Total Pageviews

Tuesday, February 11, 2014

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၃၁



                                             အခန်း ၁ဝ ၊ သမုဒ္ဒရာကိုကျော် အိန္ဒိယနိုင်ငံတော်သို့ 

 သီဟိုဠ်ကျွန်းအပြင်သို့ ဘုန်းကြီးဘဝ၏ ပထမအကြိမ် ခရီးထွက်နိုင်ရေးအတွက် ငွေ နှင့် နိုင်ငံကူးလက်မှတ် 
လိုအပ်သည်။ ရဟန်းတပါးဖြစ်နေသည့်အတွက် ဝင်ငွေဆိုင်ရာအထောက်အထားမရှိသောကြောင့် ဘုန်းကြီးသည် နိုင်ငံကူးလက်မှတ်မရနိုင်ပေ။ အစိုးရထံသို့ ဝင်ငွေခွန်ဆောင်နိုင်သူတို့ သာလျှင် နိုင်ငံကူးလက်မှတ်
ရနိုင်သည်။ 

သို့ ဖြစ်ရာ သာသနာပြုကျောင်းအုပ်ဆရာတော်က ဝင်ငွေခွန်မြောက်မြားစွာဆောင်နိုင်သူ သူဌေးဒကာတဦးကို ဘုန်းကြီး၏ ထောက်ပံ့ကူညီသူ (ဥပတ္ထမ္ဘက ဒကာ) အဖြစ် ဆောင်ရွက်စေသည်။ ယင်းဒကာက လိုအပ်သော စာရွက်စာတမ်းများကို လက်မှတ်ထိုးပေးသည်။ အရေးပေါ်လက်မှတ်-ဟုခေါ်သော အထောက်အထားတခုကို 

ဘုန်းကြီးရလာသည်။  ဤလက်မှတ်၏သက်တမ်းမှာ ၂ နှစ် ဖြစ်သည်။ သတ်မှတ်ကာလအတွင်း သီဟိုဠ်သို့ 
 ပြန်လာနိုင် ၊  ပြန်ထွက်နိုင်သည်။

အိန္ဒိယသွားခရီးစရိတ်ကို မဟာဗောဓိအသင်းက စိုက်ထုတ်ပေးမည့်အကြောင်း ဘုန်းကြီးသိပါ၏။ 
ယင်းအတွက် ဝမ်းမြောက်မိသော်လည်း ကိုယ့်လက်ထဲ ခြေစောင့်လက်စောင့်ငွေကြေးကလေးတော့ ရှိသင့်သည်၊ 
သို့ မှ မျက်နှာမငယ်ဘဲ နေနိုင်မည်ဟု တွေးမိပါ၏။ သို့ သော် ရဟန်းဟူသည် လူဝတ်ကြောင်များထံ ငွေကြေး
 တောင်းခံ ကောင်းသည်လည်း မဟုတ်ပြန်ရာ ဘုန်းကြီးနေထိုင်ဖူးသော ယက္ကလရွာကျောင်းဆရာတော် 
အရှင်စန္ဒဇောတိထံ သွားကာ အကြံဉာဏ်တောင်းရပြန်လေ၏။

ဆရာတော်က ဘုန်းကြီးကို “ဂုဏေး” ဟု ချစ်စနိုးခေါ်ကာ ဤသို့ ပြောခဲ့သည်။
“ဗျာများပြီး အတွေးမချော်စမ်းနဲ့ --ကိုယ့်လူ၊ မင်းဟာ ရဟန်းတပါးဖြစ်တယ်၊ မင်းမှာ ငွေကြေးမရှိဘူး၊
 ဒီခရီးကိုသွားဖို့ အတွက် မင်းငွေလိုတာကို လူတိုင်းသိပါတယ်။”

ဘုန်းကြီး၏ခရီးစဉ်အကြောင်းနှင့် ခရီးစဉ်အတွက် လိုအပ်ချက်တို့ ကို ဖော်ပြသည့် လူအများအတွက် စာတစောင်
 ရေးသားကာ စာရွက်ရေ ၇ဝဝ ခန့် ပုံနှိပ်သည်။ အချို့ ကို လက်ကမ်းဝေငှသည်။ အချို့ ကို စာတိုက်မှ ပို့ လိုက်သည်

အားလုံးပြီးစီးပြီး စာရင်းချုပ်သောအခါ ရူးပီးငွေ ၂ဝဝ ခန့် ( အမေရိကန်ဒေါ်လာ ၆ဝ ခန့် ) ရသည်။ 
သူ့ ခေတ် သူ့ အခါအရ ထိုငွေအရေအတွက်မှာ အံ့အားသင့်စရာဖြစ်သည်။ ဘုန်းကြီး၏မိခင်က ၁ ရူပီး၊ 

ဖခင်က ၅ ရူပီး၊ နှမအငယ်ဆုံးက ၂ ရူပီး ပေးလှူကြ၏။ ဘုန်းကြီး ကိုရင်ဝတ်ခဲ့သည့်ရွာကျောင်းဆရာတော်က အများကောင်းမှု စုပေါင်းငွေအထဲမှ ၅ ရူပီး လှူသည်။

ဇန်နဝါရီ ၁၅ ရက်၊ ၁၉၅၅ ခုနှစ်တွင် ဘုန်းကြီး၏ခရီးစဉ်ကို ကိုလံဘိုမီးရထားဘူတာရုံမှ စတင်လိုက်ပါ၏။ 
မိုင် ၈ဝ ခရီးဝေးကြောင့် မိသားစုဝင်များ ဘုန်းကြီးကို လိုက်မပို့ နိုင်ကြချေ။  ဘုန်းကြီး၏ဥပဇ္ဈယ်ဆရာတော်တပါးသာ ကိုလံဘိုအထိ ရထားခရီးစီးကာ လိုက်ပို့ ပေးသည်။ ဘုန်းကြီးတို့ လူချင်းခွဲလိုက်သောအခါ တပါးတည်း ကျန်ရစ်ခဲ့
၏။ သို့ သော် ရွံကြောက်အားငယ်စိတ်မပေါ်ဘဲ ဘဝ၏ဖြစ်ပေါ်ပြောင်းလဲမှုအဆင့်တခုဆီသို့ ချဉ်းနင်းဝင်ရောက်နေ
ပြီဟုတွေးကာ စိတ်လှုပ်ရှားခဲ့၏။  ကာလရှည်တခုတွင် ဘုန်းကြီး၏အသိဉာဏ်အမြင်သည် ကျယ်ပြန့် လာခဲ့၏။ 
 ယင်းအချိန်က ထိုအတွေးမျိုးကို စိုးရိမ်စိတ်ဖြင့် ပုံဖော်ခဲ့ရသော်လည်း ၇၅ နှစ်အရွယ်တွင်ကား အာရှ၊ ဥရောပ
စသော တိုက်ကြီး ၆ ခုလုံးတွင် တရားဟောပြခဲ့ပြီးလေပြီ။

(အသက် ၇၅ နှစ်အရွယ်ဟူသည် ဤစာအုပ်ရေးစဉ်ကာလကို ဆိုသည်။ ၁၉၂၇ ဖွား ဆရာတော်သည် ယခု ၂ဝ၁၄ တွင် သက်တော် ၈၇ နှစ်အတွင်း ဝင်ရောက်နေပါပြီ။ ။ ဘာသာပြန်သူ။)

ကိုလံဘိုမြို့ တွင် အိန္ဒိယသို့ ဘုရားဖူးခရီးသွားကြမည့် ဗုဒ္ဓဘာသာခရီးသည်အဖွဲ့ နှင့် ဘုန်းကြီး ဆုံတွေ့ သည်။ ဘုန်းကြီးတို့ အဖွဲ့ သည် သီဟိုဠ်ကျွန်းအနောက်စွန်းရှိ တလိုင်မန်နာမြို့ သို့  ညလုံးပေါက်ရထားစီးရသည်။ ယင်းမြို့ 
တွင် ၂၂ မိုင်ကူးတို့ ခရီးအတွက် သင်္ဘောတက်ရသည်။

ရေနစ်သည့်အတွေ့ အကြုံများခဲ့သော်လည်း ကြီးမားကျယ်ပြန့် သည့်သင်္ဘောပေါ်သို့ တက်ဖူးသည်ကား ဤအကြိမ် ပထမဆုံးဖြစ်သည်။ ရင်တုန်ကြောက်လန့် စိတ်လုံးဝမပေါ်ခဲ့ချေ။ ၁ နာရီအတွင်း အိန္ဒိယနိုင်ငံ သို့  ရောက်ပါ၏။


မန်ဒပန်မြို့ တွင် သင်္ဘောကမ်းဆိုက်သည်။ အိန္ဒိယကျွန်းငယ်တောင်ဖက်အစွန်းကျကျ မြို့ ဖြစ်သည်။ အိန္ဒိယဖက်ခြမ်းသည် ကန္တာရတခုလို ဖြစ်၏။ သစ်ပင် မရှိ၊ ခြောက်သွေ့ သော သဲ၊ တောက်ပသည့် နေအလင်းရောင်သာ ရှိလေ၏။ ယင်းမြို့ တွင် ရထားတစီးပေါ်သို့  တက်ရပြန်၏။

ရထားပေါ်တွင် အဆာပြေ ကောက်ညှင်းထုပ်စားပြီးနောက် ငှက်ပျောဖက်ကို ရထားပြူတင်းပေါက်အပြင်သို့ လွှင့်
ပစ်ကြရာ သူတောင်းစားများ အပြေးအလွှားကောက်ယူကြသည်။ ငှက်ပျောဖက်တွင် ကပ်သီးကပ်သပ်ကျန်နေ
သည့် မုန့် စများကို လျက်စားကြသည်။ သီဟိုဠ်ကျွန်းတွင် ရွာငယ်ကလေးများသည် ချမ်းသာသည်ဟု မဆိုနိုင်
သော်လည်း မြင်ခဲ့ရသော မြင်ကွင်းအခြေအနေမှာ ပိုဆိုးပါသည်။

နောက်တနေ့ နေ့ လယ်ပိုင်းတွင် အိန္ဒိယအရှေ့ ကမ်းခြေရှိ မဒရပ်မြို့ သို့ ရောက်သည်။ ဘုန်းကြီး၏အစီအစဉ်မှာ တာဝန်ကျရာကျောင်းသို့ သတင်းမပို့ ခင် ခုနစ်ရက်တပတ်ခန့် အနားယူပြီး အိန္ဒိယကို လေ့လာရန်ဖြစ်သည်။

ဘူတာရုံတွင် မဒရပ်မဟာဗောဓိအသင်းကျောင်းထိုင်ဆရာတော် အရှင်ဘတုဝန်ဂလ ဇိနနန္ဒထေရ် လာကြိုသည်။ သူ နှင့် သူ့ နောက်တော်ပါ ရဟန်းမှာ တမီးလ်စကား ပြောသည်။ ဘုန်းကြီးတို့  ပြောလို့ ဆိုလို့ အဆင်ပြေပါသည်။ ဘုန်းကြီးကျောင်းများသို့ အလည်သွားခြင်း၊ သီယိုဆိုဖီအသင်းများတွင် အချိန်ကုန်လွန်စေခြင်းဖြင့် တပတ်ကြာ အနားယူသည်။ သီယိုဆိုဖီအသင်းဟူသည် ဘာသာပေါင်းစုံ၏ ဟောပြောချက်များကို လေ့လာဆွေးနွေးရန် တည်ထောင်ထားသော ဂိုဏ်းဂဏနှင့် ဘာသာမရွေးအသင်းကြီးဖြစ်သည်။

မကြာမီ တာဝန်ကျရာ ဆန်ချီသို့ ထွက်ခွါသည်။ ဆန်ချီသည် ဒေလီ နှင့် ဘုံဘေ (မွမ်ဘိုင်း) အကြားက
ဘိုပိုင်း(လ်)ပြည်နယ် မှာ ရှိသည်။ ညနေ ၇ နာရီတွင် မဒရပ်မှ ရထားစီးသည်။ ၂၄ နာရီမက အချိန်ကြာမြင့်သည်။ 
အိန္ဒိယတိုက်ငယ် တဝက်လောက်ကို ရထားစီးပြီးနောက် ဆန်ချီသို့ ရထားဆိုက်သည်။ မြေပုံပေါ်မှာ 
ဝစ္စပေါက်အစက်ကလေးသာသာဘူတာရုံ၌ ဆင်းမည့်ခရီးသည်မှာ ဘုန်းမောင်တယောက်တည်းပင် ဖြစ်လေသည်။
ဘူတာရုံမှာ ပလက်ဖောင်း နတ္ထိ…..။ ရထားပေါ်မှ ခုန်ချလိုက်ရာ သံလမ်းဘေးမြေကြီးပေါ် ဆိုက်ဆိုက်မြိုက်မြိုက်ကျသည်။ စက်သံတဂျုတ်ဂျုတ်မြည်ကာ ရထားထွက်သွားပြီးနောက် ဘုန်းကြီးအနားသို့ ယူနီဖောင်းဝတ်လူတယောက် ချဉ်းကပ်လာ၏။ ဘူတာရုံပိုင်ဖြစ်မည်ဟု ထင်ပါ၏။
ညဥ့်နက်သန်းခေါင်အချိန်ဝယ် အလွန်အမင်းအေးစိမ့်ကာ ပိန်းပိန်းမှောင်နေသည်။ သီဟိုဠ်မှထွက်ကတည်းက သေရမှာ ကြောက်သည့်စိတ် ပထမဆုံးအကြိမ်ပေါ်လာသည်။ ရုံပိုင်ပြောသမျှ ဘုန်းကြီး လုံးဝနားမလည်။ သီဟိုဠ်မှာ ၃ နှစ်ခန့် ဟိန္ဒီစကားသင်လာသော်လည်း ဟိန္ဒူလူမျိုးကိုယ်တိုင် ဟိန္ဒီစကားပြောသည်ကို ကြားဖူးသည်မှာ ဤအကြိမ် ပထမဆုံးဖြစ်ပါ၏။

နောက်ဆုံးတွင် ရုံပိုင်နားလည်မည်ဟု ယူဆကာ ဘုန်းကြီးသည် ဆန်ချီ ဘုန်းကြီးကျောင်းမှာ နေရန်လာကြောင်း မီးကျိုးမောင်းပျက် အင်္ဂလိပ်စကားဖြင့် ပြောရတော့သည်။ ဤအကြိမ်တွင် သူ နားလည်သွားသည်။ သူလည်း မီးကျိုးမောင်းပျက်အင်္ဂလိပ်စကားဖြင့်ပင် ဘုန်းကြီးကျောင်းသည် ဘူတာရုံမှ တမိုင်ခန့် ဝေးသည်၊ တောင်ပေါ်မှာ ဖြစ်သည်၊ အမှောင်ထုထဲ လမ်းလျှောက်ခြင်းမှာ မိုက်မဲရာကျသည် ဟု ဘုန်းကြီးကို ပြောသည်။ ဘူတာရုံမှာပင် ညအိပ်လိုက်ပြီး 
မနက်ကျမှ ဆက်သွားသင့်ကြောင်း သူက အကြံပေးသည်။
ထိုညတွင် အအေးဒဏ်ကို ဘဝတွင် ပထမဆုံးကြုံရသည်။ အပူပိုင်းဒေသသီဟိုဠ်ကျွန်းသားလူငယ်တယောက်အတွက်
အသစ်စက်စက် အတွေ့ အကြုံဖြစ်သည်။ သို့ သော် အိန္ဒိယအလယ်ပိုင်းဒေသ၏ ဇန်နဝါရီလသည် ခြစ်ခြစ်
တောက်အပူဖြစ်၏။


မဒရပ်ဆရာတော်က အိပ်ရာလိပ်ပါးပါးကလေးတခု ပေးလိုက်သည်မှာ ကံကောင်းလေစွ..။
ဘူတာရုံသမံတလင်းပေါ်တွင် အိပ်ရာခင်းကို ဖြန့် ခင်းကာ အတွင်းသို့ လေးဖက်တွားဝင်လိုက်၏။ စိတ်လှုပ်ရှား
သည်ကတဝက်တပျက်ကြောင့် တညလုံးအိပ်မပျော်ခဲ့ပါ။ အရိုးခိုက်အောင် အေးစိမ့်ချမ်းအေးကတော့ အဓိက ဖြစ်ချိမ့်မည်။

နံနက်တွင် ရုံပိုင်တာဝန်ပေးခံရသော အလုပ်သမားတယောက်သည် ဘုန်းကြီး၏အိတ်၊ အထုပ်အပိုး ကို ထမ်းကာ ဆန်ချီဘုန်းကြီးကျောင်းသို့ ထွက်ခဲ့ကြသည်။ တမိုင်ခန့် လမ်းလျှောက်ရသည်။ ယင်းနောက် တောင်တက်ခရီး စတင်၏။  လမ်းတလျှောက် လေထန်၊ ဖုံထူ ခြေလျင်ခရီးဖြစ်ကာ နာရီဝက်ခန့်  တောင်တက်ရသည်။


တောင်ထိပ်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဘုန်းကြီးတို့ ရောက်ကြလေ၏။ ကျောင်းဝင်းကို ၃ ပေအမြင့် တံတိုင်းကာရံထားသည်။  ၁ဝ ပေ သို့ မဟုတ် ၁ဝ ပေအကွာခန့် စီ တံတိုင်းတလျှောက်လုံး  အပေါ်ထိပ်ဆုံးရှိ
 ကျောက်ပြားဝိုင်းများကို ထီးသဖွယ်တင်ထားသော ကွန်ကရိကျောက်တိုင်များရှိ၏။ ယင်းက စေတီအပေါ်ဆုံး၌ 
အလှပြထီးများ တင်ထားသည်ကို အမှတ်ရစေ၏။

ဝင်းအတွင်း၌ ပုံစံကျကျောက်ပြားများခင်းထားသည်မှာ ခမ်းနားလှပေ၏။  လှေကားတိုတခုက ဗဟိုခန်းမဆောင်
သို့  တူရူဦးတည်ထားသည်။ ခန်းမဆောင်ကြီး၏ တဖက်တချက်တွင် အခန်းကြီး ၂ ခန်း မျက်နှာချင်းဆိုင် ရှိသည်။
ခန်းမဆောင်ကြီးကို စကျင်ကျောက်ပြားခင်းထားသည်။ ပြူတင်းပေါက်မရှိသော်လည်း အေးမြနေသည်။ ခပ်ဝေးဝေး
အဆုံးစွန်၌ ပလ္လင်တော်တည်ရှိပြီး ယင်းအပေါ်ဝယ် သမာပတ်ဝင်စားတော်မူဟန် ဗုဒ္ဓရုပ်ပွားတော်တဆူ
 စံပယ်တောာ်မူသည်ကို ဘုန်းကြီးဖူးတွေ့ ရပါ၏။ ဗုဒ္ဓဆင်းတုတော်အသွင်အပြင်မှာ တည်ငြိမ်အေးချမ်းလှပါ၏။
ဆင်းတုတော်ကို ထုံးကျောက်ဖြူဖြင့် ထုလုပ်ထားပြီး ပလ္လင်တော်အောက်ခြေတွင် မီးပူဇော်ထားသည့် ဖယောင်း
တိုင်အဖြူတတိုင်လည်း ရှိလေ၏။

အလွန်တရာကျက်သရေမင်္ဂလာနှင့်ပြည့်စုံသည့် နေရာဌာနမျိုးတွင် ဘုန်းကြီး၏ဗုဒ္ဓသာသနာပြုရဟန်းတော်အဖြစ်
ဘဝ စတင် လိုက်ရပြီကော။ ဤနေရာ ဤဌာနသို့ ရောက်လာရခြင်းအတွက် ဘုန်းကြီးမှာ ပျော်ရွှင်စိတ်များ 
လွှမ်းမိုး နေခဲ့ရ၏။



ဆန်ချီစေတီ နှင့် ဘုန်းကြီးကျောင်းနေရာကို ဘီစီ ၃ ရာစုက စတင်ခဲ့သည်။ ဗုဒ္ဓသာသနာအပေါ် ကြည်ညိုသူ 
အိန္ဒိယလူမျိုး အသောကဘုရင်သည် သားတော် အရှင်မဟိန္ဒ နှင့် သမီးတော် အရှင်မ သင်္ဃမိတ္တာတို့ ကို သီရိလင်္ကာသို့ သာသနာပြုဓမ္မခရီးစေလွှတ်ခဲ့သည်။ သားတော် နှင့် သမီးတော်တို့ သည် အိန္ဒိယမှ မထွက်ခွါမီ ဆန်ချီကျောင်းတော်၌ နေထိုင်နေသော မိခင်ထံသို့ သွားရောက်နုတ်ဆက်ခဲ့ကြသည်။

၁၉ ရာစုနှောင်းပိုင်းတွင် ဗြိတိသျှရှေးဟောင်းသုတေသနပညာရှင်များသည် ဆန်ချီနေရာကို တူးဖော်ခဲ့ပြီး
မီးသဂြို င်္ဟ်ပြီးနောက် ကြွင်းကျန်ရစ်သော အရိုးများကို သိမ်းဆည်းထားသည့် စတူပါ ခေါ် ဂူများကို ဖွင့်ကြည့်ကြသည်။ 
ဂူရှိ မှတ်တမ်းစာအရ အရိုးများမှာ မြတ်ဗုဒ္ဓ နှင့် သူ၏တပည့်ကြီးများဖြစ်ကြသော အရှင်သာရိပုတ္တထေရ် နှင့် အရှင်မောဂ္ဂလ္လာနထေရ်တို့ ၏ ဓာတ်တော်များဖြစ်သည်ဟု ဆို၏။

၁၉၄၁ ခုနှစ်အထိ ဓာတ်တော်များကို ဗြိတိသျှအစိုးရက သိမ်းဆည်းထားရင်း လန်ဒန်မြို့ ရှိ ဝီတိုရိယပြတိုက် နှင့် အဲလ်ဘတ်ပြတိုက်များတွင် ပြသထားခဲ့သည်။ 

ယင်းဓာတ်တော်ရတနာများကို ပြန်ပေးရေး ဗြိတိသျှအစိုးရအား တောင်းဆိုကြသောအခါ ဓာတ်တော်များကို 
သုံးစုခွဲလိုက်သည်။ တစုကို မြန်မာနိုင်ငံ၊ တစုကို ဘုန်းကြီးစာသင်ခဲ့သည့် ဝိဇ္ဇာလင်္ကာရသံဃကောလိပ်၊

 တစုကို ဆန်ချီစေတီတော်သို့  ပေးခဲ့လေသည်။

ဆန်ချီရှိ ဓာတ်တော်များအား ပူဇော်ထားရှိရန် မဟာဗောဓိအသင်းက ဓာတ်တော်ကျောင်းတိုက်တခု တည်ဆောက်ခဲ့၏။
 ၁၉၅၄ ခုနှစ်တွင် ကျောင်းတိုက်တည်ဆောက်မှု အပြီးသတ်သည်။ ဆရာတော် အရှင် ဟေဒိဂလေ့ ပညာတိဿ ကို ကျောင်းထိုင်အဖြစ် ရွေးချယ်တင်မြှောက်သည်။

နောက်တနှစ် ၁၉၅၅ ခုနှစ်တွင် ဆန်ချီဆရာတော်အရှင်ပညာတိဿအား  ကူညီရန် ဘုန်းကြီးကို စေလွှတ်ကြ၏။  ၅ နှစ်သက်တမ်းကြာအောင် ဆရာတော်အရှင်ပညာတိဿနှင့် လက်တွဲ ဆောင်ရွက်ရမည်ဖြစ်ပြီး နေရာဌာနကောင်း
မှာ တာဝန်ချပေးဖို့  တောင်းဆိုခွင့်လည်း မရှိတော့ချေ.......။

အမရဒီပ
ဖေဖော်ဝါရီ ၁၁၊ ၂ဝ၁၄

No comments: