Total Pageviews

Saturday, October 15, 2011

ဗုဒ္ဓခြေတော်ရာအကြောင်း နောက်ဆုံးပေါ်စာအုပ်သစ်

၁။
ဗုဒ္ဓခြေတော်ရာအကြောင်း ရေးသားပြုစုထားသည့် ကျမ်းစာတစောင်ကို မိတ်ဆွေတဦး ဓမ္မလက်ဆောင်ပေးသွား
သည်။
ကျမ်းစာအုပ်အမည်----       အဖေ့ခြေရာ
ပြုစုသူ                -----      ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ)
                                    ပထမကျော်၊ အဂ္ဂမဟာအကျော်၊ အဋ္ဌကထာပြန်အကျော်၊ သ-စ-အ ဓမ္မာစရိယ၊
                                    ဝဋံသကာ၊ ပါဠိပါရဂူ
ပုံနှိပ်ခြင်း             -----      ဒုတိယအကြိမ်၊ အောက်တိုဘာ၊ ၂ဝ၁ဝ
ထုတ်ဝေသူ          -----      ဦးမြင့်ဦး (ရွှေကျေးစာပေ)
စာအုပ်အတွက် အမှာစကားများကို နဝမဗန်းမော်ဆရာတော်ကြီး ဘဒ္ဒန္တကုမာရာဘိဝံသ၊ ရွှေသုဝဏ်ဆရာတော် ဘဒ္ဒန္တသဒ္ဓိယ၊ ဓမ္မဂုဏ်ရည်ဆရာတော် ဘဒ္ဒန္တဝိလာသ (ဝေမိုး-ကျွန်းလှ)၊ စာအုပ်အလှူရှင် ဒေါ်လဲ့လဲ့ဝင်း၊ ကျမ်းပြုအရှင် (ပထမအကြိမ်၊ဒုတိယအကြိမ်) တို့ က ရေးသားထားကြ၏။ အမှာစာများကို အနှစ်ချုပ်လိုက်တော့ ဗုဒ္ဓခြေတော်ရာရှိ (၁ဝ၈)ကွက်စက်လက္ခဏာများအနက် အမှတ်စဉ် (၃) နှင့် အမှတ်စဉ် (၆) ပါ အမှတ်အသားပုံ
များကို သုတေသနပြုလုပ်မှုများမှတဆင့်ရှာဖွေတွေ့ ရှိသောအထောာက်အထားများအရ ပြင်ဆင်ထားကြောင်း သိရ၏။
ရှေးမူများအရ အမှတ်စဉ် (၃) ၏လက္ခဏာအမှတ်အသားမှာ ဇလပ်ပန်းပုံ-----။ ယခုအသစ်ပြင်ဆင်ချက်
မှာ ဇလပ်ပန်းသဏ္ဌန်ကလာပ်ပုံ----။ ရှေးမူများအရ အမှတ်စဉ် (၆)၏လက္ခဏာအမှတ်အသားမှာ ထမင်းပွဲပုံ---။ ယခုအသစ်ပြင်ဆင်ချက်မှာ ယောက်ျားတဦးကို အခြားယောက်ျားတဦးက ထမ်းထားသည့်ပုံ---။
၂။
ကျမ်းပြုအရှင်သည် ဗုဒ္ဓခြေတော်ရာကို ကြည်ညိုစိတ်ဝင်စားသည်။ မြန်မာပြည်တွင်းရှိ ခြေတော်ရာ (၁၅ဝ)ကျော်
နှင့် အိန္ဒိယ၊ နီပေါ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာနိုင်ငံတို့ သို့ ကြွရောက်ကာ ဗုဒ္ဓခြေတော်ရာများကို ဖူးမြော်ခဲ့
သည်။ ခြေတော်ရာမှာပါရှိသော (၁ဝ၈)ကွက်စက်လက္ခဏာမှာ တနိုင်ငံနှင့် တနိုင်ငံမတူကြ၊ မြန်မာနိုင်ငံတွင်းမှာ
ပင် ခေတ်အလိုက်မူအမျိုးမျိုးကွဲပြားနေကြောင်း တွေ့ ရှိခဲ့သည်။ (မူအမျိုးမျိုးဖြစ်နေရာ မိမိနှစ်သက်သဘောကျ
သောမူဖြင့် ကြည်ညိုပူဇော်နိုင်သည်။ ငြင်းခုံယှဉ်ပြိုင်နေခြင်းဖြင့် ကုသိုလ်မဖြစ်နိုင်ပါ။ ကုသိုလ်ဖြစ်ဖို့ သာအဓိကကျ
ပါသည်။  အဖေ့ခြေရာစာအုပ်၊ ၁၁၈။)
ထေရဝါဒဗုဒ္ဓစာပေများနှင့်အညီ ခြေတော်ရာပါ (၁ဝ၈)ကွက်စက်လက္ခဏာကို ထုလုပ်ပူဇော်ရမူ သဒ္ဓါတရား
ပိုမိုဖြစ်ပွားပေလိမ့်မည်ဟုလည်း ယူဆခဲ့သည်။ ထို့ ကြောင့် ဗန်းမော်ဆရာတော်ဦးဆောင်သော "ဗုဒ္ဓခြေတော်
ရာမူမှန်ပူဇော်ရေးအဖွဲ့ "ကို ဖွဲ့ စည်းခဲ့သည်။ အဖွဲ့ တွင် ပိဋကတ်ပညာရှင်ရဟန်းတော်များ၊ မြန်မာမှုဒီဇိုင်းပညာရှင်၊ ဓာတ်ပုံပညာရှင်၊ စာရေးဆရာများပါဝင်ကြသည်။

"သြောင်း--- တရာ့ရှစ်ကွက်၊ ဗုဒ္ဓစက် "ဟု စက်ကြီး (၁၃) ပါး ဘုရားရှိခိုးစာရှိပါ၏။ သို့ သော် (၁ဝ၈)ကွက်ကို ယူပုံ
ရေတွက်ပုံမှာ မူအမျိုးမျိုးဖြစ်နေ၏။ ပုဂံခေတ် ဇိနာလင်္ကာရဋီကာမူ၊ အင်းဝခေတ်ရှင်မဟာရဋ္ဌသာရ၏လင်္ကာမူ၊ ကုန်းဘောင်ခေတ် ပထမမောင်းထောင်သာသနာပိုင်ဆရာတော်မူ၊ ရတနာပုံခေတ် တောင်ခွင်သာသနာပိုင်မူ၊ တိပိဋကမဟာဗုဒ္ဓဝင်မူ၊ မြန်မာစွယ်စုံကျမ်းမူ၊ သုတေသနသရုပ်ပြအဘိဓာန်မူ၊ ခြောက်ထပ်ကြီးရွှေသာလျောင်းဘု
ရားကြီးမူ ဟူသော မူအမျိုးမျိုးတို့ ၏  စက်လက္ခဏာပုံအမှတ်အသားများကို အဖေ့ခြေရာစာအုပ်တွင် စာရင်းထုတ်
ပြထား၏။ ယခုနောက်ဆုံးမူမှာ "ဗုဒ္ဓခြေတော်ရာမူမှန်ပူဇော်ရေးအဖွဲ့ "၏ အနန္တဇိနဗုဒ္ဓခြေတော်ရာမူပင်
ဖြစ်ပါ၏။

မြတ်စွာဘုရား၏ခြေဖဝါးတွင် အရေးအကြောင်းအနေဖြင့်ရှိနေသော အမှတ်အသားများမှာ (၁) စက်ဝန်း (၂) အကန့် တထောင် (၃) အကွပ်တံကူ (အနားရေးနခမ်းသတ်) (၄) ပုံတောင်း (ဗဟိုချက်မ) (၅) လှံမအိမ်မွန်စသော မင်္ဂလာအမှတ်အသားများ ရှိ၏။ ထိုငါးမျိုးတွင် စက်ဝန်းသည် အဓိကပဓာနဖြစ်၏။ လှံမအိမ်မွန်စသော အမှတ်အသားများသည် စက်ဝန်းကို ဝိုင်းရံလျှက် တည်ကြရသည်။ (အဖေ့ခြေရာ၊ ၁၇။) တည်ထားပြီး ဗုဒ္ဓခြေတော်ရာများ၌ စက်ဝန်း၏တည်နေရာသည် အမျိုးမျိုးဖြစ်နေ၏။ ထို့ ကြောင့် ပထမဦးစွာ စက်ဝန်း၏ တည်နေရာကို ရှာဖွေစုံစမ်းရသည်။ အဋ္ဌကထာ၊ ဋီကာနှင့်ညီသော မောင်းထောင်သာသနာပိုင်၏အဆုံးအဖြတ်မှာ "ခြေတော်ကို (၄) ဖို့ ပြုပြီးသော် ရှေ့  (၂)ဖို့ ကို ခြေချောင်းနှင့်ဖြစ်၍ ခြေဖျား၊ မြင်းခေါင်းတော်အောက် (၃) ဖို့ 
မြောက်သည် ခြေလယ်၊ (၄)ဖို့ မြောက် ဖနောင့်တော်သည် ခြေရင်းမည်ရကား ဖမျက်တော်အောက် (၃)ဖို့ မြောက်
ဟူသော အလယ်အရပ်တွင် စက်တော်တည်သည်" ဟူ၏။ (စာမျက်နှာ-၄၅)

No comments: