Total Pageviews
Sunday, June 24, 2012
မြောင်းမြဆရာတော်အရှင်ဉာနိက၏ ဘဝနှင့် သာသနာရေးအတွေ့ အကြုံ
Myaung Mya Sayadaw by Bbc u Nay Win
မူရင်းစာအုပ်---ဘီဘီစီ ဦးနေဝင်း (လန်ဒန်)၏ ဆရာတော်ကြီးများနှင့်တွေ့ ဆုံမေးမြန်းမှုများ
Saturday, June 23, 2012
The Court Of Ava in 1855, အင်းဝရွှေနန်းရောက် ဗြိတိသျှသံအဖွဲ့ မှတ်တမ်း ၁၈၅၅
The-Court-of-Ava-in-1855
မြန်မာပြန်-တက္ကသိုလ်နေဝင်း၊ အင်းဝရွှေနန်းရောက်ဗြိတိသျှသံအဖွဲ့ မှတ်တမ်း (၁၈၅၅)
Thursday, June 21, 2012
စိတ်ဝင်စားရင် ဖြစ်ပါတယ်
ပြင်သစ်ပြန်မြန်မာသံအဖွဲ့ ရွှေစည်းခုံစေတီကို ဖူးမျှော်ကြည်ညို
ပြင်သစ်နိုင်ငံသွား မြန်မာသံကိုယ်စားလှယ်ခေါင်းဆောင် ကင်းဝန်မင်းကြီး ဦးကောင်း
ကင်းဝန်မင်းကြီးဦးကောင်းဦးဆောင်တဲ့
မြန်မာသံတမန်အဖွဲ့ ဟာ ပြင်သစ်အပါအဝင်မဟာမိတ်နိုင်ငံတွေဆီ သွားရောက်ပြီးနောက်
နေရပ်ရတနာပုံနေပြည်တော်သို့  ပြန်လာခဲ့ကြပါပြီ….။မြန်မာသံအဖွဲ့ ဟာ အသွား
ခရီးစဉ်တုန်းက
ရွှေစည်းခုံစေတီတော်ကို ဖူးမြော်ကြည်ညိုခဲ့ကြသလို အပြန်ခရီးမှာလည်း စေတီတော်ကို
ပန်း၊ဆီမီး၊ရွှေပြားလှုဒါန်းပူဇော်သွားကြောင်း
မှတ်တမ်းမှာတွေ့ ရတယ်။ ဒါ့အပြင် ဘာသာရေး၊
ဒေသယုံကြည်မှု
တွေကို ဖော်ပြထားတာ မတွေ့ ရတော့ပါဘူး။
ဒါကြောင်းမှတ်တမ်းစာကိုယ်အတိုင်းပဲ အသွားခရီးစဉ်၊ အပြန်ခရီးစဉ်
အချိတ်အဆက်မိအောင် ဖော်ပြပေးလိုက်ပါတယ်။
သက္ကရာဇ်
၁၂၃၆၊ တော်သလင်းလပြည့်ကျော် ၁ဝ ရက်၊
ခရစ်နှစ်
၁၈၇၄၊ အောက်တိုဘာလ ၅၊ တနင်္လာနေ့ 
"၄င်းလပြည့်ကျော်
၁ဝ၊ တနင်္လာနေ့  ညောင်လှဆိပ်ကမ်းကထွက်ခဲ့ရာ စလေမြို့ သို့ ရောက်လျှင် စလေမြို့ အုပ်၊
မြို့ သူကြီးတို့ လှေနှင့်ဆီးကြို၍ သင်္ဘောတော်ကိုစက်ရပ်ပြီးလျှင် နုတ်ခွန်းဆက်လက်၊
မြို့ အုပ်မြို့ သူကြီးတို့ ပြန်
သွား၊
မရပ်မဆိုင်းထွက်လာကြသည်။ ၄င်းနေ့ ည ၇ နာရီအချိန် ပုဂံမြို့ ဆိပ်ကမ်းသို့ ရောက်သည်။
နက်ဖြန်
ရွှေစည်းခုံဘုရားကိုပူဇော်ရန် သံတော်အရာရှိ၊ အပေါင်းပါလူ၊ သင်္ဘောတော်အရာရှိ
အပေါင်းပါလူ၊ သင်္ဘောစီးမိန်းမယောက်ျားတို့ စည်းဝေး၍ ရွှေဆိုင်းရေ ၃ဝ၊
ဖယောင်းမီးတိုင် ၂ဝဝဝ၊ ကျောက်မီးတိုင် ၃ဝ၊ ရေချမ်းအိုး ၂ဝဝ၊ စွန့် ကြဲရန် ပိုက်ဆံ
၆၄ဝ များကို သဒ္ဓါတရားရှိသည်အလျောက် စိုက်ထုတ်ကြသည်။ ၄င်းပရိသတ်တို့ 
နံနက်စောစော
ဘုရားသို့ သွားရန် လှည်းများကိုလည်း အပြည့်အစုံ ပုဂံမြို့ ဝန်၊ စစ်ကဲ၊
မြို့ စာရေးတို့ က
ဆင့်ဆိုပြင်ဆင်
အသင့်ထားကြသည်။ ၄င်းနေ့ ခရီး၂၅ တိုင်ရောက်သည်"
သက္ကရာဇ်
၁၂၃၆၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊
ခရစ်နှစ်
၁၈၇၄၊ အောက်တိုဘာလ ၆၊ အင်္ဂါနေ့ 
"၄င်းလပြည့်ကျော်
၁၁ ရက်၊ အင်္ဂါနေ့  နံနက် ၆ နာရီအချိန် အထက်စာပါ ပရိသတ်နှင့် သင်္ဘောတော်ကဆင်း၍
ရွှေစည်းခုံဘုရားသို့ သွားကြသည်။ မိန်းမယောက်ျား လူပေါင်း ၂ဝဝ တို့  အသီးအသီး
လှည်းစီးနင်း၍ မပင်မပန်း
မြတ်စွာဘုရားခြေတော်ရင်းသို့  ရောက်သည်။ ဘုရားသို့ ထွက်ခါနီးတွင်
မိုးလည်းသည်းစွာရွာသည်။ ပြီးလျှင် မိုးစဲငြိမ်၍ ဘုရားသို
့ချမ်းချမ်းသာသာရောက်ရသည်။ မြတ်စွာဘုရားရင်ပြင်တော်သို့ ရောက်လျှင် အထက်စာပါ
လှုဒါန်းပူဇော်ရန်များကို လှုဒါန်းပူဇော်ပြီးလျှင် ရေချမ်းအိုး၊ ပန်းစုံစိုက်၊
ဖယောင်းမီးတိုင်များကို ကောင်းမွန်စွာ လှုဒါန်းရမည်ဆင့်ဆို၍ စစ်ကဲ ၂
ယောက်သို
့အပ်ခဲ့သည်။ ပြီးလျှင် စေတီတော်က ဆင်း၍ လှည်းစီးမြဲစီးကြပြီးလျှင် ညောင်ဦးရွာ
သင်္ဘောဆိပ်သို့  လာကြသည်"
လွန်ခဲ့ပြီး
နှစ် ၁ဝဝ ကျော်ကာလက ရှေးမြန်မာသံတမန်ကြီးတယောက်ရဲ့ ရွှေစည်းခုံစေတီတော်ကို
နိုင်ငံခြားခရီး အသွား၊
အပြန် ၂ ရပ်လုံးဝင်ရောက်ဖူးမြော်ကြည်ညိုခဲ့ပုံအကြောင်း
နှစ်သက်မိတာနဲ့  လက်ဆင့်ကမ်းဝေငှတာပါ။
ပြီးတော့လည်း
ယနေ့ ခေတ်မှာ ကင်းဝန်မင်းကြီးတို့  နိုင်ငံခြားထွက်ခဲ့ချိန်ကလောက်
သွားလာရေးမခက်တော့လို့ 
ရဟန်းရော
လူပါ နိုင်ငံခြားသွားနေကြမယ့် ဘာမှတ်တမ်းမှတ်ရာမှ မရေးသားလို့ 
စကားပြောရင်ရောက်ဖူးတယ်
လောက်သာ
ပြောတတ်ကြတယ်။ အဲဒီလို ခရီးသွားတွေ ကင်းဝန်မင်းကြီးခရီးသွားနည်းကို
အတုယူစေချင်တယ်။
အမရဒီပ
၆-၂၁-၂ဝ၁၂
စာကိုး။
ကင်းဝန်မင်းကြီး၊
ပြင်သစ်နိုင်ငံသွားနေ့ စဉ်မှတ်စာတမ်း၊ စာ ၂၆ဝ၊ ၂၆၁၊ စတုတ္ထအကြိမ်၊
ရာပြည့်စာအုပ်တိုက်၊
ရန်ကုန်။
Wednesday, June 20, 2012
ပြင်သစ်သွားမြန်မာသံအဖွဲ့  ရွှေစည်းခုံစေတီကို ဖူးမျှော်ကြည်ညိုခြင်း
မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်ခရစ်နှစ် ၁၈၇၄ ခုနှစ်၊ မတ်လ ၁၆ ရက် ၊တနင်္လာနေ့ ……….
ကင်းဝန်မင်းကြီးဦးကောင်းဦးဆောင်တဲ့
ပြင်သစ်နိုင်ငံသွားမြန်မာသံတမန်အဖွဲ့ ညောင်ဦးရွာဆိပ်ကမ်းဆီ
ဆိုက်ရောက်လာခဲ့တဲ့ ရက်စွဲမှတ်တမ်းဖြစ်ပါတယ်။
မြန်မာနှစ်အလိုအရ အခုဆိုရင် နှစ်ပေါင်း ၁၃၉ နှစ်၊
ခရစ်နှစ်အလိုအရဆိုရင် ၁၃၈
နှစ်ကြာညောင်းခဲ့ပါပြီ။ မြန်မာသံအဖွဲ့ ၊ ပြင်သစ်သံအမတ်ကြီး နဲ့  သံတမန်အရာရှိ
၎
ဦးတို့ ဟာ မတ်လ ၁၄ ရက်မှာ မန္တလေး၊ သန်လျက်မော်ရွာဆိပ်ကမ်းကနေ သင်္ဘောနဲ့ 
ခရီးစထွက်ခဲ့တယ်။
အဲဒီနေ့  စစ်ကိုင်းမှာ ညအိပ်ရပ်နားပြီး မတ် ၁၅ မှာ
စစ်ကိုင်းကနေခရီးဆက်ခဲ့ရာ မြင်းခြံရွာဆိပ်ကမ်းရောက်တယ်။
မြင်းခြံမှာ တညအိပ်ခဲ့ပြီး
နောက်တရက် မတ် ၁၆ မှာ ခရီးဆက်နှင်တော့ ၄င်းနေ့  ၂ ချက်တီးမှာ ညောင်ဦးရွာဆိပ်
ကမ်းရောက်တယ်။
မြန်မာသံအဖွဲ
့ဟာ ညောင်ဦးမှာ ဒေသထွက်ကုန် ယွန်းထည်တွေကို နိုင်ငံခြားလက်ဆောင်ပေးဖို့ ဝယ်ယူကြတယ်။
အတူပါလာတဲ့ ပြင်သစ်သံတမန်များကိုလက်ဆောင်ပေးပါတယ်။ ဒီနောက် ပြင်သစ်နဲ့  မြန်မာသံအဖွဲ
့တို့ 
ကိုယ်အစုနဲ့ ကိုယ်ဘာတွေလုပ်သလဲဆိုတာ ပြင်သစ်သွားနေ့ စဉ်မှတ်တမ်းမှာ
ကင်းဝန်မင်းကြီးက အခုလို မှတ်တမ်းတင်ပါတယ်။
"ပြင်သစ်သံအရာရှိတို
့အလိုရှိရာလှည့်ပတ်သည် ကာလစီးနင်းရန် လှည်းလှေမြင်းများကိုလည်း ပုဂံမြို
့အရာရှိတို့ 
က
အသင့်ဆင့်ဆိုထားသည်။ ၄င်းနေ့ နေ ၃ ချက်တီးကျော် ၃ မောင်းအချိန် သံအရာရှိတို့ 
သမ္ဗန်နှင့်လက်ဝဲဘက်
သို
့ကူး၍ သားငှက်ပစ်ကြသည်။
ကင်းဝန်မင်းကြီး၊
စာရေးတော်ကြီးမင်း၊ မြန်မာသံအရာရှိ၊ စာရေးလူငယ်တို့ မှာ ရွှေစည်းခုံဘုရားသို့ သွား၍
ပါသည်ပရိသတ်အကုန် ရွှေဆိုင်းရေ ၇၊ ဖယောင်းတိုင် ၃ဝဝဝ၊ ရေချမ်းအိုးပန်းစုံစိုက် ၂ဝဝ
များကို ဝယ်ခြမ်းပြီးလျှင် ရွှေစည်းခုံဘုရားသို့ ဝင်၍ ဖယောင်းတိုင်၊
ပန်းစုံစိုက်ရေချမ်းအိုးများကို တင်လှုကြသည်။"
ဒီမှတ်တမ်းစာသားကြည့်ပြီး
ငှက်ပစ်ထွက်သူထွက်၊ ဘုရားသွားသူသွားနဲ့ ကိုယ်သန်ရာသန်ရာလုပ်နေကြတဲ့
မြင်ကွင်းကို
စိတ်ကူးနဲ့  ပုံဖော်ပြီးမြင်ယောင်မိတယ်။ ရန်ကုန် (သို့ မဟုတ်) မန
္တလေးအခြေစိုက်ပြင်သစ်သံတွေ အတွက် မြန်မာသံအဖွဲ
့သွားရေးလာရေးအဆင်ပြေအောင်လုပ်ပေးရတာကလွဲလို့  ဘာမှစိတ်ဖိအားပြင်းပြင်း
ထန်ထန်ရှိဟန်မတူဘူး။
ဒါကြောင့်ဒီအချိန်မှာ စိတ်ပေါ့ပါးစွာနဲ့ တောပစ်ထွက်ကြဟန်တူပါရဲ့….။
မြန်မာသံအဖွဲ့ အတွက်တော့ ရေခြားမြေခြားခရီးအတွက်ရော
တာဝန်ကြီးလေးမှုတွေအတွက်ပါ စိတ်ဖိအား
များနေပုံရပါတယ်။
နိုင်ငံခြားခရီးကို ကုသိုလ်ကောင်းမှုနဲ့ တာထွက်ချင်ပုံရတယ်။ တနည်းအားဖြင့် မြန်မာ့မြေပေါ်
ထေရဝါဒသာသနာစတင်ခြေချရာ ပုဂံမြေရောက်ခိုက် သာသနိကဘုရားစေတီကို
ဖူးမြော်ဦးခိုက်လိုက်ချင်တဲ့ သဒ္ဓါ၊စေတနာကလည်း
နှိုးဆော်တိုက်တွန်းပုံပေါ်ပါတယ်။
မည်သို့ ဆိုစေ ကိုယ့်ရဲ့ ကိုယ်မှု၊ နုတ်မှု၊ စိတ်မှု
(ကံ)တွေကို ပုံဖော်ရာမှာ ကိုယ့်ဘာသာ၊ကိုယ့်ရိုးရာ၊
ကိုယ့်ဓလေ့စရိုက်တွေအရ လုပ်ကိုင်ကြတာကြောင့်မတူကွဲပြားတာကိုယှဉ်တွဲတွေ
့မြင်ရတယ်လို့  ယူဆမိပါတယ်။
မြန်မာသံအဖွဲ
့ ရွှေ ၇ ဆိုင်းဝယ်ပြီး ခွဲခြမ်းလှုဒါန်းပုံကိုလည်း မင်းကြီးက ပြည့်ပြည့်စုံစုံ
မှတ်တမ်းတင်ပါတယ်။
"ရွှေဆိုင်း
၇ အနက် ရွှေဆိုင်း ၁ မှာ စေတီတော်တောင်ဘက်မျက်နှာ နတ်မုခ်နလျားခံတွင်းအတွင်းရှိ
ဒက္ခိဏ
သာခါဘုရားကို
ချလှုသည်။ ရွှေ ၅ ဆိုင်းမှာ စည်းခုံတော်ကြီးတွင် ကောင်းမွန်စွာချစေရန် စစ်သားသို့ အပ်ခဲ့
သည်။ ရွှေဆိုင်း ၁ မှာ ၁၂ ဌာနများမှာ အသီးချလှုကြသည်"
ရွှေ ၁
ဆိုင်းကို ၁၂ ဌာနမှာကပ်လှုတယ် ရေးပြီး ၁၂ ဌာနသရုပ်ကို မထုတ်ပြရင် ၁၂ ဌာနဆိုတာလောက်ပဲ
သိရမယ်ပ…….။
၁၂ ဌာနသရုပ်ကို မင်းကြီးက
အပြည့်အစုံမှတ်တမ်းပြုတယ်။ ကြည့်ပါ…။
"၁၂
ဌာနအမည်မှာ……..
-စည်းခုံတော်ကြီး ပထမရွှေ ၂ ပြား
-ပထမသပိတ် ဒုတိယရွှေ ၁ ပြား
-ရွှေသက်စိုးနတ် တတိယရွှေ ၁ ပြား
-အရှေ
့တောင်ထောင့် ရွှေခြင်္သေ့ စတုတ္ထရွှေ ၁
ပြား
-ဗြသမင်္ဂျ
ီ နတ်သမီး ပဉ္စမရွှေ ၁
ပြား
-
ရွှေမြို့ စည်နတ် ဆဋ္ဌမရွှေ
၁ ပြား
-
ရွှေစကားနတ် သတ္တမရွှေ
၁ ပြား
-
ပွဲစားကြီးနတ် အဋ္ဌမရွှေ
၁ ပြား
-
ရွှေငါးကြင်း နဝမရွှေ
၁ ပြား
-
သိကြားမင်း ဒသမရွှေ
၁ ပြား
-
ဆုတောင်းပြည့်ဘုရား ဧကာဒသမရွှေ
၁ ပြား
ပေါင်း
ဌာန ၁၁၊ ရွှေပြားရေ ၁၂ ၊ ၄င်းကို ၁၂ ဌာနခေါ်သည်"
အင်း…..
ဌာန ၁၁ ခုကို ရွှေ ၁၂ ပြားကပ်ပြီး ၁၂ ဌာန ခေါ်တာ မျက်စိလည်မိတာတော့အမှန်ပဲ….။ မင်းကြီးက
ပညာရှိကြီးဆိုတော့ ပညာလက်ဆင့်ကမ်းတာလို့ ပဲ သဘောထားတော့မယ်နော်….။ (
ရွှေသက်စိုးနတ်၊ ဗြသမင်္ဂျီ
နတ်သမီးစတဲ့
နတ်တွေအကြောင်းလည်း လက်လှမ်းမှီသူတွေ ဗဟုသုတဝေငှကြဖို့  အဘိယာစကပြုပါတယ်။)
အဲဒီ
၁၂ ဌာနမှာ ရွှေပြားကပ်လှုတော့ ဘာဖြစ်သလဲ၊ ဒေသခံတွေရဲ့ယုံကြည်မှုဆိုပြီး မင်းကြီးက
နှိုက်နှိုက်ချွတ်ချွတ်
ရေးပြန်တယ်။
"၄င်း
၁၂ ဌာနကို သည်ကဲ့သို့  ရွှေချလှုပြီး ဆုတောင်းပတ္ထနာပြုပြီးလျှင်
၎င်းရွှေလှောင်စက္ကူကို ဆောင်ယူကိုးကွယ်ရလျှင်
ဘေးအန္တရာယ်ကင်းကြောင်း၊အလိုအတိုင်းပြီးစီးကြောင်းအစဉ်အဆက်ပူဇော်မြဲဖြစ်ကြောင်းများကို
စစ်သား၊
အရံစောင့်အကြီး ကျေးရွာလူကြီးတို့ ပြောဆိုကြသည်"
ဒေသခံတွေယုံကြည်မှုကို
မင်းကြီးက မှတ်ချက်တိုတိုပေးတယ်။
"ဒိဋ္ဌိဇုကမ္မမဖြစ်၊
သို့ သော် ဗဟုသုတအကျိုးငှါ ရေးမှတ်ထားလိုက်သည်"……..တဲ့။ ကောင်းရော။
ဒိဋ္ဌိဇုကမ္မ
(အယူကိုဖြောင့်မတ်မှန်ကန်အောင်ပြုခြင်း) ဆိုရာမှာ အရပ်သုံးစကားနဲ့ ပြောရင်
ဗုဒ္ဓဘာသာဝင်
တဦးဖြစ်ဖို
့အတွက် အသိဉာဏ်ပြည့်ဝတယ်၊ အသိဉာဏ်အရည်အသွေး စံချိန်မီတယ်လို့ ဆိုလိုတာပါပဲ။
ဗုဒ္ဓဘာသာဝင်ပီသတဲ့
အသိဉာဏ်ပြည့်ဝမှုကို အကြောင်းအရာ ၅ မျိုးနဲ့ အကဲဖြတ်နိုင်ပါတယ်။
(က)
ကုသိုလ်ကံ- အကုသိုလ်ကံ
(ခ) ကုသိုလ်ကံရဲ့ကောင်းကျိုး၊အကုသိုလ်ကံရဲ့
မကောင်းကျိုး
(ဂ)
ကုသိုလ်၊ အကုသိုလ်ကံစွမ်းအင်ကြောင့် ရောက်ရမယ့် အခုဘဝ၊ နောင်အနာဂတ်ဘဝ
(ဃ)
ငရဲ၊ ပြိတ္တာ၊ နတ်၊ ဗြဟ္မာ
(င)
ကောင်းမွန်စွာကျင့်ကြံအားထုတ်လို့  ဈာန်အဘိညာဉ်ရသူ၊ ရဟန္တာဖြစ်သူ
ဒီအချက်
၅ မျိုးကို လေးလေးနက်နက်စဉ်းစားတဲ့အခါ "ရှိနိုင်တယ်၊ ရှိသင့်တယ်၊ ရှိရမယ်"ဆိုတဲ့
အသိဉာဏ်ဖြစ်ပေါ်လာတယ်ဆိုရင်
ဒါ "အယူဖြောင့်တယ်"ခေါ်ပါတယ်။ ပြောင်းပြန်အတွေးအခေါ်၊ အသိဉာဏ်ပေါ်လာရင်တော့
အယူမဖြောင့်၊ အယူကောက်တယ် ဆိုရမယ်။ အယူကောက်ရင် ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ 
အရည်အချင်းမမီဘူးလို့  ဆိုရပါမယ်။
(ကိုယ်ကျင့်အဘိဓမ္မာ၊ ဆဋ္ဌအခန်း)
အခုခေတ်မှာလည်း
ရန်ကုန်က "ကြီး ၉ ကြီးဘုရားဖူးနည်း" ၊ "နေ့ နံအလိုက်
သစ်သားဆင်းတုကိုးကွယ်နည်း"
တွေကို
ကင်းဝန်မင်းကြီးသိရင် "ဒိဋ္ဌိဇုကမ္မမဖြစ်" လို့  မှတ်ချက်ပေးပြီး "မင်းတို
့ ဗုဒ္ဓဘာသာဝင်တွေဖြစ်ရင်
ဗုဒ္ဓဘာသာအယူအဆတွေလည်း
နားလည်အောင်လုပ်ကြဦးကွယ်ရို့ "လို့ 
မချိတင်ကဲ ပြောလေမလားပဲ။
ရွှေစည်းခုံစေတီတော်ကြီးရဲ့
အံ့ဖွယ် ၉ ပါးအကြောင်းကိုလည်း မင်းကြီးက သူ့ မှတ်တမ်းမှာ မမေ့မလျော့
စာရင်းပြု
မှတ်တမ်းတင်တာတွေ့ ရတယ်။
"စည်းခုံတော်ကြီးတွင်လည်း
အံ့ဖွယ် ၉ ပါးရှိသည်။ ၉ ပါးမှာ……
-
ထီးတော်ကို သံမဆိုင်းရသည်လည်း အံ့ဖွယ်တပါး
-
အရိပ်တော်တံတိုင်းအတွင်းက မထွက်သည်လည်း အံ့ဖွယ်တပါး
-
စည်းခုံတော်ပေါ်က ရွှေလှောင်စက္ကူတံတိုင်းပြင်သို့ မကျနိုင်သည်လည်းအံ့ဖွယ်တပါး
-
တမျက်နှာကတီးသည်စည်သံကို တမျက်နှာကမကြားသည်လည်း အံ့ဖွယ်တပါး
-
