Total Pageviews

Thursday, October 23, 2014

မတကာ နဲ့  မသမာ

မဃဒေဝလင်္ကာသစ်လာ အဆိုတခုနဲ့  စတင်ပါရစေ....။

ဤလူ့ ရွာ၌ ၊ မတကာသူ
အမူကျင့်ဆိုး ၊ ထိုလူမျိုးကား
စောက်ထိုးပြောင်းပြန် ၊ သည်းထန်လွန်ကဲ
မီးငရဲ၌ ၊ မလွဲတပ်တပ်
မြေလက်အပ်သို့ ၊ စပ်စပ်မုချ
သေလျှင်ကျ၍ ၊ ဒုက္ခကြီးစွာ
ခံရရာကို ၊ ကရုဏာတရား
ဖြစ်ကာပွားသည်
သနားနောင်ဖို့ ရည်ချောင်းတည်း။ (အပိုဒ်-၄၄၂။)

မန်လည်ဆရာတော်ကိုယ်တိုင်ရေးတဲ့ မဃဒေဝလင်္ကာသစ် လီနတ္ထဒီပနီမှာ .......၊
"မတကာ...ဟူသည် ပေါရာဏ၊ မတော်မကောင်းသောသူ--ဟူလို။" လို့ ရှင်းပြပါတယ်။

ဒီ --မတကာ--ဆိုတာဟာ ဒီကနေ့ ခေတ် "မသကာ"ဆိုတာနဲ့ တူလေမလား အတွေးပေါက်တာနဲ့ မြန်မာအဘိဓာန်ကို ကြည့်မိတယ်။

သို့ သော် မသကာ ဆိုတာ ကြိယာကိုအထူးပြုပုဒ် (ကြိယာဝိသေသန)ဖြစ်နေတယ်။ ယုတ်စွအဆုံး၊ အဆိုးဆုံး လို့ ဆိုလိုတယ်။
မတကာ နဲ့  မသမာကို ဆက်စပ်လို့ မရတော့ဘူး။

နောင်တော့ "မသမာ" ကို တွေ့ တယ်။ မသမာ...ဆိုတာဟာ မ (မြန်မာ)+ သမ္မာ (ပါဠိ)= မသမာ ဖြစ်လာတယ်။ မသမာ အဓိပ္ပါယ်က ကလိန်ကကျစ်ဉာဏ်၊ မကောင်းသူ၊ မမျှတသူ၊ လူဆိုး စတာတွေဖြစ်ပါတယ်။

ဒီလိုဆိုရင် (မတကာသူ) နဲ့  (မသမာသူ) ဟာအဓိပ္ပါယ်ဆိုလိုချက်တူညီလိမ့်မယ်လို့  ယူဆမိပါတယ်။

အမရဒီပ
အောက်တိုဘာ ၂၃၊ ၂ဝ၁၄

No comments: