Total Pageviews

Tuesday, January 22, 2013

မျက်ကန်းသမိုင်းဆရာ နန္ဒာမိုးကြယ်





နန္ဒာမိုးကြယ်ပြုစုသော" အမှတ်ထင်ထင်မြန်မာ့သမိုင်းဝင်ဖြစ်ရပ်များ (၁ဝဝ) "စာအုပ်ကို အွန်လိုင်းစာကြည့်တိုက်
ကောင်းမှုဖြင့်ဖတ်ရ၏။ ယင်းစာအုပ်မာတိကာအမှတ်စဉ် ၂၈ တွင် "တောင်ပုလုဆရာတော်နှင့်ပတ်သက်
လို့ အံ့ဘွယ်ဘနန်း ဖြစ်ရပ်ဆန်းတခုဟာဘာလဲ "နှင့်  အမှတ်စဉ် ၂၉ တွင် "တောင်ပုလုဆရာတော်ကြီးဆောက်
တည်ခဲ့တာဘယ်ဓူတင်လဲ" ဟူသော အကြောင်းအရာဖြင့် ပုဂ္ဂိုလ်တဦး၏ဖြစ်ရပ်ကို ဖော်ပြသည်ကိုတွေ့ ရ၏။

ဤတွင် မာတိကာအမှတ် ၂၈ ကို အဓိကထားဆွေးနွေးလို၏။

ယင်းစာအုပ်၊စာမျက်နှာ ၅၉ တွင် -----------------

"ဆရာတော်သည်နိုင်ငံခြားတိုင်းပြည်များစွာသို့ လှည့်လည်ကြွမြန်း၍ တရားတို့ အားဟောဖော်ပြသခဲ့သည်။ ၏တခါသော် ပြည်ပ၌ တောင်ပုလုသတင်းဆန်းတခု ထွက်ပေါ်လာခဲ့၏။ ဖြစ်ရပ်ကား ဤသို့ တည်း။

ဆန်ဖရန်စစ္စကိုမှ လော့စ်အိန်ဂျလိစ်သို့ လေယာဉ်တစင်းသည်ပျံသန်းနေခဲ့သည်။ လေယာဉ်စထွက်ကတည်းက အစစအရာရာအဆင်ပြေချောမွန်နေသော လေယာဉ်သည် ဆင်းရမည့်ကွင်းသို့ ရောက်ခါနီးတွင် အင်ဂျင်တလုံး
ပျက်သွား၏။ ထို့ ကြောင့် လေယာဉ်ဘီးကို ချ၍မရဖြစ်နေ၏။

လေယာဉ်မှုးကြီး၏စိတ်အာရုံက အင်ဂျင်ပျက်ပေါ်သို့ ရောက်ရှိနေရာ အမှတ်တမဲ့ဆိုသလို ကြည့်လိုက်မိ၏။ ဤတွင်လေယာဉ်၏အတောင်ပံပေါ်ထိုင်လျက် ပျက်သွားသောအင်ဂျင်ကို လက်ညှိုးဖြင့်ထိုးနေသော ဝတ်ရုံအဝါနှင့်ပုဂ္ဂိုလ်တဦးကို မြင်တွေ့ လိုက်ရသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။

ဤ၌ လက်ထောက်လေယာဉ်မှုးကို ခေါ်၍ပြ၏။ ထိုအဝါရောင်ဝတ်ပုဂ္ဂိုလ်အား လေယာဉ်မှုးကြီးကိုယ်တိုင် မျက်ဝါးထင်ထင်မြင်တွေ့ နေရပါသော်ငြား လက်ထောက်လေယာဉ်မှုးမှာမူ မတွေ့ မမြင်ဘဲ ဖြစ်နေ၏။

ထိုစဉ်မှာပင် ပျက်နေသော အင်ဂျင်ကောင်းမွန်လာပြီး လေယာဉ်ဘီးကို ချနိုင်လျက် အန္တရာယ်ကင်းစွာ ကွင်းထဲသို့  ဆင်းသက်နိုင်ခဲ့၏။

ဤတွင် လေဆိပ်မှ လမ်းလျှောက်ထွက်လာတော်မူသော တောင်ပုလုဆရာတော်ကို လေယာဉ်မှုးကြီးမြင်လိုက်
သည့်ခဏ ပါးစပ်အဟောင်းသားဖြစ်သွားတော့၏။

အကြောင်းမူ လေယာဉ်တောင်ပံပေါ်မှပုဂ္ဂိုလ်သည် တောင်ပုလုဆရာတော်ဖြစ်နေသောကြောင့်ပါလေ။"

တောင်ပုလုဆရာတော်၏ လေယာဉ်တောင်ပံပေါ်က ရဟန်းကိစ္စသည် နီးစပ်သူတို့ ၏လုပ်ကြံဖန်တီးမှုဇာတ်လမ်း
သာဖြစ်ပြီး ယုတ္တိမရှိ၊ ယုတ္တာမရှိဖြစ်သော အယုံအကြည်မဲ့ဖွယ်ရာရေးသားချက်ဖြစ်ကြောင်း ထပ်မံပြောလိုပါ၏။
အကြောင်းပြများကို အောက်ဖော်ပြပါ ဆောင်းပါး ၂ စောင်တွင် ရေးသားရှင်းပြခဲ့ပါပြီ။

"စရယ်ကားရယ်ပေါင်းတော့ စကား"

"လူပြောသူပြောတန်ခိုးရှင်များ"

ယခုတခါတွင် နန္ဒာမိုးကြယ်ဆိုသူက အထောက်အထားမဲ့၊ စားပေါက်ထွင်ထားသော ဇာတ်လမ်းကြီးကို "သမိုင်းဝင်ဖြစ်ရပ်"ဟု သမိုင်းတင်လိုက်ခြင်းသည် ရှေးလူမှားသည်ကို နောက်လူက မျက်စိမှိတ်လိုက်မှားနေခြင်း
သာဖြစ်၍ မျက်ကန်းသမိုင်းဆရာနန္ဒာမိုးကြယ်ဟုသာ အမည်ပေးလိုက်ချင်တော့၏။

အမရဒီပ
ဇန်နဝါရီ ၂၂၊ ၂ဝ၁၃

No comments: