Total Pageviews
Saturday, May 18, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၃
ဘုန်းကြီး၏မယ်တော်သည် ဟုတ္တိပတ္တိကျောင်းနေဖူးသူမဟုတ်၊ သို့ သော် ဉာဏ်ထက်မြက်လွန်းသော မိခင်သည် 
စာရေး၊ စာဖတ်ပညာကို ကိုယ့်နည်းကိုယ်ဟန်ဖြင့် သင်ယူတတ်မြောက်ခဲ့သည်။ ဗိန္ဒောဆေးပညာအကြောင်းကို
လည်း များစွာသိနားလည်သည်။ မိခင်၏ပင်ကိုယ်ဗီဇမှာ စွမ်းပကားကြီးမားလှပါပေသည်။
အမအကြီးဆုံး "ဒင်ဂီရီးယန်းမာ"သည် ဘုန်းကြီးနှင့် အလွန်နီးနီးကပ်ကပ်ရှိသူဖြစ်၏။ ဘုန်းကြီးအသက် ၂ နှစ်အရွယ်လောက်ကဖြစ်သည်။ အမကြီးသည် ဒုတိယသမီးကိုမွေးဖွားသည်။ ရက်သတ္တပတ်အတန်ကြာတွင်
 မွေးကင်းစသမီးငယ် ဆုံးပါးသွားသည်။ ဘုန်းကြီးသည် ထမင်းစားနေပြီဖြစ်သော်လည်း နို့ ကောင်းကောင်း
ပြတ်သေးသူမဟုတ်သေး။ အိမ်မှာ နို့ စားနွားလည်းမရှိ။ မိခင်နို့ ရည်လည်း ထိုအချိန်မှာ မထွက်တော့ပြီ။
တနှစ်မပြည့်တပြည့်သမီးငယ်ဆုံးပါးသွားသော အမကြီးသည် ဘုန်းကြီးကိုခေါ်ပြီး "သူ့ ကလေးလိုသဘောထား"
ပြီး နို့ တိုက်ပါသည်။ အမကြီးတို့ လင်မယားမှာ ဟေနေပေါလရွာမှ ၃ မိုင်ဝေးသည့် "ဂုဏဒဟရွာ"မှာ နေကြသည်။
 အမကြီးသည် တပတ်တွင်အကြိမ်များစွာ အိမ်သို့ လာပြီး ဘုန်းကြီးကို နို့ တိုက်ပေးသည်။
အမကြီးကို"ဒုတိယမိခင်"အဖြစ် ယနေ့ တိုင် အမှတ်ရဆဲဖြစ်ပါသည်။အခြားမွေးချင်းငါယောက်ထက် ဘုန်းကြီးနှင့် အမကြီးတို့ သည် အလွန်နီးစပ်ကျွမ်းဝင်ကြသည်။
မိခင်နှင့်အမများသည် ချက်ရေးပြုတ်ရေးအတွက် ထင်းခွေ၊ ထင်းရှာကြရသည်။ အုန်းပင်နှင့် ကိုကာပင်အများဆုံး
ရှိသည့်တောတဝိုက်တွင် ထင်းသစ်သားရှားပါးလွန်းသည်။ သူတို့ သည် မကြာခဏဆိုသလိုရာဘာပင်ခြောက်များ
ကို ရှာဖွေခုတ်ဖြတ်ကြသည်။
လျှပ်စစ်မီးမရှိသည့်ကာလဖြစ်ပေရာ အုန်းဆီသုံးမီးခွက်အရောင်မှိန်မှိန်ကလေးကို အားကိုးကြရသည်။ မီးခွက်ထည့်စရာ ဆီအလုံအလောက်မရှိလျှင် မိခင်သည် "ကီကုနပင်"အသီးကို မီးတုတ်လုပ်လေ့ရှိသည်။
(ကီကုနပင်= မြန်မာအခေါ် ကြက်ဆူပင်ဖြစ်မည်ထင်ပါသည်။ ဘာာသာပြန်သူ) ကီကုနသီးဆယ်လုံး၊ ဆယ့်ငါးလုံး
ကို အခွံခွါလိုက်ပြီး ဒုတ်အချွန်ပေါ် ထိုးစိုက်လိုက်သည်။ အသီးထဲက သဘာဝဆီသည် နာရီအတော်ကြာ မီးလောင်နေနိုင်သည်။
ရွာမှာ ရေပေးရေဝေအစီအစဉ်မရှိသော်လည်း အိမ်နှင့်ကိုက်နှစ်ရာအကွာလောက်မှာ သီးသန့် ရေတွင်းရှိနေသော ကြောင့်  ဘုန်းကြီးမိသားစုကတော့ ကံကောင်းသည်ဆိုရပေမည်။ ရေတွင်းမှာ ၅ ပေမျှသာနက်သော်လည်း စမ်းရေကြောမိဟန်တူသည်။ တနှစ်ပတ်လုံး ရေမပြတ်တတ်ချေ…။ အကျယ်အဝန်းမှာ အများဆုံးရှိလှ ၆ ပေ ၄ ပေ ပတ်လည်သာသာဖြစ်မည်။ ထိုရေတွင်းမှရေကို ဘုန်းကြီးတို့ မိသားစု သုံးရေ၊ သောက်ရေအတွက် သုံးစွဲခဲ့ရသည်။
အိမ်ရှိ ဝမ်းဗိုက်ဝိုင်းဝိုင်း၊ နုတ်ခမ်းကျဉ်းကျဉ်းစဥ့်အိုးတွေထဲသို့  အမေနှင့် အမများက ရေခပ်ထည့်ကြသည်။
ရေချိုးရန်အတွက်တော့ အရှည် ၅ ပေ၊ အကျယ် ၃ ပေခန့် ရှိမည့် အုန်းပင်ပင်စည်ကို ထွင်းထားသော ရေစည်အကြမ်းစားကို အသုံးပြုကြသည်။ ရေဇလားဏ္ဌာန်အုန်းပင်ပင်စည်ပိုင်းတခုချထားလိုက်ကာ ယင်းအထဲသို့ ရေတဂါလံ၊ ၂ ဂါလံလောက် ခပ်ထည့်ထားသည်။
ခန္ဓာကိုယ်၊ အဝတ်အစား နှင့် မွေ့ ယာကို ဘယ်လောက်ပင် သန့် သန့် ရှင်းရှင်းထားသည်ဆိုဦး၊ ကြမ်းပိုးတွေဒဏ်
ကို အလူးအလဲ ခံစားခဲ့ရ၏။ ဘုန်းကြီး၏ခန္ဓာကိုယ်မှာ ကုတ်ခြစ်ရာတွေ၊ ကြမ်းပိုးကိုက်ခံထားရလို့ အနီဖုထနေတာ
များကို သုတ်သင်ပစ်ဖို့ ကတော့ မဖြစ်နိုင်ပါ။ ကြမ်းပိုးတွေကို မြင်ဖို့ အတော်ခက်သည်။ အုန်းသီးခွံမွေ့ ယာထဲမှာ ပုန်းခိုနေ ကြသည်။ မွေ့ ယာများကို မကြာမကြာ လျှော်ဖွတ်၊ နေရောင်ထဲမှာ ခြောက်သွေ့ ထားသော်လည်း ကြမ်းပိုးများမှာ အမြဲလိုလို ပြန်ရောက်လာတတ်ကြသည်။ အချို့ လူတွေက မွေ့ ယာကို နံရံနှင့်ခွါထားကြသည်။
သို့ မဟုတ် ကုတင်ခြေထောက်မှာ ရေနံဆီထည့်ထားသော နို့ ဆီခွက်တွေ  ခံထားကြသည်။ သို့ သော် ကြမ်းပိုးတွေကတော့ မဖြစ်မနေရောက်လာတတ်စမြဲပင်တည်း…။
 ကြမ်းပိုးများသည် ကုတင်ခြေထောက်မှတက်၍မရနိုင်လျှင် အိမ်နံရံပေါ် တရွေ့ ရွေ့ တက်ကြသည်။ “ကာမီကာဇေ ဂျပန်လေသူရဲအသေးစားလေး”တွေလို မျက်နှာကျက်မှသည် အိပ်ရာပေါ်သို့ ထိုးစိုက်ခုန်ချကြလေသည်။
“ကျွတ် နှင့်မျှော့“ ပြဿနာသည်လည်း တမှောင့်ပင်..။
အကိုကြီးနှင့် ဘုန်းကြီးတို့ ရွာရိုးကိုးပေါက်ခရီးထွက်လေတိုင်း ကျွတ်တို့ သည်ခြေချောင်းတွေကြားနှင့် ခြေထောက်
ပေါ်မှာ တွယ်ကပ်ပါလာကာ အိမ်ပြန်ရသည်ချည်းပင်..။
ဒင်းရို့ ကိုလည်း ဆွဲခွါပစ်ကြရသည်။ သို့ သော် ဒင်းရို့ ၏သွေးစုတ်ရာတွေက အရေပြားမှာ ကျန်ရစ်ခဲ့သည်။ ရက်များစွာကြာသည်အထိ သွေးစုတ်ဒဏ်ရာက ပျောက်မသွားပါ။ ယင်ကောင်က ယင်းဒဏ်ရာအထဲ ဥချသွားလျှင် လောက်တွယ်လာပြီး အနာက ဆိုးသထက်ဆိုးလာတတ်သည်။
ဘုန်းကြီးကိုယ်တိုင်က အာဟာရချို့ တဲ့သူ ဖြစ်တာကြောင့်လည်း ဖြစ်မည်။ အနာထဲကပ်ဝင်လာသည့် ဘတ်တီးရီးယားပိုးဒဏ်ကို ခုခံတိုက်ခိုက်နိုင်လောက်အောင် ခန္ဓာကိုယ်က အင်အားမပြည့်ဝခဲ့ပါ။
ဆိုးဆိုးရွားရွား အနာဖြစ်ပြီး အနာပျောက်ကင်းတာလည်း  ကြာမြင့်တတ်သည်။ ဘုန်းကြီး၏ ခြေထောက်ပေါ်မှာ ယခုတိုင် အမာရွတ်များ ထင်ကျန်ရစ်ဆဲပင်………။
အမရဒီပ
မေလ ၁၈ ၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness ကို ဘာသာပြန်သည်။
No comments: