"ကွန်" တော့ "ကွန်" အကြောင်းပါပဲ ။ အင်တာနက်သုံးသူတွေဆိုလိုတဲ့ Connection ကို အတိုကောက်ဆို
လိုတဲ့ ကွန်တော့မဟုတ်ပါဘူး။ ကွန်မကောင်းဘူးလို့ အင်တာနက်သုံးသူတွေ ရေရွတ်တတ်ကြသကိုး။
၂ဝ၁၁ မြန်မာပြည်ရဲ့ ၂ဝဝ၈ အခြေခံဥပဒေနဲ့ အညီပြောင်းလဲလာတဲ့အေခြအနေအောက်မှာ ဖူးပွင့်ဝေစီ ငွါးငွါးစွင့်စွင့် ပွင့်လန်းလာကြတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သာသနာရေး စသည်စသည် အလီ
လီသော အဖွဲ့ အစည်းများ၊ အသင်းအပင်းများကို ခေတ်နဲ့ အညီ ခေါ်ဝေါ်ကြတဲ့ Network ကိစ္စပါပဲ။
စကားလုံး ၃ လုံးကို တွဲစပ်ပြု သုံးစွဲလိုက်တော့ အသုံးများတဲ့ အခေါ်အဝေါ်တွေဖြစ်လာတယ်။
ကွန် + ယက်= ကွန်ယက်
ကွန် + ရက်= ကွန်ရက်
(ကွန်+ယက်+ ရက်)
ကွန် =soar, net,casting net,cast- net
ယက်= rake,row,paddle (ခြစ်ထုတ်ပစ်တာ၊ လှေလှော်-ရေကူးရာမှာ အသာအယာ လှုပ်ရှားတာ)
ရက်= day,weave (အချိန်ကာလတခု၊ ဖျာ-ထရံ-အဝတ်အထည်ဖြစ်အောင် စနစ်တကျဖွဲ့ စည်းတာ)
Network ကို ဘာသာပြန်ရာမှာ "ကွန်ရက်" လို့ မြန်မာအဘိဓာန်မှာ စာလုံးပေါင်းပြတယ်။ ရကောက် နဲ့ 
"ရက်" တာနော်။ အများစုကလည်း ကွန်ရက် လို့  မှန်မှန်ကန်ကန် စာလုံးပေါင်းကြတာတွေ့ ရပေမယ့်
အွန်လိုင်းသတင်းတွေကို ဖတ်လိုက်ရင် ယပက်လက်နဲ့  "ယက်" ဖြစ်နေပြန်တယ်။
စာရေးဆရာမတယောက်ဆို "ဇနီးချောများ ကွန်ရက်" ဆိုပြီး ဝတ္ထုတပုဒ်ရေးထုတ်ထားသေးတယ်။
ရကောက်၊ ယပက်လက်အသံထွက်မကွဲတာကြောင့် စာလုံးပေါင်းတဲ့အခါ အသံထွက်ကိုလိုက်ပြီး
"ကွန်ယက်" လို့  ပေါင်းမိသွားတာလို့ နားလည်ပေးရမှာပေါ့။ ဒါပေမယ့် တခုနဲ့ တခုပေါင်းကူး
ယှက်နွယ်ထားတာကို ပြောတာလို့ သဘောပေါက်ပြီး စာလုံးပေါင်းရင်တော့ဖြင့် "ကွန်ရက်" လို့  အမှန်ဖြစ်လာဖွယ်ရှိကြောင်းပါ....။
အမရဒီပ
ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၄
============
Total Pageviews
Thursday, February 27, 2014
Tuesday, February 25, 2014
ထိုကြောင့် နဲ့  ထို့ ကြောင့်
အကြောင်းပြစကားကို ပြောပြီး ရေးပြီးနောက် အနှစ်ချုပ်တဲ့ စကားလုံးအနေနဲ့ (ထို့ ကြောင့်) လို့ ရေး
သားလာခဲ့ပါတယ်။ အချို့ စာရေးသူတွေက (ထိုကြောင့်) လို့ ရေးကြတယ်။ ဘာကြောင့် (ထို/ထို့ ) လို့ 
ဖြစ်နေရတာလဲ၊ ဘယ်ဟာက မြန်မာစာလုံးပေါင်းကျမ်းနဲ့ ညီသလဲ ဆိုတာ တွေးလာခဲ့တယ်။
မြန်မာစာအဖွဲ့ ရဲ့ မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ (ထို)စကားလုံးတွေကို ဒီလိုတွေ့ ရတယ်။
ထို
ထိုထိုဤဤ
ထိုနည်းတူ= ထိုနည်းအတူ
ထိုမြို့ 
ထိုမှတစ်ပါး
ထိုမျှလောက်
ထိုအခါ
အောက်မြစ်ပါတဲ့ (ထို့ ) စကားလုံးတွေကိုလည်း ဟောသလို အစဉ်လိုက်ပြထားပါတယ်။
ထို့ ကြောင့်
ထို့ ထက်
ထို့ နောက်
ထို့ ပြင်
ထို့ အတူ= ထိုနည်းအတူ
ဒီအဘိဓာန်အလိုအရပြောရင်တော့ (ထိုကြောင့်- ထို့ ကြောင့်) ဆိုတဲ့ စာလုံပေါင်း ၂ မျိုးမှာ ထဆင်ထူး
လုံးတင်၊ တချောင်းငင်၊ အောက်မြစ်တဲ့ (ထို့ ကြောင့်) ကို တရားဝင်စာလုံးပေါင်းအဖြစ်ပြောနိုင်ပြီပေါ့။
အမရဒီပ
ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၄
Thursday, February 20, 2014
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၃၈
အိန္ဒိယနိုင်ငံတခွင်
ဒေသအကုန်အစင်မှ တဖွဲဖွဲရောက်လာကြသော
စဏ္ဍာလအစုအဖွဲ့ များကို ဘုန်းကြီးသည်
နောက်ထပ် ၄ ရက်ကြာသည်အထိနေထိုင်ကာ တရားဟောပြောခဲ့ပါ၏။ ကမကထပြုသူများက ဘုန်းကြီးကို အစည်းအဝေးတခုမှ
နောက်အစည်းအဝေးတခုသို့  ခေါက်တုံ့ ခေါက်ပြန်ပင့်ခေါ်ကြ၏။ နံနက် ၇ နာရီမှစတင်၍
တခါတရံ ညအထိ
အစည်းအဝေးများ ဆက်တိုက်ရှိသည်။ စဏ္ဍာလများသည် ဓမ္မအာဟာရ -ခေါ်- စိတ်ဓာတ်ခွန်
အား အလွန်အမင်း
ဆာလောင်ငတ်မွတ်နေကြပုံ ပေါ်နေ၏။
ဒီဇင်ဘာ ၂၄ တွင်
ဘုန်းကြီးတို့ သည် ဝါဓမြို့ သို့ သွားရောက်ကြသည်။ ဝါဓမြို့ သည် မဟတ္တဂန္ဒီ၏
နာမည်ကျော် တရားကျင့်ရာသင်္ခမ်း (အဿမ) ရှိသည့်နေရာ ဟိန္ဒူအမာခံနယ်မြေတခုဖြစ်သည်။
ဝါဓမှာ ဗုဒ္ဓဘာသာဆိုင်ရာ လူထုအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ကြ၏။
ည ၁ဝ နာရီမှာ
ဘုန်းကြီးအိပ်ရာဝင်ခဲ့သည်။
လွန်ခဲ့ပြီးရက်များမှ စတင်ခဲ့သော မရပ်မနားအစီအစဉ်များကြောင့်
ခြေကုန်လက်ပန်းလည်း ကျလှပေပြီ။
အိပ်ရာထဲ
ကျောချရုံသာသာရှိသေးချိန်တွင် လူတယောက် ဘုန်းကြီးအခန်းထဲ ဝင်လာကာ စာတစောင်ကမ်း
ပေးသည်။ ယင်းနောက်သုတ်ကနဲ ပြေးထွက်သွားလေ၏။ စာကို
အင်္ဂလိပ်ဘာသာဖြင့် ရေးထား၏။ “မနက်ဖြန်
အစည်းအဝေး မတက်ပါနဲ့ ၊ အစည်းအဝေးတက်ရင်
တယောက်ယောက်က သင့်ကို သတ်ပါလိမ့်မယ်” ဟု
သတိပေးထား၏။
ဘုန်းကြီးက
အိမ်ရှင်အား ခေါ်ကာ စာကို ပြလိုက်၏။ သူ့ မျက်နှာတွင် စိုးရိမ်ပူပန်ဟန် အထင်းသား ပေါ်လာ၏။
သူက မေးသည်။
“ဒီစာ
ဘယ်သူလာပေးတာလဲ”
ဘုန်းကြီးက အခန်းထဲကျူးကျော်ဝင်လာသူ၏
ပုံပန်းသဏ္ဌာန်ကို
ပြောပြလိုက်သည်။ သူက အသေအချာ နားထောင်သည်။ ယင်းနောက် သူ့ လူများကို ဘုန်းကြီး၏အခန်းတံခါးဝဝန်းကျင်မှာ
ဖြန့် ကျက်ကာ တညလုံး စောင့်ရှောက်စေသည်။
ဇွတ်မှိတ်ပြီး ကြိုးစားအိပ်လိုက်သည်။ နာရီဝက်ခန်
့အကြာလောက်တွင် အခန်းတံခါးဝလမ်းသွယ်မှ လှုပ်လှုပ်ရွရွ အသံကို ကြားလိုက်ရ၏။
“ငါတို့ ဆွာမိဂျီးနဲ့  စကားပြောပါရစေ”
အသံပေါင်းများစွာ၏ တညီတညွတ်တည်းပြောဆိုသံကို
ဘုန်းကြီးကြားလိုက်ရ၏။ ယင်းအသံရှင်တို
့သည် ရိုသေလေးစားမှုကို ဖော်ပြသော ရဟန်းကျောင်းသုံး
အိန္ဒိယထုံးစံအခေါ်အဝေါ်တခုဖြစ်သည့် “ဆွာမိဂျီး” ကို သုံးစွဲကြ၏။ အဓိပ္ပါယ်မှာ “လေးစားကြည်ညိုအပ်သော
အရှင်” ဟူ၏။
အိမ်ရှင်ကလည်း ပြန်ပြော၏။
“မရဘူးဟေ့၊
ဆွာမိဂျီး ပင်ပန်းနေတယ်၊ အခုရက်ပိုင်းအတွင်း ဆွာမိဂျီး နားရတယ်ကို မရှိဘူး၊
တရားဟောနေရတယ်၊ ဆွာမိဂျီးကို
အနားပေးရမယ်နော်။ ဒီညတော့ ဆွာမိဂျီးကို ဘယ်သူမှ စကားမပြောရဘူး”
တဖက်အသံတို့ လည်း ပြန်လည်တုံ့ ပြန်သည်။
“ဆွာမိဂျီးကို ခင်ဗျားတယောက်တည်းပိုင်တာ
မဟုတ်ဘူး၊ ကျုပ်တို့ လည်း ပိုင်တာပဲ။ ဆွာမိဂျီးနဲ့ တွေ့ ခွင့်ပြုပါ”
“ဟေ့..ဟေ့..၊ မရဘူးကွ၊ သွားကြစမ်းကွာ”
“မသွားဘူး၊ ဆွာမိဂျီးနဲ့ စကားမပြောရမချင်း
ဘယ်မှမသွားဘူး”
အငြင်းပွားကြသည်ကား အချိန်အတော်ကြာ၏။
နောက်ဆုံးတွင် ဧည့်သည်တို့ က အိမ်မှထွက်ခွါရန် သဘောတူလိုက်ကြသည်။ နောက်တနေ့ တွင်
ဘုန်းကြီးကို တွေ့ ခွင့်ပေးမည်ဟု ချိန်းဆိုသတ်မှတ်မှု
ပြုလိုက် သောကြောင့် ဖြစ်၏။ နောင်တွင်
အိမ်ရှင်က အနှောင့်အယှက်ဖြစ်ရခြင်းအတွက် ဘုန်းကြီးကို
တောင်းပန်စကား ဆိုပါ၏။
“ဆွာမိဂျီး… ဒီနယ်မြေက ဟိန္ဒူအပြင်းစားတွေရဲ့
နယ်မြေနော် ၊ ဒီနေရာမှာ ဘာသာရေး၊ လူမျိုးရေးဇာတ်
အယူသည်းသူတွေ ရှိနေတယ်။ ဒီလူတွေက
ဆွာမိဂျီး ဗုဒ္ဓရဲ့ တရားဓမ္မဟောပြောတာကို မကြိုက်ဘူး၊ စဏ္ဍာလအုပ်
စုတွေ ဗုဒ္ဓဘာသာဖက်ကူးပြောင်းသွားကြတယ်ဆိုတဲ့
အတွေးအခေါ်ဟာ အန္တရာယ်ရှိတယ်၊ မနက်ဖြန် ဆွာမိဂျီး
ကို အစည်းအဝေးတက်ဖို့ တယောက်ယောက်လာဖိတ်ရင်
မသွားပါနဲ့ ၊ စိတ်မချရဘူး”
အိမ်ရှင်က ပြောသည်။
ခက်ချေပြီ။ နောက်တနေ့  ညနေ ၄ နာရီမှာ
ဂိုရေဂေါင်းမြို့ တွင် အစည်းအဝေးကလည်း ပြောထားဆိုထားနှင့်ပြီး
ဖြစ်၏။ အစည်းအဝေးနေရာသည် စဏ္ဍာလများအတွက်
အိမ်ရာမြေစီမံကိန်းနှင့် အနီးအနားမှာဖြစ်၏။
လူစုလူဝေးကြီးကို သရဏဂုံ နှင့် ၅ ပါးသီလ
တိုင်ပေးရမည်။ တရားဟောရမည်။ ဂိုရေဂေါင်းမြို့ အစည်းအဝေး
နေရာသို့ ချဉ်းကပ်မိကြသောအခါ
လူစုလူဝေးကြီးသို့ ဦးတည်ချီတက်နေကြသော လူတန်းရှည်ကြီးကို ဘုန်းကြီး တို
့ဖြတ်သန်းကြရ၏။
အဝင်ဝနေရာ၌ ရုန်းရင်းဆန်ခတ်မှုဖြစ်ကာ တွန်းလားဆွဲလား
နှင့် ဒေါင်းတင်မောင်းတင် အော်ကြီးဟစ်ကျယ်
လုပ်သည်ကို ကြုံတွေ့ ကြရ၏။ လုံခြုံရေးကိုအကြောင်းပြု၍
ကားအတွင်းမှာ ဘုန်းကြီး နေရ၏။
အခြေအနေမှာ ဖြည်းဖြည်းချင်း ငြိမ်သက်သွား၏။
လူများဝိုင်းရံပြီး ဘုန်းကြီးကို ယာယီတရားဟောစင်သို့  ပင့်ဆောင်သည်။
အခမ်းအနားမှုးက ဘုန်းကြီးကို ပြောပြ၏။
လူမိုက်များသည် အစည်းအဝေးအတွင်းသို့ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြ
၏။ လူမိုက်များက ဘုန်းကြီးသည်
တရားဟောမည့်အစား သူတို့ နှင့် အတူလိုက်ရမည်ဟု တောင်းဆိုကြသည်။ ထိုသို
့ပြောပြီးနောက် ဘုန်းကြီးကိုထည့်ပေးရန်ငြင်းဆိုကြသည့် အစည်းအဝေးစီစဉ်သူများနှင့်
လူမိုက်များ ထိုးကြကြိတ်ကြ ရန်ဖြစ်ကြလေ၏။
ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း လူမိုက်တယောက် ခြေထောက်ကျိုးသွား၏။ သူ
့အပေါင်းအပါများ ထွက်ပြေးသွားကြ၏။
နောက်ပိုင်းအချိန်တွင်မှ စဏ္ဍာလဒကာများက
ဘုန်းကြီးကို လျှောက်ထားကြ၏။
ဘုန်းကြီးသည် ပြန်ပေးဆွဲရန် ကြံစည်မှုမှ လက်မတင်ကလေး
ပွတ်ကာသီကာ လွတ်မြောက်ခဲ့သည်ဟူ၏။
============
အမရဒီပ
ဖေဖော်ဝါရီ ၂ဝ၊ ၂ဝ၁၄
Wednesday, February 19, 2014
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ်- ၃၇
ဘုန်းကြီး
အိန္ဒိယမှာနေထိုင်ခဲ့သည့် ၁၉၅ဝ ပြည့်လွန်နှစ်များကာလက စဏ္ဍာလလူဦးရေ သန်း ၈ဝ ရှိသည်။
၁၉၅၆ ခုနှစ်၊
အောက်တိုဘာလတွင် စဏ္ဍာလတို့ ၏ဘဝမြင့်မားတိုးတက်ရေးကို ရှေ့ ဆောင်လမ်းပြပြုခဲ့သော
တခေတ်မှာတယောက် ဆိုရအောင်ထူးခြားသော ခေါင်းဆောင်ကြီး ဒေါက်တာ ဘိမရော၊ အမ်ဗေဒကာသည်
ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲခံယူခဲ့သည်။ အမ်ဗေဒကာသည် အင်္ဂလန်မှာ ပညာသင်ကြားနေရင်း
မမျှော်လင့်ဘဲ ဗုဒ္ဓဘာသာကို တွေ့ ရှိခဲ့သည်။ ဗုဒ္ဓဘာသာက သူ့ ကို သနားကရုဏာပြည့်ဝသည့်
လမ်းကြောင်းတခု ပေးခဲ့ပြီး ဟိန္ဒူအယူဝါဒကျောထောက်နောက်ခံပြုထားကာ အယူသီးတင်းကျပ်သော
ဇာတ်စနစ်အောက်မှ သူ့ ကို လွတ်မြောက်စေခဲ့သည်။
စဏ္ဍာလများအတွက်
ဒေါက်တာအမ်ဗေဒကာ၏ ဘဝဇာတ်ကြောင်းသည် စိတ်ဓာတ်ခွန်အားတက်ကြွစေသော
နှလုံးသားအာဟာရဖြစ်သည်။ ကျောင်းသားသူငယ်ဘဝက စာသင်ခန်းအပြင်ဖက်တွင်ထိုင်ကာ
စာလိုက်ခဲ့ရသည်။
စဏ္ဍာလဇာတ်မျိုးဖြစ်နေသောကြောင့်
စာသင်ခန်းတွင်းသို့  သူဝင်ခွင့်မရချေ။
တနေ့ တွင်
သင်္ချာပုစ္ဆာတခုကို အခန်းတွင်းရှိကျောင်းသားများ အဖြေမထုတ်နိုင်ဖြစ်ကာ
အကျပ်ရိုက်နေကြ၏။ ဆရာက အမ်ဗေဒကာကို အခန်းတွင်းသို့ ဖိတ်ခေါ်ကာ အဖြေကို သင်ပုန်းပေါ်
တွက်ပြခိုင်းသည်။ အမ်ဗေဒကာ သည် သင်္ချာပုစ္ဆာကို အဖြေထုတ်နိုင်ခဲ့သည်၊ သို့ သော်
အခြားကျောင်းသားငယ်များသည် သူတို့ ၏ထမင်းဗူးကို အမှိုက်ပုံးတွင်းသို
့
ပစ်ထည့်လိုက်ကြလေသည်။ အကြောင်းမှာ သူ၏အရိပ်က ထမင်းဗူးများအပေါ် ထိုးကျခဲ့သော
ကြောင့်ဖြစ်၏။
ဖခင်၏တိုက်တွန်းအားပေးမှုကြောင့်
အမ်ဗေဒကာ ပညာဆက်လက်သင်ယူခဲ့သည်။ အထက်တန်းကျောင်း ရောက်သည့်အခါလည်း
အခန်းပြင်ထိုင်ကာ စာမေးပွဲဖြေဆိုခဲ့ရသည်။
သူ၏စာမေးပွဲအောင်မှတ်များမှာ အံ့မခန်းကောင်းလှသည်။
ပြည်နယ်အုပ်ချုပ်ရေးမှုး (ပြည်နယ်ဝန်ကြီးချုပ်)က
ဤလူငယ်ကလေးကို မျက်စိကျသည်။ ကောလိပ်တက်ရန် နယူးယောက်မြို့ သို့ ပို့ သည်။
နောက်ပိုင်းတွင် လန်ဒန်သို့ ပါဆက်ပို့ သည်။ နယူးယောက်၊ လန်ဒန်တို့ လို ဇာတ်စနစ်ကင်းသော
ကမ္ဘာကြီးမှာ အမ်ဗေဒကာ သန်စွမ်းကြီးပွားခဲ့ရသည်။ ဥပဒေဘွဲ့ တခု၊ ဒဿနိက နှင့်
စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့  ၂ ခုကိုလည်း သူဆွတ်ခူးနိုင်ခဲ့သည်။
တရားရုံးတော်အတွင်းသို
့ရှေ့ နေအဖြစ် ပထမအကြိမ် ဝင်ရောက်လာသောအခါ တရားသူကြီး၊ အခြားရှေ့ နေများ၊
ခုံရုံးလူကြီးများ
နှင့် တက်ရောက်နားထောင်သူများအားလုံး အခန်းပြင်သို့ ရှောင်ထွက်သွားကြ၏။
ဥပဒေပြင်ပ
ဇာတ်စနစ်သည် အရှိန်အဟုန်အားကောင်းနေဆဲပါတည်း။
သို့ ဖြစ်ရာ သူ
နိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်လိုက်၏။ မဟာရဋ္ဌပြည်နယ်ရှိ စဏ္ဍာလမျိုးဇာတ်အားလုံးက သူ
့
ကို
ပုံအောမဲပေးကြလေရာ ပါလီမန်တွင် အမတ်တနေရာကို အလွယ်တကူပင် သူရသည်။ ၁၉၄၇ ခုနှစ် တွင်
ဗြိတိသျှထံမှ
အိန္ဒိယလွတ်လပ်ရေးကြေညာရန် အဆင်သင့်ဖြစ်သည့်အချိန်တွင် သူသည် အိန္ဒိယနိုင်ငံ အခြခံဥပဒေသစ်
ရေးဆွဲရေးကော်မတီတွင်
ဥက္ကဋ္ဌ ဖြစ်လာ၏။ အိန္ဒိယအခြေခံဥပဒေတွင် ဆင်းရဲတွင်းနက်နေကြသည့်
စဏ္ဍာလမျိုးဇာတ်များ နှင့်အခြား ဇာတ်နိမ့်များအတွက် ရည်ရွယ်၍ အသက်မွေးမှုပညာရပ်များသင်ကြား
ပေးရန် ပညာသင်ဆုများပေးခြင်း၊ တန်ဖိုးနိမ့်
အိမ်ရာမြေများ စီစဉ်ပေးခြင်း၊ အခွန်ငွေလျှော့ပေါ့ကောက်ခြင်း
နှင့် အခြားငွေကြေးဆိုင်ရာ
ထောက်ပံ့ဆုများ ပေးခြင်းပါဝင်သော ပြဋ္ဌာန်းချက်များ
ပါဝင်၏။
အမ်ဗေဒကာသည်
စဏ္ဍာလဇာတ်နိမ့်များအတွက် သူရဲကောင်းကြီး ဖြစ်၏။ စဏ္ဍာလဇာတ်နိမ့်များ၏
ချစ်ခင်ကြည်ညိုလေးစားခံရသော ခေါင်းဆောင်ကြီးအဖြစ် ၁ဝ နှစ် တာဝန်ထမ်းခဲ့၏။
ဗုဒ္ဓဘာသာဝင်အဖြစ် သူ ကူးပြောင်းလိုက်သောအခါ သန်းတဝက်လောက်သော စဏ္ဍာလဇာတ်နိမ့်တို
့သည်လည်း ခေါင်းဆောင်ကြီး
နည်းတူ
ဘာသာကူးပြောင်းခဲ့ကြ၏။ ဝမ်းနည်းဖွယ်ဖြစ်သည်မှာ ဗုဒ္ဓဘာသာကူးပြောင်းပြီးနောက် ၂ လအကြာ
၁၉၅၆ ခုနှစ် ၊ ဒီဇင်ဘာလတွင် အမ်ဗေဒကာ
ကွယ်လွန်အနိစ္စရောက်ခဲ့၏။
ဘုန်းကြီးသည်
ဟိန္ဒီစကား ကောင်းကောင်းပြောတတ်သည့်အတွက် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူ
စဏ္ဍာလဇာတ်နိမ့်များကို သရဏဂုံနှင့် ၅
ပါးသီလဆောက်တည်ရန် မကြာခဏ ဦးဆောင်ပေးရသည်။
အထူးသဖြင့် အမ်ဗေဒကာ ကွယ်လွန်ပြီးသည့်နောက်ပိုင်းကာလတွင်
ဖြစ်သည်။
အမ်ဗေဒကာကွယ်လွန်ပြီးစအချိန်
၁၉၅၆ ခုနှစ် ၊ ဒီဇင်ဘာလ…နံနက်ခင်းတခု၏ ၄ နာရီခွဲတွင် ဆရာတော်
အရှင်ပညာတိဿနှင့်အတူ
စုတ်စုတ်ပြတ်ပြတ်အဝတ်အစားဝတ်ဆင်ထားသည့် လူ ၂ ယောက် ရောက်လာ၏။
ဆရာတော်က
ပြောသည်။
“ဒီလူတွေက
စဏ္ဍာလဇာတ်နိမ့်တွေ၊ ဒီနေ့ အမ်ဗေဒကာရဲ့ အရိုးပြာကို နာဂပူရ်မြို့ ဆီ သယ်ကြမယ်၊
ဟိုမှာ အမှတ်တရ
ဂူတည်ထားမယ်၊ ဗုဒ္ဓဘာသာကူးပြောင်းကြမယ့် စဏ္ဍာလတွေလည်း ထောင်ချီ စောင့်နေကြတယ်။ အဲဒါ
သရဏဂုံ နဲ့  ၅ ပါးသီလပေးဖို့ ဦးဆောင်မယ့် ဘုန်းကြီးတပါး လိုနေတယ်၊ ငါ့ရှင်သွားနိုင်မလား”
ဆိုင်းတွတုံ
့ဆိုင်းမနေဘဲ ဘုန်းကြီး ပြန်ပြောသည်။
“သြော်….သွားနိုင်ပါတယ်”
တနေ့ ကုန်နီးနီး
ရထားစီးရသည်။ နာဂပူရ်သို့  နေ့ လယ် ၃ နာရီခန့် ရောက်သည်။ နာဂပူရ်မှ မိုင် ၆ဝ လောက် ဝေးသည့် အမရဝတီသို့  နောက်ထပ် ၅
နာရီကြာအောင် ဘတ်(စ်)ကား စီးရသည်။ အမရဝတီသို့  ဘုန်းကြီးတို့ ရောက်သည်။
စဏ္ဍာလတို့ အတွက်အစိုးရဆောက်လုပ်ပေးထားသောတိုက်ခန်းအိမ်ရာမြေ၏ ဘေးချင်းကပ်
မြေကွက်လပ်မှာ
ထောင်ပေါင်းများစွာတို့ ကို တစုတဝေးတည်းတွေ့ ရသောအခါ
အံ့အားသင့်ရသည်။
ဖုံထောင်းထောင်းထသည့် မြေကမ္ဗလာကွင်းတပြင်လုံးမှာ
ထိုင်သူ၊ မတ်တပ်ရပ်သူ လူတွေ ရုန်းရုန်းထနေ၏။
ကလေးများ…နွားများ..ခွေးများ…ကြက်များလည်း
လွတ်လွတ်လပ်လပ် ဥဒဟိုသွားလာပြေးလွှားနေကြ၏။
အဝါရောင်သင်္ကန်းနှင့်
ဘုန်းကြီးကို မြင်မြင်ချင်း လူစုကြီးထံမှ မာရသီဘာသာစကားနှင့် သံပြိုင်ရွတ်ဆိုသံတခု
ဟိန်းထွက်လာ၏။
“ဘဂဝန် ဗုဒ္ဓဉ္စ
ဇယဟော!
မဟာပရိနိဗ္ဗာပတ္တ
ပရမပူဇာ ဘာဘာ သဟ ဒေါက်တာ အမ်ဗေဒကာ ယဉ္စ ဇယဟော”
အခမ်းနားဆုံး၊
အကြီးကျယ်ဆုံးသော လေးစားမြတ်နိုးမှုနှင့် ထိုက်တန်လှစွာသော ၊ နောက်ဆုံး
ပရိနိဗ္ဗာန်စံလွန်ကြပြီးသော မြတ်စွာဗုဒ္ဓကို နုတ်ခွန်းဆက်ပဏာမပြုကြပါ၏။ ကျေးဇူးရှင်
ခေါင်းဆောင်ကြီး အမ်ဗေဒကာကိုလည်း နုတ်ခွန်းဆက်ပဏာမပြုကြပါ၏။”
မြတ်ဗုဒ္ဓနှင့်
ကွယ်လွန်သူ ခေါင်းဆောင်ကြီးကို
ကောင်းခြီးသြဘာထောမနာသည့် ရာချီထောင်ချီများစွာသော လူတို့ မှ ပေါ်ထွက်လာသော
တခုတည်းသော အသံသည် အံ့မငြီးနိုင်ဖွယ်ပေတကား။ နားမဆံ့၍ နားအကြား ဓာတ်များ ရပ်တန်
့သွားလုမတတ်ပါတကား။
လှေကားထစ် ၃
ထစ်မှ တဆင့် သစ်သားစကားပြောစင်မြင့်ထက်သို့ ဘုန်းကြီးတက်လိုက်သည်။ အမျိုးသားတဦး
က လက်ဝှေ့ ရမ်းကာ
အသံငြိမ်ရန် အချက်ပြလိုက်၏။
ဘုန်းကြီးက
မိုက်ကရိုဖုန်းကိုင်ကာ သရဏဂုံ နှင့် ၅ ပါးသီလကို ပါဠိဘာသာဖြင့် တိုင်ပေးသည်။
ဘုန်းကြီးတိုင်ပေးသမျှကို လူအုပ်ကြီးကလည်း အူလှိုက်သည်းလှိုက် လိုက်ဆိုကြသည်။ ဤသို
့သော လူအုပ်ကြီးကို ရှေးအခါကလည်း
မကြုံဖူးခဲ့၊ နောင်လည်း ထပ်မကြုံရတော့ပါပြီ။ သည်းလှိုက်ရင်ဖို ပျော်စရာဖြစ်သည်။
ပီတိမျက်ရည်စတို့ က မျက်လုံးများကို စပ်ဖျင်းဖျင်းလာရိုက်နေ၏။
သရဏဂုံ နှင့် ၅
ပါးသီလခံယူပြီးနောက် ဘုန်းကြီးကို တရားဟောပါဟု တောင်းဆိုကြ၏။
ရှောင်တခင်ထွက်လာရသော
ခရီးစဉ်ဖြစ်သောကြောင့် ဘုန်းကြီးမှာ ပြင်ပြီးဆင်ပြီးသား တရားဟောစရာ မယ်မယ်
ရရမရှိခဲ့ပေ။ သို
့သော်ငြားလည်း …သြော်..သို့ သော်ငြားလည်း ၊ သရဏဂုံနှင့် ၅ ပါးသီလဆောက်တည်ကျင့်သုံး
ရခြင်း၏အကျိုး၊
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဖြင့် ဗုဒ္ဓသာသနာဝင်တယောက်ဖြစ်လာရခြင်းအကျိုးကို
ဟိန္ဒီဘာသာ စကားဖြင့် မိနစ် ၃ဝ ခန့်် ဘုန်းကြီး ဟောခဲ့ပြောခဲ့ပါ၏။
ဘုန်းကြီး၏လက်တန်းဟောပြောချက်ကို
နောက်တနေ့ သတင်းစာတွင် အနှစ်ချုပ်ဖော်ပြကြလေ၏။
အမရဒီပ
ဖေဖော်ဝါရီ ၁၉၊ ၂ဝ၁၄
============
Subscribe to:
Posts (Atom)