ဆန်ချီစေတီတော်သို
့ ဘုရားဖူးများသည် ဓာတ်တော်များကို အရိုအသေပြုရန်၊ အသောကမင်းကြီးတည်ဆောက်
ခဲ့သော
မုခ်ဦးဂိတ်ဝကို ကြည့်ရန် မကြာမကြာ လာရောက်ကြသည်။ မုခ်ဦးဂိတ်ဝ ၄ ခုရှိပြီး ဘီစီ ၃
ရာစုက တည် ဆောက်ခဲ့သည်။ ဂိတ်ပေါက်ဝတိုင်းကို အမြင့်ပေ ၂ဝ ရှိသည့် ကျောက်တိုင်ကြီး
၂ တိုင်ဖြင့် စိုက်ဆောက်ထား၏။
ယင်းတိုင် ၂ တိုင်အကြား ကန့် လန့် ဖြတ်တန်းများ
ပြေးထားသည်။ ကျောက်တိုင်နှင့် တန်းများအားလုံးအပေါ်မှာ ငါးရာငါးဆယ်ဇာတ်တော်မှ
ဇာတ်လမ်းအချို့ ကို အကွက်လိုက် ပန်းပုထုလုပ်သရုပ်ဖော်ထားသည်။ကျောက်ဆစ်
ပန်းပုရုပ်များနှင့်ယှဉ်တွဲနေသည့်
ကျောက်စာမှာ သက္ကတ ၊ ပါဠိတို့ နှင့် နီးစပ်သောရှေးဟောင်းဘာသာစကား
တမျိုးဖြစ်သည်။
ခရီးသွားဧည့်သည်များသည်
ကျောက်စာတွေကို ဘာသာပြန်နိုင်မည့် ဧည့်လမ်းညွှန်များ ခေါ်ကာ အကြိမ်ကြိမ်
ရောက်လာကြ၏။
တခါတလေ သူတို့ နှင့်အတူ ဧည့်လမ်းညွှန် မပါလာပေ။ ထိုသို့ ဖြစ်လျှင် သူတို့ က
ဘုန်းကြီးကို
ရှင်းပြခိုင်းကြ၏။
အစပိုင်းတွင် ဘုန်းကြီး ကျောက်စာအကြောင်း နားမလည်ဟု အရိုးခံအတိုင်း ပြောကာ
ပစ်ထားခဲ့
၏။ သို့ သော်ငြား
ကြာလာတော့ မသိနားမလည်ဟု ထုတ်ပြောနေရသည်ကို ရှက်လာ၏။ မှန်၏။ နှစ်ပရိစ္ဆေဒ ကြာ
မြင့်ပြီး ဆရာတော်ပညာတိဿ မရှိတော့လျှင် ဘုန်းကြီးသည် နှစ်ပါးမရှိ
တပါးတည်းသော ကျောင်းနေရဟန်းဖြစ်
လာမည်။
အမှန်တကယ်အားဖြင့် ဘုန်းကြီးသည် ဤနေရာအကြောင်း မေးသမျှ ဖြေဆိုနိုင်သူဖြစ်သင့်သည်ဟု
နားလည်လာ၏။
သို့ နှင့်
ကျောက်စာတိုင်များအကြောင်း ဘုန်းကြီးကို သင်ပေးဖို့  ဒေသခံဧည့်လမ်းညွှန်တယောက်ဆီ
အကူအညီ
တောင်းရသည်။ သူကလည်း လိုလိုလားလား ကူညီလေရာ နောင်သောအခါတွင် နံရံပန်းပုကွက်များကို
ဘာသာပြန်ပေးခြင်းဖြင့် ဧည့်သည်တော်များအား ကူညီနိုင်ခဲ့လေသည်။ နောက်ဆုံးတွင်
ကျောက်စာများ၊ ပန်းပု
များအကြောင်းရှင်းလင်းချက်ပါဝင်သော
ဆန်ချီလမ်းညွှန်အိတ်ဆောင်စာအုပ်ငယ်ကို ရေးသားခဲ့သည်။
ဥပမာ-
ကျောက်ဆစ်ပန်းပုရုပ်တုတကွက်တွင် ဗုဒ္ဓဖွားတော်မူခန်းကို ပြသထား၏။ မယ်တော်မာယာသည်
အင်ကြင်းပင်အောက်မှာ သားဖွားစဉ်အတွင်း ဘေးဝန်းကျင်တဝိုက်တွင် ရံရွေတော်များက
တင်းထိမ်ကန့် လန့် 
ကာများ
ကိုင်ထားကြ၏။ ဒေဝ ခေါ် နတ်တို့ က ဖွားမြင်ပြီးစကလေးငယ်ကို ရေလောင်းချိုးပေးကြဟန်
ဖြစ်၏။
အခြားတကွက်မှာ
သစ်ပင်အောက်၌ ဗုဒ္ဓ၏သဗ္ဗညုတဉာဏ်တော်ကို ရတော်မူဟန်ဖြစ်၏။ သိဒ္ဓတ္ထဂေါတမသည်
ဗောဓိညောင်ပင်အောက်၌ တင့်တယ်စံပယ်စွာ ထိုင်နေတော်မူစဉ် ယုတ်မာဆိုးရွားကိလေသာများကို
ကိုယ်စား ပြုသည့် ဒါဇင်များစွာသော နတ်မိစ္ဆာများက လေးမြှား၊ ဓားမြှောင်
ဓားရှည်များကိုင်စွဲကာ သူ့ အား ခြိမ်းခြောက်
လာကြ၏။
အခြားတကွက်မှာ
သားတော်ကလေးကို ဖွားမြင်ပြီးနောက် ခုနစ်ရက်အကြာတွင် နတ်ရွာစံတော်မူသည့်
မယ်တော်မိနတ်သားကို တရားဟောပြောပြီးနောက် ဗုဒ္ဓသည် နတ်ပြည်မှ ဆင်းကြွတော်မူလာဟန်ဖြစ်၏။
အခြားတကွက်တွင်လည်း
ပါရိလေယျအရပ်၌ ဝါကပ်နေထိုင်တော်မူသော ဗုဒ္ဓကို မျောက်တကောင် နှင့် ဆင်များ
အရိုအသေပေးနေဟန် ပြသထား၏။ ခိုက်ရန်ဖြစ်ပွားသော ရဟန်းအုပ်စု ၂ စုအကြား
အဆင်ပြေကျေအေးရေးကို
လက်လျှော့လိုက်ပြီးနောက်
ဗုဒ္ဓသည် ပါရိလေယျတောအုပ်အတွင်း မိုးရာသီ ဝါဆိုဝါကပ်ကာ တကိုယ်တော် ဧကစာရီ
နေတော်မူခဲ့၏။ ကျမ်းဂန်လာဝတ္ထုကြောင်းများအရ မျောက်တကောင်သည် ဗုဒ္ဓဘုဉ်းပေးရန်
ပျားလဘို့ 
များ နေ့ စဉ်ကပ်လှူသည်။ ဆင်များသည်လည်း ဗုဒ္ဓအတွက်
ရေပူရေနွေး စီစဉ်ပေးကြ၏။
ကျောက်စာတိုင်ပေါ်ရှိ
ပန်းပုပြကွက်အားလုံးက ကြည့်ရှုသူခရီးသွားဧည့်သည့်တို့ အား ကြီးမားသော ကြည်ညိုသဒ္ဓါစွမ်းအင်ကို ဖြစ်ပေါ်စေ၏။
၁၉၅၆ ခုနှစ်
ဧပြီလမှာ ဘုန်းကြီးတို့ သည် မေလအတွင်းကျရောက်မည့် ဗုဒ္ဓမွေးနေ့ အတွက် ဆန်ချီ၌
ဗုဒ္ဓဇယန္တီ
အထူးပွဲတော်အခမ်းအနားတရပ်ကျင်းပရန်
အစီအစဉ်စဆွဲကြသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဂျဝါဟလာနေရူး ကို ဖိတ်ကြားရန်လည်း
ဆုံးဖြတ်ကြသည်။ ဆရာတော်အရှင်ပညာတိဿနှင့် ဘုန်းကြီးတို့ သည် ဖိတ်ကြားစာကို
လူကိုယ်တိုင်ပေးရေးအတွက် ဒေလီသို့  ခရီးထွက်လာခဲ့ကြ၏။
စာဖြင့်
ကြိုတင်အကြောင်းကြားထားပြီးလည်းဖြစ်သည့်အတွက် နေရူး၏ရုံးခန်းသို့  ဘုန်းကြီးတို
့ရောက်ကြသော အခါ
အခြား အာရှနိုင်ငံများမှ သံတမန်တွေအပါအဝင် နိုင်ငံခြားသား
အဆင်မြင့်အရာရှိကြီးများ ပြည့်နှက်နေသော နေရာဖြစ်နေ၏။
နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သူ
နေရူးသည် အလွန်တည်ငြိမ်သော အသွင်အပြင်ရှိသူဖြစ်သည်။ လူကြီးလူကောင်း အပြုအမူလည်း
ရှိသည်။ အရပ်အမောင်းမှာ မမြင့်လွန်း မနိမ့်လွန်း၊ မီးခိုးရောင်ဆံပင် ဖြစ်သည်။
အိန္ဒိယရိုးရာဝတ်စုံဖြစ်သည့် အဖြူရောင်ဘောင်းဘီရှည်အပွ ၊ အင်္ကျီလက်ရှည်အပေါ် လက်မောင်းပြတ်ခပ်ပွပွ
အပေါ်အင်္ကျီထပ်ဝတ်ထားသည်။ ကြိုးတပ်ခြေနင်းဖိနပ်ကို စီးနင်းထားသည်။
သိမ်မွေ့ ညင်သာသည့်အသံ၊
ရင်းနှီးဖော်ရွေသော အမူအရာဖြင့် နေရူးသည် ဘုန်းကြီးတို့ ကို နုတ်ခွန်းဆက်သ၏။
သူသည်
ဧည့်သည်တော်အရာရှိကြီးများနှင့် မာရသွန်ဆွေးနွေးပွဲရှည်ကြီး မပြီးပြတ်သေးသော်လည်း
ဆရာတော်
နှင့်
ဘုန်းကြီးတို့ ကို သူ၏ရုံးခန်းအတွင်း ခရီးဦးကြိုကာ နေရာချထားပေး၏။ ဘုန်းကြီးတို
့သုံးဦးသား မိနစ် ၂ဝ ခန့် 
စကားပြောခဲ့ကြရ၏။ နေရူးက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမည့်
နိုင်ငံရေးစည်းဝေးပွဲတခုနှင့် ဘုန်းကြီးတို့ ၏ အခမ်းအနား တို
့တိုက်ဆိုင်နေမှုကြောင့် ဘုန်းကြီးတို့ ၏အခမ်းအနားသို့ မတက်ရောက်နိုင်သည်ကို
သူဝမ်းနည်းပါကြောင်း
ပြောသည်။ ဝန်ကြီးချုပ်သည် ဟိန္ဒီစကားကို ပြေပြစ်သွက်လက်စွာပြောလေရာ ဘုန်းကြီးက သူ၏စကားကို
ဆရာတော်အား ဆင်ဟာလီစကားဖြင့် ကြိုးစားပမ်းစားဘာသာပြန်ပြရလေ၏။
အဆုံးသတ်တွင်
နေရူးက ဘုန်းကြီးတို့ အောင်မြင်ပါစေကြောင်း ဆုတောင်းပေးပြီး တွေ့ ဆုံမှုကို
အပြီးသတ်
ကြောင်းပြလိုရိပ်ဖြင့်
မတ်တပ်ရပ်လေ၏။ လျှပ်တပြက်ဓာတ်ပုံရိုက်ရန်အတွက် ဘုန်းကြီးတို့ နှင့် အတူ နေရာယူ
သည်။ ယင်းနောက်
နုတ်ဆက်လက်အုပ်ချီလေသတည်း။
ဝန်ကြီးချုပ်နေရူးကို
ခဏတဖြုတ်တွေ့ ဆုံခွင့်ရခဲ့ပြီးနောက် တဆက်တည်းမှာပင် ဘုန်းကြီးသည် အခြားအဆင့်မြင့်
အရာရှိကြီးများအားတွေ့ ဆုံခွင့်ရဖို့ အရေးမှာလည်း စန်းလဂ်ဇာတာကောင်းခဲ့ပြန်သေး၏။ ၁၉၅၆
ခုနှစ် နိုဝင်ဘာလ
တွင်
နီပေါဘုရင်မင်းမြတ်သည် ဆန်ချီသို့  ဘုရားဖူးကြွမည့်အကြောင်း ရက်ချိန်းပြုလာ၏။
ဘုရင်မင်းမြတ်ကြွလာ
ခြင်းအတွက်
ကျောင်းတိုက်ကို အတင့်အတယ်ပြုလို၏။ ဗုဒ္ဓသာသနာတော်အလံများ ချိတ်ဆွဲမည်ဟု ဆုံးဖြတ်
လိုက်၏။
သာသနာ့အလံတော်ပါ
အရောင်အမျိုးမျိုးမှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပေါ်ထွက်လာသော
ကိုယ်ရောင်ကိုယ်ဝါဖြစ်သည်ဟု ဆိုကြ၏။ အခြားပြောနည်းကားတခုမှာ သာသနာ့အလံတော်သည်
ဗုဒ္ဓ၏
ကိုယ်ကာယတော်ကို ကိုယ်စားပြုသည်ဟူ၏။ အဖြူရောင်သည် အရိုးတော်နှင့်
သွားတော်များကို ၊ အနီရောင်
သည်
အသွေးတော်ကို၊ အဝါရောင်သည် သည်းခြေအရည်ကို ၊ အပြာရောင်သည် ဆံတော်ကို ၊
လိမ္မော်ရောင်
သည် အရေပြားကို ရည်ညွှန်းထား၏။
အလံချိတ်ဆွဲနိုင်မည့်
နံရံအမြင့်ထိပ်ဖျားတလျှောက် ကြိုးချည်နှောင်နိုင်ရန်အလို့ ငှါ
ကျောင်းဝင်းအစွန်းရှိ
ကျောက်ဆောင်ပေါ်သို့  တက်ရ၏။ ကြိုးကို တင်းတင်းရင်းရင်းဆွဲစဉ်
ကိုယ်အလေးရှိန်ကိုမထိန်းနိုင်ဘဲ
နောက်သို့  လန်ကျ၏။ အောက်ခံကျောက်သားပြင်သို
့ပြုတ်ကျလေရာ လက်ကောက်ဝတ်အရိုးကျိုးလေ၏။ နီပေါဘုရင်ကြီး ရောက်လာသောအခါ
ဘုန်းကြီးသည် ဆေးရုံ ရောက်နေ၏။ ဘုန်းကြီးထိခိုက်ဒဏ်ရာရသည်ကို ဘုရင်ကြီးကြားသိသောအခါ ဘုန်းကြီးရှိရာ ဆေးရုံသို့  သူသတင်းမေး ရောက်လာပါ၏။
ဝန်ကြီးချုပ်
နှင့် ဘုရင်မင်းမြတ်တို့ ကို တွေ့ ခဲ့ရသလို ၁၉၅၆ ခုနှစ်နှောင်းပိုင်းကာလတွင်
အများနှင့်မတူတခြား
ဖြစ်လွန်းသူ ဧည့်သည်တော်တဦးကိုလည်း တွေ့ ခွင့်ရခဲ့၏။ သူကား
ဒလိုင်လားမား ဖြစ်ပါ၏။ တိုက်တိုက်ဆိုင်ဆိုင်
ဖြစ်လွန်းသည်။
ဒလိုင်လားမားသည် ဘုန်းကြီး၏မွေးနေ့  (ဒီဇင်ဘာ ၇ ) တွင် ဘုရားဖူးရောက်လာ၏။ သူ့ ကို
ခရီးဦးကြိုဆိုရသူမှာလည်း ဘုန်းကြီးတပါးတည်းသာ ဖြစ်ပါ၏။
ထိုအချိန်က
ဒလိုင်လားမားသည် အသက် ၁၉ နှစ်နှင်နှင်သာ ရှိသေး၏။ ဘုန်းကြီးအောက် ငယ်ရွယ်သည်။ သို
့ပေ
ငြားလည်း မကြာမီက
တရုတ်အစိုးရကျူးကျော်သိမ်းပိုက်လိုက်သော ဟိမဝန္တာဘုရင့်နိုင်ငံတော်တခု၏ လူငယ်
ရဟန်းမင်းတပါးကား ဖြစ်နှင့်ပြီးလေပြီ။
သူ၏
ဘုန်းရှိန်ကံရှိန်သမ္ဘာရှိန်ကိုကား ဘုန်းကြီးမသိပါ။ သူသည် ဆန်ချီသို့  ဆိုင်းမဆင့်
ဗုံမဆင့် ရောက်လာ၏။
ယခုအခါ သူ ကမ္ဘာလှည့်နေခိုက် သူ့ ကို ဝိုင်းဝိုင်းလည်ကာရံထားသော
ပုလိပ်ဖြစ်စေ၊ အခြားလုံခြုံရေးဖြစ်စေ လိုမျိုး
မပါလာချေ။ သို့ သော်
ရဟန်းအတော်များများကတော့ သူ့ အပါးစောင့်ရှောက်ပါလာကြ၏။
ဖုန်မှုန့် ထဲမှာ
သူ့ သင်္ကန်းတွေ တရွတ်တိုက်ဆွဲမနေရလေအောင် ဂရုစိုက်ခြင်း ၊ သူ သွားရမည့်နေရာတွင် သူ
့ကို
လေးစားစွာ ခရီးဦးကြိုဆိုခြင်းတို့ ကို ပြုကာ အစောင့်အရှောက်ရဟန်းတော်များသည်
သူ့ အပေါ် အလွန်ရိုသေသမှု
ရှိကြ၏။
ကျောင်းတော်သို
့ဝင်ရန် သူက ရှုးဖိနပ်များကို ချွတ်လိုက်သည့်အခါ အဆောက်အအုံအတွင်း၌ အစောင့်အရှောက်
ရဟန်းတော်များသည် သူတို့ ၏စိပ်ပုတီးများကို လမ်းခင်းပေးကြလေ၏။ ကြည်ညိုချစ်ခင်သော
အမူအရာတရပ် ဖြစ်ပါ၏။
ဒလိုင်လားမားသည်
ကျက်သရေရှိသော အပြုံးများ မကြာခဏဆိုသလို လင်းလက်လာတတ်သော တည်ကြည်
အေးချမ်းသည့်
မျက်နှာပိုင်ရှင်ဖြစ်သည်။ သံကိုင်းမျှင်မျှင်ကလေးနှင့် မျက်မှန်ကို တပ်ချိတ်ထား၏။
အလွန် ခန့် 
ညားသူပေတည်း။
ချောမွတ်စင်ကြယ်သော သူ့ အသားအရေကလည်း အသက်အရွယ်နှင့်မလိုက်အောင် နုပျိုပုံ
ပေါက်စေ၏။
သူက ဘုန်းကြီးကို
လက်အုပ်ချီဦးညွတ်ကာ အရိုအသေပြုလိုက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ဤသို့ ပြော၏။
“ဒီနေရာက
တကယ်လှပပြီး အေးချမ်းတာပဲ၊ တကယ်လည်း ဆိတ်ငြိမ်တယ်နော်၊ အရှင်ဘုရား ဒီမှာ
နေထိုင်ရတာ
သပ္ပါယမျှတပါရဲ့လား”
ဘုန်းကြီးက သူ
့ကို ပြန်လည်ဦးညွတ်အရိုအသေပြုလိုက်ရင်း ---
“သပ္ပါယမျှတပါတယ်
အရှင်ဘုရား၊ တော်တော်လေး အဆင်ပြေပါတယ်။ မြင့်မြတ်တဲ့ ဒီလိုနေရာမျိုးမှာ
အရှင်ဘုရားကို ကြိုဆိုခွင့်ရတာကိုလည်း ဝမ်းမြောက်ဝမ်းသာဖြစ်လှပါတယ်” ဟု
ပြောလိုက်ပါ၏။
သူသည်
မာန်မာနထောင်လွှားတတ်သူမဟုတ်ပါချေ။ ဘုန်းကြီးတို့ သည် ဓာတ်တော်တိုက်သို့ 
အတူလျှောက်
လှမ်းခဲ့ကြ၏။
ဘိုပိုင်း (လ်) ပြည်နယ် အုပ်ချုပ်ရေးမှုး (ဝန်ကြီးချုပ်) နှင့်
မဟာဗောဓိအသင်းအတွင်းရေးမှုးတို့ 
လည်း
ယင်းဓာတ်တော်တိုက်မှ အရေးပေါ် ရောက်နှင့်နေကြ၏။ ဒလိုင်လားမားသည် ဆန်ချီသို
့ဘုရားဖူးကြွလာပြီး
ဗုဒ္ဓဓာတ်တော်ကို ဖူးမြင်လိုကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှုး
နှင့် မဟာဗောဓိအတွင်းရေးမှုးတို့ ဆီ ကြိုတင် အကြောင်းကြားထားခဲ့ကြောင်း နောင်တွင်
ဘုန်းကြီး သိရပါသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးတို့ သည် သူတို့ ၏
သော့တွဲ ကို
ယူဆောင်လာခဲ့ကြပြီး ဘုန်းကြီးတို့ သည် ပလ္လင်တော်ကြီးအောက် အမှောင်ခန်းတွင်းရှိ
ဓာတ်တော်ကြုတ်ကို ဖွင့်ပြရမည်ကို သိထားပြီးဖြစ်၏။
ဒလိုင်လားမား၏
ရဟန်းကိုယ်ရံတော်များက ဗုဒ္ဓရုပ်ပွားတော်ရှေ့ တွင် သန့် စင်ဖြူဖွေးသော အဝတ်တထည်ကို
ဖြန့် ခင်းလိုက်ကြ၏။ ဒလိုင်လားမားသည် အဝတ်ဖြူအခင်းကို ဦးခေါင်းဖြင့်ထိကာ
သုံးကြိမ်သုံးခါ ဝပ်စင်းရှိခိုး၏။
ယင်းနောက်
ပလ္လင်တော်ပေါ်သို့  ပန်းများ ကပ်လှူသည်။ နံ့ သာတိုင် ၃ တိုင် လှူသည်။ အလင်းတိုင် ၃
တိုင်ကို လည်း ထွန်းညှိပူဇော်သည်။
ဘုန်းကြီးတို
့အားလုံး ဓာတ်တော်ကြုတ်ခန်းရှိရာ အောက်ထပ်သို့ ဆင်းသက်လာခဲ့ပြီး ဓာတ်တော်ကြုတ်ကို
ဖွင့် ကြ၏။ ဒလိုင်လားမားသည် ဓာတ်တော်မြတ်များကို ဖူးတွေ့ ရသောအခါ သုံးကြိမ် သုံးခါ
ဝပ်စင်းရှိခိုးပြန်၏။
ယင်းနောက်
ဒလိုင်လားမားသည် ဘုန်းကြီးအား ကျောင်းတော်မှာအသုံးပြုရန် အမြင့် ၁၂ လက်မခန်
့ရှိသည့် ဆီသုံး ရွှေသားမီးအိမ် ၁ လုံး ပေးအပ်လှူဒါန်းသည်။ ဘုန်းကြီးတို့ သည် ရွှေမီးအိမ်ကို
မြေအောက်ထပ်ခန်းမှာ ဓာတ်တော်များနှင့်အတူ ပူဇော်ထားပါ၏။
နောက် ၃ နှစ်အကြာ
ဒလိုင်လားမား နှင့် လူယုံ ကိုယ်ရံတော်တို့ သည် တိဘက်ကို သိမ်းပိုက်သော တရုတ်တို့ 
လက်မှ
လွတ်မြောက်ရေးအတွက် တောင်အထပ်ထပ်ကို ကျော်ဖြတ်ကာ မြင်းစီးထွက်ပြေးခဲ့ကြလေ၏။
သူသည်
အိန္ဒိယနိုင်ငံမြောက်ပိုင်းသို့  ပြည်ပြေးအဖြစ် ရောက်လာခဲ့လေ၏။ ကမ္ဘာ့တဝှန်းလုံးသို
့တကွဲတပြား စီ
ရောက်ကုန်ကြမည့် တိဘက်ပြည်သူတို
့၏ကြေကွဲဝမ်းနည်းဖွယ် ဇာတ်လမ်းကား စတင်ခဲ့ပြီတကား။
ဒလိုင်လားမား
နှင့် ဘုန်းကြီးတို့ သည် ဆန်ချီစေတီတော်မှာ ဘေးချင်းကပ်ရပ်ခွင့်ရလိမ့်မည်ဟု ဘယ်တုန်းကမျှ
မတွေးမိခဲ့ပါ။ လားလားမျှပင် စိတ်မကူးမိခဲ့ပါချေ။
အမရဒီပ
ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၄
==============
ဘာသာပြန်သူ၏ မှတ်စု
-ဆရာတော် ဘန္တေဂုဏရတန ၁၉၂၇ မွေးဖွား။
-ဒလိုင်လားမား ၁၉၃၅ မွေးဖွား။
No comments:
Post a Comment