မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်ခရစ်နှစ် ၁၈၇၄ ခုနှစ်၊ မတ်လ ၁၆ ရက် ၊တနင်္လာနေ့ ……….
ကင်းဝန်မင်းကြီးဦးကောင်းဦးဆောင်တဲ့
ပြင်သစ်နိုင်ငံသွားမြန်မာသံတမန်အဖွဲ့ ညောင်ဦးရွာဆိပ်ကမ်းဆီ
ဆိုက်ရောက်လာခဲ့တဲ့ ရက်စွဲမှတ်တမ်းဖြစ်ပါတယ်။
မြန်မာနှစ်အလိုအရ အခုဆိုရင် နှစ်ပေါင်း ၁၃၉ နှစ်၊
ခရစ်နှစ်အလိုအရဆိုရင် ၁၃၈
နှစ်ကြာညောင်းခဲ့ပါပြီ။ မြန်မာသံအဖွဲ့ ၊ ပြင်သစ်သံအမတ်ကြီး နဲ့  သံတမန်အရာရှိ
၎
ဦးတို့ ဟာ မတ်လ ၁၄ ရက်မှာ မန္တလေး၊ သန်လျက်မော်ရွာဆိပ်ကမ်းကနေ သင်္ဘောနဲ့ 
ခရီးစထွက်ခဲ့တယ်။
အဲဒီနေ့  စစ်ကိုင်းမှာ ညအိပ်ရပ်နားပြီး မတ် ၁၅ မှာ
စစ်ကိုင်းကနေခရီးဆက်ခဲ့ရာ မြင်းခြံရွာဆိပ်ကမ်းရောက်တယ်။
မြင်းခြံမှာ တညအိပ်ခဲ့ပြီး
နောက်တရက် မတ် ၁၆ မှာ ခရီးဆက်နှင်တော့ ၄င်းနေ့  ၂ ချက်တီးမှာ ညောင်ဦးရွာဆိပ်
ကမ်းရောက်တယ်။
မြန်မာသံအဖွဲ
့ဟာ ညောင်ဦးမှာ ဒေသထွက်ကုန် ယွန်းထည်တွေကို နိုင်ငံခြားလက်ဆောင်ပေးဖို့ ဝယ်ယူကြတယ်။
အတူပါလာတဲ့ ပြင်သစ်သံတမန်များကိုလက်ဆောင်ပေးပါတယ်။ ဒီနောက် ပြင်သစ်နဲ့  မြန်မာသံအဖွဲ
့တို့ 
ကိုယ်အစုနဲ့ ကိုယ်ဘာတွေလုပ်သလဲဆိုတာ ပြင်သစ်သွားနေ့ စဉ်မှတ်တမ်းမှာ
ကင်းဝန်မင်းကြီးက အခုလို မှတ်တမ်းတင်ပါတယ်။
"ပြင်သစ်သံအရာရှိတို
့အလိုရှိရာလှည့်ပတ်သည် ကာလစီးနင်းရန် လှည်းလှေမြင်းများကိုလည်း ပုဂံမြို
့အရာရှိတို့ 
က
အသင့်ဆင့်ဆိုထားသည်။ ၄င်းနေ့ နေ ၃ ချက်တီးကျော် ၃ မောင်းအချိန် သံအရာရှိတို့ 
သမ္ဗန်နှင့်လက်ဝဲဘက်
သို
့ကူး၍ သားငှက်ပစ်ကြသည်။
ကင်းဝန်မင်းကြီး၊
စာရေးတော်ကြီးမင်း၊ မြန်မာသံအရာရှိ၊ စာရေးလူငယ်တို့ မှာ ရွှေစည်းခုံဘုရားသို့ သွား၍
ပါသည်ပရိသတ်အကုန် ရွှေဆိုင်းရေ ၇၊ ဖယောင်းတိုင် ၃ဝဝဝ၊ ရေချမ်းအိုးပန်းစုံစိုက် ၂ဝဝ
များကို ဝယ်ခြမ်းပြီးလျှင် ရွှေစည်းခုံဘုရားသို့ ဝင်၍ ဖယောင်းတိုင်၊
ပန်းစုံစိုက်ရေချမ်းအိုးများကို တင်လှုကြသည်။"
ဒီမှတ်တမ်းစာသားကြည့်ပြီး
ငှက်ပစ်ထွက်သူထွက်၊ ဘုရားသွားသူသွားနဲ့ ကိုယ်သန်ရာသန်ရာလုပ်နေကြတဲ့
မြင်ကွင်းကို
စိတ်ကူးနဲ့  ပုံဖော်ပြီးမြင်ယောင်မိတယ်။ ရန်ကုန် (သို့ မဟုတ်) မန
္တလေးအခြေစိုက်ပြင်သစ်သံတွေ အတွက် မြန်မာသံအဖွဲ
့သွားရေးလာရေးအဆင်ပြေအောင်လုပ်ပေးရတာကလွဲလို့  ဘာမှစိတ်ဖိအားပြင်းပြင်း
ထန်ထန်ရှိဟန်မတူဘူး။
ဒါကြောင့်ဒီအချိန်မှာ စိတ်ပေါ့ပါးစွာနဲ့ တောပစ်ထွက်ကြဟန်တူပါရဲ့….။
မြန်မာသံအဖွဲ့ အတွက်တော့ ရေခြားမြေခြားခရီးအတွက်ရော
တာဝန်ကြီးလေးမှုတွေအတွက်ပါ စိတ်ဖိအား
များနေပုံရပါတယ်။
နိုင်ငံခြားခရီးကို ကုသိုလ်ကောင်းမှုနဲ့ တာထွက်ချင်ပုံရတယ်။ တနည်းအားဖြင့် မြန်မာ့မြေပေါ်
ထေရဝါဒသာသနာစတင်ခြေချရာ ပုဂံမြေရောက်ခိုက် သာသနိကဘုရားစေတီကို
ဖူးမြော်ဦးခိုက်လိုက်ချင်တဲ့ သဒ္ဓါ၊စေတနာကလည်း
နှိုးဆော်တိုက်တွန်းပုံပေါ်ပါတယ်။
မည်သို့ ဆိုစေ ကိုယ့်ရဲ့ ကိုယ်မှု၊ နုတ်မှု၊ စိတ်မှု
(ကံ)တွေကို ပုံဖော်ရာမှာ ကိုယ့်ဘာသာ၊ကိုယ့်ရိုးရာ၊
ကိုယ့်ဓလေ့စရိုက်တွေအရ လုပ်ကိုင်ကြတာကြောင့်မတူကွဲပြားတာကိုယှဉ်တွဲတွေ
့မြင်ရတယ်လို့  ယူဆမိပါတယ်။
မြန်မာသံအဖွဲ
့ ရွှေ ၇ ဆိုင်းဝယ်ပြီး ခွဲခြမ်းလှုဒါန်းပုံကိုလည်း မင်းကြီးက ပြည့်ပြည့်စုံစုံ
မှတ်တမ်းတင်ပါတယ်။
"ရွှေဆိုင်း
၇ အနက် ရွှေဆိုင်း ၁ မှာ စေတီတော်တောင်ဘက်မျက်နှာ နတ်မုခ်နလျားခံတွင်းအတွင်းရှိ
ဒက္ခိဏ
သာခါဘုရားကို
ချလှုသည်။ ရွှေ ၅ ဆိုင်းမှာ စည်းခုံတော်ကြီးတွင် ကောင်းမွန်စွာချစေရန် စစ်သားသို့ အပ်ခဲ့
သည်။ ရွှေဆိုင်း ၁ မှာ ၁၂ ဌာနများမှာ အသီးချလှုကြသည်"
ရွှေ ၁
ဆိုင်းကို ၁၂ ဌာနမှာကပ်လှုတယ် ရေးပြီး ၁၂ ဌာနသရုပ်ကို မထုတ်ပြရင် ၁၂ ဌာနဆိုတာလောက်ပဲ
သိရမယ်ပ…….။
၁၂ ဌာနသရုပ်ကို မင်းကြီးက
အပြည့်အစုံမှတ်တမ်းပြုတယ်။ ကြည့်ပါ…။
"၁၂
ဌာနအမည်မှာ……..
-စည်းခုံတော်ကြီး ပထမရွှေ ၂ ပြား
-ပထမသပိတ် ဒုတိယရွှေ ၁ ပြား
-ရွှေသက်စိုးနတ် တတိယရွှေ ၁ ပြား
-အရှေ
့တောင်ထောင့် ရွှေခြင်္သေ့ စတုတ္ထရွှေ ၁
ပြား
-ဗြသမင်္ဂျ
ီ နတ်သမီး ပဉ္စမရွှေ ၁
ပြား
-
ရွှေမြို့ စည်နတ် ဆဋ္ဌမရွှေ
၁ ပြား
-
ရွှေစကားနတ် သတ္တမရွှေ
၁ ပြား
-
ပွဲစားကြီးနတ် အဋ္ဌမရွှေ
၁ ပြား
-
ရွှေငါးကြင်း နဝမရွှေ
၁ ပြား
-
သိကြားမင်း ဒသမရွှေ
၁ ပြား
-
ဆုတောင်းပြည့်ဘုရား ဧကာဒသမရွှေ
၁ ပြား
ပေါင်း
ဌာန ၁၁၊ ရွှေပြားရေ ၁၂ ၊ ၄င်းကို ၁၂ ဌာနခေါ်သည်"
အင်း…..
ဌာန ၁၁ ခုကို ရွှေ ၁၂ ပြားကပ်ပြီး ၁၂ ဌာန ခေါ်တာ မျက်စိလည်မိတာတော့အမှန်ပဲ….။ မင်းကြီးက
ပညာရှိကြီးဆိုတော့ ပညာလက်ဆင့်ကမ်းတာလို့ ပဲ သဘောထားတော့မယ်နော်….။ (
ရွှေသက်စိုးနတ်၊ ဗြသမင်္ဂျီ
နတ်သမီးစတဲ့
နတ်တွေအကြောင်းလည်း လက်လှမ်းမှီသူတွေ ဗဟုသုတဝေငှကြဖို့  အဘိယာစကပြုပါတယ်။)
အဲဒီ
၁၂ ဌာနမှာ ရွှေပြားကပ်လှုတော့ ဘာဖြစ်သလဲ၊ ဒေသခံတွေရဲ့ယုံကြည်မှုဆိုပြီး မင်းကြီးက
နှိုက်နှိုက်ချွတ်ချွတ်
ရေးပြန်တယ်။
"၄င်း
၁၂ ဌာနကို သည်ကဲ့သို့  ရွှေချလှုပြီး ဆုတောင်းပတ္ထနာပြုပြီးလျှင်
၎င်းရွှေလှောင်စက္ကူကို ဆောင်ယူကိုးကွယ်ရလျှင်
ဘေးအန္တရာယ်ကင်းကြောင်း၊အလိုအတိုင်းပြီးစီးကြောင်းအစဉ်အဆက်ပူဇော်မြဲဖြစ်ကြောင်းများကို
စစ်သား၊
အရံစောင့်အကြီး ကျေးရွာလူကြီးတို့ ပြောဆိုကြသည်"
ဒေသခံတွေယုံကြည်မှုကို
မင်းကြီးက မှတ်ချက်တိုတိုပေးတယ်။
"ဒိဋ္ဌိဇုကမ္မမဖြစ်၊
သို့ သော် ဗဟုသုတအကျိုးငှါ ရေးမှတ်ထားလိုက်သည်"……..တဲ့။ ကောင်းရော။
ဒိဋ္ဌိဇုကမ္မ
(အယူကိုဖြောင့်မတ်မှန်ကန်အောင်ပြုခြင်း) ဆိုရာမှာ အရပ်သုံးစကားနဲ့ ပြောရင်
ဗုဒ္ဓဘာသာဝင်
တဦးဖြစ်ဖို
့အတွက် အသိဉာဏ်ပြည့်ဝတယ်၊ အသိဉာဏ်အရည်အသွေး စံချိန်မီတယ်လို့ ဆိုလိုတာပါပဲ။
ဗုဒ္ဓဘာသာဝင်ပီသတဲ့
အသိဉာဏ်ပြည့်ဝမှုကို အကြောင်းအရာ ၅ မျိုးနဲ့ အကဲဖြတ်နိုင်ပါတယ်။
(က)
ကုသိုလ်ကံ- အကုသိုလ်ကံ
(ခ) ကုသိုလ်ကံရဲ့ကောင်းကျိုး၊အကုသိုလ်ကံရဲ့
မကောင်းကျိုး
(ဂ)
ကုသိုလ်၊ အကုသိုလ်ကံစွမ်းအင်ကြောင့် ရောက်ရမယ့် အခုဘဝ၊ နောင်အနာဂတ်ဘဝ
(ဃ)
ငရဲ၊ ပြိတ္တာ၊ နတ်၊ ဗြဟ္မာ
(င)
ကောင်းမွန်စွာကျင့်ကြံအားထုတ်လို့  ဈာန်အဘိညာဉ်ရသူ၊ ရဟန္တာဖြစ်သူ
ဒီအချက်
၅ မျိုးကို လေးလေးနက်နက်စဉ်းစားတဲ့အခါ "ရှိနိုင်တယ်၊ ရှိသင့်တယ်၊ ရှိရမယ်"ဆိုတဲ့
အသိဉာဏ်ဖြစ်ပေါ်လာတယ်ဆိုရင်
ဒါ "အယူဖြောင့်တယ်"ခေါ်ပါတယ်။ ပြောင်းပြန်အတွေးအခေါ်၊ အသိဉာဏ်ပေါ်လာရင်တော့
အယူမဖြောင့်၊ အယူကောက်တယ် ဆိုရမယ်။ အယူကောက်ရင် ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ 
အရည်အချင်းမမီဘူးလို့  ဆိုရပါမယ်။
(ကိုယ်ကျင့်အဘိဓမ္မာ၊ ဆဋ္ဌအခန်း)
အခုခေတ်မှာလည်း
ရန်ကုန်က "ကြီး ၉ ကြီးဘုရားဖူးနည်း" ၊ "နေ့ နံအလိုက်
သစ်သားဆင်းတုကိုးကွယ်နည်း"
တွေကို
ကင်းဝန်မင်းကြီးသိရင် "ဒိဋ္ဌိဇုကမ္မမဖြစ်" လို့  မှတ်ချက်ပေးပြီး "မင်းတို
့ ဗုဒ္ဓဘာသာဝင်တွေဖြစ်ရင်
ဗုဒ္ဓဘာသာအယူအဆတွေလည်း
နားလည်အောင်လုပ်ကြဦးကွယ်ရို့ "လို့ 
မချိတင်ကဲ ပြောလေမလားပဲ။
ရွှေစည်းခုံစေတီတော်ကြီးရဲ့
အံ့ဖွယ် ၉ ပါးအကြောင်းကိုလည်း မင်းကြီးက သူ့ မှတ်တမ်းမှာ မမေ့မလျော့
စာရင်းပြု
မှတ်တမ်းတင်တာတွေ့ ရတယ်။
"စည်းခုံတော်ကြီးတွင်လည်း
အံ့ဖွယ် ၉ ပါးရှိသည်။ ၉ ပါးမှာ……
-
ထီးတော်ကို သံမဆိုင်းရသည်လည်း အံ့ဖွယ်တပါး
-
အရိပ်တော်တံတိုင်းအတွင်းက မထွက်သည်လည်း အံ့ဖွယ်တပါး
-
စည်းခုံတော်ပေါ်က ရွှေလှောင်စက္ကူတံတိုင်းပြင်သို့ မကျနိုင်သည်လည်းအံ့ဖွယ်တပါး
-
တမျက်နှာကတီးသည်စည်သံကို တမျက်နှာကမကြားသည်လည်း အံ့ဖွယ်တပါး
-
တန်ဆောင်မုန်းလပြည့်နေ့ ပွဲတော်အခါတွင် ပထမသပိတ်မှာ တစုံတယောက်ဆွမ်းဦးအောင်
မတင်မလှုနိုင်သည်လည်း
အံ့ဖွယ်တပါး
-
အဝေးကကြည့်လျှင်ကုန်း၊ အရံတွင်းသို့ ရောက်လျှင် ကျင်းကဲ့သို့ ထင်မှတ်ရသည်လည်း
အံ့ဖွယ်တပါး
- တံတိုင်းအတွင်းသို
့ ပရိသတ်ဝင်၍မပြည့်နိုင်သည်လည်း အံ့ဖွယ်တပါး
-
တံတိုင်းအတွင်း မိုးရေမတင်နိုင်သည်လည်း အံ့ဖွယ်တပါး
-
တံတိုင်းအတွင်းရှိ ချရားပင် ၁၂ ရာသီအမြဲပွင့်သည်လည်း အံ့ဖွယ်တပါး
ပေါင်း
အံ့ဖွယ် ၉ ပါးဟူ၍ အစဉ်ပြောဆိုမှတ်သားကြသည်"
ရွှေစည်းခုံစေတီတော်ကြီးရောက်တုန်းရောက်ခိုက်
ပန်း၊ ဆီမီး၊ ရွှေပြားကပ်လှုပူဇော်ကြောင်း၊ အံ့ဖွယ်အစုံစုံ
အကြောင်းမျှသာရေးခဲ့မယ်ဆိုရင်
လွန်ခဲ့ပြီး နှစ် ၁၃၉ နှစ်က လူ့ အဖွဲ့ အစည်းပတ်ဝန်းကျင်အကြောင်းမပါလို့ 
"ခေတ်အရိပ်၊
ခေတ်ကြေးမုံ"မပါတဲ့ မှတ်တမ်းလို့  ဆိုဖွယ်ရာဖြစ်နေတယ်။ ဒါကြောင့် ရွှေစည်းခုံစေတီတော်ရဲ့
အနီးအပါးမှာ
ခိုကိုးရာမဲ့သူတွေ မှီခိုနေထိုင်ကြတာကို အလွတ်မပေးဘဲ ကင်းဝန်မင်းကြီးရဲ့မှတ်တမ်းမှာ
မိမိရရ
မှတ်တမ်းတင်တယ်။
ဒါဟာ ခေတ်ရဲ့ စာပန်းချီမြင်ကွင်းလို့  ဆိုရင်မမှားတန်ရာ….။
"စည်းခုံတော်အတွင်း
လှုဒါန်းပူဇော်ဖူးမြော်ဝင်ထွက်ကြည့်ရှုမှတ်သားကြပြီးလျှင် ၄င်းနေ့ ညနေ ၎
ချက်တီးအချိန်မှ
တံတိုင်းတွင်းက ထွက်ခဲ့ကြရ၍ အရှေ
့စောင်းတန်းမုခ်ပေါက်သို့ ရောက်လျှင် ဒုက္ခိတလူကြီးလူငယ်မိန်းမ
ယောက်ျား
၈ဝ ကျော်တို့ ကို အစေ့အငှပေးဝေခဲ့သည်"
ရတနာပုံရွှေမြို
့တော်က ပဉ္စမသံဂါယနာတင်မင်းမြတ်ရဲ့ လက်ရုံးတဆူဝန်ကြီးတပါး ရွှေစည်းခုံစေတီတော်ကို
လာရောက်ကြည်ညိုပြီး စွန်
့ကြဲပေးကမ်းတယ်ဆိုတာ ဆင်းရဲသားဒုက္ခိတများအတွက် သဲကန္တာရထဲကအိုအေစစ်
စခန်းမှာ
တနေ့ တာကွန်းခိုရတာနဲ့  တူနေမလားပဲ…။ န.ဝ.တ၊ န.အ.ဖ ခေတ်မှာ ဗိုလ်ချုပ်ကြီးတွေ၊
ဝန်ကြီးတွေ ဘုရားဖူးလာတယ်ဆိုရင် သာမန်ဘုရားဖူးကအစ၊ ဈေးသည်၊ သူတောင်းစားအဆုံး
အာဏာသုံးမောင်းထုတ်ပြီ်း
ဘုရားစေတီပရဝုဏ်တခွင်
ရှင်းလင်းထားတာမျိုး ကင်းဝန်မင်းကြီး ရွှေစည်းခုံစေတီလာစဉ်တုန်းကမရှိခဲ့ဘူး
ဆိုတဲ့ခေတ်အရိပ်ကိုလည်း
မှတ်တမ်းမှာလှစ်ဟဖော်ကျူးထားတယ်။
မတ် ၁၆
ရက်ညမှာ ပြင်သစ်နဲ့ မြန်မာသံတမန်များအိပ်စက်အနားယူကြရာနေရာကိုလည်း မှတ်တမ်းမှာ
ညွှန်ပြထားလေရဲ့….။
"၄င်းအရှေ့ စောင်းတန်းအဆင်းတောင်ဘက်ဇရပ်တွင် ဝန်ရှင်တော်မင်းကြီးနှင့်
သံအရာရှိတို့  ၄င်းနေ့ ည
အိပ်နေကြသည်။
ပြင်သစ်သံအရာရှိတို့ မှာ ညောင်ဦးရွာဆိပ်ကမ်းသင်္ဘောပေါ်တွင် အိပ်နေကြသည်"
မတ် ၁၇
ရက်၊ အင်္ဂါနေ့ ဟာ မြန်မာပြက္ခဒိန်အလို တပေါင်းလပြည့်ကျော် ၁၅ ရက် (လကွယ်၊ဥပုသ်နေ့ )
ဖြစ်နေတယ်။ ကင်းဝန်မင်းကြီးနဲ့ အဖွဲ့ ဟာ မတ် ၁၇ နံနက်အရုဏ်တက်မှာ
ရွှေစည်းခုံစေတီတော်မှာ ဆွမ်းတော်ကြီးကပ်လှုခဲ့တာကို မှတ်တမ်းမှာတွေ့ ရပါတယ်။
သင်္ဘောပေါ်မှာညအိပ်တဲ့ ပြင်သစ်သံအဖွဲ့ ရဲ့ လှုပ်ရှားမှုကိုတော့ မှတ်တမ်းမှာမတွေ့ ရတော့ပါ။
ဒါကြောင့် သင်္ဘောပေါ်ညအိပ်တက်သွားပြီးနောက် ကုန်းပေါ်ပြန်ဆင်းလာခြင်းမရှိတော့ဘူးလို့ 
မှတ်ယူနိုင်ပါတယ်။
"၄င်းလပြည့်ကျော်
၁၅ ရက် ၊ အင်္ဂါနေ့ စည်းခုံတော်ကြီးအရှေ
့စောင်းတန်းအနီး ဇရပ်တွင် ချရပ်တည်းနေပြီးလျှင် အရုဏ်ဆွမ်းကပ်လှုရန်
ချက်ပြုတ်ပြင်ဆင်၍ အရုဏ်တက်လျှင်တက်ချင်း စည်းခုံတော်ကြီးရင်ပြင်တော်သို့ သွား
ရောက်
ဆွမ်းတော်ကြီးကပ်လှုကြသည်။ ပြီးလျှင် တောင်မုခ်စောင်းတန်းကဆင်း၍ ပုဂံမြို့ သို
့ထွက်လာခဲ့ကြသည်"
အမရဒီပ
၆-၂ဝ-၂ဝ၁၂
စာကိုး။
ကင်းဝန်မင်းကြီး၊
ပြင်သစ်နိုင်ငံသွားနေ့ စဉ်မှတ်စာတမ်း၊ စာ ၁၉၊၂ဝ၊ စတုတ္ထအကြိမ်၊ ရာပြည့်စာအုပ်တိုက်၊
ရန်ကုန်။
No comments:
Post a Comment