Total Pageviews

Monday, October 13, 2014

ရေးချမလိုတဲ့ နံပတ်

မြန်မာစကားစစ်စစ်"အမှတ်စဉ်" ကို အင်္ဂလိပ်ဘာသာနဲ့  Number ။ အဲဒီ Number ကနေ "နံပါတ်" ဖြစ်လာတယ်။ အမှန်ဆို "နမ်ဘာ" ဖြစ်သင့်ရဲ့နဲ့  " နံပါတ်" ဖြစ်သွားတာ ပါဠိပျက်မြန်မာဝေါဟာရလိုလိုဖြစ်သွားတယ်။ နံပါတ်ဆိုတာဟာ "နံပါတ" ပါဠိကနေ ဖြစ်လာသလားပေါ့။

ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် ပ-စောက်မှာ မလိုအပ်တဲ့ ရေးချပါနေလို့ ။ ပါဠိဘာသာကနေလာတာမဟုတ်ရင် ပ-မှာ ရေးချမထည့်လဲ အလိုလိုပြည့်စုံပြီးသားကို ရေးချထည့်နေတာ အပိုအလုပ်ဖြစ်နေပါတယ်။

ရှေးကလည်း ခရစ်ယန် ဆိုတာမှာ ရေးချနဲ့  ခရစ်ယာန်လို့ ရေးတယ်။ အစ္စလမ်မှာ အစ္စလာမ်လို့  ရေးချရေးတယ်။

ခရစ်ယန်၊ အစ္စလမ်တို့ ဟာ ပါဠိကနေဆင်းသက်လာတာမဟုတ်လို့ ရေးချမလိုအပ်သလို နံပတ်လည်း ပါဠိကနေလာတာမဟုတ်လို့  ရေးချမလို။ ဒီလိုပဲယူဆမိပါတယ်။

အမရဒီပ
အောက်တိုဘာ၊၁၃၊ ၂ဝ၁၄

No comments: