Total Pageviews

Tuesday, January 14, 2014

မန်လည်ဆရာတော်ဘုရားကြီး၏ ဆရာအစဉ်အဆက်

မဟာသုတကာရီမဃဒေလင်္ကာသစ်ကျမ်းကြီးနိဂုံးမှာ မန်လည်ဆရာတော်ကြီးက သူရဲ့ ဆရာသမား
အနွယ်အဆက်ကို အခုလို သံပေါက်ကဗျာရေးပြပါတယ်။

-ငါတို့ အရင်း၊ နွယ်သက်ဆင်း၊ တောင်တွင်းကျော်ဆရာ။
-စတုတ္ထမြောက် ၊ ငါသို့ ရောက်၊ အထောက်ဝေးမကွာ။
-ဆရာစဉ်ဆက် ၊ နွယ်ဆင်းသက် ၊ မပျက်စဉ်အလာ။
(သံပေါက်အမှတ်စဉ်- ၂၅၊၂၆၊ ၂၇။)

ဒီသံပေါက်ကဗျာမှတ်တမ်းအရဆိုရင် တောင်တွင်း မကာရလောပအကျော် ခင်ကြီးဖျော်ဆရာတော်ဟာ
ပထမမကာရလောပအနွယ်ဖြစ်ပါတယ်။ မန်လည်ဆရာတော်ကတော့ စတုတ္ထမကာရလောပအနွယ်ဖြစ်
တယ်ပေါ့။ ဒီ ပထမ နဲ့  စတုတ္ထဆရာတော် ၂ ပါးကြားမှာ ဒုတိယ နဲ့  တတိယဆရာတော် ၂ ပါးကို ခြေရာ
ကောက် ရှာဖွေကြည့်မိပါတယ်။

မန်လည်ဆရာတော်အလောင်းသူငယ်ကလေး မောင်မာဟာ အသက် ၁၂ နှစ်ကနေ ၁၆ နှစ်အထိ ဝန်းသို
မြို့ ၊ တောင်ပေါ်ကျောင်းဆရာတော် ဦးပန်းအောင် (ဝန်းသိုစော်ဘွားကြီး၏နောင်တော်) ထံမှာ ပညာသင်
ယူပါတယ်။
အသက် ၁၆ နှစ်မှာ မန်လည်မြို့ မရှိ ပြာသာဒ်ကျောင်းကြီးဆရာတော် အရှင်နန္ဒမဉ္ဇူ ထံတော်မှာ ပိဋကတ်
ကျမ်းစာများစွာကို ဆက်လက်သင်ယူပါတယ်။ ပြာသာဒ်ကျောင်းကြီးဆရာတော်ဟာ တောင်တွင်းဆရာ
တော်ရဲ့ အဆက်အနွယ် ၁ ပါးဖြစ်ပါတယ်။ ဒီတော့ မကာရလောပအနွယ် စတုတ္ထမျိုးဆက်က မန်လည်
ဆရာတော်ဆိုရင် မန်လည်ဆရာတော်ရဲ့ဆရာ အရှင်နန္ဒမဉ္ဇူက မကာရလောပတတိယမျိုးဆက်ဖြစ်ပါတယ်။
အတိုကောက်စာရင်းချကြည့်ရင် အခုလို တွေ့ ရပါတယ်။
၁။ ခင်ကြီးဖျော်ဆရာတော်
၂။ ????
၃။ မန်လည်ပြာသာဒ်ကျောင်းကြီးဆရာတော် အရှင်နန္ဒမဉ္ဇူ
၎။ မန်လည်ဆရာတော် အရှင်ဇဝန
ဒီလိုဆိုတော့ မကာရလောပ ဒုတိယမျိုးဆက်ဆရာတော် ဘယ်သူလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါ
တယ်။
ရန်ကုန်မြို့ ၊ ဘုရားဖြူကျောင်းတိုက်ဆရာတော်ရဲ့ သာသနဗဟုသုတပ္ပကာသနီကျမ်း၊ စာမျက်နှာ ၁ဝ၉ မှာ
တော့ မန်လည်ဆရာတော်ရဲ့ ဆရာစဉ်ဆက်ကို အခုလို ဖော်ပြပါတယ်။
၁။ တောင်တွင်းမြို့ မကာရလောပဆရာတော် ခင်ကြီးပျော် (ဖျော်)။
၂။ တောင်တွင်းဆရာတော်တပည့် အရှင်ဇိနမထေရ်။
၃။ အရှင်ဇိနမထေရ်၏တပည့် အရှင်ပညာမထေရ်။
၎။ အရှင်ပညာမထေရ်၏တပည့် အရှင်နန္ဒမဉ္ဇူမထေရ်။
၅။ အရှင်နန္ဒမဉ္ဇူ၏တပည့် မန်လည်ဆရာတော်အရှင်ဇဝနမထေရ်။
ဒီရေတွက်ပုံအတိုင်းကြည့်ပြန်ရင်လည်း မန်လည်ဆရာတော်ဟာ မကာရလောပအနွယ်ရဲ့ ပဉ္စမမျိုးဆက်
ဖြစ်နေပါတယ်။ မန်လည်ဆရာတော်ကိုယ်တိုင်ပြောသလို စတုတ္ထမျိုးဆက်မဟုတ်ဘူးပေါ့။

ဘုရားဖြူဆရာတော်ရဲ့မှတ်ချက်တခုကိုလည်း တွေ့ ရပါသေးတယ်။
"ဆရာတော်အရှင်ဇိနမှသည် မန်လည်ဆရာတော်တိုင်အောင် မကာရလောပအနွယ်ဟာ မန်လည်မြို့ မှာ
သီတင်းသုံးနေထိုင်သွားကြတယ်" ဆိုတာပါပဲ။
မန်လည်ဆရာတော်ရဲ့သံပေါက်နဲ့ လည်း ကိုက်ညီ၊ ဘုရားဖြူဆရာတော်ရဲ့ မှတ်တမ်းနဲ့ လည်းကိုက်ညီတဲ့
စဉ်းစားချက်တခုတော့ ရှိနေပါတယ်။ အဲဒါကတော့ ဒီလိုပါ။
အမှတ် ၁ ဖြစ်တဲ့ ဆရာတော်ခင်ကြီးဖျော်ကို ပင်မအဖြစ်ထား။ ပင်မဆရာတော်ကနေ စီးဆင်းသွားတဲ့--
အရှင်ဇိနဆရာတော်ကို အနွယ် ၁
အရှင်ပညာဆရာတော်ကို အနွယ် ၂
အရှင်နန္ဒမဉ္ဇူဆရာတော်ကို အနွယ် ၃
မန်လည်ဆရာတော်အရှင်ဇဝနကို အနွယ် ၄ လို့ အမှတ်စဉ်ထိုးကြည့်ရင် မန်လည်ဆရာတော်ရဲ့ သံပေါက်
ကဗျာနဲ့ လည်း ကိုက်ညီ၊ ဘုရားဖြူဆရာတော်ရဲ့ မှတ်တမ်းဟာလည်း မန်လည်ဆရာတော်ပြဆိုတာနဲ့ ညီ
ညွတ်သွားပါတော့တယ်။

အမရဒီပ
ဇန်နဝါရီ ၁၄၊ ၂ဝ၁၄

No comments: