Total Pageviews

Thursday, October 30, 2014

မှဲ့ ချေ

မဟာသုတကာရီမဃဒေဝလင်္ကာသစ်၊ ၄၇၂ မှာ နတ်သမီးအလှဖွဲ့ စကားတခုက.....၊
လမင်းသာသို့ 
စန္ဒာနန
ဝင်းဝင်းပသား
မဝရှုချင်
ရွှေပါးပြင်ဝယ်
ဝက်ခြင်မှဲ့ မဲ
ချေသမ်းမဲလျက်
မစွဲမကပ်
မစပ်ပြစ်ဆာ
ကင်းစင်ကွာ၏။.....တဲ့။

လမင်းစန္ဒာရွှန်းရွှန်းစားစားဝင်းပသလိုကြည့်မဝ ငေးမဝဖြစ်နေရတဲ့မျက်နှာရဲ့ ပါးပြင်မှာ ဝက်ခြံ၊ မှဲ့ စက်ဆိုတဲ့အပြစ်အနာအဆာ မရှိဘူး။ လုံးဝအပြစ်ကင်းတယ်။ နတ်သမီးတွေရဲ့မျက်နှာမှာ အနာအဆာ ရှင်းပါတယ် လို့ ဆိုလိုပါတယ်။

သတိထားရမှာက (ချေ)...ဆိုတာကလေး။
ဒီချေက အဓိပ္ပါယ်များစွာထဲက ဒီနေရာမှာ Mole လို့ အင်္ဂလိပ်လိုခေါ်ကြတဲ့ မှဲ့ ကို ဟောပါတယ်။

တိုက်ဆိုင်ကြည့်တဲ့ ပျို့ တစောင်က နေမိဘုံခန်းဖြစ်ပါတယ်။

အာစပ်ဝင်းရွှေ
ချေလည်းမပြောက်
ကြန်လျောက်နှာယောင်
မျက်တောင်ကော့ဖြူး
နဖူးပြင်လှ ။ (အပိုဒ်။၂)

ဒီမှာလည်း ချေ ဆိုတာ မှဲ့ ကို ဆိုပါတယ်။

အမရဒီပ
အောက်တိုဘာ ၃ဝ၊ ၂ဝ၁၄

No comments: