Total Pageviews

Saturday, October 15, 2011

ဧဝံ မေ သုတံ

ယနေ့ (၁ဝ-၁၅-၂ဝ၁၁) ရတနာရာမကျောင်းဆရာတော် ဦးသုဓမ္မဖိတ်ကြားထားတဲ့ ကျောင်းသီတင်းကျွတ်ပွဲအခမ်းအနားသို့ ရောက်ခဲ့သည်။
အခမ်းအနားချိန်က ၁ဝ နာရီဖြစ်သည်။ မနက် ၉း၂၃ လောက်မှာ မိမိတို့ ရောက်သွားသည်။
မိမိနှင့်အတူ ကိုဇော်ဝင်း၊ကိုစိုးမိုးတို့ ပါသည်။
မနက်ပိုင်းအခမ်းအနားတွင် ဆရာတော်က လာအိုဘာသာဖြင့် တရားပေးသည်။ နေ့ ဆွမ်းကပ်ပြီး ဗမာလိုဟောမည့်အကြောင်းလည်းအမိန့် ရှိသည်။
နေ့ ဆွမ်းအပြီး ခဏအကြာ တရားပွဲကျင်းပသည်။ ဆရာတော်က အောက်ပါအတိုင်း တရားတိုတိုတပုဒ်ဟောသည်။

 မန္တလေး၊ ရွှေရေးဆောင်ဆရာတော် ဦးကြည်ရဲ့ အဆုံးအမစကားကို ဓမ္မလက်ဆောင်ပေးချင်ပါတယ်။
ဆရာတော်ကြီးက
၁။ တနေ့ လက်ခုပ် ၃ ကြိမ်တီး
၂။ ငါးကြီးဟင်းများများစား
၃။ ရေအေးများများသောက်
၎။ တောင်ဝှေး ၃ချက် ထောက်
အန္တရာယ်တွေအကုန်ပျောက်-----တဲ့။

တနေ့ လက်ခုပ် ၃ ကြိမ်တီး---ဆိုတာ ဘယ်၊ညာလက်ဖဝါး ၂ ဖက်ကိုပူးပြီး ဘုရား၊တရား၊
သံဃာရတနာ ၃ ပါးကို တနေ့  ၃ ကြိမ် ရှိခိုးဦးချပါ-- လို့ ဆိုလိုတယ်။
ငါးကြီးဟင်းများများစား---ဆိုတာ ငါးပါးသီလလုံခြုံအောင် နေထိုင်ပါ--လို့ ဆိုလိုတယ်။
ရေအေးများများသောက်--ဆိုတာ အေးမြငြိမ်းချမ်းတဲ့ မေတ္တာဘာဝနာပွားများခြင်းကို
အချိန်များများယူပြီး လေ့ကျင့်အားထုတ်ပါ--လို့ ဆိုလိုတယ်။
တောင်ဝှေး ၃ ချက်ထောက်ဆိုတာ---- လက္ခဏာရေး ၃ ပါးဖြစ်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
(မမြဲ၊ဆင်းရဲ၊ အစိုးမရ)ဆိုတာကို မြင်နိုင်ဖို့ ၊ ဉာဏ်ထောက်တည်နိုင်ဖို့ ကြိုးစားပါ--လို့ 
ဆိုလိုတယ်။

ပြောခဲ့တဲ့ အရာတွေကို နေ့ စဉ်နေ့ တိုင်းဆောင်ရွက်နိုင်တယ်ဆိုရင် ဘေးရန်အသွယ်သွယ်
ကင်းပျောက်စေနိုင်တယ်လို့ ဆိုလိုတယ်။ ကြိုးစားလိုက်နာနိုင်ကြပါစေ-------။

အမရဒီပ
၁ဝ-၁၅-၂ဝ၁၁

No comments: