Total Pageviews
Saturday, May 25, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၉
ရွာဘုန်းတော်ကြီးကျောင်းသည် ဘုန်းကြီးတို့ အိမ်မှ တမိုင်၏လေးပုံပုံ တပုံခန့် ဝေး၏။ 
ရွာလယ်တည့်တည့်မှာ ရှိသည်။ ဘုန်းကြီးတပါး နှင့် ကပ္ပိယတဦးသာ နေကြ၏။
အိမ်သာတလုံးတို့ သာ ရှိ၏။ ကျောင်းဝင်းထောင့်တနေရာမှာ ဗောဓိညောင်ပင် ရှိသည်။ သကျမုနိဗုဒ္ဓဘုရားသည် ဗောဓိညောင်ပင်အောက်မှာ ထိုင်ကာသဗ္ဗညုတဉာဏ်တော်ကိုရခဲ့ကြောင်း
အထိမ်းအမှတ်သစ်ပင်ဖြစ်၏။  ညောင်ကိုင်းအပေါ် ကလေးများတက်ကစားမှုမပြုနိုင်အောင် ညောင်ပင်ပတ်လည်မှာ အုတ်တံတိုင်းခတ်ထားသည်။
ဂေါပကအဖွဲ့ နှင့် စေတနာ့ဝန်ထမ်းလုပ်သားတဦးတို့ က ဤဘုန်းတော်ကြီးကျောင်းကို ထိန်းသိမ်းထား၏။ ရွာလူထုက ကျောင်းဆောက်လုပ်ရေး၊ သန့် ရှင်းရေး၊ ချက်ပြုတ်ရေးနှင့် ပွဲတော်အခမ်းအနားကျင်းပရေးတို့ မှာ
 စေတနာအပြည့်နှင့်ပါဝင်အားဖြည့်ပေးထားသည်။ သည်လိုကုသိုလ်ရေးအလုပ်လုပ်ခြင်းသည် ပစ္စုပ္ပန်၊ တမလွန် ကောင်းကျိုးရသည်ဟု ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်လက်ခံထားကြ၏။ လူတိုင်းနီးပါး နေ့ စဉ်လိုလို 
ခဏတဖြုတ်ဖြစ်ဖြစ် ဘုန်းကြီးကျောင်းသို့ ရောက်လေ့ရှိသည်။
ဘုန်းကြီးကျောင်း၏နေ့ စဉ်လှုပ်ရှားမှုများသည် ရွာလူထုနှင့် ဆက်စပ်လျက်ရှိသည်။
မနက် ၆ နာရီတွင် ကျောင်းထိုင်ဘုန်းကြီးဖြစ်စေ၊ ကပ္ပိယဖြစ်စေ ကျောင်းထောင့်ရှိ ကြေးစည်ကို ထုရိုက်သည်။ 
အဓိပ္ပါယ်မှာ ဘုန်းတော်ကြီးသည် နာရီပေါင်းများစွာကမ္မဋ္ဌာန်းထိုင်ပြီးနောက် ဘုရားစာရွတ်ရန် ဘုရားကျောင်း
ဆောင်တော်သို့ ကြွသွားသည်ဟူလို၏။ ထိုကြေးစည်သံကို ရွာရှိလူတိုင်း ကြားနိုင်သည်။ မနက်ကြေးစည်သံကြား
ရသောအခါ ဘုန်းကြီးတို့ သည်လည်း ဘုရားရှိခိုးချိန်ဖြစ်ကြောင်း သိထားကြပြီးဖြစ်၏။ အိမ်ရှိ ဘုရားစင်ပေါ် ပန်း
အသစ်တင်လှူဆက်ကပ် ၊ အမွှေးတိုင်ပူဇော်ပြီး ဘုရားရှိခိုးကြပါသည်။
မနက် ၁၁ နာရီမှာ ကြေးစည်ခေါက်ပြန်၏။ ဘုန်းတော်ကြီး နေ့ ဆွမ်းစားချိန်ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်း၏
 ကြေးစည်သံသည် နာရီမရှိသူများအတွက် သတ်မှတ်စံတော်ချိန်ဖြစ်သည်။
ညနေတိုင်း ရမ်ဘဏ္ဍ နှင့် ဘုန်းကြီးတို့  ဘုန်းကြီးကျောင်းသို့ သွားကြသည်။ ဘုန်းကြီးကျောင်းသွားရသည်ကို သဘောကျနှစ်သက်သောကြောင့် ဖြစ်သည်။ ကျောင်းထိုင်ဘုန်းကြီးက ဘုန်းကြီးတို့ ကလေးများကို ကျောင်းဝင်း
ထဲမှာ ဆော့ကစားခွင့်ပေးထာသည်။ သကြားလုံး နှင့် ဆွမ်းကျန်ဟင်းကျန်များကိုလည်း မကြာခဏဆိုသလို စွန့် 
ကြဲပေးကမ်းတတ်သည်။
ဘုန်းကြီးတို့ ကလေးများအား ဘုန်းကြီးကျောင်းမှ အစားအသောက်ကို စားသောက်ခွင့်မပြုကြပါ။ 
အကြောင်းမှာ ရွာသားများက ဘုန်းတော်ကြီးသုံးဆောင်ရန်အတွက်သာ ယင်းအစားအသောက်ကို လှူဒါန်းထားသောကြောင့် ဖြစ်သည်။ မိဘနှစ်ပါးက ဘုန်းကြီးကျောင်းမှ အစားအသောက်ကို စားခြင်းသည် 
အပြစ်ကြီးသည်၊ ထိုအပြစ်ကြောင့် ငရဲဆွဲချခံရလိမ့်မည်ဟု ပြောဆိုထား၏။ 
သို့ သော် ကျောင်းထိုင်ဘုန်းတော်ကြီးက  အလွန်ဖော်ရွေလွန်းသည်က တကြောင်း၊
 ဗိုက်ဆာလွန်းလှသည်လည်းတကြောင်းတို့ ကြောင့် ငရဲနှင့်ပတ်သက်သမျှကို  မေ့ပျောက်
သွားခဲ့၏။ညီအကိုနှစ်ယောက် ဘုန်းတော်ကြီးပေးသမျှသော ထမင်း၊ ငါးဟင်းစပ်စပ်ချက်၊ ပဲနီကလေးဟင်း၊ 
မုန့် လုံးကြီးကျော်၊ သရက်သီးမှည့် တို့ ကို မြိန်ရေရှက်ရေ စားသောက်ခဲ့ကြသည်။
အလျားအနံပေ ၃ဝ ပတ်လည်၊ အင်္ဂတေခင်း၊အုတ်နံရံ ၊ အုတ်ကြွပ်မိုးသည့် ဘုန်းတော်ကြီးကျောင်း၏ဓမ္မာရုံကို ဘုန်းကြီး၏ဖခင်ကဆောက်ခဲ့သည်။ ဓမ္မာရုံအတွင်း၌ ခြောက်လက်မအမြင့်လေးထောင့်စင်တစင်ရှိသည်။ စင်၏ထောင့်လေးထောင့်မှာ သစ်သားခြေထောက်လေးခုလည်းရှိသည်။ စင်ပေါ်ရှိ  တခုတည်းသောအရာမှာ 
ပလ္လင်တခုဖြစ်သည်။ ပလ္လင်၏လေးဘက်လေးတန်မှာ သစ်သားမှန်ကူကွက်များ ဖော်ကျူးထားသည်။ သစ်သားခြေထောက်များကိုလည်း အဝတ်စများ ဖုံးလွှမ်းထားသည်။
လပြည့်နေ့ ၊ လပြည့်ကျော်တရက်နေ့ များတွင် လူဝတ်ကြောင်များသည် နေ့ လုံးပေါက် ညလုံးပေါက်အောင် ဘုန်းကြီးကျောင်းမှာ နေကြသည်။ ရွာနီးချုပ်စပ်မှ ဆရာတော်များလည်း ဘုန်းကြီးတို့ ရွာကျောင်းဆီကြွလာတော်
မူပြီး ပလ္လင်ပေါ်အလှည့်ကျထိုင်ကာ တရားဒေသနာတော်များ ဟောကြားကြသည်။
နံနက်စောစောတွင် ဆရာတော်တပါးက မြတ်စွာဘုရားရှင်၏ တရားတော်များအနက် တခုခုကို ပါဠိဘာသာဖြင့်
 ရှေးဦးစွာ ရွက်ဆိုတော်မူသည်။ ပါဠိသည် ဆင်ဟာလီဘာသာစကားနှင့်တူညီသောကြောင့် လူအများစုက ယင်းဆရာတော်ရွတ်ဆိုလိုက်သည့်တရားစာကို နားလည်နိုင်ကြ၏။ နံနက်ပိုင်း တရားစာရွတ်ဆိုခြင်းမှာ 
အချိန်တိုတောင်းပါသည်။ အလွန်ဆုံး တနာရီမျှသာကြာမြင့်၏။ နံနက် ၁၁ နာရီ နေ့ ဆွမ်းဘုဉ်းပေးချိန်မတိုင်ခင်
 ရဟန်းတော်များမှာ ပရိတ်ဂါထာတော်များ ရွတ်ဆိုခြင်းအစီအစဉ်ကလည်းရှိနေသောကြောင့်ဖြစ်သည်။
နေ့ လယ်ပိုင်းတွင် အခြားဆရာတော်တပါးက မနက်ပိုင်းအစီအစဉ်တွင်ရွတ်ဆိုခဲ့သောပါဠိစာ၏ အဓိပ္ပါယ်ကို ရှင်းလင်းပြောကြားပါသည်။ ယင်းအစီအစဉ်ပြီးစီးပါက ကျောင်းတော်လာဧည့်သည်တော်များအတွက် အနားယူချိန်နာရီများစွာရကြ၏။ နားချိန်အတွင်း အချို့ က တရာအားထုတ်ကြ၏။ အချို့ က ဆရာတော်များအား
 မေးခွန်းမေးကြ၏။ အချို့ က တရားစာအုပ် ဖတ်ကြ၏။
ညနေချမ်းတွင် တည်ငြိမ်လေးနက်သော အခမ်းအနားကို စတင်၏။ လူပရိသတ်အားလုံး ဓမ္မာရုံမှာ စုဝေးပြီးနောက် ယောက်ျားနှစ်ဦးက သူတို့ လက်များကိုချိတ်ပြီး ထိုင်ခုံသဖွယ်လုပ်ကာ 
ကျမ်းဂန်တတ်ဆရာတော်တပါးကို သယ်ယူပင့်ဆောင်လာကြလေသည်။ 
ဤကဲ့သို့ အလေးအမြတ်ရိုသေလေးစားမှုကိုခံယူရရှိသော ဆရာတော်မျိုးကား များများစားစားမရှိလှပါ။ 
အချို့ ဆရာတော်များမှာ တရားပါဠိစာများကို နုတ်တက်အာဂုံရွတ်ဆိုနိုင်ကြသည်။ အဖွင့်အဋ္ဌကထာများကိုလည်း နားလည်တတ်ကျွမ်းကြသည်။ တရားဒေသနာတခုကို နှံ့ နှံ့ စပ်စပ်ဝေဖန်ဆွေးနွေးနိုင်၊ အချက်အလက်တိုင်းကိုလည်း  
 ရှင်းပြနိုင်ကြသော ထိုဆရာတော်များ၏ မာရသွန်တရားပွဲသည် ၁ဝ နာရီလောက်ကြာမြင့်တတ်၏။ 
ဇာတ်တော်များကိုဟောပြနိုင်မှုစွမ်းရည်၊ အသံသြဇာကောင်းမွန်မှုတို့ ကြောင့် ထိုဆရာတော်များမှာ လူသိများ ကျော်စောထင်ရှားကြလေသည်။
တရားဟောဆရာတော်ကြွချီလာစဉ် စည်တော်ရွှမ်းခြင်း၊ ခရုသင်းမှုတ်ခြင်း၊  နှဲ သို့ မဟုတ် ပုလွေမှုတ်ခြင်းများဖြင့်
 ပံ့ပိုးပေးသည်။ သာဓုခေါ်သံများလည်း ကျယ်လောင်စွာလွင့်ပြန့် နေ၏။
ဆရာတော်က စင်မြင့်ပေါ်ရှိ ပလ္လင်တော်ပေါ် ဖြည်းဖြည်းသာသာ ထိုင်လိုက်၏။ ယင်းနောက် သူ၏လည်ပင်းမှာ ပိတ်ဖြူတထည်ရစ်ပတ်လိုက်သည်။ ဆရာတော့်အရှေ့ တွင် လိုက်ကာတခုလည်း ရှိ၏။ သူ၏မျက်နှာမျှကိုသာ
 မြင်ရတော့သည်။ အခြားအမျိုးသားများ လက်ဖက်ရည်ခွက်များ သို့ မဟုတ် သကြားလုံးဗန်း၊ ကွမ်းရွက်-ကွမ်းသီး-ထုံး-ဆေးရွက်ကြီးထည့်ထားသည့် လင်ဗန်းနှင့်အတူ ရောက်လာကြ၏။ ထွေးခံတလုံးကိုလည်း ဆရာတော့်အရှေ့ 
မှာ နေရာတကျချထား၏။
ရှေးဦးစွာ ဆရာတော်သည် သရဏဂုံ ၃ ပါး ခံယူဆောက်တည်၏။ သူ၏အသံတော်မှာ သာယာသည့်နှာသံမျိုး
ဖြစ်သည်။ ဆွဲဆောင်ညှို့ ယူနိုင်စွမ်းသော အတက်အကျအသံမှာ လိုက်ကာအနောက်တွင် လွင့်မျောဘိသကဲ့
သို့ ရှိ၏။
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
(ပူဇော်အထူးကိုခံတော်မူထိုက်သော သိစရာမှန်သမျှတစမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်းသိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏ဘုရား။)
"ဗုဒၶံ သရဏံ ဂစ ၦာမိ"
"ဓမၼံ သရဏံ ဂစ ၦာမိ"
"သံဃံ သရဏံ ဂစ ၦာမိ"
(ဒုတိယမၸိ …………။ တတိယမၸိ……..။)
(မြတ်စွာဘုရားကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ဘုရား။
မြတ်စွာဘုရား၏တရားတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ဘုရား။
မြတ်စွာဘုရား၏တပည့်သားသံဃာတော်မြတ်အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ဘုရား။)
(နှစ်ကြိမ်မြောက်လည်း……။ သုံးကြိမ်မြောက်လည်း….။)
ထို့ နောက် ဆရာတော်က လူများအား ၅ ပါးသီလချီးမြှင့်တော်မူသည်။ ၅ ပါးသီလပေးခြင်းမှာ ဗုဒ္ဓဘာသာပွဲတိုင်း
အတွက် အစဉ်အလာအစချီမှုပင်ဖြစ်သည်။ ဆရာတော်က ပါဠိစာပိုဒ်ဆိုလိုက်၊ လူများက သူ့ နောက်ကလိုက်ဆို
ကြသည်။
ပဏာမလုပ်ငန်းကိစ္စများလုပ်ဆောင်ပြီးနောက် တရားဟောပြောခြင်းကို ည ၈ နာရီဝန်းကျင်မှာ စတင်သည်။ 
တရားပွဲမှာ တခါတရံ ညလုံးပေါက်ကြာသည်။ ကလေးသူငယ်များ သူတို့ မိဘအနား ကြမ်းပြင်ပေါ် အိပ်ပျော်နေ
ကြ၏။ လူကြီးများမှာမူ နိုးနိုးကြားကြား ဖြစ်နေရသည်။ ငိုက်မျဉ်းသူလူကြီးများအားကူညီရန် အဖြူရောင်နုတ်ခမ်း
မွှေးအရှည်ကြီးနှင့် လူကြီးတယောက်က တရားဟောစင်အရှေ့ ပိုင်းမှာ ထီးထီးကြီးထိုင်နေ၏။ ဆရာတော်က အသက်ရှုရန် တရားဟောခဏရပ်လိုက်တိုင်း ထိုလူကြီးက "မှန်လှပါ…ဘုရား"ဟု အကျယ်ကြီး ထအော်တတ်သည်။
တခါတရံ ဘုန်းကြီးသည် ညလယ်လောက်မှာ နိုးလာပြီး တခန်းလုံးအိပ်မောကျသည်ကိုတွေ့ က ဆရာတော်နှင့် နုတ်ခမ်းမွှေးဖြူကြီးကို ကူညီလိုလှ၏။ လူကြီးတိုင်း နိုးနိုးကြားကြားရှိနေနိုင်ခြင်းကို 
ဘုန်းကြီးအံ့သြမိပါသည်။
နံနက် ၅ နာရီခန့် တွင် စည်တော်တီးသမားက စည်တော်တချက်တီးလိုက်၏။ လူများ လှုပ်လှုပ်ရွရွစဖြစ်လာသည်။ ထိုအချိန်လောက်မှာပင် တရားဟောဆရာတော်၏ တရား"ဂေါတမဗုဒ္ဓနှင့် သူ၏သာသနာကွယ်ပျောက်ပြီးနောက်
 နောက်ပွင့်မည် မေတ္တေယျဘုရားအကြောင်းရှင်းပြချက်" စကားလက်စသိမ်းခန်းသို့ ရောက်နေလေပြီ။
နံနက် ၆ နာရီတွင် ဆရာတော်က ကန့် လန့် ကာကို ဖွင့်ပေးလိုက်သည်။ တညလုံး ထိုင်ဣရိယာပုထ်ဖြင့်သာ
နေခဲ့ရသည့် သူ့ ခြေထောက်များကို ဆန့် ထုတ်သည်။ ဒကာတစုသည် အပူနွှေးထားသည့်  အုန်းဆီဒယ်
တလုံးကိုယူကာ ဆရာတော့်ထံပါး ချဉ်းကပ်ကြ၏။  သူတို့ က ဆရာတော်၏ ခြေထောက်၊ ခြေချောင်းများကို 
အုန်းဆီလိမ်းကာ  ၁၅ မိနစ်ခန့် ဆုပ်နယ်ပေးကြသည်။ ယင်းနောက် ဆရာတော်သည် တရားဟောစင်မြင့်မှ
ဆင်းသက်တော်မူပြီး အရုဏ်ဆွမ်းမစားခင် ကိုယ်လက်သန့် စင်ရန် နှင့်အနားယူရန် သူ၏အခန်းသို့ ကြွတော်မူ၏။
ချာတိတ်ကလေးတယောက်အဖြစ်ဖြင့် ဤမြင်ကွင်းအားလုံးကို မြင်တွေ့ ရပြီးနောက် တသသ သဘောကျနှစ်
သက်မိပါ၏။ လူဝတ်ကြောင်များ၏ ဘာသာတရားအပေါ် ကိုင်းရှိုင်းကိုးစားမှုနှင့် ရဟန်းတော်များအပေါ် ကြည်ညို 
ရိုသေမှုကိုလည်း စိတ်ဝင်တစားဖြစ်မိ၏။ မိဘများကို ဘုန်းတော်ကြီးတပါးဖြစ်လိုကြောင်း ပြောပြမိ၏။ တရားဟောချင်သည်၊ ဘုန်းကြီး၏ကုလားထိုင်ကို ရပ်မိရပ်ဖလူကြီးများ သယ်ယူကြသည်ကိုလည်း မြင်ချင်ပါ၏။
ဤမျှမကသေး…. အင်္ဂလိပ်စကားဖြင့် တရားဟောမည်ဖြစ်ကြောင်းလည်း ကြွားလုံးထုတ်မိ၏။ အကိုအကြီးဆုံးက ဘုန်းကြီးကို အေဘီစီဒီ နှင့် အင်္ဂလိပ်စကားလုံးအချို့ ကို သင်ပေးထားသည်။ ဗြိတိသျှလက်အောက်ခံစီလုံကျွန်း၏ တရားဝင်ရုံးသုံးဘာသာစကားမှာ အင်္ဂလိပ်စကားဖြစ်သော်လည်း ဘုန်းကြီးတို့ ရွာမှာ အင်္ဂလိပ်စကားတတ်သူဟူ၍ တဦးတယောက်မျှပင် မရှိပါချေ။
ဘုန်းကြီးတို့ တောရွာသားများမှာ ဆင်ဟာလီဘာသာစကားကို သုံးစွဲခွင့်ရသည်။ သို့ သော် အင်္ဂလိပ်ဘာသာစကားမှာ အစိုးရအလုပ်အကိုင်များ၊ ဂုဏ်သရေရှိအထက်တန်းစားများ၊ လူချမ်းသာများတစုတဖွဲ့ ၏ အထက်တန်းလွှာ လူ့ 
မလိုင်သုံး ဘာသာစကားသာဖြစ်လေသည်။ သို့ ဖြစ်ရာ "ငါသာ အင်္ဂလိပ်စာတတ်ရင် ပညာကျော်ရဟန်းတပါး
ဖြစ်ပြီ"ဟုလည်း တွေးမိပါသည်။
ဘုန်းကြီး၏ကလေးဆန်ဆန်အိပ်မက်စကားများကို နားထောင်ပြီးနောက် မိခင်နှင့် ဖခင်တို့ ရယ်မောလိုက်ကြ၏။
အမရဒီပ
မေလ ၂၅၊ ၂ဝ၁၃
ပါဠိမြန်မာပြန်များကို ချမ်းမြေ့ဆရာတော်၏ လူငယ်သင်အခြေပျိုးဗုဒ္ဓဘာသာစာအုပ်မှ ယူပါသည်။
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။
No comments: