နောက်ဆုံးတွင်
ကောလိပ်မှ ၈ မိုင်ခန့် ဝေးသည့် ဘုန်းကြီးကျောင်းတခုမှာ ရပ်နားကွန်းခိုခဲ့ပြန်၏။
ကျောင်းထိုင်
ဆရာတော်က
ကျောင်းဝင်းအတွင်းရှိ ကျောင်းငယ်ကုဋီလေးတခုတွင် ဘုန်းကြီးကို နေခွင့်ပြုသည်။
ယင်းကုဋီလေး
တွင် လူမနေသည်မှာ
ကြာပြီ။ လင်းနို့  ၁၅ ကောင်ခန့် မှတပါး ဘယ်သူမှမနေပါ။ တခါတရံ လင်းနို့ အနံ့ ဆိုး
ကြောင့်
အိပ်စက်မရချေ။
နေ
့ခင်းပိုင်းတွင် ဆွမ်းကိစ္စပြီးနောက် ဘတ်(စ်)ကားစီးကာ ကောလိပ်သို့ သွားသည်။
အတန်းပြီးလျှင် ကျောင်းပြန်
သည်။ ကျောင်းပြန်ချိန်မှာ
ညနေပိုင်း ရုံးဆင်းချိန်ဖြစ်နေ၍ ဘတ်(စ်)ကား လူကျပ်သည်။ ကားခမပေးနိုင်သူ
ဘုန်းကြီးတို့ လိုသူများအတွက် နေရာမရှိ။ ထို့ ကြောင့် နေ့ တိုင်းပင် ကောလိပ်မှ
ဘုန်းကြီးကျောင်းအထိ ၈ မိုင်ခရီးကို လမ်းလျှောက်ပြန်သည်။
ည ၉ နာရီ၊ ၉
နာရီခွဲလောက်မှာ ကုဋီကျောင်းကလေးသို့ ပြန်ရောက်သည်။ ရေနံဆီမီးအိမ်လေးထွန်းသည်။
ကျောင်းအနီးတွင်
ကုန်သည်တယောက် နေထိုင်သည်။ အမည်မှာ အဲ(လ်)ဘတ် ဟု ခေါ်သည်။ သူသည်
ဆင်ဟာလီလူမျိုးတဦးဖြစ်သော်လည်း အခြားသီဟိုဠ်ကျွန်းသားများကဲ့သို့ သူ၏ပထမအမည်မှာ
အင်္ဂလိပ်အမည်
ဖြစ်သည်။ ထိုအချိန်က သီဟိုဠ်ကျွန်းကို ပိုင်ဆိုင်သည့်နိုင်ငံအပေါ်မူတည်၍
ဆင်ဟာလီလူမျိုးအချို့ သည် သူတို့ ၏
ရင်သွေးငယ်များအား
အင်္ဂလိပ်အမည် သို့ မဟုတ် ဒတ် (ခ်ျ)အမည် သို့ မဟုတ် ပေါ်တူဂီအမည်များ ပေးကြ၏။ ဤသို့ အမည်ပေးထားခြင်းက
ကလေးများသည် နာမည်ကြီးကက်သလစ်ကျောင်းများသို့ တက်ရောက်ခွင့်၊
နောင်တွင် အစိုးရအလုပ်
ရနိုင်သည်ဟု မိဘများ မျှော်လင့်ကြပေသည်။
အဲ(လ်)ဘတ်သည်
ပေးချင်ကမ်းချင်စိတ်ရှိသူဖြစ်၏။ ညတိုင်း ဘုန်းကြီး၏ကုဋီကလေးမှ အလင်းရောင်ကို
သူမြင်
လျှင် သူ၏အိမ်စေအား
ပူပူနွေးနွေး လက်ဖက်ရည်ကြမ်းတခွက် ဘုန်းကြီးအတွက် ပို့ စေသည်။ သာမန် လက်ဖက်
ရည်ကြမ်းတခွက်မျှသာဖြစ်သော်လည်း
နွေးထွေးသော ရေနွေးပူပူက တနေ့ တာ ပင်ပန်းသမျှကို ပြေစေပြီး
အရသာပေါ်လှသည်။ ည
၁၂ နာရီလောက်အထိ စာကြည့်ပြီးနောက် အိပ်ရာဝင်သည်။
အဲ(လ်)ဘတ်သည်
ဘုန်းကြီးကိုရော ကောလိပ်အောင်လိုသည့် ဘုန်းကြီး၏အာသီသကိုပါ စိတ်ဝင်တစား ရှိနေ၏။
ဆွမ်းလည်း နေ
့စဉ်ပို့ လာသောကြောင့် ဘုန်းကြီး ဆွမ်းခံထွက်စရာမလိုတော့ပေ။
စာအုပ်စာတမ်းကြေးအတွက်ပါ
ထောက်ပံ့လှူဒါန်းသည်။
ဘုန်းကြီးသည် အမှီအခိုကင်းကင်းနေထိုင်ရသည်ကို နှစ်သက်သော်လည်း ရုပ်ဝတ္ထုပြည့်
စုံသော ရဟန်းတပါး
မဟုတ်ပြန်ရာ လူဝတ်ကြောင်တို့ ပေးလှူသမျှ လက်ခံခဲ့ရသည်။ ထို့ ကြောင့် သူ၏ ကြင်နာ
သနားတတ်မှုကို
လိုက်လျောခဲ့ရသည်။
ကံမကြောင်း
အကြောင်းမလှစွာ အဲ(လ်)ဘတ်၏အထောက်အပံ့က နောက်ဆုံးတွင် ဘုန်းကြီးကို ပြဿနာ
တက်စေခဲ့၏။ ကျောင်းပြောင်းပြီး
တလလောက်အကြာ အဲ(လ်)ဘတ်သည် ကျောင်းထိုင်ဘုန်းတော်ကြီးအား
ဘုန်းကြီးသည်
တရားဟောကောင်းသော အံ့ဖွယ်ရဟန်းငယ်လေးဖြစ်ကြောင်း ပြောပြလေ၏။
ချက်ချင်းပင်
ကျောင်းထိုင်ဘုန်းတော်ကြီးသည် ဘုန်းကြီးအား သံသယဝင်လာပြီး သူ့ ကျောင်းကို လုယူဖို
့ကြံစည်
နေသူဟု
ထင်သွားလေ၏။ သူ၏တပည့်တဦးကို စေလွှတ်ကာ သူ့ ကျောင်းမှ ထွက်ခွါရန် ဘုန်းကြီးအား ပြောလာ
၏။ ချက်ချင်း
ထွက်ခွါရန် ဖိအားပေး၏။ အဲ(လ်)ဘတ်အား နုတ်ဆက်ချိန်ပင် မရခဲ့ပါချေ။
အနီးအနားရှိ
ကျောင်းတကျောင်း၏ လူလွတ်နေသည့် ကုဋီကျောင်းလေးတခုမှာ ဘုန်းကြီး နေခွင့်ရသည်။
သို့ သော်
တလလောက်ကြာပြီးနောက် ထိုနေရာမှ မောင်းထုတ်ခံရပြန်သည်။ ဘုန်းကြီးကိုသံသယဝင်နေသူ
ဘုန်းတော်ကြီးသည် ဤပတ်ဝန်းကျင်မှ ဘုန်းကြီး လုံးဝထွက်ခွါသွားအောင်လုပ်နေကြောင်း
မှန်းဆမိပါသည်။
ကန္ဒီ-ကိုလံဘိုလမ်းမနှင့်အနီးကပ်တည်ရှိသော
နေရာသစ်တခုကို ကံကောင်းထောက်မစွာ တွေ့ ခဲ့ရပြန်၏။ ဘတ်(စ်)ကားဂိတ်သို့ သက်သက်သာသာ
လမ်းလျှောက်သွားလို့ ရသည်။ ယင်းအခန်းငယ်ကို ကောလိပ်တက် နေသော ရဟန်းများအတွက်
ငွေကြေးပြည့်စုံသော အမျိုးသမီးကြီးတဦးက ထောက်ပံ့ထားသည်ဟု သိရ၏။
အဆင်ပြေမည့်လက္ခဏာဖြစ်ပါသည်။ ဘုန်းကြီး တရားပြန်ဟောသည်။ အနီးတဝိုက်နေလူများ
တရားနာလာကြ၏
။ ဘုန်းကြီးအပေါ်
ကြည်ညိုကြပုံရ၏။ ရေနွေးတည်ရန် ဂတ်(စ်)မီးဖိုလေးတခုပင် ပေးလှူထားကြ၏။
ထိုနေရာမှာလည်း
ပြဿနာ ဗြုန်းစားကြီးပေါ်လာပြန်၏။ သံသယပွားနေသူ ကျောင်းထိုင်ဘုန်းကြီးသည် သူ့ 
တပည့်များကို
စေလွှတ်ကာ ဆွဲထုတ်ခိုင်းမည်ဟု ဘုန်းကြီးကို ခြိမ်းခြောက်လာ၏။ ယခုတကြိမ်တွင် သူက
ဘုန်းကြီးနေသည့်အခန်းတွင်
နောက်ထပ်ရဟန်း ၂ ပါးလည်း နေခွင့်ပြုရမည်ဟု တောင်းဆိုလာ၏။ ယင်းသို့ ဖြစ်
က ၃ ပါးစာအတွက်
အစားအသောက်ပြည့်စုံမည်မဟုတ်။ ထို့ ကြောင့် ဘုန်းကြီး ထွက်ပေးရမည်ဟု သူက ဆို၏။
ဒေသခံဘုန်းကြီးကျောင်းတခု၏ကျောင်းထိုင်ဘုန်းကြီးသည်
ယင်းသို့ သော ကိစ္စများအတွက် ပိုင်စိုးပိုင်နင်း
အာဏာစူးရှသက်ရောက်ပေသည်တကား။
ဘုန်းကြီး
အသနားခံခဲ့ပါသည်။
“တပည့်တော်မိသားစုက
ဆင်းရဲပါတယ်ဘုရား၊ ကောလိပ်မှာ အဆောင်နေခ ရူးပီး ၁ဝ ကို မပေးနိုင်ပါဘူး၊
နောက် ၆
လလောက်ဆို ကောလိပ်လည်း ပြီးပါတော့မယ်ဘုရား၊ ကောလိပ်ပြီးတဲ့အထိတော့ နေခွင့်ပြုပါ“
ဘုန်းကြီးပြောခဲ့သော်လည်း
သူက ဘုန်းကြီးထွက်ခွါရန်သာ အတင်းအကျပ်ပြောလေ၏။
စာအုပ်စာတမ်းများကို
ကောက်သိမ်းပြီး အရင်က ဘုန်းကြီးကို နွေးထွေးစွာ လက်ခံခဲ့သည့် ယက္ကလရွာသို့ ပြန်
သွားခဲ့သည်။
ဤအကြိမ်တွင် အခန်းတခန်းမှာ ဘုန်းကြီး နေထိုင်ခွင့်ရပါသည်။
ဘယ်လိုပင်
ဝမ်းပန်းတသာကြိုဆိုလက်ခံသည်ပင်ဖြစ်စေ၊ နေထိုင်ရေးနှင့်ပတ်သက်၍ ရုန်းကန်ခဲ့ရသမျှ
ဖြစ်ရပ်ဟောင်းများကို
ချင့်ချိန်တွေးဆမိသည်။
“ကောလိပ်တက်နိုင်ဖို
့ဘာကြောင့် ငါ ဒီလောက် ကျားကုတ်ကျားခဲလုပ်နေရတာလဲ၊ ကောလိပ်အောင်၊ ဘွဲ့ ရ
တော့ရော
ဘုန်းကြီးတပါးအတွက် အသုံးဝင်မှာလည်း မဟုတ်ဘူး။ ဒီဘွဲ့ ၊ဒီစာမေးပွဲအောင်မြင်အောင်
ဘာ အကြောင်းကြောင့် ကြိုးစားနေရတာလဲ”
ဘုန်းကြီး
မိမိဘာသာ မေးခွန်းထုတ်နေမိခဲ့၏။
အမြဲတမ်းငွေချေးငှါးနေရသည်ကိုလည်း
ဘုန်းကြီးရှက်လာ၏။ စာအုပ်ကိုယ်ပိုင်မဝယ်နိုင်လို့  သူငယ်ချင်းများဆီ
တောင်းတောင်းပန်ပန် စာအုပ်ငှါးရသည်။ စာဖတ်လို့ မပြီးခင် စာအုပ်ပြန်ပေးရသည်။
စာမေးပွဲကြေးအတွက် ရူးပီးငွေ အနည်းအပါးလိုအပ်ပါက မိခင်၊ ဆရာတော်အရှင်သောဏုတ္တရ၊
ဥပဇ္ဈယ်ဆရာ တို့ ဆီသို့  ငွေတပြားတချပ်အတွက်
တောင်းတောင်းပန်ပန် အပူကပ်ရသည်။ ရှာက်ဖွယ်လိလိတည်း။ တောင်းရမ်းသူတွေကို ဘုန်းကြီး
မုန်းတီးသည်။
၁၉၅၂ ခုနှစ်....။
ဆိုခဲ့ပြီးအကြောင်းများကြောင့်
ကောလိပ်ဘွဲ့ ရရန် နောက်ဆုံးစာမေးပွဲတခုသာကျန်တော့သော်လည်း ကျောင်း
ထွက်ဖို
့ဘုန်းကြီး ဆုံးဖြတ်ချက်ချလိုက်သည်။ စာမေးပွဲဝင်ကြေးမှာ ၁၅ ရူပီးဖြစ်သည်။
အမေရိကန်ဒေါ်လာငွေ ၄ ဒေါ်လာခွဲလောက်နှင့်ညီမျှသည်။ ထိုငွေကြေး ဘုန်းကြီးမှာ မရှိ။
ထို့ ကြောင့် ကျောင်းထွက်လိုက်တော့၏။
အမရဒီပ
ဖေဖော်ဝါရီ ၇၊ ၂ဝ၁၄
No comments:
Post a Comment