တန်ဆောင်မုန်းလပြည့်နေ့ ပွဲတော်အခါတွင် ပထမသပိတ်မှာ တစုံတယောက်ဆွမ်းဦးအောင်
မတင်မလှုနိုင်သည်လည်း
အံ့ဖွယ်တပါး
-
အဝေးကကြည့်လျှင်ကုန်း၊ အရံတွင်းသို့ ရောက်လျှင် ကျင်းကဲ့သို့ ထင်မှတ်ရသည်လည်း
အံ့ဖွယ်တပါး
- တံတိုင်းအတွင်းသို
့ ပရိသတ်ဝင်၍မပြည့်နိုင်သည်လည်း အံ့ဖွယ်တပါး
-
တံတိုင်းအတွင်း မိုးရေမတင်နိုင်သည်လည်း အံ့ဖွယ်တပါး
-
တံတိုင်းအတွင်းရှိ ချရားပင် ၁၂ ရာသီအမြဲပွင့်သည်လည်း အံ့ဖွယ်တပါး
ပေါင်း
အံ့ဖွယ် ၉ ပါးဟူ၍ အစဉ်ပြောဆိုမှတ်သားကြသည်"
ရွှေစည်းခုံစေတီတော်ကြီးရောက်တုန်းရောက်ခိုက်
ပန်း၊ ဆီမီး၊ ရွှေပြားကပ်လှုပူဇော်ကြောင်း၊ အံ့ဖွယ်အစုံစုံ
အကြောင်းမျှသာရေးခဲ့မယ်ဆိုရင်
လွန်ခဲ့ပြီး နှစ် ၁၃၉ နှစ်က လူ့ အဖွဲ့ အစည်းပတ်ဝန်းကျင်အကြောင်းမပါလို့ 
"ခေတ်အရိပ်၊
ခေတ်ကြေးမုံ"မပါတဲ့ မှတ်တမ်းလို့  ဆိုဖွယ်ရာဖြစ်နေတယ်။ ဒါကြောင့် ရွှေစည်းခုံစေတီတော်ရဲ့
အနီးအပါးမှာ
ခိုကိုးရာမဲ့သူတွေ မှီခိုနေထိုင်ကြတာကို အလွတ်မပေးဘဲ ကင်းဝန်မင်းကြီးရဲ့မှတ်တမ်းမှာ
မိမိရရ
မှတ်တမ်းတင်တယ်။
ဒါဟာ ခေတ်ရဲ့ စာပန်းချီမြင်ကွင်းလို့  ဆိုရင်မမှားတန်ရာ….။
"စည်းခုံတော်အတွင်း
လှုဒါန်းပူဇော်ဖူးမြော်ဝင်ထွက်ကြည့်ရှုမှတ်သားကြပြီးလျှင် ၄င်းနေ့ ညနေ ၎
ချက်တီးအချိန်မှ
တံတိုင်းတွင်းက ထွက်ခဲ့ကြရ၍ အရှေ
့စောင်းတန်းမုခ်ပေါက်သို့ ရောက်လျှင် ဒုက္ခိတလူကြီးလူငယ်မိန်းမ
ယောက်ျား
၈ဝ ကျော်တို့ ကို အစေ့အငှပေးဝေခဲ့သည်"
ရတနာပုံရွှေမြို
့တော်က ပဉ္စမသံဂါယနာတင်မင်းမြတ်ရဲ့ လက်ရုံးတဆူဝန်ကြီးတပါး ရွှေစည်းခုံစေတီတော်ကို
လာရောက်ကြည်ညိုပြီး စွန်
့ကြဲပေးကမ်းတယ်ဆိုတာ ဆင်းရဲသားဒုက္ခိတများအတွက် သဲကန္တာရထဲကအိုအေစစ်
စခန်းမှာ
တနေ့ တာကွန်းခိုရတာနဲ့  တူနေမလားပဲ…။ န.ဝ.တ၊ န.အ.ဖ ခေတ်မှာ ဗိုလ်ချုပ်ကြီးတွေ၊
ဝန်ကြီးတွေ ဘုရားဖူးလာတယ်ဆိုရင် သာမန်ဘုရားဖူးကအစ၊ ဈေးသည်၊ သူတောင်းစားအဆုံး
အာဏာသုံးမောင်းထုတ်ပြီ်း
ဘုရားစေတီပရဝုဏ်တခွင်
ရှင်းလင်းထားတာမျိုး ကင်းဝန်မင်းကြီး ရွှေစည်းခုံစေတီလာစဉ်တုန်းကမရှိခဲ့ဘူး
ဆိုတဲ့ခေတ်အရိပ်ကိုလည်း
မှတ်တမ်းမှာလှစ်ဟဖော်ကျူးထားတယ်။
မတ် ၁၆
ရက်ညမှာ ပြင်သစ်နဲ့ မြန်မာသံတမန်များအိပ်စက်အနားယူကြရာနေရာကိုလည်း မှတ်တမ်းမှာ
ညွှန်ပြထားလေရဲ့….။
"၄င်းအရှေ့ စောင်းတန်းအဆင်းတောင်ဘက်ဇရပ်တွင် ဝန်ရှင်တော်မင်းကြီးနှင့်
သံအရာရှိတို့  ၄င်းနေ့ ည
အိပ်နေကြသည်။
ပြင်သစ်သံအရာရှိတို့ မှာ ညောင်ဦးရွာဆိပ်ကမ်းသင်္ဘောပေါ်တွင် အိပ်နေကြသည်"
မတ် ၁၇
ရက်၊ အင်္ဂါနေ့ ဟာ မြန်မာပြက္ခဒိန်အလို တပေါင်းလပြည့်ကျော် ၁၅ ရက် (လကွယ်၊ဥပုသ်နေ့ )
ဖြစ်နေတယ်။ ကင်းဝန်မင်းကြီးနဲ့ အဖွဲ့ ဟာ မတ် ၁၇ နံနက်အရုဏ်တက်မှာ
ရွှေစည်းခုံစေတီတော်မှာ ဆွမ်းတော်ကြီးကပ်လှုခဲ့တာကို မှတ်တမ်းမှာတွေ့ ရပါတယ်။
သင်္ဘောပေါ်မှာညအိပ်တဲ့ ပြင်သစ်သံအဖွဲ့ ရဲ့ လှုပ်ရှားမှုကိုတော့ မှတ်တမ်းမှာမတွေ့ ရတော့ပါ။
ဒါကြောင့် သင်္ဘောပေါ်ညအိပ်တက်သွားပြီးနောက် ကုန်းပေါ်ပြန်ဆင်းလာခြင်းမရှိတော့ဘူးလို့ 
မှတ်ယူနိုင်ပါတယ်။
"၄င်းလပြည့်ကျော်
၁၅ ရက် ၊ အင်္ဂါနေ့ စည်းခုံတော်ကြီးအရှေ
့စောင်းတန်းအနီး ဇရပ်တွင် ချရပ်တည်းနေပြီးလျှင် အရုဏ်ဆွမ်းကပ်လှုရန်
ချက်ပြုတ်ပြင်ဆင်၍ အရုဏ်တက်လျှင်တက်ချင်း စည်းခုံတော်ကြီးရင်ပြင်တော်သို့ သွား
ရောက်
ဆွမ်းတော်ကြီးကပ်လှုကြသည်။ ပြီးလျှင် တောင်မုခ်စောင်းတန်းကဆင်း၍ ပုဂံမြို့ သို
့ထွက်လာခဲ့ကြသည်"
အမရဒီပ
၆-၂ဝ-၂ဝ၁၂
စာကိုး။
ကင်းဝန်မင်းကြီး၊
ပြင်သစ်နိုင်ငံသွားနေ့ စဉ်မှတ်စာတမ်း၊ စာ ၁၉၊၂ဝ၊ စတုတ္ထအကြိမ်၊ ရာပြည့်စာအုပ်တိုက်၊
ရန်ကုန်။
Monday, June 18, 2012
မဃဒေဝလင်္ကာသစ်ဆရာနှင့် မင်းအပြောင်းအလဲ
နာမည်အပြည့်အစုံပြောရရင်
"မဟာသုတကာရီမဃဒေဝလင်္ကာသစ်" ခေါ်တဲ့ မြန်မာမဟာကဗျာကျမ်းကြီးကို "
အဂ္ဂမဟာပဏ္ဍိတ၊
မကာရလောပအကျော်မန်လည်ဆရာတော်ကြီး" ရေးသားပြုစုတော်မူခဲ့တာပါ။ ဆရာတော်ကြီးရဲ့
ရဟန်းဘွဲ့ တော်က "အရှင်ဇဝန" ဖြစ်ပါတယ်။
အဂ္ဂမဟာပဏ္ဍိတဘွဲ
့တော်ကို ၁၉၁၇ ခုနှစ်၊ အင်္ဂလန်ပြည်ပဉ္စမမြောက်ဂျော့ဘုရင်လက်ထက်မှာအိန္ဒိယဘုရင်ခံ
ချုပ်
မွန်တေဂူ ချမ်းဖို့ (Montagu Chelmford) က ဆက်ကပ်လှုဒါန်းပါတယ်။ (လယ်တီဆရာတော်ကြီးကို
၁၉၁၅
ခုနှစ်ကတည်း အဂ္ဂမဟာပဏ္ဍိတဘွဲ့ တော်ဆက်ကပ်ပြီးဖြစ်ပါတယ်။)
"မကာရလောပ"ဆိုတာကတော့
မြန်မာလို "မ တလုံးကျေ" လို့ဘာသာပြန်ကြတယ်။ လောကီရေး၊လောကုတ္တရာ
ရေး
အရာရာတော်လွန်း၊တတ်လွန်း၊နားလည်ပြည့်စုံလွန်းလို့  သူမသိသူမတတ်နားမလည်တာမရှိဘူးဆို
တဲ့အဓိပ္ပါယ်နဲ
့"မကာရလောပအကျော်" လို ပညာရှင်အများက ဆရာတော်ကြီးကို
ဂုဏ်တင်ကြတဲ့အမည်သညာ
ဖြစ်ပါတယ်၊
အစိုးရပေးတဲ့ဘွဲ့ မဟုတ်ပါဘူး။ စကားကြုံလို့ တဆက်တည်းပြောရရင် "ဘာသန္တရဆေက"
ဆိုတဲ့ စကားအကြောင်းပါ။"အခြားဘာသာစကားစာပေ၊ အယူဝါဒကို ကျွမ်းကျင်လိမ္မာသူ "လို
့ဆိုလိုတယ်။ အဲဒီ
စကားလုံးဟာလည်း
အစိုးရပေးတဲ့ဘွဲ့ မဟုတ်ပါဘူး။)
"မန်လည်"ဆိုတာကတော့
ယခုအခါ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ နယ်အတွင်းမှာ ရှိတယ်။ မန္တလေးမြစ်ကြီးနား
မီးရထားလမ်း
မဲဇာဘူတာအလွန် ဆည်ရွာဘူတာကနေ အနောက်ဘက်၂ မိုင်လောက်ဝေးတဲ့မဲဇာမြစ်ကမ်းပါးမှာ
မန်လည်မြို့ တည်ရှိပါတယ်။
ဆရာတော်ကြီးမွေးရပ်ဇာတိနေရာဖြစ်ပါတယ်။
မန်လည်ဆရာတော်ကို
ခရစ်နှစ် ၁၈၄၁ မှာ မွေးတယ်။ ဆရာတော်ကြီးမွေးတဲ့အချိန်မှာ တိုင်းပြည်ကို
သာယာဝတီမင်း (နန်းတက်နှစ် ၁၈၃၇- နတ်ရွာစံနှစ် ၁၈၄၆) အုပ်ချုပ်နေပါတယ်။ ပြီးတော့
သားတော် ပုဂံမင်း (နန်းတက်နှစ်- ၁၈၄၆၊ နန်းကျနှစ် ၁၈၅၃) အုပ်ချုပ်တယ်။ နောက်တော့
ညီတော် မင်းတုန်းမင်း (နန်းတက်နှစ်- ၁၈၅၃၊ နတ်ရွာစံ ၁၈၇၈) အုပ်ချုပ်ပါတယ်။
ဆရာတော်ကြီးက
သူရဲ့နာမည်ကျော် မဃဒေဝလင်္ကာသစ်ကို မင်းတုန်းမင်းလက်ထက်မှာ စတင်ရေးသားပါတယ်။
သို
့သော် စာသင်၊ စာချအလုပ်တွေပိလွန်းလို့  လင်္ကာရေးစီမှုဆီ စိတ်မညွတ်နိုင်ခဲ့ပါဘူး။ ရေးလက်စတန်းလန်းပစ်
ထားရတဲ့အကြောင်း
လင်္ကာသစ်နိဒါန်း၊ လောကဟိတစရိယခန်း၊ ပိုဒ်ရေ ၃ မှာ မှတ်တမ်းတင်တော်မူခဲ့ပါတယ်။
ရတနာပုံ၊
နေရုံဓိပတိ
မန်းဂီရိနှိုက်၊
အာဒိကမ္မိက်
ဗျာဒိတ်သိုက်ရ၊ နန်းတည်စသား
ဗျာဒိတ်သိုက်ရ၊ နန်းတည်စသား
ပဉ္စမသင်္ဂါယနာတင်၊
ဘုရင်မင်းဖျား
မင်းတရား၏၊
ထင်ရှားစဉ်ခါ
ဤလင်္ကာကို၊
ဦးစွာပထမ
ရေးစီစလည်း၊
စာချစာပို့ 
ကိစ္စတို
့ဖြင့်၊ ဆုံးသို့ မရောက်……။
ခရစ်နှစ်
၁၈၇၈ မှာ မင်းတုန်းမင်းနတ်ရွာစံတယ်။ သားတော်သီပေါမင်းသား ထီးနန်းမွေဆက်ခံပြီး
ခရစ်နှစ် ၁၈၇၈ ကနေ
၁၈၈၅ ခုနှစ်အထိ ၇ နှစ် အုပ်ချုပ်ပါတယ်။
သားတော်သီပေါမင်းလက်ထက်မှာလည်း ဆရာတော်ရဲ့
မဃဒေဝလင်္ကာသစ်ကျမ်းဟာ "မပြီးသေးသော
ကဗျာတပုဒ်"အဖြစ်နဲ့  ဆရာတော်ရဲ့အိပ်ရာဘေးမှာ လဲလျောင်းခဲ့
ရပါတယ်။
ဒီအကြောင်းကို လောကဟိတစရိယခန်း၊ ပိုဒ်ရေ ၃ မှာပဲ အခုလို ရေးပြတော်မူတယ်။
ထို့ နောက်တဘော်၊
သားတော်နေမြစ်
ခုနှစ်နှစ်လုံး၊
ဘုန်းသစ်ထိန်ညီး
ထွန်းခဲ့ပြီးမှ၊………………..။
ကုန်းဘောင်မင်းဆက်ရဲ့နိဂုံးချုပ်ခြင်းနှင့်အတူ
မြန်မာပြည်ဟာလည်း သီးခြားလွတ်လပ်တဲ့တိုင်းပြည်တခုကနေ နယ်ချဲ့ ဗြိတိသျှတို
့လက်အောက်ရောက်ခဲ့ရချိန်မှာ အင်္ဂလိပ်တို့ ရဲ့ "နေမဝင်အင်ပါယာ"အရှင်သခင်ကတော့
"ဝိတိုရိယဘုရင်မကြီး"ပဲ ဖြစ်ပါတယ်။ အလက်ဇန္ဒြီးယား ဗစ်တိုးရီးယား (Alexandrina Victoria)
ဟာ
ဂရိတ်ဗြိတိန်နဲ့ 
အိုင်ယာလန်ကို ၁၈၃၇ မှာ အုပ်ချုပ်နန်းတက်ပြီး ဘုရင်မဗစ်တိုးရီယား Queen Victoria (မြန်မာအခေါ်
ဝိတိုရိယဘုရင်မ)ဖြစ်လာပါတယ်။ ၁၈၇၆ ခုနှစ်၊မေ ၁ ရက်နေ့ မှာ " အိန္ဒိယအင်ပါယာရဲ့ ဧကရီဘုရင်မ"
အိန္ဒိယရဲ့ အစိတ်အပိုင်းတခုအဖြစ်သတ်မှတ်လိုက်ပါတယ်။ ၁၉ဝ၁ ခုနှစ်၊ ဇန်နဝါရီ ၂၂ မှာ ဧကရီဘုရင်မကြီး နတ်ရွာစံတော်မူပါတယ်။ မြန်မာတပြည်လုံးကို သိမ်းပိုက်ပြီး ၁၆
နှစ်အကြာမှာ နတ်ရွာစံတယ်လို
့
တိတိကျကျပြောနိုင်တယ်။ မန်လည်ဆရာတော်ကြီးကတော့ မဃဒေဝလင်္ကာနိဒါန်းမှာ ၁၅ နှစ်လို့ 
ဆိုတော်မူတယ်။ ဝိတိုရိယဧကရီဘုရင်မကြီးလက်ထက်မှာလည်း ဆရာတော်ကြီးရဲ့
မဃဒေဝလင်္ကာကျမ်းကြီးဟာ ရှေ့ မဆက်နိုင်ဘဲ
ရပ်မြဲရပ်နေခဲ့ပြန်ပါတယ်။ ဒီအကြောင်းကို မန်လည်ဆရာတော်ကြီးက အခုလို ရေးပါတယ်။
ကျွန်းကြီးဗိလပ်၊
နန်းရပ်ဗိမာန်
လန်ဒန်သင်္ဂ
ီ၊ စိုးစံမှီသည့်
ဧကရီနတ်၊
မိဘုန်းနတ်လျှင်
မြန်ရဌ်ဇေယျုံ၊
မန်းရွှေဘုံကို
စိုးခြုံပိုင်းခြား၊
ဆဲ့ငါးနှစ်မျှ
ထိုကာလလည်း၊
ဗုဒ္ဓကိစ္စ
ဓမ္မဒေသနာ၊
အားကြီးစွာကြောင့်
နေဝါတိမ်အုပ်၊
မပေါ်ငုပ်သို့ 
မြုပ်၍နေပြီး၊
ပျောက်လုနီးလျက်……။
မင်းတုန်းမင်းကြီးလက်ထက်မှာ လင်္ကာကျမ်းကို
အပြီးမသတ်နိုင်ခဲ့တာ စာသင်စာချကိစ္စများလွန်းလို့ ဆိုပြီး အကြောင်းပြတယ်။
ဝိတိုရိယဧကရီဘုရင်မကြီးလက်ထက်မှာ ကဗျာကျမ်းကြီးမပြီးနိုင်ခဲ့တာ ဓမ္မဒေသနာ ခေါ်တဲ့တရားဟော
ကိစ္စတွေကြောင့်ဖြစ်ပါတယ်လို့ အကြောင်းပြပါတယ်။ ၁၉ဝ၁ ဆိုတော့
ဆရာတော်ကြီးလည်း သက်တော် ၆ဝ တင်းတင်းပြည့်ပြီးကိုး…..။
အလုပ်များတဲ့အရွယ်ပိုင်းရောက်သွားပြီလေ…။
ဝိတိုရိယဧကရီဘုရင်မကြီးရဲ့
ထီးမွေနန်းမွေကို သားတော် အဲ(လ်)ဘတ် အက်ဒဝပ်(Albert
Edward) က
ဆက်ခံပါတယ်။ အိမ်ရှေ့ စံဘဝက သူ့ ကို "ဝေလမင်းသား"လို့ မြန်မာတို့ 
သိထားကြတယ်။ ဘုရင်ဖြစ်လာတော့ "သတ္တမမြောက်အက်ဒဝပ်
ဘုရင်"Edward VII လို့  အမည်ခံယူပါတယ်။ ၁၉ဝ၁ ခုနှစ်မှာ နန်းတက်ပြီး ၁၉၁ဝ ခုနှစ် (သက်တော် ၆၉) မှာ နတ်ရွာစံတယ်။
ဘုရင်"Edward VII လို့  အမည်ခံယူပါတယ်။ ၁၉ဝ၁ ခုနှစ်မှာ နန်းတက်ပြီး ၁၉၁ဝ ခုနှစ် (သက်တော် ၆၉) မှာ နတ်ရွာစံတယ်။
အက်ဒဝပ်ဘုရင်ဟာ ၁၈၄၁ မှာဖွားမြင်လို့ 
မန်လည်ဆရာတော်နဲ့  မွေးနှစ်တူတယ်။
ဆရာတော်ဟာ သတ္တမမြောက်အက်ဒဝပ်(ဆရာတော့်စာလုံးပါင်းမှာ ဧဒွက် လို့  တွေ့ ရပါလိမ့်မယ်။) နန်းတက်ပြီး
၃ နှစ်လောက်မှာမှ မဃဒေဝလင်္ကာကျမ်းကို "ပြန်ကိုင်ဖို့ "သတိရတယ်။ စာဉာဏ်၊ ကဗျာဉာဏ်စိတ်ကူးကွန့် မြူးဖို့ 
အချိန်လည်း ရတယ်လို့  ခန့် မှန်းရပါတယ်။
ဆရာတော်ဟာ သတ္တမမြောက်အက်ဒဝပ်(ဆရာတော့်စာလုံးပါင်းမှာ ဧဒွက် လို့  တွေ့ ရပါလိမ့်မယ်။) နန်းတက်ပြီး
၃ နှစ်လောက်မှာမှ မဃဒေဝလင်္ကာကျမ်းကို "ပြန်ကိုင်ဖို့ "သတိရတယ်။ စာဉာဏ်၊ ကဗျာဉာဏ်စိတ်ကူးကွန့် မြူးဖို့ 
အချိန်လည်း ရတယ်လို့  ခန့် မှန်းရပါတယ်။
ဘုန်းမီးနေလ၊
တိုက်လုံးပသား
သတ္တမဘုရား၊
သားတော်ဘုန်းထက်
ရုံးစိန်စက်နှင့်၊
ဧဒွက်ဘုရင်
စောနတ်သျှင်လျှင်၊
ဥကင်ဘွင့်မြောက်
သုံးနှစ်လောက်မှ၊
အောက်မေ့ပြန်မိ
သတိရရ၊
နတ်ဆော်မသို့ 
လက်စမငုပ်၊
ကွယ်မမြုပ်ဘဲ
သိမ်းအုပ်ပြီုးံဆုံး၊
ကမ္ပတ်ဖုံးလျက်
နိဂုံးရောက်အောင်၊
ဘုန်းတော်ဆောင်၍
စာစောင်ရွှေတုံး၊
တိုင်းလုံးထိုက်လျော်
ထွန်းလင်းပေါ်သည်
ဘုန်းတော်နေနှင့်အပြိုင်တည်း…..။ ။
မင်းတုန်းမင်းလက်ထက်ကတည်းက
အခြေပျိုးထားခဲ့တဲ့ ကဗျာကျမ်းကို သတ္တမမြောက်ဧဒွက်ဘုရင်လက်ထက်
ရောက်မှ
အပြီးသတ်နိုင်ခဲ့တယ်။ "ကဗျာဆိုတာ ခေတ်ကြေးမုံပြင်" ဖြစ်လို့ 
မဃဒေဝလင်္ကာသစ်ကဗျာကျမ်းကို
ဖတ်ရင်
မြန်မာမင်း၊ အင်္ဂလိပ်မင်းတွေရဲ့ ခေတ်ကာလကို အလျဉ်းသင့်သလို တွေ့ ရမှာပါပဲ။
တနည်းပြောရင်
ကဗျာဆရာရဲ့ခေတ်ကို သိရတယ်ပေါ့လေ….။
သတ္တမမြောက်ဧဒွက်ဘုရင်လွန်ပြီးနောက်
ဝိတိုရိယဘုရင်မကြီးမြေးတော်၊ သတ္တမမြောက်ဧဒွက်ဘုရင်ရဲ့ ညီဝမ်းကွဲတော်စပ်သူ ဂျော့
ဖရက်ဒရိတ် အားနက်(စ်) အဲ(လ်)ဘတ် George
Frederick Ernest Albert က ပဉ္စမမြောက် ဂျော့ဘုရင် George V ဘွဲ
့အမည်နဲ့  ထီးနန်းဆက်ခံတယ်။ နန်းတက်နှစ် ၁၉၁ဝ ၊ နတ်ရွာစံနှစ် ၁၉၃၆ ဖြစ်ပါတယ်။ မန်လည်ဆရာတော်ကြီးက
၁၉၂ဝ (သက်တော် ၇၉၊သိက္ခာတော် ၅၆) မှာ ဘဝနတ်ထံ ပျံလွန်တော်မူတယ်။ မြန်မာပြည်ကို
ပဉ္စမမြောက်ဂျော့ဘုရင်အုပ်စိုးဆဲကာလဖြစ်ပါတယ်။
မဃဒေဝလင်္ကာသစ်မဟာကဗျာစာဆိုဆရာဖြစ်တော်မူတဲ့ မန်လည်ဆရာတော်ကြီးဟာ မြန်မာမင်း ၄ ပါး၊
အင်္ဂလိပ်မင်း ၃ ပါးတို့ ရဲ့ အုပ်ချုပ်ရေးကာလ၊ မင်းအပြောင်းအလဲကာလတွေကို တွေ
့ကြုံဖြတ်သန်းခဲ့ ရတယ်ဆိုတာ ဆရာတော်ကြီးရဲ့ ဘဝနဲ့ စာပေကို လေ့လာမိရင်း တွေ
့လိုက်ရပါကြောင်း……။
အမရဒီပ
၆-၁၈-၂ဝ၁၂
စာကိုး။
မဟာသုတကာရီမဃဒေဝလင်္ကာသစ်၊ နဝမအကြိမ်
http://en.wikipedia.org/wiki/Queen_Victoria
http://en.wikipedia.org/wiki/Edward_VII
http://en.wikipedia.org/wiki/George_V
Subscribe to:
Posts (Atom)