက (ဇယ) နဲ့  (ဇော) ဖြစ်နေတာတွေ့ ရပါတယ်။ ဒွိ-တိ-ဇယ
ဆိုတာမှာ ဇယ-ဆိုတာဘာကိုဆိုလိုမှန်း သဘောမပေါက်ပါဘူး။ ဇော-မှာလည်း ထို့ နည်းတူ..။
တခြား အမှတ်အသားရှိလို့ သာ သက္ကရာဇ် ၁၄၈ ကို ဆိုလိုတာဖြစ်မယ်လို့ မှန်းဆရတာပါ။
ဇော-ကို ဘာကြောင့် (၄)ဂဏန်းအဖြစ် သတ်မှတ်တယ်ဆိုတာ မရှင်းလှပါဘူး။ ဆရာတော်ကြီးရဲ့
ဝါဆိုစဉ်လင်္ကာမှာ မရှင်းတာက ဇယ
နဲ့  ဇော ၊ ထူးထူးခြားခြားသတိပြုမိတာက
ပထမဝါ ဗာရာဏသီ၊ မိဂဒါဝုန်မှာဆိုတော့ ကျောင်းဒကာအမည် နန္ဒိယ ဆိုတာကို ဖော်ပြတာတို
့ပါပဲ………။
အမရဒီပ
သြဂုတ် ၃၊ ၂ဝ၁၂
Thursday, August 2, 2012
မြတ်ဗုဒ္ဓဝါဆိုသောနေရာများ- ၁
နိဒါန်း
ဘုရားဖြစ်ပြီး ၄၅ နှစ်အတွင်း
မိုးရာသီကာလတွေမှာ ဘုရားရှင်နေထိုင်သီတင်းသုံးခဲ့တဲ့နေရာတွေ၊အဲသည်နေရာ
တွေမှာ ဟောပြခဲ့တဲ့ဒေသနာတွေ၊
ဖြစ်ရပ်တွေကို လေ့လာမယ်ဆိုရင် အတော်ကျယ်ပြန့် မယ့် လုပ်ငန်းတခုဖြစ်ပါ
လိမ့်မယ်။
ရှေးဦးစွာ ဝါဆိုစဉ်နေရာတွေကို
မြန်မာလင်္ကာသွားနဲ့ မှတ်တမ်းတင်ခဲ့တာတွေကို လက်လှမ်းမီသလောက် စုစည်းကြည့်ပါမယ်။
မဟာသုတကာရီမဃဒေဝလင်္ကာသစ်ရဲ့ ဝါဆိုမှတ်တမ်း
ရှေးကတန္တီ ၊ ပဝေဏီဖြင့်
နည်းမှီထုံးစံ ၊ အနှုန်းခံမှ
သဟံဗြဟ္မာ ၊ ခွင့်ပန်ထွာ၍
ယူဇနာဆဲ့ရှစ် ၊ ကွာလစ်ဓွန့် တာ
မိဂဒါသို့ ၊ ဒေသစာချီထ
နေ့  ခြင်းကြွပြီး၊ ပုဏ္ဏရက်ဝါ
လနွယ်တာ၌ ၊ မင်္ဂလာချမ်းမြေ့ 
စနေနေ့ ဝယ် ၊ ဘုန်းဟေ့မြတ်မွန်
မြတ်ရွှေဉာဏ်ဖြင့် ၊ အပြန်သုံးခါ
ခြင်းရာဆဲ့နှစ် ၊ စတုသစ်တည့်
ဘွင့်လှစ်နဲနက် ၊ ဓမ္မစက်ကို
ဘဝဂ်နရက်၊ အောက်ထက်ကြေညာ
ဟောလှည့်ကာလျှင် ၊ ဗာရာဏသီ
ဝါကပ်မှီ၏ ၊ ဒုတီယ
တတီယ ၊ စတုတ္ထနှင့်
သတ္တရသာ ၊ ဝါတော်ဆင့်တိုး
နှစ်ဆယ်ဖြိုးအောင် ၊ လူမျိုးမှီခို
ရာဇဂြိုဟ်ဝယ် ၊ ခေါက်ကြိုတုံ
့ပြန်
ငါးတန်ဝဿ ၊ ဝါတော်မျှ၏
ပဉ္စမမှာ ၊ ပြည်ဝေသာနှင့်
ခြောက်ဝါမကုလ ၊ သတ္တမကား
သက္ကပုရိန် ၊ တာဝတိန်ထက်
ဒေဝိန်ဌာန ၊ ရှစ်ဝါရ၌
ဘဂ္ဂတိုင်းသာ ၊ ကိုးဝါတုံပြီ
ကောသမ္ဗီနဂရ ၊ ဒသမသော်
ရှင်တော်ဘော်နည်း ၊
တပါးတည်းဖြင့်
ပလလည်းတောရပ် ၊ တထပ်နောက်မှာ
ဆဲ့တဝါမူ ၊ နာဠာဂါမ
ဒွါဒသ၌ ၊
ဝေရဉ္ဇပြည်
တမည်ပေါင်းရုံး ၊
ဆယ့်သုံးဆယ့်ရှစ်
ဆဲ့ကိုးစစ်ကား ၊ တွင်လစ်သညီ
စာလီပဗ္ဗတ ၊ စုဒ္ဒသမှ
ဇေတကျောင်းသာ ၊ ဆဲ့ငါးဝါကို
ရွှေချက်သိုသည့် ၊ ကပိုလ်ပြည်ကြီး
စံပျော်မှီး၏ ၊ ထိုပြီးနောက်မှာ
ဆဲ့ခြောက်ဝါသော် ၊ အာဠဝီပြည်မ
ဤသို့ ပြသား၊ ပထမဗောဓိ
ဝီသတိဝယ် ၊ အနိဗဒ္ဓ
မြဲမမျှဘဲ ၊ ဒေသစာရီ
ရောက်ရာမှီ၍ ၊ ထိုဤပြည်ရပ်
ဝါတော်ကပ်၏ ၊ နောက်ထပ်ပစ္ဆိ
ဗောဓိမည်ပေး ၊ နှစ်ဆယ့်လေးကား
ရှေးသို့ ဘုန်းမော် ၊
စိတ်တော်မညွတ်
ပြည်သာဝတ်တွင် ၊ နိဗဒ္ဓဝါ
အရာမရွေ့ ၊
အရှေ့ ရွှေဘုံ
ပုဗ္ဗာရုံနှင့် ၊
မြေခုံဌာန
ဒက္ခိဏဟု ၊ နာမသမိုက်
တောင်တိုက်ဇေတဝန် ၊
ကျောင်းနှစ်ဌာန်ဝယ်
လှည့်ဘန်ဝါရ ၊ အစဉ်မျှတည့်
ပစ္ဆိမအခါ ၊ ဝေဠုရွှာ၌
ဝေနေသုံးကို ၊သိမ်းကျူံးချွတ်ကယ်
ကပ်စမ္ပယ်သည် ။ ။ လေးဆယ်ငါးဝါတွက်ရေတည်း……….။ (ပိုဒ်ရေ- ၅၇၃)
ပထမဗောဓိ ခေါ် ဘုရားဖြစ်ချိန်မှဝါတော်
၂ဝ အထိ ရာဇဂြိုဟ်မှာ ၅ ဝါ၊ စာလိယတောင်မှာ ၃ ဝါ၊ မိဂဒါဝုန်၊
ဝေသာလီ၊မကုလ(ဠ)၊ တာဝတိ
ံသာ၊ ဘဂ္ဂ၊ ကောသမ္ဗီ၊ ပါလိလေယျတော (ပလလဲတော)၊ နာဠရွာ၊ ဝေရဉ္ဖ၊ သာဝတ္ထိ၊ ကပိလဝတ်၊ အာဠဝီ
ဆိုတဲ့ ၁၂ နေရာမှာ ၁ ဝါစီ (၁၂+၅+၃= ၂ဝ) ဆိုတော့ ဝါတော် ၂ဝ ပြည့်သွား
ပါတယ်။ လင်္ကာမှာ အနိဗဒ္ဓဝါ လို့ သုံးတာက
ဝါဆိုမယ့်ကျောင်းကို အတည်တကျမသတ်မှတ်ဘဲ ခရီးလှည့်ရင်း
မိုးရာသီကျလာရင်
ရောက်တဲ့နေရာဝါဆိုတာလို့ ဆိုလိုတာပါ။
ဒုတိယဗောဓိ ခေါ် ၂၁ ဝါမှ ၄၅ ဝါအထိအတွင်းမှာ
၂၄ ဝါကို သာဝတ္ထိမြို့ အရှေ့ ဖက်ရှိ ပုဗ္ဗာရုံကျောင်းမှာဖြစ်စေ၊
မြို
့တောင်ဖက် ဇေတဝန်ကျောင်းမှာဖြစ်စေ ဝါဆိုလေ့ရှိပါတယ်။ သာဝတ္ထိမှာပဲ
အမြဲတစေအထိုင်ချပြီး ဝါဆိုလို့  နိဗဒ္ဓဝါ လို့ လင်္ကာမှာ သုံးထားတယ်။ ၄၅
ဝါမြောက်နောက်ဆုံးဝါကို ဝေဠုဝရွာမှာ သီတင်းသုံးပါတယ်။
မြတ်စွာဘုရားရဲ့ ၄၅ ဝါကာလမှာ
သာဝတ္ထိမှာ ၂၅ ဝါ၊ ရာဇဂြိုဟ်မှာ ၅ ဝါ၊ စာလိယ ၃ ဝါ ပေါင်း ၃၃ ဝါ၊ အခြား ၁၂ ဌာနမှာ ၁
ဝါစီ ပေါင်း (၂၅+၅+၃+၁၂= ၄၅) ဖြစ်ပါတယ်။
အပြန် ၃ ၊ အခြင်းအရာ ၁၂ ၊ စတုသစ်
လင်္ကာမှာ "အပြန်သုံးခါ၊
ခြင်းရာဆဲ့နှစ်၊ စတုသစ်တည့်" လို့ ရေးထားတာကို နည်းနည်းပြောဖို
့လိုလိမ့်မယ်ထင်ပါ
တယ်။ ဓမ္မစက္ကပဝတ္တနသုတ်ပါဠိတော်မှာ
"ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ
အဟောသိ= ဤသစ္စာ ၄ ပါးတို့ ၌ သစ္စဉာဏ်-ကိစ္စဉာဏ်-ကတဉာဏ်အား
ဖြင့် ၃ ပါးသောအပြန်ရှိသော ၊ ၃
ပါး ၄ လီဖြစ်၍ ၁၂ ပါးသောအခြင်းအရာရှိသော၊ ဟုတ်မှန်တိုင်းဖြစ်သော ဉာဏ်အမြင်သည်
ငါ့အားအလွန်သန့် ရှင်းကြည်လင်စင်ကြယ်စွာဖြစ်ပေါ်ပြီ" လို
့ဘုရားဖြစ်တာကိုယ်တိုင်ဝန်ခံတဲ့
စကားရပ်အဖြစ် တွေ့ နိုင်ပါတယ်။
မူလအခေါ်အားဖြင့် "တိပရိဝဋ္ဋ"
ကို မြန်မာပြန်တော့ "အပြန် ၃ ပါး"ဖြစ်လာတယ်။ အပြန် ၃ ပါးဆိုတာက
သစ္စာ
တပါးတပါးစီမှာ သစ္စဉာဏ်၊ကိစ္စဉာဏ် ၊ ကတဉာဏ်ဆိုတဲ့ ဉာဏ် ၃ မျိုးကို ဆိုလိုတာပါပဲ။
မူလအခေါ်အားဖြင့် "ဒွါဒသာကာရ"ကို
မြန်မာပြန်တော့ "အခြင်းအရာ ၁၂ ပါး"ဖြစ်လာပါတယ်။ (ပဋိစ္စသမုပ္ပါဒ်လာ
ခြင်းရာ ၂ဝ နဲ့  ကျေးဇူးပြုပြီး မရောထွေးလိုက်ပါနဲ့ ….။)
ဒီနေရာမှာ အခြင်းအရာ ၁၂
ပါးဆိုတာကတော့ သစ္စ-ကိစ္စ-ကတဉာဏ်ဆိုတဲ့ ၃ မျိုးကို သစ္စာ ၄ ပါးနဲ့ မြှောက်ပွားပြီး
ရတဲ့ ဉာဏ် ၃ ပါးရဲ့ သိမြင်နားလည်ပုံအခြင်းအရာ ၁၂ ပါးလို့ ဆိုလိုတာပါ။
သစ္စာတပါးတပါးစီမှာ ထိုးဖောက်သိမြင်ပုံ ၃ မျိုးစီ (တနည်းပြောရင် ဉာဏ်အမြင် ၃
မျိုးစီ) ရှိနေလို့  သစ္စာ ၄ ပါးဆိုတော့ ၄ ကို ၃ နဲ့ မြှောက်တော့ ၁၂
ဖြစ်လာပါလေရော…..။
"စတုသစ်"ဆိုတာကတော့
ပါဠိလို စတု= ၄ ၊ သစ်=သစ္စာ လို့ ဖော်ကြည့်ပါ။ ဒုက္ခ၊သမုဒယ၊နိရောဓ၊ မဂ္ဂသစ္စာ ကို
ဆိုလိုကြောင်း နားလည်နိုင်ပါတယ်။
"ကပိုလ်ပြည်"ဆိုတာက "ကပိလဝတ်ပြည်"ကို
ဆိုလိုတာပါ။ မန်လည်ဆရာတော်က ကဗျာဆရာလိုင်စင်
(Poetic License) ကိုကိုင်စွဲပြီး
ရှေးပါဒဖြစ်တဲ့ "ရွှေချက်သိုသည့်"က "သို"နဲ့ ကာရန်မိအောင် "ကပိလ"ကို
"ကပိုလ်"လို့  ပြောင်းသုံးတယ်။ "ဝတ္ထု=ဝတ်"ကိုတော့
ရဟန်းကျောင်းသုံးပါဠိသဒ္ဒါစကားလုံးနဲ့ ပြောရင် "လောပ=ကြေ၊ချေ" လိုက်တယ်ပေါ့လေ။
မရှိအောင်လုပ်ထားတယ်၊ကွယ်ပျောက်အောင်လုပ်လိုက်တယ်လို့ ဆိုလိုတာပါပဲ……။
အလားတူ……….
"ဒေဝဒဟ၊ ကောလိယနှင့်၊
ကပိလမည်၊ ပြည်သုံးပြည်ကို"….. (ပိုဒ်ရေ- ၁၃)
"တကွမပြား၊
လေးယောက်သားနှင့်၊ ငါးပါးသမီး၊ နတ်ရွယ်ညီးတို့ ၊ တောကြီးဟေမာ၊ ထွက်ကြလာ၍၊
မဟာဣသိန္ဒ၊
ကပိလ၏၊ သာကဝနေ၊ ကျောင်းရာမြေဝယ်၊ ဇေယျာနက်သန်၊ အောင်ကွက်မှန်၌၊
ဗိမာန်ထီးနန်း၊
တည်ဘန်ဆန်း၍၊ ပြဋ္ဌာန်းနာမ၊ တိုင်းသက္ကနှင့်၊ ကပိလဝတ္ထု၊ ပြည်သေတ္တုဟု" …..
(ပိုဒ်ရေ-၃၂)
"ဘုရားဖြစ်ဘို့ ၊ လူတို
့ဌာနီ၊ ပြည်ကပီဝယ်"….. (ပိုဒ်ရေ- ၅၃၄)
"သောင်းမြေဌာနီ၊ ပြည်ကပ္ပီ၌"…..
(ပိုဒ်ရေ- ၅၆၂)
"မဏ္ဍိုင်ဌာနီ၊ ပြည်ကပ္ပီဝယ်"…..
(ပိုဒ်ရေ- ၃၂)
……တို့ ကိုကြည့်ပြီး ကဗျာဆရာတွေ စကားလုံးကစားပြီး စာပန်းချီ
ရေးဆွဲပုံသွင်းစပ်ဟပ်တာတွေ မြင်လာရပါတယ်။
နောက်ကြောင်းဗုဒ္ဓဝင်
မန်လည်ဆရာတော်ရဲ့လင်္ကာအစပိုင်းအရ
ဇာတ်လမ်းကျောရိုးကိုပြောမှ ပြည့်စုံပေမယ်။ ဗုဒ္ဓမြတ်စွာဟာ
ကဆုန်လပြည့်နေ့ မှာ
ဘုရားဖြစ်ပြီး ဗောဓိပင်အနီးအနားနေရာတွေမှာ ခုနစ်ရက်ခုနစ်လီ (၄၉) ရက်လုံး
တနေရာစီ ရွှေ
့ပြောင်းသီတင်းသုံးပါတယ်။ ခုနစ်နေရာမြောက် လင်းလွန်းပင် (ရာဇာယတနသတ္တာဟ)ရင်းကနေ
ဆိတ်ကျောင်းညောင်ပင်(အဇပါလသတ္တာဟ)နေရာဆီသို့  တဖန်ပြန်လည်ကြွရောက်နေထိုင်စဉ်မှာ
တရားဟော
၊တရားပြလုပ်ငန်းအတွက်
သဟမ္ပတိဗြဟ္မာလာရောက်တောင်းပန်အဘိယာစကပြုပါတယ်။ ဝါဆိုလဆန်း ၁၄ ရက်
ညဥ့်အထိ ဗောဓိမဏ္ဍိုင်မှာ
နေထိုင်ခဲ့ပြီး နေ့ ချင်းအရောက် ၁၈ ယူဇနာဝေးတဲ့ ဗာရာဏသီ၊ မိဂဒါဝုန်တောရှိ
ပဉ္စဝဂ္ဂီတို့ ထံ ကြွရောက်ပါတယ်။ (ရှေးအခေါ်နွယ်တာလ) ခေတ်အခေါ်ဝါဆိုလပြည့်၊ စနေ့ နေ
့ညမှာ တရားဦး
ဓမ္မစကြာကို ဟောတော်မူပါတယ်။
ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ မှာ ပဉ္စဝဂ္ဂီတို့ နဲ့ အတူ မိဂဒါဝုန်မှာ ဝါဆိုဝါကပ်
တော်မူပါတယ်။
အမရဒီပ
သြဂုတ်၂၊ ၂ဝ၁၂
Wednesday, August 1, 2012
မဃဒေဝလင်္ကာသစ်ပြောတဲ့ ၁၅ဝဝ သင်္ချာ
၁။
"နံတေပညာ ၊ အဋ္ဌာရသ
နိပ္ဖန္နနှင့် ၊ လက္ခဏလေးထွေ
ယင်းအနေကို ၊ ကိလေဆယ်ပါး
မြှောက်ပွားတုံထ၊
ခုနှစ်ရာ့ငါးဆယ်
ပေါင်းချယ်ရေတွက် ၊ သင်္ချာထွက်သား
မီးထက်ပြောင်ညိ ၊ လောင်မချိဖြင့်
မိမိသန္တာန် ၊ သူ့ သန္တာန်ဟု
နှစ်တန်ပေါင်းကာ ၊
ထောင့်ငါးရာကို"……………….(ပိုဒ်ရေ၊၁၈။)
ဒီကနေ့ လူတွေကြား အသုံးများတဲ့
၁၅ဝဝ ဂဏန်းဖြစ်ပေါ်ပုံကို မဃဒေဝလင်္ကာသစ်မဟာကဗျာကဝိမန်လည်
ဆရာတော်ကြီးက ရှင်းပြတဲ့အနေ
လင်္ကာဖွဲ့ တော်မူပါတယ်။ "နံတေပညာ" ဆိုတာ "နာမ်တေပညာသ"ကိုဆိုလို
တာပါ။ စိတ် ၁၊ စေတသိက် ၅၂
ပေါင်းတော့ ၅၃ ပါးဟာ နာမ်တရားဖြစ်လို့  နာမ်တေပညာသလို့ ခေါ်တာဖြစ်ပါ
တယ်။ (တေ ၃ + ပညာသ ၅ဝ=တေပညာသ ၅၃)
နောက် နိပ္ဖန္နရုပ် အဋ္ဌာရသ ၁၈၊
လက္ခဏရုပ် ၄ ကို ဆက်လက်ဖော်ပြတယ်။ ၅၃+၁၈+၄= ၇၅ ဖြစ်လာပါတယ်။
၇၅ ကို ကိလေသာ ၁ဝ ပါးနဲ
့မြှောက် ၇၅ဝ ဖြစ်တယ်။ မိမိသန္တာန် (အဇ္ဈတ္တ) ၁ နဲ့  သူတပါးသန္တာန် (ဗဟိဒ္ဓ) ၁
ဆိုတဲ့ သန္တာန် ၂ ပါးနဲ့ ထပ်မြှောက်တော့ ၁၅ဝဝ ဖြစ်လာပါတယ်။
၂။
"ခုဒ္ဒကကျမ်းလာ ၊
ရှစ်ရာနှင့်တစ်
ကိလေစစ်၌ ၊ ရာရှစ်တဏှာ
ပယ်နုတ်ကာလျှင် ၊ မိစ္ဆာဒွါသဌ်
ထည့်လတ်တုံပြန်၊ အနုပ္ပန်နှင့်
ဥပ္ပန်နှစ်ပါး ၊
ထပ်ပွားမြှောက်ကြို
ဆယ်ပါးပိုကို၊ မလိုပယ်ချ
ဦနသင်္ချာ၊ ထောင့်ငါးရာဟု
ကိလေသာဆိုး၊ မိုက်မျက်မျိုးကို
ပြတ်ကျိုးကျေမွ ၊ မကျန်ရအောင်
ပြာကျစေလျက်၊ ပစ်ချေညက်မှ".................(ပိုဒ်ရေ၊
၅၃၄။)
ဒီလင်္ကာပါ "ခုဒ္ဒကကျမ်း"ဆိုတာ ဓမ္မပဒပါဠိတော် စတဲ့ ကျမ်းစာတခုခုကို
ဆိုလိုတာမဟုတ်ပါဘူး။
အဘိဓမ္မာ ၇
ကျမ်းမှာအပါအဝင်ဖြစ်တဲ့ ဝိဘင်္ဂပါဠိတော်ကျမ်းလာ "ခုဒ္ဒကဝတ္ထုဝိဘင်္ဂ"ဆိုတဲ့အခန်းကို
ဆိုလိုတာပါ။
ဆဋ္ဌသံဂါယနာမူ၊ ဝိဘင်းပါဠိတော်၊
စာမျက်နှာ ၃၅၉ ကို ကြည့်ပါ။ ဝိဘင်းပါဠိတော်မြန်မာပြန်နိဒါန်းမှာ "ခုဒ္ဒက"ဆို
တဲ့ စကားလုံးအကြောင်းကို အခုလို
ရှင်းပြထားပါတယ်။
"ဤ၌ ခုဒ္ဒက သဒ္ဒါသည်
သေးငယ်သိမ်ဖျင်းယုတ်ညံ့သောတရားများဟု အဓိပ္ပါယ်အနက်ရရှိသည်။ မှန်လှ၏။
ယင်းအမည်နှင့်လိုက်လျောညီစွာပင် ခုဒ္ဒကဝိဘင်း၌ ယုတ်ညံ့သိမ်ငယ်သည့်
အကုသိုလ်တရားအမျိုးမျိုးကို
ဝေဘန်ဟောကြားထားပေသည်။"
အဲသည် ခုဒ္ဒကဝတ္ထုဝိဘင်းအခန်းမှာ
ကိလေသာ ၈ဝ၁ ကို ဟောတော်မူထားပါတယ်။ ၁ဝ၈ ပါးကို ပါဠိတော်မာတိ
ကာအတိုင်း
အကျဉ်းချုပ်ရေတွက်ကြည့်ရင် ၁ ပါးအုပ်စု ၇၃၊ ၂ ပါးအုပ်စု ၃၆၊ ၃ ပါးအုပ်စု ၁ဝ၅၊ ၎
ပါးအုပ်စု ၅၆၊ ၅ ပါးအုပ်စု ၇၅၊ ၆ ပါးအုပ်စု ၈၄၊ ၇ ပါးအုပ်စု ၄၉၊ ၈ ပါးအုပ်စု ၆၄၊ ၉
ပါးအုပ်စု ၈၁၊ ၁ဝ ပါးအုပ်စု ၇ဝ၊ တဏှာဝိစရိတ ၁ဝ၈ …….အားလုံးကိုပေါင်းကြည့်ရင်
(၇၃+၃၆+ ၁ဝ၅+ ၅၆+၇၅+၈၄+၄၉+၆၄+၈၁+၇ဝ+၁ဝ၈=၈ဝ၁)
ရှစ်ရာနဲ့ တစ် ဖြစ်လာပါတယ်။
၈ဝ၁ ထဲက တဏှာဝိစရိတ ၁ဝ၈ ကို
နုတ်ပါ။ ၆၉၃ ပါးကျန်ပါတယ်။ ၆၉၃ ကို မိစ္ဆာဒိဋ္ဌိ ၆၂ ပါးနဲ့ ပေါင်းတော့ ၇၅၅
ဖြစ်လာပါတယ်။ ဥပ္ပန္နကိလေသာ (ဖြစ်ပြီးကိလေသာ) နဲ့  အနုပ္ပန္နကိလေသာ
(မဖြစ်သေးသောကိလေသာ)
၂ ပါး နဲ့ မြှောက်ရင် ၁၅၁ဝ
ဖြစ်လာတယ်။ လင်္ကာမှာ "ဆယ်ပါးပိုကို၊ မလိုပယ်ချ၊ ဦနသင်္ချာ၊ထောင့်ငါးရာ"လို
့ ဆိုတဲ့
အတိုင်း ၁၅၁ဝ မှာ ၁ဝ
ပါးပိုနေပေမယ့် "အနည်းငယ်အပိုအလွန်မှာ
ဂဏန်းမဖွဲ့ လောက်ပါ= အပ္ပကံ ပန ဦနမဓိကံ ဝါ န ဂဏနူပဂံ ဟောတိ" ဆိုတဲ့
ပြောရိုးပြောစဉ်စကားအရ အပို ၁ဝ ကို ဂဏန်းအရေအတွက်ထဲ မထည့်တော့
တာကြောင့် "၁၅ဝဝ
ကိလေသာ"ဖြစ်လာပါတော့တယ်။
