မလိုအပ်သော်လည်း ရဟန်းလောင်းများ
ရှင်သာမဏေ ပြန်ပြုကြရသည်။ ရဟန်းမပြုခင်နာရီပိုင်းအလိုမှာပင်
ဝါဝါလွင်လွင်သင်္ကန်းအသစ်ကို ဝတ်ဆင်ကြရသည်။ ဤလုပ်ဆောင်ချက်က သင်္ကန်းဝါဝါကိုဝတ်ဆင်ပြီး
သာကီနွယ်ဝင်မင်းသားဘဝကို စွန့် လွှတ်ကာ တော်ပျော်ယောဂီဘဝကို ခံယူလိုက်သည့်
သိဒ္ဓတ္ထမင်းသား၏
တောထွက်ခြင်းကို ပြန်လည်အမှတ်ရစေသည်။ ယင်းဆောင်ရွက်ချက်မှာ
ရှင်သာမဏေဘဝတွင် သိက္ခာပုဒ်တခုခု
ကို
ချိုးဖောက်ကျူးလွန်ခဲ့မိလျှင်ဖြစ်စေ ၊
ထိုအပြစ်များအား သူ့ ဆရာသမားများထံ ဝန်ခံရန်ပျက်ကွက်ခဲ့လျှင်ဖြစ်
စေ ၊ သင်ပုန်းချေခြင်းကို
ရဟန်းလောင်းများအနေဖြင့် လိုလိုမယ်မယ် ပြုလုပ်ခြင်းဖြစ်သည်။
ညနေ ၆ နာရီအချိန်
အခမ်းအနားစသည်။
သိမ်တော်ကြီးကို
ရဟန်းတော်အတွက်တဝက်၊ လူပရိသတ်အတွက် တဝက်စီခြားကာ ကြိုးတန်းထားလိုက်သည်။
လူများဖက်တွင်
ဧည့်သည်များ၏အသံ ကျွတ်ကျွတ်ညံနေသည်။
ကလေးကြီးများကအချင်းချင်းဆော့ကစားနေကြ၏။
ကလေးပေါက်စများက တဗြဲဗြဲအော်ငိုကြ၏။ လူကြီးများက စကားတွတ်ထိုးပြောလိုက်၊
ရယ်မောလိုက်လုပ်နေကြ၏။
အစည်းအဝေးခန်းမကြီး၏အစွန်းတဖက်ခပ်ဝေးဝေးတွင်
ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူရှိသည်။ ဗုဒ္ဓရုပ်ပွားတော်သည် ပူဇော်ထားသောအလင်းတိုင်များ၊
မြေသားဆီမီးခွက်ငယ်များ၊ အခိုးတလူလူအမွှေးတိုင်များ၊ ပန်းမျိုးစုံပန်းအိုးများ၊
သစ်သီးအချိုရည်ခွက်ငယ်များ၊လက်ဖက်ရည်ခွက်ငယ်များ၊
သောက်တော်ရေခွက်ငယ်များဝိုင်းရံထားသော ဆေးသားများ
ကွာကျနေသည့်
သစ်သားပလ္လင်အနက်ရောင်ပေါ်တွင် သီတင်းသုံးစမ္ပယ်တော်မူ၏။ လင်ဗန်းကြီးတချပ်ထဲ၌
ရိုးရာဓလေ့ကွမ်းယာသုံးပစ္စည်းများ
တင်ထားသည်။ တည်ငြိမ်အေးချမ်းသော ဗုဒ္ဓဘုရားရှင်၏မျက်နှာတော်သို
့
ပလ္လင်တော်ဘေးတဖက်တချက်ရှိ
ကြေးဝါဆီမီးခွက်ကြီးအစုံ၏ မီးရောင်တဖျတ်ဖျတ်က ဖြာဆင်းထိုးကျနေ၏။
ဂိုဏ်းချုပ်ဆရာတော်သည်
လက်ထောက်ဆရာတော်နှစ်ပါးခြံရံကာဗုဒ္ဓရုပ်ပွားတော်မြတ်၏ညာဘက်တွင် နေရာယူ
သည်။
ကာရကသံဃာတော်များအဖွဲ့ က ကြမ်းပြင်ပေါ်တွင် တန်းစီကာ
မျက်နှာချင်းဆိုင်ထိုင်လိုက်ကြ၏။
ရဟန်းလောင်းများအား
အသက်ကြီးငယ်အလိုက်စဉ်ကာ ကြမ်းပြင်ပေါ် ထိုင်ခိုင်းသည်။ အသက် ၂ဝ ပြည့်ရန် ၆
လလိုသေးသည့်ဘုန်းကြီးမှာ အငယ်ဆုံးရဟန်းလောင်းဖြစ်၏။ ရဟန်းလောင်းသည် ရဟန်းပြုရန်
အသက် ၂ဝ ပြည့်ရ၏။ သို့သော် ဘုန်းကြီးမှာ
အခြားလိုအပ်ချက်များပြည့်စုံပြီးဖြစ်သောကြောင့် ၆ လ စောကာ ရဟန်းခံခွင့် ရခဲ့သည်။
ပထမဦးဆုံးအစီအစဉ်မှာ
နုတ်မေး၊နုတ်ဖြေအစီအစဉ်ဖြစ်၏။
ဝါရင့်ရဟန်းတော်တပါးက
ရဟန်းလောင်းသာမဏေတပါးချင်းစီအား ပါဠိဂါထာများရွတ်ဆိုစေခြင်း၊ မေးခွန်းများကို
ဖြေဆိုစေခြင်း အစီအစဉ်ဖြစ်သည်။ ထိုညနေက စာမေးစာစစ်ရဟန်းတော်မှာ
အလွန်တိကျတင်းကျပ်သူဟု နာမည်ကြီးသူဒုတိယဂိုဏ်းချုပ်ဆရာတော်ဖြစ်၏။
သူ၏မေးနည်းမေးဟန်မှာ ဗုဒ္ဓစာပေကျမ်းဂန်များမှ ဂါထာတပုဒ်
၏ပထမပါဒကို သူက
စ-ကြောင်းပေးပြီး ရဟန်းလောင်းက ကျန်ပါဒများကို ဂါထာပြီးဆုံးသည်အထိ ရွတ်ဆိုရ၏။
အခြားသာမဏေအများစုလိုလိုမှာ
လိုအပ်သောဂါထာများကို အတိုင်းအတာတခုအထိ နုတ်တက်အာဂုံဆောင်
ထားကြပြီးဖြစ်သည်။
ပုံရိပ်ထင်မှတ်ဉာဏ်ပိုင်ရှင် နှင့် ထူးချွန်ဖို့ စိတ်အားထက်သန်သူဘုန်းကြီးသည်ကား
ဆတက်ထမ်းပိုးအာဂုံဆောင်ထားပြီး ဖြစ်သည်။ ဤမျှဖြစ်သော်လည်း လူစုလူဝေးရှေ
့ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေသည်။
ရှင်သာမဏေ ၂၅
ပါးကိုမေးစစ်အပြီးနောက်ဆုံးတွင် ဘုန်းကြီးအလှည့်ရောက်လာ၏။
စာစစ်ဆရာတော်သည်
တနာရီခွဲခန့် အလုပ်လုပ်ပြီး၍ မောပန်းနွမ်းနယ်နေပုံရ၏။ ဆရာတော်က ဓမ္မပဒကျမ်းလာ
ဂါထာတပုဒ်အား ဘုန်းကြီးကို ရွတ်ဆိုစေ၏။ အသက်ကိုပြင်းပြင်းရှု၊
မျက်လုံးကိုစုံမှိတ်ကာ ဂါထာရှစ်ပုဒ်ပြီးဆုံး
သည်အထိ
မနားတမ်းရွတ်ဆိုလိုက်သည်။
"တော်ပြီဟေ့…။
စာကောင်းကောင်းလုပ်ထားသားပဲ.. "
စာစစ်ဆရာတော်က
အမိန့် ရှိသည်။
နောက်အစီအစဉ်မှာ
ရဟန်းခံပွဲအတွက် ရှင်သာမဏေများအားတပါးချင်းစီ ရဟန်းလောင်းအဖြစ်လက်ခံခြင်းဖြစ်
၏။
ရှေးရဟန်းလောင်းများနည်းတူ ကာရကအဖွဲ့ ဝင်ရဟန်းတော်တပါး၏အရှေ့ သို
့သွားရောက်မတ်တပ်ရပ်ရ၏။
ထိုရဟန်းတော်က
ဘုန်းကြီး၏အမည်၊ လိင်၊ မိဘအမည်၊ ဆရာဘွဲ့ အမည်၊ ကူးစက်ရောဂါရှိ-မရှိ၊
စစ်သားဖြစ်ဖူး-မဖြစ်ဖူး၊ လွတ်လပ်သူဟုတ်-မဟုတ်၊ လူသားစစ်စစ်လား၊ နတ် -တိရ စ္ဆာန်လားဟူသော
မေးခွန်းများကို စနစ်တကျမေးသည်။
ဤမေးခွန်းများသည်
ခေါက်ရိုးကျိုးပုံစံကျများဖြစ်သော်လည်း ဘုန်းကြီးသည် သင်္ကန်းရိပ်ခိုကာ တရားဥပဒေဘောင်မှ
လွတ်မြောက်ရန်ကြိုးစားနေသော
ရာဇဝတ်မှုကျူးလွန်သူမဟုတ်ကြောင်းအတည်ပြုရန် ရည်ရွယ်ပေသည်။
ကူးစက်တတ်သောရောဂါ
ဘုန်းကြီးမှာ ရှိ- မရှိဟူသောမေးခွန်းကို သေချာအောင်မေးရခြင်းမှာ ယင်းရောဂါရှိခဲ့
လျှင်
အတူသီတင်းသုံးဖော်များကို ပျံ့ နှံ့ ကူးစက်နိုင်သောကြောင့် ဖြစ်သည်။ တမူထူးခြားသော
အခြားမေးခွန်းများ မှာ ဗုဒ္ဓမြတ်စွာသက်ရှိထင်ရှားရှိစဉ်ကဖြစ်ရပ်ကို ပြန်ညွှန်းသော
မေးရိုးမေးစဉ်များ ဖြစ်လေသည်။
မေးခွန်းအားလုံးကို
ဖြေဆိုပြီးနောက် ကာရကအဖွဲ့ ဝင်ရဟန်းတော် (အနုသာသန) က ဂိုဏ်းချုပ်ဆရာတော်ကြီး
အား ဘုန်းကြီးသည်
ရဟန်းခံပေးထိုက်သူ ရဟန်းလောင်းဖြစ်ကြောင်း လျှောက်ထားတင်ပြသည်။ ဘုန်းကြီးက
ဂိုဏ်းချုပ်ဆရာတော်ကြီးရှေ့ တွင် ဒူးထောက်ပြီး သုံးကြိမ်သုံးခါ
ရှိခိုးဦးတိုက်လိုက်သည်။ ပြီးနောက် မေးခွန်းများကို အစီအစဉ်တကျ ပြန်ဖြေရသည်။
ဤတကြိမ်တွင် ဆရာတော်ကြီးက နားထောင်သူဖြစ်၏။
ယင်းနောက်
ရဟန်းလောင်းများနှင့် အတူတူထိုင်ခိုင်းသည်။ ရဟန်းတော်နှစ်ပါးက ဘုန်းကြီးတို
့ရဟန်းလောင်းများ
အား ၂၂၇ သွယ်သိက္ခာပုဒ်များအနက် (၁) မေထုန်မကျူးလွန်ရ
(၂) မခိုးရ (၃) မသတ်ရ (၄) ဈာန်၊မဂ်ဖိုလ်အသိ
ဉာဏ်ထူးသို
