အခန်း ၁ဝ ၊ ဓာတ်တော် နှင့် ဒလိုင်လားမား
ဆန်ချီကျောင်းတိုက်သို
့ရောက်လျှင်ရောက်ချင်း ဆရာတော်အရှင်ပညာတိဿအား အရိုအသေပြုသည်။
မဟာဗောဓိအသင်းနှင့်
သီဟိုဠ်ကျွန်းရှိ မိတ်ဆွေများမှ လက်ဆောင်ပါးလိုက်သော ပစ္စည်းများကို ပေးအပ်သည်။ အလှူရှင်တဦးပေးလှူလိုက်သည့်
လက်နှိပ်စက်တခုကိုလည်း ဘုန်းကြီးက ဆရာတော်အား ပြသသည်။
ဤလက်နှိပ်စက်ဖြင့် ဘုန်းကြီးသည် အတွင်းရေးမှုးအလုပ်ကို
လုပ်နိုင်ပြီး ဆရာတော့်အတွက် အင်္ဂလိပ်လို
စာရိုက်ပေးနိုင်မည်။
ဆရာတော်
အလွန်ဝမ်းမြောက်သွားသည်။ သို့ သော် ဘုန်းကြီး၏ အင်္ဂလိပ်စာအရည်အသွေးမှာ အထိုင်မကျသေး
သည်ကိုလည်းကောင်း၊
လက်နှိပ်စက်မသုံးစွဲတတ်သေးသည်ကိုလည်းကောင်း ဆရာတော် မသိသေးချေ။
ဆန်ချီကျောင်းတွင်
ဘုန်းကြီးဘဝမှာ စိတ်ချမ်းသာ၍ အေးချမ်းလှသည်။ လူအများသည် တောင်ပေါ်အထိ
တက်မလာသောကြောင့် ဘုန်းကြီးနေထိုင်ခဲ့ဖူးသမျှ ရွာကျောင်းများထက်
ဆိတ်ငြိမ်မှုအလေးသာသည်။ အနီးတဝိုက်တွင် အစားအသောက်ပေးလှူမည့်
ရွာသားများမရှိသောကြောင့် ဆရာတော်နှင့် ဘုန်းကြီးအတွက် ဆွမ်းပြင်ပေးမည့်သူကို
မဟာဗောဓိအသင်းက လစာပေးငှါးရမ်းထားသည်။ သန့် ရှင်းရေး နှင့် ရေအတွက်လည်း
လူတယောက်ရှိသည်။ သူသည် တောင်ခြေရှိ ရေတွင်းမှ ရေကို ရေစည်ဖြင့် သယ်ဆောင်ပေးသည်။
ဆန်ချီစေတီတော်ရှိ
ပူဇော်ထားရှိသော ဓာတ်တော်မြတ်များကို အကြောင်းပြု၍ အိန္ဒိယအစိုးရက ၂၄ နာရီလုံး
ပုလိပ်အရာရှိတယောက်ကို တာဝန်ချထားပေးသည်။ လုံခြုံရေးကို ၈ နာရီ တဆိုင်း လဲပေးသည်။ လုံခြုံရေးများ
နွေရာသီတွင်
ဆန်ချီသည် အလွန်ပူအိုက်သည်။ အသက်ပင် ပုံမှန်မရှုနိုင်ဖြစ်တတ်သည်။ နေ့ အချိန်တွင်
အပူရှိန် ဖာရင်ဟိုက် ၁၂ဝ အထိရောက်သည်။ ဘုန်းကြီးသည် အတွင်းခန်းမဆောင်တွင်
အင်္ဂတေအခင်းပေါ်တွင် မျက်နှာသုတ်အစိုကို ခင်းကာ
တရားထိုင်ပြီး နေ့ အချိန်များစွာကို ကုန်လွန်ခဲ့ရသည်။ ညနေ ၇ နာရီတွင်
ဘုန်းကြီး၏အိပ်ရာကို အပြင်ဖက်သို့ ထုတ်သည်။ အိပ်ရာမှာ ရိုးရိုးသစ်သားဘောင်များဖြင့်
ဖွဲ့ ထားသည်။ ဒေသအခေါ် ကာပိုင် (ခြေထောက် ၄ ချောင်း) ဖြစ်၏။ ဘောင်များကို
ကြိုးတန်းယက်ရှယ်ထားပြီး အပေါ်က ဖျာပါးပါးခင်းသည့် ကြိုးကုတင်ဖြစ်သည်။
ကြိုးကုတင်ပေါ်
ထိုင်ရင်းဖြစ်စေ၊ ညနေခင်း လေနုအေးတိုက်ခတ်ချိန်တွင် သမထကမ္မဋ္ဌာန်းဖြစ်စေ၊ အာနာပါန
ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ရင်းဖြစ်စေ
အချိန်များစွာကို ဖြတ်သန်းခဲ့၏။ ဘုန်းကြီးသည် ကမ္မဋ္ဌာန်း စတင်အား
ထုတ်ချိန်ကတည်းက
အိပ်မပျော်မီ တရားအားထုတ်လေ့ရှိပါသည်။ ယင်းနောက် လေပြေလေညှင်းခံရင်း အိပ်ပျော်လေ၏။
ဓာတ်တော်တိုက်သည်
ဓာတ်တော်ခန်း၏ ပလ္လင်တော်ကြီး အောက်တည့်တည်မှာ ရှိသည်။ ပလ္လင်တော်ကြီး၏
ညာဖက်တံခါးငယ်နှင့်တည့်တည့် လှေကားကျဉ်းကလေးအတိုင်း ဆင်းသွားလျှင် ၁ဝ ပေပတ်လည်
အမှောင်ခန်း
တခုသို
့ရောက်မည်။ ယင်းအခန်းနံရံပေါ်ရှိ တံခါးကိုဖွင့်လျှင် ပိုကျဉ်းသည့် အခန်းတခုသို
့ရောက်ပြန်၏။
ယင်းအခန်းမှာ အုတ်ဂူလို နေရာမျိုးဖြစ်သည်။ အခန်းအလယ်တွင်
သံမဏိအံဆွဲသေတ္တာကြီးတလုံး ချထား၏။
အံဆွဲအဆင့် ၃ ဆင့်ရှိပြီး တဆင့်စီတိုင်းတွင်
ဓာတ်တော်တမျိုးစီရှိလေ၏။ အံဆွဲတိုင်းကို အဖြူရောင် ပိတ်စအနား
ကွပ်ထားပြီး
မှန်အဖုံးဖုံးအုပ်ထားသည်။ အတွင်းတွင် ငွေခွက်ပုပုဝိုင်းဝိုင်းအထဲမှာ ဓာတ်တော်များ
ရှိကြ၏။ ဗုဒ္ဓ၏ ဓာတ်တော်ထည့်သော ငွေခွက်သည် တပည့်ကြီး ၂ ပါး၏ဓာတ်တော်ခွက်ထက်
အရွယ်အစားပိုကြီးသည်။
ဓာတ်တော်ခန်းတံခါးများကဲ့သို
့ ဓာတ်တော်အံဆွဲသေတ္တာများကိုလည်း သော့ နှစ်ထပ်ခတ်ထားသည်။ မဟာဗောဓိအသင်းအထွေထွေအတွင်းရေးမှုး၊
ဘိုပိုင်း(လ်)ပြည်နယ်အုပ်ချုပ်ရေးမှုး (ဝန်ကြီးချုပ်)၊ ဆံချီဓာတ်တော်
ကျောင်းတိုက်ဆရာတော်တို
့ ၃ ဦး သော့ကိုင်ထားကြသည်။ ဤသုံးယောက်အနက် မည်သူမျှ သော့အပြည့်အစုံ
မရှိချေ။ သို
့ဖြစ်လေရာ ဓာတ်တော်ခန်းတံခါးကို အပြည့်အစုံဖွင့်လိုက ဤသုံးယောက်
မျက်နှာစုံညီရောက်ရမည်
ဖြစ်၏။
ရဲအရာရှိ ၂
ယောက်သည်လည်း ဓာတ်တော်တိုက်ခန်းမှာ အချိန်ပြည့်ရှိနေသည်။ တနှစ်တကြိမ် ကဆုန်လပြည့်
ဗုဒ္ဓမွေးနေ့ တွင် ဓာတ်တော်ကြုတ်အံဆွဲများကိုဖွင့်သည်။ ဗဟိုခန်းမဆောင်အတွင်းသို
့ပြောင်းရွှေ့ ပူဇော်ထား၏။
ဘုရားဖူးများအား
ဓာတ်တော်ကြုတ်များကို စီတန်းလမ်းလျှောက်ပူဇော်ခွင့်သည်။ အများစုသည် ဓာတ်တော်ကြုတ်
များရှေ့ တွင်
ဝပ်တွားရှိခိုးကြသည်။
ဆန်ချီကျောင်းတိုက်
နာယကဖြစ်သော်လည်း ဆရာတော်အရှင်ပညာတိဿသည် ဆန်ချီမှာ နိုဝင်ဘာနှင့်
ဖေဖော်ဝါရီလကြားကာလတွင်သာ နေထိုင်သည်။ အခြားအချိန်များတွင် သီဟိုဠ်ပြန်နေ၏။ သူအဝေးရောက်နေ
ချိန်မှာ ဘုန်းကြီးသည်
တာဝန်ခံပုဂ္ဂိုလ်ဖြစ်လာ၏။ ခရီးသည်များကို နုတ်ဆက်ခြင်း၊ နံနက်ပိုင်း နှင့်
ညနေပိုင်း
ဘုရားဝတ်ပြုခြင်းကို ဦးဆောင်ခြင်း၊ အလုပ်သမားကို
လုပ်အားကြေးရှင်းပေးခြင်း၊ သီဟိုဠ်ရှိ မဟာဗောဓိအသင်း
သို
့အစီရင်ခံစာများ လက်နှိပ်စက်ရိုက်ခြင်းများမှာ ဘုန်းကြီး၏တာဝန်ဖြစ်လာ၏။
မိတ်ဆွေတယောက်ထံမှငှါးရမ်းလာခဲ့သည့်လက်နှိပ်စက်ရိုက်နည်းစာအုပ်ကို
ကြည့်ကာ ကိုယ့်အားကိုယ့်ကိုး လက်နှိပ်စက် ရိုက်သင်သည်။ မိမိဘာသာမိမိ
အတော်ကြီးဟုတ်လှပြီဟု ထင်မိ၏။ တနေ့ တွင် ဆရာတော်အရှင်ပညာတိဿက
မဟာဗောဓိအသင်း အထွေထွေအတွင်းရေးမှုးထံသို့ အရေးကြီးစာတစောင်ကို လက်နှိပ်စက်ရိုက်ခိုင်း၏။
ဆရာတော်ကဆင်ဟာလီဘာသာဖြင့်ရေးထားသည်ကိုဘုန်းကြီး၏မနူးမနပ်အင်္ဂလိပ်စာအရည်အသွေးဖြင့်
ဘာသာပြန်ရ၏။
ယင်းဘာသာပြန်ကို
အမှီသဟဲပြုကာ လက်နှိပ်စက်စာလုံးများကိုမကြည့်တော့ဘဲ လက်နှိပ်စက်ရိုက်သည်။
ဘုန်းကြီးသည် ငယ်ရွယ်သူဖြစ်သည်။ မိမိကိုယ်မိမိ အယုံလွန်လွန်းသူဖြစ်သည်။
စာရိုက်ပြီးနောက် ပြန်ဖတ်ခြင်း လည်း အလျဉ်းမပြုဘဲ ဆရာတော်အရှင်ပညာတိဿ
လက်မှတ်ထိုးရန် ပေးလိုက်သည်။ သူက အင်္ဂလိပ်စာလုံးများကို တချက်မျှကြည့်ပြီး
သူရေးသားသောအချက်အလက်များပါဝင်မည်ဟု ယူဆကာ စာရွက်အောက်ခြေတွင်လက်မှတ်ထိုးသည်။
ထိုနောက် ယင်းစာကို စာတိုက်မှ ပို့ လိုက်လေသည်။
ရက်သတ္တသုံးပတ်မျှကြာပြီးနောက်
ကိုလံဘိုရှိ အတွင်းရေးမှုးထံမှ စာတစောင်ပြန်လာသည်။ သူက အရှင်ပညာ
တိဿထံ
ဆင်ဟာလီဘာသာဖြင့် စာရေးထားသည်။ “စာအိတ်ကို ဖောက်ဖွင့်ပြီး စာကို သေချာစွာ
ဖတ်ပါတယ်။
ရှုပ်ရှက်ခတ်အောင်
ရေးထားတယ်။ စာထဲမှာပါတာ တလုံးမှ နားမလည်ပါဘူး။ အရှင်ဘုရား ဘာတွေပြောထားပါ
သလဲ” ဟူ၍ဖြစ်၏။
ဆရာတော်အရှင်ပညာတိဿခမျာ
အလွန်ပင်ကျွဲမြီးတိုသွားလေ၏။ မျက်နှာတော်နီမြန်းနေ၏။ မူရင်းစာကို
တဖန်
လက်နှိပ်စက်ရိုက်ရပြန်၏။ ဤတကြိမ်တွင် လက်နှိပ်စက်စာလုံးပေါ်များအပေါ်
လက်အနေအထားကို သတိထားခဲ့ရသည်။ စာရိုက်ပြီးနောက် ပြန်ဖတ်ပြီးမှ အချောသတ်လိုက်၏။
ယင်းသို့ ဖြစ်ပြီးနောက်တွင် လက်နှိပ်စက်ရိုက်သည်နှင့်ပတ်သက်၍ ဘုန်းကြီးသည် ‘လက်နှိပ်စက်အရာ
ငါဆရာ’ မလုပ်ရဲတော့ပါ။
နောက်တကြိမ်တွင်လည်း
ငယ်ရွယ်သူတို့ ဘာသာဘာဝ ဂျစ်ကန်ကန်စိတ်ထားက ဘုန်းကြီးကို ဒုက္ခရောက်စေပြန်
၏။
မဟာဗောဓိအသင်း
အထွေထွေအတွင်းရေးမှုးသည် ဆန်ချီသို့ ရောက်လာ၏။ သူပြန်ပြီးနောက် နှစ်ရက်အကြာ
ဆန်ချီနှင့်မလှမ်းမကမ်းဝေးသည့်ကောလိပ်ကျောင်း ကျောင်းအုပ်ထံမှ စာတစောင်ရသည်။
အတွင်းရေးမှုးသည် ဆန်ချီမှထွက်သွားပြီးနောက် ကောလိပ်ကျောင်းသို့  ရောက်ဟန်တူသည်။
သူက ကောလိပ်တွင် ပါဆယ်ထုပ်တ ထုပ်ကျန်ရစ်ခဲ့သည်။ ယင်းပါဆယ်ထုပ်ကို ဘုန်းကြီးလာယူကာ
ကာလကတ္တား (ကိုးလ်ကတ္တား) သို့ စာတိုက်မှ ပို့ 
ရန်
ကောလိပ်ကျောင်းအုပ်က ဘုန်းကြီးကို ပြောသည်။
ဘုန်းကြီး
စိတ်ပျက်မိပါ၏။ ပါဆယ်ထုပ်ကိုယူရန် နှင့် ယင်းပါဆယ်ကို စာတိုက်မှတဆင့် အတွင်းရေးမှုးထံသို့ 
ပို့ ရန်
တောင်အောက်သို့ ခြေလျင်ခရီးဆင်းလာဖို့ အပြောခံရခြင်းမဟုတ်ပါလား။ ကျောင်းအုပ်သည်
ဘာကြောင့်
ယင်းကိစ္စကို သူကိုယ်တိုင် မလုပ်သလဲ။ ကောလိပ်ကျောင်းအုပ်ထံသို
့ဒေါသမီးပေါက်ကွဲသံစဉ်စာတစောင် ရေး
ပို့ လိုက်၏။
“ပါဆယ်ထုပ်ကို
သင့်ထံတွင် ထားခဲ့ခြင်းဖြစ်ရာ သင်က ဘာကြောင့် စာတိုက်မှ မပို့ ပေးတာလဲ၊ ကောလိပ်
ကျောင်းမှ
လမ်းမပေါ်ဆင်းလိုက်တာနဲ့  စာတိုက်ရောက်နေပြီပဲ။ စာတိုက်ရောက်ဖို့ အတွက် ကျုပ်ထက်
သင်က
ပိုလွယ်ကူတာပဲ” ဟု ဘုန်းကြီး ရေးလိုက်သည်။
နောက် ဆယ်ရက်အကြာ
ကောလိပ်ကျောင်းအုပ်ထံမှ ရှေးနည်းတူ မေတ္တာရပ်ခံစာတစောင် ရောက်လာပြန်၏။
ယင်းစာကို ဘုန်းကြီး မသိကျိုးကျွံပြုနေလိုက်၏။
နောက်ထပ် ဆယ်ရက်အကြာ တတိယစာတစောင်ထပ်လာ၏။
မငြင်းသာသည့်အဆုံး
တောင်အောက်သို့ ခြေလျင်ဆင်းရလေ၏။ တလမ်းလုံးလည်း မကျေမနပ်ဖြစ်ခဲ့ရ၏။
ပါဆယ်ထုပ်ယူကာ
စာတိုက်ပို့ သည်။ အတွင်းရေးမှုးတောင်းလာလျှင် လိုရမည်ရ ဖြစ်အောင်
စာတိုက်ဖြတ်ပိုင်းကို သိမ်းဆည်းထားလိုက်၏။
ကာလကတ္တားစာတိုက်သို
့ပါဆယ်ထုပ်ရောက်ပြီးနောက် အတွင်းရေးမှုးက စာတိုက်ဖြတ်ပိုင်းတောင်းသည့်စာ
ဘုန်းကြီးထံ ရေးပို့ ၏။ ဖြတ်ပိုင်းနှင့်အတူ မကျေမချမ်းဖြစ်သည့် ဒေါသစာတစောင်ပါ သူ
့ဆီ ထည့်ပို့ လိုက်၏။
အတွင်းရေးမှုးသည်
ပြီးခဲ့သည့် တလလောက်က သူထုပ်ပိုးထားခဲ့သော ပါဆယ်ထုပ်ကို ဖွင့်လိုက်သည့်အခါ
မသတီစရာအနံ့ ဆိုးကြီးက ထောင်းကနဲထွက်လာ၏။ ပါဆယ်ထုပ်မှာ အစားအသောက်များပါသည်။
ဘုန်းကြီး၏
နှောင့်နှေးမှုများကြောင့်
အစားအသောက်များ ပျက်စီးပုပ်သိုးခဲ့လေပြီ။ ယခုတကြီမ် ဘုန်းကြီးထံသို့ ဒေါသစာ
ရေးပို
့ရမည်ကား အတွင်းရေးမှုး၏ အလှည့်ပေတည်း။ သူက
ဤသို့ စာရေးလေသည်။
“အရှင်ဘုရားအား
အကျွန်ုပ်အကူအညီတောင်းသည့် တောက်တိုမည်ရကိစ္စကလေးအပေါ် အကြီးအကျယ်စိတ်
ဆိုးအမျက်ထွက်ခဲ့ကြောင်း
သိရပါသည်။ တဖန် ယင်းကိစ္စအတွက်ပင် ရုန့် ရင်းကြမ်းတမ်းသော စာတစောင်ကို လည်း
အကျွန်ုပ်ဆီသို့  အရှင်ဘုရား ပို့ ခဲ့ပါသည်။ အကျွန်ုပ်အကြံပြုလိုသည်မှာ
မဟာဗောဓိအသင်းနှင့် ဆက်လက်
အလုပ်လုပ်လိုပါက
အရှင်ဘုရား၏စိတ်တိုဒေါသကြီးမှုကို ထိန်းချုပ်စေလိုပါသည်။”
ဒေါသသည်
ကျော်လွှားဖို့ ခက်ခဲသော ကိလေသာအစုအဝေးထဲက တခုဖြစ်သည်။ ဤအချက်ကို ကိုယ်တွေ့ ဖြစ်
ရပ်များမှ
ဘုန်းကြီးသိလာသည်။ ဒေါသထွက်လာလျှင် လူ့ စိတ်ပျောက်သလို အကြိမ်ကြိမ်ဖြစ်ဖူးသူ
ဘုန်းကြီးကိုယ်တိုင်
ဒေါသထိန်းချုပ်ရေးနှင့်ပတ်သက်၍ သီဟိုဠ်မှာနေစဉ် ရဟန်းငယ်ဘဝက
တရားဟောပြောဖူးသည်။
ဘုန်းကြီးက
“ဘုန်းကြီး၏ဒေါသ” ဟု ပြောနေသော်လည်း အမှန်တကယ်မဟုတ်ပါချေ။
ဒေါသသည် ဘုန်းကြီး၏စိတ်နယ်ပယ်အတွင်းသို
့ကျူးကျော်လာပြီး ဘုန်းကြီးကို လွှမ်းမိုးချုပ်ကိုင်သည်။ ဒေါသသည် ကိုယ်ဆင်းရဲ၊
စိတ်ဆင်းရဲကိုဖြစ်စေသည်မှန်သော်ငြားလည်း ဒေါသအလိုကျ ပြုရတော့သည်။ ဘုန်းကြီးစိတ်တိုလာသည့်အခါ ရင်ဘတ်အောင့်သည်။
ဝမ်းဗိုက်တခုလုံးပူလောင်သည်။ မျက်လုံးပြာဝေသည်။ ဘုန်းကြီး၏
ကြောင်းကျိုးပြပြောဆိုသမျှလည်း မရှင်းမလင်းဖြစ်ကာ ပုံဆိုးပန်းပျက်ဖြစ်လာသည်။
ပါးစပ်မှလည်း ကြမ်းတမ်းရိုင်းစိုင်းသည့်စကားလုံးတွေ ထွက်လာသည်။
ဒေါသပြေသွားပြီးနောက်
အမြဲလိုလို ရှက်မိသည်။ မျက်နှာပူသည်။ ဒေါသနှင့်ပတ်သက်သော ဗုဒ္ဓ၏ ဒေသနာ
တော်များကိုလည်း
ဆင်ခြင်မိသည်။
-“အမျက်ဒေါသကို
ပယ်ရမည်၊
မာန်မာနကိုလည်း
ပယ်ရမည်၊
သံယောဇဉ်အကုန်လုံးကို
ကျော်လွန်ရမည်၊
နာမ်ရုပ်၌
ငါ့နာမ်ငါ့ရုပ်ဟု စွဲလမ်းမှုမရှိသည့်အပြင် (ရာဂစသော) စိုးရိမ်ကြောင့်ကြမရှိသူထံသို
့ ဆင်းရဲဝေဒနာများ မကျရောက်နိုင်ကြချေ။
-ပြေးသွားနေသော
ရထားကို လိုရာရပ်အောင် မြစ်တားနိုင်သော ရထားမောင်းသမားကဲ့သို့ ဖြစ်ပေါ်လာသော
အမျက်ဒေါသကို မြစ်တားနိုင်သူကိုသာ ငါဘုရားက ထူးခြားသော ရထားမောင်းသမားဟု မိန်
့ဆိုပေသည်။”
(ဓမ္မပဒကျမ်း၊
ဂါထာအမှတ် ၂၂၁၊ ၂၂၂၊ မြန်မာပြန်ကို ဓမ္မပဒပန်းကုံးကျမ်းမှ ကူးယူဖော်ပြသည်။ဘာသာပြန်သူ)
ပိဋကတ်စာပေတွင် ဒေါသနှင့်
အပေးအယူလုပ်နိုင်သော ဗုဒ္ဓ၏စွမ်းရည်ကိုဖော်ပြသော လူသိများသည့် ဇာတ်လမ်း
တခုရှိပေသည်။
တနေ့ သ၌ ရာထူး၊
အာဏာပြည့်စုံသည့် ဗြာဟ္မဏတဦးသည် ဗုဒ္ဓထံသို့  လာရောက်တွေ့ ဆုံသည်။ ဤဗြာဟ္မဏသည်
ဒေါသကြီးသူ ၊ လူတကာနှင့် မကြာခဏ ရန်ဖြစ်တတ်သူလည်း ဖြစ်သည်။ တယောက်ယောက်
ကို
ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံလေ့ရှိပြီး ၊ တဖက်လူက ဒေါသနှင့် မတုံ့ ပြန်လျှင်လည်း
ဤဗြာဟ္မဏက စိတ်ဆိုးတတ်
သူဖြစ်သည်။ သို
့နှင့် ဗုဒ္ဓသည် လုံးဝစိတ်မဆိုးတတ်ကြောင်း သူသတင်းကြားရသောအခါ ဗုဒ္ဓကို စမ်းသပ်ရန်
သူ ဆုံးဖြတ်လိုက်သည်။
ဗြာဟ္မဏသည်
ဗုဒ္ဓထံသို့ သွားကာ အဆဲမိုး ရွာသွန်းလေသည်။ ဗုဒ္ဓကလည်း ဆဲသမျှကို အတုံ့ မပြန်
ငြိမ်သက်စွာ နားဆင်တော်မူ၏။ ဗြာဟ္မဏသည် ဆဲရေးတိုင်းထွာသည်ကို ရပ်ဆိုင်းလိုက်ပြီး
ဗုဒ္ဓ၏ တုံ့ ပြန်ချက်ကို စောင့်နေ၏။
ဗုဒ္ဓက သူ့ အား တည်ငြိမ်အေးချမ်းစွာ
မေးခွန်းထုတ်လိုက်၏။
“ဗြာဟ္မဏ…၊
သင့်မှာ မိသားစုဖြစ်စေ၊ မိတ်ဆွေဖြစ်စေ ရှိသလား”
ဗြာဟ္မဏက
ပြန်ဖြေသည်။
“ရှိသားပဲ၊ အဲဒါ
ဘာဖြစ်သလဲ”
ဗုဒ္ဓက
ပြောပြန်လေ၏။
“အခါအားလျော်စွာ
မိသားစု နဲ့  မိတ်ဆွေတွေဆီ အလည်အပတ်သွားရဲ့လား”
ဗြာဟ္မဏက
အသံမာဆတ်ဆတ်နှင့် ဖြေလိုက်၏။
“သွားတာပေါ့”
“ဗြာဟ္မဏ…..၊ သင်
သူတို့ ဆီသွားလည်တော့ လက်ဆောင်ပစ္စည်းယူသွားသလား”
ဗြာဟ္မဏက
အသံဟိန်းထွက်သွားအောင် အော်ပြောလိုက်၏။
“အေး…၊ ယူသွားတယ်”
ဗုဒ္ဓက
မေးပြန်လေ၏။
“ဗြာဟ္မဏ…၊
သင်ယူသွားတဲ့ သင့်လက်ဆောင်တွေကို ဟိုလူတွေက လက်မခံလိုဘူးဆိုရင်ကော
အဲဒီလက်ဆောင်တွေကို ဘာလုပ်ပစ်သလဲ”
ဗြာဟ္မဏက
ဖြေပြန်၏။
“အိမ်ပြန်ယူလာတယ်။
မိသားစုတွေနဲ့ အတူ သုံးပစ်၊ စားပစ်တာပေါ့”
ဗုဒ္ဓက မိန်
့တော်မူ၏။
“အိမ်း….အဲဒီလိုပဲပေါ့
မိတ်ဆွေ ဗြာဟ္မဏ၊ သင်က ငါ့အတွက် ဒေါသ၊ အဆဲလက်ဆောင်တွေ ယူလာပေးတယ်။
အဲဒါတွေ
ငါလက်မခံလိုပါဘူး၊ သင့်ကိုပြန်ပေးပါတယ်။ သင့် ဒေါသလက်ဆောင်၊ အဆဲလက်ဆောင်တွေကို
အိမ်ပြန်ယူပြီး မိသားစုနဲ့ အတူ သုံးပစ်၊ စားပစ်ပါလေ”
ဘုန်းကြီးသည်
လူငယ်တယောက်အဖြစ် အသိဉာဏ်ပညာပါသော ဤစကားတော်မြတ်အတိုင်း နေထိုင်ခဲ့မည်သာ
ဆိုပါလျှင်………..။
အမရဒီပ
ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၄
ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၄
No comments:
Post a Comment