၃။
အဋ္ဌကထာ၊ ဋီကာတွေမှာ "အဋ္ဌသတတဏှာဝိစရိတ၊
အဋ္ဌသတပ္ပဘေဒ"လို့  ခေါ်ကြတဲ့ တဏှာ ၁ဝ၈ ကိုလည်း မဃဒေဝလင်္ကာသစ်မှာ တွေ့ ရပါတယ်။
"အာရုံခြောက်ဖြာ ၊ တဏှာသုံးထပ်
နှစ်ရပ်သန္တာန် ၊ သုံးတန်ကာလ
အဆဆတိ ၊ မြှောက်ထပွားလစ်
တရာ့ရှစ်ဟု ၊ ဆိုးညစ်ယုတ်မာ
ပျော်တတ်စွာသား၊ တဏှာမည်ရှိ
စပ်ယှဉ်ဘိတိုင်း ၊ …………………" (ပိုဒ်ရေ၊ ၅၂၁။)
လင်္ကာပြတဲ့အစီအစဉ်အတိုင်းပြောရင်
အာရုံ ၆ ပါးကို တဏှာ ၃ ပါးနဲ့ မြှောက်
(၁၈)၊ ၁၈ ကို သန္တာန် ၂ ပါးနဲ့ 
မြှောက် (၃၆)၊ ၃၆ ကို ကာလ ၃
ပါးနဲ့ မြှောက် (၁ဝ၈) ဖြစ်သွားပါတယ်။
အဘိဓမ္မတ္ထသင်္ဂဟ (သင်္ဂြိုဟ်)
သင်နည်းတွေမှာတွေ့ ရတတ်တဲ့……….
"တဏှာသုံးတန်၊ တည်ထားပြန်၊
အာ-ကာ-သန်ဖြင့်မြှောက်။"
"တဏှာအစစ်၊ တရာ့ရှစ်၊
ဖြစ်၏ကိုယ်မှာရောက်။"
ဆိုတာနဲ့  အညီကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာခေါ်တဲ့တဏှာ
၃ ပါးကိုတည်၊ တဏှာ ၃ ပါးက
အာရုံ ၆ ပါးကို အာရုံပြုတော့
အာရုံ ၆ ပါးနဲ့ မြှောက်တော့ တဏှာ ၁၈
ဖြစ်တယ်။ တဏှာ ၁၈ မျိုးလုံးဟာ အတိတ်
အနာဂတ် ပစ္စုပ္ပန်ကာလ ၃ ပါးမှာရှိတဲ့အာရုံတွေကို အာရုံပြုတတ်လေတော့ ကာလ ၃ ပါးနဲ
့မြှောက် ၅၄ ဖြစ်တယ်။ တဏှာ ၅၄ ပါးလုံးဟာ မိမိသန္တာန်၊ သူတပါးသန္တာန် ၂ မျိုးလုံးကို
အာရုံပြုလေတော့ ၅၄ ကို ၂ နဲ့ မြှောက် ၁ဝ၈
ဖြစ်ပြန်တယ်။
မြှောက်ပုံအစီအစဉ်ချင်းမတူပေမယ့် တဏှာ ၁ဝ၈
ဖြစ်တာချင်းတော့တူသွားတာပါပဲ။
၎။
"အထ မေ ဣမသ္မိံ ပလ္လင်္ကေ
နိသိန္နေန ဒိယဍ္ဎကိလေသသဟဿံ ခေပေတွာ အယံ ဓမ္မော
ပဋိဝိဒ္ဓေါတိ ပဋိဝိဒ္ဓဓမ္မံ ပစ္စဝေက္ခန္တော သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ= ထိုမှနောက်၌ ငါသည်
ဤပလ္လင်၌ထိုင်တော်မူလျက် အခွဲအားဖြင့် နှစ်ထောင်သောကိလေသာကို (ဝါ)
တထောင့်ငါးရာကိလေသာကို ကုန်စေပြီး၍ ဤသဗ္ဗညုတဉာဏ်
တရားကို ထိုးထွင်း၍ သိအပ်ပြီ၊
ဤသို့ ထိုးထွင်း၍သိတော်မူအပ်ပြီးသော သဗ္ဗညုတဉာဏ်တရားကို ဆင်ခြင်တော်
မူလျက် ခုနှစ်ရက်ပတ်လုံး တခုသော
လက်ဝယ်တင်ပလ္လင်ဖြင့် ထိုင်နေတော်မူပြီ" ဆိုတဲ့ အဋ္ဌသာလိနီအဋ္ဌကထာ
စကားမှာ " ဒိယဍ္ဎကိလေသသဟဿံ "ကို
မူလဋီကာမှာ အသေအချာဖွင့်တယ်။ အဲဒီအဖွင့်အတိုင်းပဲ မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာမှာ
ပြန်ရေးတယ်။
"ဒိယဍ္ဎကိလေသသဟဿံ" ကို
အခွဲအားဖြင့် နှစ်ထောင် (ဝါ) တထောင့်ငါးရာ လို့ မြန်မာပြန်တာကို သတိပြုမိကြမှာပါ။ "အခွဲအားဖြင့်နှစ်ထောင်"
ဆိုတာ ၁၅ဝဝ ကို Rounding whole numbers အနေနဲ့ ကြည့်
ရင် ၂ဝဝဝ ဖြစ်သွားတယ်လို
့ယူဆနိုင်ပါတယ်။အတိအကျဆိုရင် ၁၅ဝဝ ပေါ့လေ။
စကားကြုံလို့ …………
" ခွဲပါတွက်ဆ ၊
တထောင်လျလျက်
ရှစ်ပါးတရာ၊ ကိလေသာနှင့်
တဏှာမလပ် ၊ နေ့ တိုင်းကပ်လည်း
ဖပ်ဖပ်စိုစို ၊ မစွတ်လိုဟု
ရွယ်ညိုလှထွား ၊ သားမယားကို
စွန့် ထားခွါရှောင် ၊
တောင်ကြီးချောင်၌ "………..ဆိုတဲ့ မုဒုလက္ခဏပျို
့၊ ပိုဒ်ရေ ၁၉ မှာ အခွဲ (တထောင်ရဲ့ ထက်ဝက် ၅ဝဝ) ကို ၁ဝဝဝ ထဲပေါင်းထည့်ပြီး
၁၅ဝဝ ကိလေသာဖြစ်ပုံကို စပ်ဆိုတာ တွေ့ ရပါတယ်။
၅။
ကိလေသာ ၁၅ဝဝ၊ တဏှာ ၁ဝ၈
များ-များနိုင်လွန်းတယ်၊ အရိယမဂ်ပယ်စဉ်နဲ့ ဒီ ၁၅ဝဝ၊ ၁ဝ၈ ကို "ဆန်စဉ်ရာ
ကျည်ပွေ့ လိုက်"ဆိုတာလို တခုချင်းလိုက်ပယ်ရှားနေရမှာလား စဉ်းစားဖွယ်ရှိပါတယ်။
အမှန်တော့ တဏှာ ၃ တန်အရင်းခံပြီး
အာ-ကာ-သန်နဲ့ မြှောက်ထားတဲ့ ကိလေသာတွေကို တခုချင်းလိုက်နေ
စရာမလိုပါဘူး။
အတိတ်ကိလေသာ၊အနာဂတ်ကိလေသာ၊ ပစ္စုပ္ပန်ကိလေသာ အစားစားတွေကိုလည်း လိုက်နေစ
ရာမလိုလှပါဘူး။ အနုသယတဏှာ
(လောဘကိလေသာ) ကို ပယ်နိုင်ရင် ကိစ္စပြီးတယ်လို့  မှတ်ယူနိုင်ပါတယ်။
အမရဒီပ
သြဂုတ် ၁၊ ၂ဝ၁၂
ကျမ်းကိုး။
၁။ ဝိဘင်းပါဠိတော် ၊ အဋ္ဌကထာ
၂။ အဋ္ဌသာလိနီအဋ္ဌကထာ၊ မူလဋီကာ
၃။ အဋ္ဌသာလိနီဘာသာဋီကာ ၊၁၊
၎။ မဟာသုတကာရီမဃဒေဝလင်္ကာသစ်
၅။ ဝိဘင်းပါဠိတော်မြန်မာပြန်
Subscribe to:
Posts (Atom)