့ဆိုက်ရောက်ကြောင်း မကြွား-မညာရ ဟူသည့် ပဓာနကျသော သိက္ခာပုဒ် ၄ မျိုးကို အလေးအနက်
ထားကာ ရဟန်းခံပြီးနောက်
အရေးကြီးသိမှတ်ဖွယ်ရာများကို သင်ပြကြသည်။ လူဝတ်ကြောင်တို့ ပေးလှူသော ဆွမ်း သင်္ကန်း
ကျောင်း ဆေး ပစ္စည်း ၄ ပါးအပေါ် တပ်မက်တွယ်ငြိခြင်းမပြုမိအောင်လည်း သတိပေးသည်။ ဤ
သင်ပြ
လမ်းညွှန်ချက်အားလုံးမှာ ဗုဒ္ဓ၏မူလစကားတော်အပေါ် အခြေခံထားသည်။
နောက်ဆုံးတွင်
သပိတ်အိတ် ကိုယ်စီလွယ်သိုင်းထားသော ဘုန်းကြီးတို့ သည် ဂိုဏ်းချုပ်ဆရာတော်ကြီးမှအစပြု၍
ဥပသမ္ပဒကံဆောင်အဖွဲ့ ဝင်ဆရာတော်များအား တပါးချင်းစီ ကန်တော့ကြသည်။ ထို့ နောက်
တန်းစီ ထိုင်ကြရ
သည်။
လူဝတ်ကြောင်များက ဘုန်းကြီးတို့ ၏ သပိတ်ထဲသို့ လှူဖွယ်ပစ္စည်းများ လောင်းထည့်ကြသည်။
ဤအပြုအမူသည် အခမ်းအနား၏ဝမ်းမြောက်ဖွယ်အစိတ်အပိုင်းတခု ဖြစ်ပြီး လူဝတ်ကြောင် နှင့်
ရဟန်းသံဃာအ
ကြားက
အချင်းချင်းအမှီသဟဲပြုမှုကို လေးနက်စေသည်။ သူတို့ ဦးချနေစဉ်၊ လှူဖွယ်လှူဒါန်းစဉ်
ဘုန်းကြီးတို့ ရှေ့ 
မှာပင် မျက်ရည်တလည်လည်
ဖြစ်ကြလေ၏။
ဤဆွမ်းဆန်အလှူတော်ပွဲမှာ
ဗုဒ္ဓသာသနာတော်၏ အလှပဆုံးအရာများစွာထဲက တခုဖြစ်သည်။ ရဟန်းများသည်
ယုံလွယ်သူလူပြိန်းများက ထောက်ပံ့သမှုပြုထားသော ဖုန်းတောင်းယာစကာများဖြစ်သည်ဟု
မှတ်ချက်ပြုကြသော
သာသနာပြင်ပသားတို့ ကမူ ဤအလှူပွဲအပေါ် အထင်အမြင်လွဲတတ်ကြသည်။ အမှန်စင်စစ်အားဖြင့်
ဤပွဲသည် ယင်းတို့ အမြင်နှင့် ဖြောင့်ဖြောင့်ဆန့် ကျင်သည်။ အလှူပေးသူဒါနရှင်သည်
အလှူခံပုဂ္ဂိုလ်ထက် မပိုသည်ရှိစေ၊ မနည်းသောအကျိုးကို ရနိုင်သည်။ အကြောင်းမှာ
အလှူရှင်သည် လှူဒါန်းပေးကမ်းမှုဒါနကို ပြုလုပ်နေသောကြောင့်ပင် ဖြစ်၏။
ပေးကမ်းစွန်
့လွှတ်သူမည်သူမဆို ဒါနအမှုကို ပြုသည်မည်၏။ လိုချင်မှု နှင့် တပ်မက်တွယ်တာမှုကို
ပယ်ရှားရေး
အတွက် ဒါနသည်
နည်းဥပဒေသကောင်းတရပ်ဖြစ်ကြောင်း မြတ်ဗုဒ္ဓသိမြင်ခဲ့သည်။ မည်သည့်နေရာ၊
မည်သည့်အချိန်မဆို ဒါနအမှု ပြုကြဖို့ ဗုဒ္ဓသာသနာဝင်များအား တိုက်တွန်းအားပေးချက်များ
သူ၏ဒေသနာတော်များစွာမှာ
လာရှိသည်။
“ရေပြည့်အိုးကို အကြွင်းအကျန်မရှိ
မှောက်သွန်ပစ်ဘိသကဲ့သို့ အလှူခံပုဂ္ဂိုလ် အယုတ်-အလတ်-အမြတ် တို့ ၌ ပေးလှူပါလေ“
အခြားဒေသနာတော်များတွင်
ကုသိုလ်ဖြစ်ရေးအတွက် ဒါန၊ သီလ၊ ဘာဝနာ ဟူသောနည်းလမ်း ၃ ရပ်ရှိကြောင်း ဗုဒ္ဓက
သင်ပြလမ်းညွှန်ခဲ့သည်။
အလှူဒါနပြုခြင်းမှာ
လူဝတ်ကြောင်နှင့် ရဟန်းတို့ အကြား အလွန်ကျေးဇူးများသော
အပြန်အလှန်သဘော
တူညီမှုဖြစ်သည်။
လူဝတ်ကြောင်တို့ က သာသနာဝန်ထမ်းရဟန်းတို့ ပစ္စည်း ၄ ပါးလိုအပ်မှုအတွက်
စိုးရိမ်သောကမရှိရလေအောင် အပ်စပ်သော ပစ္စည်းကို ပေးလှူကြသည်။ အတုံ့ ပြန်သောအားဖြင့်
ရဟန်းတို့ က
လည်း တရားဓမ္မ ခေါ်
ဓမ္မလက်ဆောင်ကို လူဝတ်ကြောင်တို့ အား ပြန်လည်သင်ပြကြသည်။
ရဟန်းခံပွဲအချိန်အတွင်း
လှူဖွယ်ပစ္စည်းများသည် ဘုန်းကြီးရှေ့ ကြမ်းပြင်ပေါ်မှာ ဖြည်းဖြည်းချင်း စုပုံလာသည်။
ဘုန်းကြီးသည် ထိုပစ္စည်းပုံဘေးမှာထိုင်နေရင်း မိခင်ကြီးကို သတိရမိနေ၏။
ဒီ ရဟန်းခံပွဲကို
မိခင်ကြီးကိုယ်တိုင်တက်ရောက်နိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ..ဟု တောင့်တမိ၏။
ဤပွဲမှာ
မိခင်ကြီးရှိနေခြင်းက သူ့ အတွက်ဘယ်လောက်အရေးပါသည်ကို ဘုန်းကြီးသိသလို
ဘုန်းကြီးအတွက် ဘယ်လောက်အရေးပါသည်ကိုလည်း ဘုန်းကြီးသိပါ၏။ သို့ သော်
ကျောကုန်းဒဏ်ရာကြောင့် ၉ မိုင်ခရီးကို မိခင်ကြီး လမ်းမလျှောက်နိုင်၊ သူ့ အတွက်
အခြားသယ်ယူပို့ ဆောင်ရေး နည်းလမ်းများလည်း မရှိခဲ့ပါချေ။ အကယ်၍ ဘုန်းကြီး
ရဟန်းခံသည့်နေ့ က မိခင်ကြီးကိုယ်တိုင် ကန္ဒီမြို့ မှာ ရှိနေခဲ့လျှင် သူ
့သားအငယ်ဆုံးသည် နောက်ဆုံးတော့ ရဟန်းတပါးဖြစ်ပြီဟူသည့် မြင်ကွင်းကိုကြည့်ပြီး
ပီတိမျက်ရည်ပြည့်လျှမ်းမည်မှာ ဧကန်ပင် ဖြစ်ပါသည်။
အမရဒီပ
ဖေဖော်ဝါရီ ၁ ၊ ၂ဝ၁၄
No comments:
Post a Comment