Total Pageviews

Friday, December 28, 2012

ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊ အဋ္ဌကဝဂ်လာ မဟာဗျူဟသုတ်အနှစ်ချုပ်








(၁)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား---
  • ဘာသာရေးအယူသည်းနေကြသူတို့ သည် ကိုယ့်အယူဝါဒသာမှန်၏၊ သူတပါးမှား၏ဟု ငြင်းခုံနေကြရာ သူများ၏ကဲ့ရဲ့ခြင်းကိုသာ ရနေကြပါသလား၊ သူများ၏ချီးမွမ်းခြင်းကိုလည်းရကြပါသေးသလား--။
(၂)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား---
  • ဘာသာရေးအယူဝါဒငြင်းခုံနေသောကြောင့် နှစ်သက်သူတို့ ၏ချီးမွမ်းကောင်းချီးပေးမှုမှာ အနည်းငယ်မျှ သာတည်း။ ယင်းကောင်းချီးပေးမှုသည် ကိလေသာငြိမ်းရန် မစွမ်းနိုင်ပါ။ ငြင်းခုံခြင်းအကျိုးတို့ သည် ၂ ပါးတို့ ဟူ၍ ငါဘုရားဟောပါ၏။ ငြင်းခုံခြင်း၏ရလာဒ်အပြစ် နှင့် ငြင်းခုံမှုကင်းရာနိဗ္ဗာန်ကို ရှုဆင်ခြင်ပြီး ငြင်းခုံခြင်းအမှုကို ပယ်စွန့် ရာ၏။
(၃)
  • အလုံးစုံသောအယူဝါဒတို့ သည် ဘာသာရေးဆရာအများကြောင့်ဖြစ်ကုန်၏။ ဤဘာသာရေးအယူဝါဒတို့ ကို ဘုရားတပည့်ပညာရှိသည် မချဉ်းကပ်တော့ပေ---။ ဘုရားတပည့်ရဟန္တာပညာရှိသည် မည်သည့်အ ရသို့ မျှ တဏှာ၊ ဒိဋ္ဌိဖြင့် မကပ်ရောက်ရာ---။ ဒိဋ္ဌ၊သုတ၊မုတမင်္ဂလာတို့ ၌ သာယာနှစ်သက်မှုကင်းရာ၏။
(၄)
  • သီလကို အမြတ်ဆုံးဟု ယူဆသူတို့ သည် ကိုယ်နှင့်နုတ်ကိုစောင့်စည်းခြင်းဖြင့် သံသရာဆင်းရဲမှလွတ် မြောက်ခြင်းကို ဟောပြကြကုန်၏။ ထိုသူတို့ သည် နွား ခွေးစသည်တို့ ၏အကျင့်၊ နတ်သိကြားစသည်ကို ကိုးကွယ်သောအကျင့်ကို လက်ခံယူစွဲကြကုန်၏။ လိုက်နာကျင့်သုံးကြ၏။ ကောင်းချီးပေးကြ၏။ သူတို့   အကျင့်ဖြင့် ဘဝကောင်းရောက်မည်၊ ဆင်းရဲမှလွတ်မည်ဟု ယုံကြည်ယူဆကြ၏။ ပညာရှိဟုဝန်ခံကြ၏။   
(၅)
  • သီလအကျင့်ကိုအမြတ်ဆုံးဟုယူဆသူသည် သူ၏ဘာသာတရားညွန်ကြားချက်အတိုင်း ဆောင်ရန် ရှောင်ရန်တို့ ကို လိုက်နာ၏။ မလိုက်နာမိပါက စိတ်သောကရောက်၏။ ဥပမာ- ခရီးကြမ်း၌သင်းကွဲကျန် ရစ်သူသည် သူ၏အဖော်များကို အမှီလိုက်ရန်တောင့်တသကဲ့သို့ တည်း--။
(၆)
  • ထို့ ကြောင့် သီလအကျင့်ကိုပယ်စွန့် ပါလေ--။ အပြစ်ရှိအပြစ်ကင်းကံတို့ ကိုပယ်စွန့် ပါလေ--။သုဒ္ဓိ နှင့်အသုဒ္ဓိကိုလည်း မတောင့်တလေနှင့်--။ မိစ္ဆာအယူဟူသော သန္တိကိုလည်းမယူစွဲဘဲ နေရာ၏။ (တနည်း) သန္တိဟူသော နိဗ္ဗာန်ကိုချီးမြှောက်၍နေရာ၏။
(၇)
  • ကိုယ်ကာယကိုပင်ပန်းစေသောတပအကျင့်ကြောင့် အကုသိုလ်ကံဟောင်းသည် အကျိုးပေးပြီးဖြစ်သွား သည်၊ ယခုအခါ ကာမရာဂကင်းနေသည်၊ နောက်ဘဝမှာ အိုနာသေလွတ်မည်၊ ဒိဋ္ဌ၊သုတ၊မုတမင်္ဂလာကို ယုံသူသည် နောက်ဘဝတွင် ဆင်းရဲမှလွတ်သည်ဟု ဥဒ္ဓံသရခေါ် သဿတဝါဒီတို့ ပြောဟောကြ၏။ ထိုသူတို့ သည် ဘဝအသွယ်သွယ်၌ တပ်မက်မှုမကင်းကြချေ--။
(၈)
  • တဏှာမကင်းသူသည် လိုရာလိုရာကို တောင့်တ၏။ နောင်ရေးအကြောင်းအရာကို ကြံတွေးပူပန်၏။ ဤလောက၌ ရဟန္တာအား ဖြစ်ခြင်း-သေခြင်းမရှိ၊ တုန်လှုပ်ခြင်းလည်း မရှိ--။
(၉)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား---
  • အချို့ ဘာသာရေးဆရာတို့ သည် သူတို့ ဘာသာရေးတရားကို အမြတ်ဆုံးဟု ပြောဆိုကြ၏။ သို့ သော် ထိုဘာသာရေးတရားကိုပင် အပေါစား၊ အညံ့စားဟု အချို့ ဆရာတို့ ဆိုကြပြန်၏။ သူတို့ ဝါဒတွင် အဘယ်ဝါဒသည် အမှန်ဖြစ်ပါသနည်း----။
(၁ဝ)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား---
  • စူဠဗျူဟသုတ်-စာပိုဒ် ၁၊၂၊ ၃၊ ၄၊ ၅၊ ပြန်ကြည့်ပါ။
(၁၁)
  • ရဟန္တာသည် သစ္စာ ၄ ပါးကို သိပြီးသူဖြစ်သည်။ တပါးသူက သင်ကြားပေးရန်မလိုအပ်ပြီ။
  • အယူမှားခြင်း၊ အယူမှားကိုစွဲလမ်းခြင်း ကင်းသည်။ ငြင်းခုံခြင်းလည်း ကင်းသည်။အရိယာအကျင့်မှတပါး အခြားအကျင့်ကို မကျင့်တော့ပြီ--။
(၁၂)
  • သူတပါးစိတ်ကိုသိခြင်း၊ ရှေးဘဝအကြောင်းကိုသိခြင်း၊ နတ်မျက်စိရခြင်းတို့ သည် ဝဋ်ဆင်းရဲမှလွတ် မြောက်ကြောင်းဖြစ်သည်ဟု အချို့ ယုံကြည်ယူဆကြ၏။ သူတို့ ၏အဘိညာဉ်သည် သစ္စာ ၄ ပါးကို သိခြင်းကိစ္စကို မပြီးစီးစေနိုင်လျှင် ဝဋ်မှလွတ်မြောက်ခြင်းဟူသည် မဖြစ်နိုင်ပါ။ သူတို့ သည် နည်းလမ်းမှန်ကို ပစ်ပယ်၍ နည်းမှားဖြင့်စင်ကြယ်ခြင်းကို ပြောဆိုကြကုန်၏။
(၁၃)
  • ပကတိမျက်စိ၊ အဘိညာဉ်တို့ ဖြင့် မြင်သောလူသည် နာမ်ရုပ်ကို ရိုးရိုးသာမန်သာမြင်၏။ မြင်ခဲ့သောနာမ်ရုပ်ကို ရိုးရိုးမြင်ခဲ့ပြီးအတိုင်းပင် ပုဂ္ဂိုလ်-သတ္တဝါစသည်ဖြင့် ကြံတွေးသိလတံ့။ ပကတိမျက် စိ၊ လောကီအဘိညာဉ်မျက်စိတို့ ဖြင့် နည်းနည်းဖြစ်စေ၊ များများဖြစ်စေ နာမ်ရုပ်ကိုသိမြင်သော်လည်း ယင်းအမြင်ကို သံသရာမှလွတ်သည်ဟု ဘုရားစသောသူမြတ်တို့ မဟောကြပါ။
(၁၄)
  • အယူမှားကိုသက်ဝင်စွဲလမ်းလျက်ဟောပြောနေသူကို ဆုံးမသွန်သင်ပြုပြင်ပေးရန် မလွယ်ကူပါ။ အတွေးအကြံမှားကို စွဲလမ်းမှု၊ ဆရာမှားကို အထင်ကြီးမှုတို့ သည် အယူမှားကိုစွဲလမ်းမှုတို့ ၏ အကြောင်းဖြစ်ပေ၏။
(၁၅)
  • ဗြာဟ္မဏ ခေါ် ရဟန္တာသည် သိသင့်သမျှကိုသိပြီးသောကြောင့် တဏှာ-ဒိဋ္ဌိဖြင့်တွေးကြံခြင်းကင်း၏။
      တိတ္ထိတို့ ၏အယူမှားကိုလည်း ဂရုမစိုက်လျစ်လျူရှုလေတော့၏။ ဂန္ထ ၄ ပါး (အဘိဇ္ဈာ-ဗျာပါဒ-သီလဗ္ဗတ
      ပရာမာသ- ဣဒံသစ္စာဘိနိဝေသ  ကာယဂန္ထ) ကိုစွန့်ပယ်ပြီးသောကြောင့် အယူမှားအသင်းအပင်းတွင်မ
      ပါဝင်တော့ပြီ---။ ရဟန္တာမဟုတ်သူတို့ မှာ မိစ္ဆာအယူကို မြဲမြံစွာယူကြကုန်၏။
(၁၆)
  • ရဟန္တာသည် အာသဝအဟောင်းကိုစွန့် ပယ်ပြီး အာသဝအသစ်ကို မပြုတော့ပြီ။ အလိုဆန္ဒနောက်လည်း မလိုက်တော့ပြီ။ အယူမှားမှန်သမျှမှလည်း ကင်းရှင်းလွန်မြောက်ပြီ။ တဏှာဖြင့်လည်း လောကကိုမကပ် ငြိတော့ပြီ။ မိမိကိုယ်ကိုလည်း ကဲ့ရဲ့ခြင်း ကင်းလေပြီ။
(၁၇)
  • မြင်-ကြား-နံ-စား-ထိ-ကြံရသမျှသောအရာတို့ ၌   ရဟန္တာသည် သေမင်းစစ်သည် ကင်းလေပြီ။ ကိလေသ-အဘိသင်္ခါရ-ခန္ဓာဝန်ထုပ်များကို ပစ်ချထားပြီးပြီ။ ကိလေသာအနှောင်အဖွဲ့ မှ လွတ်မြောက်ပြီ။

မဟာဗျူဟသုတ်အနှစ်ချုပ်ပြီးပြီ။

No comments: