အခန်း ၇၊
နောက်ဆုံးဆေးချက် -သို့ မဟုတ်- ကမ္မဋ္ဌာန်းအားထုတ်ခြင်း
ရဟန်းခံပြီးနောက်
ရက်အနည်းငယ်အကြာ……။
၇ ရက်တိုင်တိုင်
ပရိတ်တော်ရွတ်ဆိုပွဲတွင် ဘုန်းကြီး ပါဝင်ခွင့်ရခဲ့သည်။ ဤသည်ကား ရဟန်းတပါး၏ အခွင့်ထူး
တရပ်ပင် ဖြစ်သည်။
ပါဠိလို “ပရိတ္တ“
တွင်မည်သော ဗုဒ္ဓမန္တာန်ကို မကောင်းသော တစေ
္ဆ-ပြိတ္တာ၊ မြေဘုတ်-ဘီလူးဘေးစသော
ဘေးအဖြာဖြာတို့ မှ ကင်းစင်ဝေးအောင်
စီစဉ်ထားခြင်းဖြစ်သည်။ ဤသည်ကပင် ရိုးရာယုံကြည်မှု နှင့် ဗုဒ္ဓသာသနာအဆုံးအမတို
့ယှဉ်တွဲတည်ရှိပုံ ဥပမာတရပ်လည်း ဖြစ်နေ၏။
တဦးတယောက်ကျန်းမာရေးမကောင်းလျှင်ဖြစ်စေ၊
တနေရာတွင် ငတ်မွတ်ဘေး၊ မိုးခေါင်လျှင်ဖြစ်စေ (မကောင်း
ဆိုးဝါးတို
့လက်ချက်ဟုဖြစ်နိုင်ခြေရှိသော ကံဆိုးမိုးမှောင်ကျမှု ဖြစ်လျှင်ဖြစ်စေ) လူတို့ က
ရဟန်းတို့ ကို ပရိတ်
တော်များရွတ်ဖတ်ပေးရန်
လျှောက်ထားရ၏။ ရဟန်းတော်များသည် ၂ ပါးတဆိုင်းစီ ပရိတ်တော်များကို
ရက်သတ္တတပတ်ကြာအောင် ရပ်နားခြင်းမရှိ ရွတ်ဆိုကြရ၏။ ၂ ပါးတဆိုင်း အတွဲတိုင်းသည် ၁
နာရီကြာ ရွတ်ဆိုပြီး အခြားနောက်တဆိုင်းက အစားလဲပေးရသည်။ ပရိတ်ရွတ်ဆိုသည်မှာ
စာရွတ်စာဆိုသည်ထက် အော်ဟစ်သည်နှင့်
ပိုတူပြီး ခွန်အားပြည့်ဝရသည်။ အသံကျယ်ကျယ်အော်ဆိုနိုင်သော ရဟန်းများသာ ရွေးချယ်ပင့်ဖိတ်ခံရတတ်ပြီး
ပိုတူပြီး ခွန်အားပြည့်ဝရသည်။ အသံကျယ်ကျယ်အော်ဆိုနိုင်သော ရဟန်းများသာ ရွေးချယ်ပင့်ဖိတ်ခံရတတ်ပြီး
ယင်းကဲ့သို့ စွမ်းဆောင်နိုင်မှုအတွက် ထူးကဲသော ကြည်ညိုမှုကိုလည်း ခံယူကြရ၏။
ရဟန်းပျိုများသည်
ပရိတ်တော်ရွတ်ဆိုအသင်းမှာ ပါဝင်ခွင့်အလှည့်ကို အလျင်စလို စောင့်မျှော်နေကြ၏။
ဘုန်းကြီးနည်းတူ
ကျောင်းနေဖက်ရဟန်းတော်တပါးကလည်း ပရိတ်ရွတ်အသင်းမှာပါဝင်ရေးအတွက် စိတ်အား
သန်နေ၏။ သူက
ဘုန်းကြီးထက် တရက်စောကာ ရဟန်းဖြစ်ခဲ့၏။ သို့ ဖြင့်ဘုန်းကြီးတို့ နှစ်ပါးမှာပရိတ်ရွတ်အသင်း
တွင်အတူတူ ပါဝင်နိုင်သူ
ဖြစ်လာကြ၏။ မကြာမီ ဘုန်းကြီးတို့ သည်
အနီးအပါးရှိ ကျောင်းတကျောင်း၏
ကျောင်းထိုင်ဘုန်းကြီးဖြစ်သည့်
မိတ်ဆွေတပါးထံမှ ပရိတ်အသင်းဖိတ်စာကို ဂျီတိုက်တောင်းဆိုခဲ့ကြ၏။
ဘုန်းကြီးတို
့ကား လူငယ်ပီပီ စိတ်ဓာတ်တက်ကြွနေကြ၏။ ဤအကြိမ်မှာ ပထမဦးဆုံးဖြစ်သည့်အားလျော်စွာ
တကြိမ်ထက်မက အလှည့်ယူလိုကြ၏။ ထို့ ကြောင့် ဘုန်းကြီးတို့ သည် အခြားထေရ်ကြီးဝါကြီးအချို့ ထံမှ သူတို့ 
တကြိမ်ထက်မက အလှည့်ယူလိုကြ၏။ ထို့ ကြောင့် ဘုန်းကြီးတို့ သည် အခြားထေရ်ကြီးဝါကြီးအချို့ ထံမှ သူတို့ 
၏ အလှည့်ကို
တောင်းယူကြ၏။ သူတို့ သည် ပရိတ်ပွဲများကို အလီလီနွှဲဖူးခဲ့ပြီး
ကြည်နူးဝမ်းမြောက်ခွင့်လည်း ရခဲ့
ကြပြီးပြီ။ သို
့ဖြစ်ပေရာ အလှည့်များစွာကို ဘုန်းကြီးတို့ ပင် ပွဲသိမ်းနိုင်ခဲ့ကြ၏။
ဆွမ်းရေအစာမစား…ဆီးဝမ်းလည်း
မသွား၊
အိပ်စက်နားနေခြင်းလည်း အလျဉ်းမပြုခဲ့ကြချေ။
နေ့ စဉ် နံနက် ၆
နာရီ- ၁၁ နာရီ ၊ ညနေ ၆ နာရီတွင် စည်တော်တီးသူများသည် စည်တော်ရွှမ်းခြင်းဖြင့် ပရိတ်
တော်ရွတ်ဆိုခြင်း
စတင်ကြောင်း ကြေညာကြသည်။ ပရိတ်ရွတ်သံအပေါ်လွှမ်းသွားအောင် စည်တော်တီးကြရ၏။ ဝမ်းမြောက်ပီတိကို
သက်သေထူရန် ဘုန်းကြီးတို့ နှစ်ပါးကလည်း အသံပိုကျယ်စွာ ရွတ်ဆိုကြ၏။ စည်တော်အသံ
မြုပ်သွားအောင်ကြိုးစားသည့်အနေဖြင့်
အဆုပ်ကွဲလုမတတ် အော်ဟစ်ခဲ့ကြ၏။
သုံးရက်အလွန်တွင်
ဘုန်းကြီး၏သူငယ်ချင်းမှာ သတိမေ့လဲကျသွားလေ၏။ ဒကာများက သူ့ ကို ကျောင်းရှိ
အိပ်ခန်းသို့ ပို့ ဆောင်ကာ အိပ်ရာပေါ် သိပ်ထားပြီး အိပ်စက်စေသည်။ ညနေခင်းမှာ
သူနေပြန်ကောင်းလာပြီး
ဘုန်းကြီးနှင့်အတူ ပရိတ်ရွတ်ပြန်လေ၏။
ဘုန်းကြီးနှင့်အတူ ပရိတ်ရွတ်ပြန်လေ၏။
ပွဲတော်ကာလတပတ်အလွန်တွင်
ဘုန်းကြီးတို့ နှစ်ပါးလုံး ရုပ်ပျက်ဆင်းပျက်ဖြစ်ကြလေ၏။ အနားယူဖို့ မဖြစ်မနေ
ကျောင်းပြန်ရောက်သည်။ နောက်ဆုံးအတန်းတင်စာမေးပွဲ ဘုန်းကြီး ကျသည်။ ကျောင်းအုပ်ဆရာတော်သည် သူ၏လက်ရွေးစင်တပည့်ကျော် စာမေးပွဲခွေးကျဝက်ကျ ကျသည်ကို တွေးရခက်ဖြစ်ပုံပေါ်သည်။ သူ၏ရုံးခန်းသို့ 
ဘုန်းကြီးသည်ကုသမှုအထွေထွေအောက်မိမိကိုယ်ကိုဝကွက်အပ်လိုက်သည်မှာတနှစ်လုံးလိုလိုလောက်ပင် ဖြစ်၏။
ပျောက်ကင်းရေးအတွက် မျှော်လင့်ချက်ကား ခပ်ယဲ့ယဲ့ပင်…..။
လိုအပ်သော်လည်း
အိပ်စက်နိုင်ခြင်းမရှိကြပေ။ ဆွမ်းလည်းမစားနိုင်။ နှစ်ပါးလုံး
ခေါင်းကိုက်ဝေဒနာခံစားရ၏။
အနီးအနားမှာ တယောက်ယောက်လာနေသည်ကိုလည်း
သည်းမခံနိုင်ဖြစ်နေ၏။ အာရုံကြောထိခိုက်ခြင်းဆိုင်ရာ
ဝေဒနာ ခံစားရခြင်းဖြစ်သည်ဟု
ဘုန်းကြီး ထင်မိပါ၏။
အဆိုးတကာ့အဆိုးဆုံးကား
ဘုန်းကြီး၏မှတ်ဉာဏ်များ ပျောက်ဆုံးသွားခြင်းဖြစ်၏။ ဓာတ်ပုံရိုက်သလိုပုံရိပ်ထင်စွဲ
မှတ်သားနိုင်မှုသာမက
မှတ်ဉာဏ်အားလုံးပျောက်သွားသည်။ ဆင်ဟာလီ၊ သက္ကတ၊ တမီး(လ်)၊ အင်္ဂလိပ်
မည်သည့်အက္ခရာစာလုံးကိုမျှ မမှတ်မိတော့ချေတကား….။
စာတအုပ်ကို
ဖွင့်ဖတ်ပြီးလျှင် စာမျက်နှာပေါ် မည်သည့်အကြောင်းအရာများ ရေးသားထားသည်ကိုလည်း
မှတ်မိနိုင်စွမ်းမရှိတော့ပါ။ မိတ်ဆွေတယောက်ယောက်ကို တွေ့ ဆုံပြီး နောက်ငါးမိနစ်လောက်ကြာလျှင်
သူ့ 
အမည်ကို
မမှတ်မိတော့ပါ။ ဘုန်းကြီးကြုံတွေ့ နေရသမျှအပေါ် စိတ်ပျက်မိပါ၏၊
သေးသိမ်အားငယ်ခဲ့ပါ၏။ ပညာရေးအောင်မြင်မှုနှင့်ပတ်သက်၍ ဂုဏ်ယူခဲ့ရသမျှအားလုံး
သွားချေပြီတကား…..။
ကျောင်းပြန်ရောက်သည်။ နောက်ဆုံးအတန်းတင်စာမေးပွဲ ဘုန်းကြီး ကျသည်။ ကျောင်းအုပ်ဆရာတော်သည် သူ၏လက်ရွေးစင်တပည့်ကျော် စာမေးပွဲခွေးကျဝက်ကျ ကျသည်ကို တွေးရခက်ဖြစ်ပုံပေါ်သည်။ သူ၏ရုံးခန်းသို့ 
ဘုန်းကြီးကို ဆင့်ခေါ်လေတော့သည်။ တပတ်ကြာပရိတ်ရွတ်ပွဲအကြောင်း၊
မှတ်ဉာဏ်ပျောက်ဆုံးရခြင်းအကြောင်း
များကို
ကျောင်းအုပ်အား ဘုန်းကြီး လျှောက်ထားတင်ပြပါသည်။ သူက ဘုန်းကြီး၏နေရင်းကျောင်းသို
့ပြန်ကာ အနားယူပြီး ဆေးကုသမှုပြုရန် အမိန့် ရှိလေသည်။
ဘုန်းကြီးသည်ကုသမှုအထွေထွေအောက်မိမိကိုယ်ကိုဝကွက်အပ်လိုက်သည်မှာတနှစ်လုံးလိုလိုလောက်ပင် ဖြစ်၏။
ပျောက်ကင်းရေးအတွက် မျှော်လင့်ချက်ကား ခပ်ယဲ့ယဲ့ပင်…..။
ပထမဦးစွာ
ဘုန်းကြီး၏ဆရာတော်က ဆေးမြစ်ဆေးပင်များကို ခပ်ပျစ်ပျစ်သွေးပြီး နံနက်တိုင်း
ဘုန်းကြီး၏နဖူးပြင်
ပေါ် လိမ်းပေးသည်။
တလလောက်ကြာသွားသည်။ အကြောင်းမထူး..။ သို့ ပင်ဖြစ်လင့်ကစား စာသင်တိုက်သို့ 
ပြန်လိုသော ဆန္ဒပြည့်လျှမ်းနေလေသည်။ ဘုန်းကြီး၏ရွှေရောင်လွှမ်းသော နေ့ ရက်များမှာ ကုန်လွန်သွားခဲ့လေပြီ။ ဘုန်းကြီးသည် ယခုအခါ အလွယ်ကူဆုံးအရာများကိုပင် ကြိုးစားပမ်းစား လေ့လာနေရပါ၏။
ပြန်လိုသော ဆန္ဒပြည့်လျှမ်းနေလေသည်။ ဘုန်းကြီး၏ရွှေရောင်လွှမ်းသော နေ့ ရက်များမှာ ကုန်လွန်သွားခဲ့လေပြီ။ ဘုန်းကြီးသည် ယခုအခါ အလွယ်ကူဆုံးအရာများကိုပင် ကြိုးစားပမ်းစား လေ့လာနေရပါ၏။
ဓာတ်ပုံရိုက်သလိုပုံရိပ်ထင်မှတ်ဉာဏ်ပျောက်ဆုံးရုံမက
တဝါကျချင်း၊ စကားလုံးတလုံးချင်း၊ ယုတ်စွအဆုံး
စာလုံးတလုံးချင်းကို ဖတ်နိုင်အောင်ပါ
ကြိုးစားနေရသည်။ ညအချိန်များတွင် ကျောင်းစာများကို ဖတ်ရှုနေခိုက် ဦးခေါင်းအရေပြားပေါ်
ပိုးကောင်လေးများ တရွရွပြေးနေသလို ခံစားရ၏။
ဘုန်းကြီး
စိတ်အညစ်ကြီး ညစ်လာ၏။ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် စပေါ်လာ၏။
ဤပုံစံမျိုးဖြင့်
ဘုန်းကြီး အသက်ရှင်နေလိုစိတ် လုံးဝမရှိတော့ပြီ။ ရေနံဆီမီးခွက်ကျပ်ခိုးကို စားလျှင်
အဆိပ်ဖြစ်သည်ဟု ဘုန်းကြီးကြားဖူး ထားရာ ကျပ်ခိုးများ စုဆောင်းပြီး ဗူးတလုံးထဲမှာ
သိုဝှက်ထားသည်။ဘုန်းကြီး၏ အကြံအစည်ကို သူငယ်ချင်းများ ကံကောင်းထောက်မစွာ ရိပ်မိသွားပြီး
ကျပ်ခိုးဗူးကို လွှင့်ပစ်လိုက်ကြ၏။
လူအချို့ က
သတင်းစာမှာကြော်ငြာပါသော အာယုဗ္ဗေဒဆေးဆရာတဦးထံသို့ သွားပြရန် အကြံပေးကြသည်။
ဘုန်းကြီးသည် ဆေးဆရာထံသို့ သွားကာ ဘုန်းကြီး၏ပြဿနာကို ပြောပြသည်။ သို့ သော်
ဆေးဖိုးဝါးခလည်း မတတ်နိုင်ကြောင်းလည်း ပြောသည်။ ဆေးဆရာသည်
စိတ်ကောင်းနှလုံးကောင်းရှိသူဖြစ်သည်။ အဖိုးတန်ဆေး
ဝါး ဘုန်းကြီးအား
နေ့ စဉ်အခမဲ့ ပေးပါသည်။ သူ့ ညွှန်ကြားချက်အတိုင်း ဆေးဆီကို နဖူးမှာ နေ
့စဉ်လိမ်းပေးရ၏။
နှာခေါင်းမှလည်း ရှုသွင်းရ၏။ ဆေးစက်များကိုပင် သောက်လိုက်သေး၏။ ဆေးတန်ခိုးကြောင့်
နှာခေါင်းနှင့်
ဆက်သွယ်နေသော ဦးခေါင်းအတွင်းပိုင်း ရှင်းလင်းသွားသည်။
မှတ်ဉာဏ်နည်းနည်း ပြန်ရလာသည်။
ပြန်ကောင်းရေးကားအလှမ်းဝေးဆဲဖြစ်ပါ၏။
တဖန် ဆရာတော်က
ဘုန်းကြီး၏ဝေဒနာသည် မကောင်းဆိုးဝါးတို့ လက်ချက်ကြောင့်ဖြစ်သည်၊ မင်းအတွက် ငါတို့ 
ညလုံးပေါက် ပရိတ်ရွတ်ပေးမည် ဟု အကြံပြုပြန်၏။ ဤအကြံသည်
အထင်နှင့်အမြင်တခြားစီဖြစ်သည်ဟု ဘုန်းကြီးမထင်မိပါချေ။ ကြမ်းပြင်ပေါ်
ဘုန်းကြီးလဲအိပ်နေခိုက် ရဟန်းတော်ရှစ်ပါးက ပါဠိပရိတ်တော်များ
ညလုံးပေါက်ရွတ်ဆိုကြလေ၏။
နောက်တနေ့ နံနက်ရောက်သောအခါ အကြောင်းမထူးဖြစ်ပြန်လေ၏။
ဘုန်းကြီး၏မိဘများက
မကောင်းဆိုးဝါးသည် ဘုန်းကြီးကိုယ်မှာ ပူးကပ်ဝင်နေသည်ဟု ယူဆကာ ပယောဂဆရာ
တဦး ပင့်ကြလေ၏။ မိဘများအိမ်တွင်
ဘုန်းကြီးနှင့် ထိုဆရာတို့ တွေ့ ကြ၏။ ဆရာက ဖခင်ကြီးအား သံပုရာသီး
ခုနစ်လုံး
အရှာခိုင်းသည်။ ဘုန်းကြီးကို သူက ကုလားထိုင်ပေါ် ထိုင်စေသည်။ ဘုန်းကြီး၏ဦးခေါင်းပေါ်တွင်
သံပုရာ
သီး နှင့်
ကတ်ကျေးတင်ထားပြီး မန္တာန်ရွတ်သည်။ ပြီးနောက် သံပုရာသီးကို ကတ်ကျေးဖြင့်
ဖြတ်လှီးလိုက်သည်။
ကျလာသော သံပုရာရည်ဖြင့် ဦးခေါင်းပေါ် တစက်စက်ချပေးသည်။ သံပုရာသီးခုနစ်လုံးကုန်အောင်
ထိုနည်းအတူ
ပြုလုပ်လေ၏။ နောက်ဆုံးတွင် ဘုန်းကြီး၏လည်ပင်းမှာ
ချည်မန်းချည်ပေးလိုက်၏။ ဘုန်းကြီး၏မိဘများက
ဤအပြုအမူကို လှည့်စားသည်ဟု ထင်ကြ၏။ ထို
့ကြောင့် ပိုတန်ခိုးကြီးသည်ဟုယူဆရသော အခြားပယောဂ
ဆရာတယောက် ထပ်ပင့်ကြပြန်၏။
ဒုတိယမြောက်
ပယောဂဆရာသည် နောက်တော်ပါခြောက်ယောက်နှင့်အတူ အိမ်သို့ ကြွလာ၏။ သူလိုအပ်သော
ပစ္စည်းများပြစာရင်းရှည်ကြီးထုတ်ပေးက
ပစ္စည်းစုဆောင်းရန် ဖခင်ကြီးအား ပြောဆို၏။ ဆရာလိုသော ပစ္စည်းများ
မှာ အုန်းသီး၊
အုန်းဆီ၊ ကွမ်းသီး၊ ခေါင်ရမ်းပန်းများ၊ မီးတုတ်များ ဖြစ်၏။ ထိုအချိန် ဆရာက
ဘုန်းကြီးနှင့်ပုံစံတူ ရွံ့ 
ရုပ်တုတခု
ပြုလုပ်နေ၏။ နီညိုရောင်နှင်းလူရုပ်တုကဲ့သို့ သော ထိုအရုပ်သည် လုံးဝိုင်းဝိုင်းနှင့်
ပုံပေါ်လာ၏။ ရုပ်တုပြီးစီးလေသောအခါ ထိုအရုပ်ကို လုံချည်ဝတ်ပေးသည်။
ခေါင်းပေါင်းပေါင်းပေးသည်။ ဆရာနှင့်အဖွဲ့ က ဘုန်းကြီးကို နွားတင်းကုပ်သို
့ခေါ်သွားပြီး သူတို့ လုပ်ထားသော အရုပ်၏ရှေ့ ဖျာပေါ်မှာ ထိုင်စေသည်။
ဘုန်းကြီး၏မိသားစုဝင်များလည်း အနီးရှိ ဖျာပေါ်တွင် ထိုင်နေကြ၏။
ကွမ်းယာဝါးပြီးနောက်
ဆရာသည် ထူးဆန်းသောဘာသာစကားဖြင့် မန္တာန်များ ရွတ်ဆိုလေသည်။
ဆင်ဟာလီ၊ သက္ကတ၊
အင်္ဂလိပ်ဘာသာ တခုမျှမဟုတ်။ ဘုန်းကြီးသည် ထိုဘာသာစကားမျိုးကို မကြားဖူးပေ။
အသံမှာ
ဗလုံးဗထွေး ဖြစ်နေ၏။
ဆရာ မန
္တာန်ရွတ်နေစဉ် နောက်တော်ပါတို့ က မီးတုတ်များကိုကိုင်ထားပြီး
အလင်းရောင်တောက်ပအောင် မီးတုတ်အပေါ်သို့ နံသာမှုန့် များ ဖြူးပေးကြသည်။ မီးတုတ်များ
ရှဲကနဲဖြစ်ကာ အလင်းရောင်ပေါ်လာတိုင်း ဘုန်းကြီးဘေးတွင်ထိုင်နေသူ
နောက်တော်ပါနှစ်ယောက်က ဆင်ဟာလီဘာသာဖြင့် “အသက်ရှည်ပါစေ“ ဟု
အော်ဟစ်သည်။
မန
္တာန်ရွတ်ဆိုသည်မှာ ညလုံးပေါက်ဖြစ်၏။ ရှို့ စရာမီးတုတ်များလည်း ကုန်သွားပြီ။
အရုဏ်တက်ချိန်တွင် ဆရာက အရုပ်၏ဦးခေါင်း
ထုတ်ချင်းပေါက်အောင် ဆူးချွန်များ ထိုးသွင်းလိုက်သည်။ ဘုန်းကြီးသည်
ရောဂါဝေဒနာများမှ
ထင်ရှားစွာ လွတ်ကင်းလေပြီဟု အဓိပ္ပါယ်ဆောင်သည်။ ယင်းနောက်
ပထမပယောဂဆရာလုပ်သလို ဘုန်းကြီး၏
လည်ပင်းကို ချည်မန်းကွင်း စွပ်ပေးသည်။
မည်သို့ မျှ
မထူးခြားပြန်ပါချေ….။
ဘုန်းကြီး၏မိဘများ
ရှေ့ ဆက်ဘာလုပ်ရမှန်းမသိဖြစ်သွားကြ၏။ သို့ သော် ဆရာတော်ကမူ နည်းလမ်းတခုထပ်
ပေးပြန်သည်။ဆရာတော်ကဘုန်းကြီးကိုလက်ဖွဲ့ တခုပေးသည်။လက်ဖွဲ့ မှာ ကြေးပြားကိုအရှည်နှစ်လက်မလောက်
ဘောလ်ပင်အရွယ်ပိုက်လုံးကလေးသာသာ
ဖြစ်အောင် လိပ်ထားသည်။ လက်ဖွဲ့ ကို သီဟိုဠ်ကျွန်းသားတို့ 
ရိုးရာအရ ရတနာလက်ဖွဲ
့ဟု ခေါ်သည်။ ရတနသုတ်တော်လာ စာပိုဒ်များကိုလက်ဖွဲ့ ပေါ်မှာ စီရင်ရေးထိုးထား
သောကြောင့်
ဖြစ်၏။ ဆင်ဟာလီလူမျိုးတို့ က ရတနာလက်ဖွဲ့ ကို လည်ပင်းမှာဖြစ်စေ၊ ခါးမှာဖြစ်စေ
ဆောင်ထား
လျှင်
မကောင်းဆိုးဝါးများကို ဖယ်ရှားနိုင်သည်ဟု ယုံကြည်ကြသည်။ ဆရာတော်က
ဘုန်းကြီးလည်ပင်းမှာ ရတနာလက်ဖွဲ့ ဖွဲ့ ချည်ပေးထားသည်။
မိဘများ၊
ဆရာတော်၊ ကုသပေးကြသော ဆရာများသည် ဘုန်းကြီးအပေါ် အလွန်ကျေးဇူးများကြပါသည်။ သူတို့ 
ကြိုးစားထားသမျှ
ကံဆိုးလွန်းစွာ အရာမရောက်၊ အလုပ်မဖြစ် အချည်းနှီးဖြစ်ခဲ့သည်။ ဘုန်းကြီး၏ပုံရိပ်ထင်မှတ်
ဉာဏ်ကား
ထာဝရပျောက်ကွယ်သွားလေပြီ။
မျှော်လင့်ချက်လုံးဝမဲ့နေသည့်အခြေအနေတွင်
ထူးဆန်းသော အတွေးတမျိုး ဘုန်းကြီးမှာ ပေါ်လာလေ၏။ ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းက
အထောက်အကူဖြစ်ကောင်းဖြစ်မည်ဟူသော အတွေးဖြစ်ပါ၏။ ဘုန်းကြီး၏ သူငယ်ချင်းများအား
အဆိုပါအတွေးကို ပြောပြသောအခါ သူတို့ က ခွက်ထိုးခွက်လှန်ရယ်ပွဲဖွဲ့ ကြလေ၏။
ထိုခေတ်ထိုအခါက ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းသည် ရဟန်းတော်များအတွက်ပင်လျှင်
ပြုလုပ်ရန်ခက်ခဲ
သောအလုပ်တခုအဖြစ်
မှတ်ယူခဲ့ကြ၏။
သူငယ်ချင်းရဟန်းတပါးက
ပြောသည်။
“မင်းရူးနေလား၊
တရားအားထုတ်တယ်ဆိုတာ ဘာမှမလုပ်နိုင်တော့တဲ့ လူအိုကြီးတွေအတွက်ပဲကွ၊ တရားအားထုတ်ဖို
့မင်းငယ်လွန်းသေးသကွ၊ အရူးမထစမ်းပါနဲ့ ကိုယ့်လူရာ”
ယုံချင်လည်းယုံ ၊
မယုံချင်လည်းနေကြပေရော့….။
ကမ္မဋ္ဌာန်းအားထုတ်နည်းကို
အာဂုံကျက်ထားပြီး သတိပဋ္ဌာန် ၄ ပါးကို စာအုပ်လွတ်သိသော်ငြား ဘုန်းကြီးသည် လုံးဝ
တရားအားထုတ်ဖူးခြင်းမရှိချေ။ ထိုအချိန်က အနည်းငယ်မျှသော ရဟန်းတော်များ
ကမ္မဋ္ဌာန်းအားထုတ်ကြ
သည်။ သူတို
့သည်လည်း တရားဟောခြင်း၊ ပရိတ်ရွတ်ခြင်း၊ အခမ်းအနားများတွင် ဆုတောင်းမေတ္တာပွားခြင်းဖြင့်
အလုပ်အလွန်များကြသည်။ အမှန်စင်စစ် ကမ္မဋ္ဌာန်းအားထုတ်သည်ကို အပြောအဟောများသလောက်လက်တွေ
့
အားထုတ်သည်ကား နည်းပါးလှချေ၏။ တရားအလွန်အားထုတ်လျှင် စိတ်မမှန်ဖြစ်တတ်သည် (သို့ မဟုတ်)
ရူးသွပ်တတ်သည်ဟုလည်း
အချို့ က မှတ်ယူနေကြ၏။
မှန်ပေ၏။
ဘုန်းကြီးတွေးမိသည်။ ဘုန်းကြီးသည် စိတ်မမှန်ဖြစ်ပြီးသားလူတယောက်အနေဖြင့်
ဘာများထပ်ရှုံးစရာ ရှိတော့သနည်း…။
ဘုန်းကြီးသည်
ကမ္မဋ္ဌာန်းအားထုတ်ခြင်းကို တိတ်တဆိတ်ပြုလုပ်ခဲ့သည်။ တခါတရံ ညနက်ပိုင်း၊ တခါတရံ
နံနက်စောစောပိုင်းတွင် အားထုတ်သည်။
တယောက်တည်းနေဖို့ အချိန်နည်းနည်းရသည့်အခါတိုင်း ဘုန်းကြီးကို မည်သူမျှသတိမပြုမိသော နေရာဟုယူဆရသော
ဘုရားဆောင်ထောင့် ခပ်မှောင်မှောင် တနေရာရာတွင်ထိုင်ကာ တရားအားထုတ်သည်။ ရောဂါအပေါ် အောင်မြင်အောင် စိတ်ပိုင်းဆိုင်ရာအလေ့အကျင့်သစ်တရပ်ကို တစိမ့်စိမ့်သွင်းပေးမှန်း ဘုန်းကြီးသိပါသည်။တရားအားထုတ်ချိန်ကိုလည်း
တယောက်တည်းနေဖို့ အချိန်နည်းနည်းရသည့်အခါတိုင်း ဘုန်းကြီးကို မည်သူမျှသတိမပြုမိသော နေရာဟုယူဆရသော
ဘုရားဆောင်ထောင့် ခပ်မှောင်မှောင် တနေရာရာတွင်ထိုင်ကာ တရားအားထုတ်သည်။ ရောဂါအပေါ် အောင်မြင်အောင် စိတ်ပိုင်းဆိုင်ရာအလေ့အကျင့်သစ်တရပ်ကို တစိမ့်စိမ့်သွင်းပေးမှန်း ဘုန်းကြီးသိပါသည်။တရားအားထုတ်ချိန်ကိုလည်း
နေ့ စဉ် ရအောင်ယူသည်။ အလေ့အကျင့်နည်းပါးသောကြောင့်
အားနည်းသော ကြွက်သားများကို အကွေးအဆန့် 
လုပ်ကြည့်သလို တရားအားထုတ်ခြင်းသည်
စိတ်လေ့ကျင့်ခန်းလုပ်ခြင်းနှင့်တူသည်။
ပထမဦးဆုံးအနေဖြင့်
မိတ်ဆွေများ၏အမည်များ၊ ရောက်ဖူးသော ဘုန်းကြီးကျောင်းအမည်များ၊ ဖတ်ဖူးသော
စာအုပ်အမည်များလို သာမန်အရာများကို ပြန်တွေးခြင်းဖြင့် စိတ်ကိုငြိမ်သက်အောင်
ကြိုးစားကြည့်၏။ ထိုအရာ
သည်ပင်
မလွယ်ကူချေ။ မှတ်ဉာဏ်အတွင်းပိုင်းတွင် ကွက်လပ်ကြီးတခုဖြစ်နေသည်။ သို့ သော်လည်း
ဘုန်းကြီး လန့် မသွားအောင် ကြိုးစားခဲ့ပါ၏။
ယင်းနောက်
သတိပဋ္ဌာန် ၄ ပါးကျင့်နည်းပြတရားစာကိုနှလုံးသွင်းပြီး အာနပါန၊ ကာယ၊ ဝေဒနာ၊
အတွေးများကို
စောင့်ကြည့်ရေး စတင်သည်။ သတိဦးစီးသော ရှုမှတ်နေမှုသည် အတွင်းပိုင်း၌
ငြိမ်းချမ်းသောခံစားမှုဆီသို့ 
ဖြည်းဖြည်းချင်း ဦးတည်ပေးသည်။
တခါတလေ ဝမ်းမြောက်ပီတိအစိုင်အခဲများ အလိုအလျာက်ပင် ပေါ်လာ
လေ၏။ တိုတောင်းသော
ထိုအခိုက်အတန့် လေးများက ကမ္မဋ္ဌာန်းအားထုတ်ရသည်ကို ရွင်လန်းအားတက်စေ
သည်။ ရှေ့ သို
့ဆက်လက်ချီတက်ရန်လည်း အားပေးအားမြှောက်ပြုလေသည်။
နောက်ဆုံးတွင်
ဘုန်းကြီးလေ့လာသင်ကြားခဲ့ဖူးသောအရာများ ဘုန်းကြီးထံသို့  ပြန်ရောက်လာကြ၏။
အက္ခရာ
နှင့် ဂဏန်းများကို စတင်မှတ်မိလာ၏။ စိတ်နေသဘောသည်လည်း မမျှော်လင့်ဘဲ တိုးတက်လာ၏။
နောက် လအတန်ကြာတွင် စာဖတ်နိုင်လာ၏။ ဖတ်ပြီးသမျှကိုလည်း မှတ်မိလာ၏။
ဘုန်းကြီးဝမ်းသာလိုက်သည့်ဖြစ်ခြင်း..။
အမှန်ပျောက်ကင်းစေသော
ဆေးကုသချက်ကို ရှာတွေ့ သောကြောင့် စိတ်ဖိစီးမှုများလည်း လျော့နည်းသွားလေ၏။
ဂါထာမန္တာန်များ၊
ဆေးလိမ်းဆီများ၊ အဆောင်လက်ဖွဲ့ များ ကုသခြင်းငှါမစွမ်းနိုင် လက်မှိုင်ချထားရသော
အရာကို ကမ္မဋ္ဌာန်းအားထုတ်ခြင်းက ကုသနိုင်ခဲ့ပေပြီ။
ကမ္မဋ္ဌာန်းတရားတော်သည်
ဘုန်းကြီးစိတ်ကို ငြိမ်းချမ်းစေခဲ့ပေပြီတကား။
အမရဒီပ
ဖေဖော်ဝါရီ ၄၊ ၂ဝ၁၄
No comments:
Post a Comment