Total Pageviews
Thursday, June 14, 2012
ရခိုင်သမိုင်းသုတေသီဆရာတော်၏ ရခိုင်ဒေသယနေ့ ၊ရှေ့ အလားအလာသုံးသပ်ချက်
ရခိုင်ဒေသပဋိပက္ခဖြစ်ရပ်များနှင့်ပတ်သက်၍ RFA မြန်မာပိုင်းသတင်းထောက် ဦးကျော်ကျော်အောင်နှင့်
ရခိုင်သမိုင်းသုတေသီဆရာတော် ရမ္မာဝတီဦးပညာစာရတို့ ၏ အမေးအဖြေ (၆-၁၂-၂ဝ၁၂)
ဦးကျော်ကျော်အောင်။        ။"အရှင်ဘုရား… အခုရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့အခြေအနေကိုဆရာတော့်အနေနဲ့ 
ဘယ်လိုများသုံးသပ်ပါသလဲဘုရား၊ ဘာကြောင့် ဒီလောက်အထိ ကြီးထွားလာရသလဲဆိုတာ ပြောပြပါဘုရား"။
ဦးပညာစာရ။        ။ "ထိန်းသင့်ထိန်းထိုက်တဲ့အချိန်မှာ လိုက်မထိန်းလိုက်တဲ့အတွက်ကြောင့်အပ်နဲ့ ထွင်ရမယ့်ကိစ္စကို
 ပုဆိန်နဲ့ ပေါက်ရသလိုဖြစ်သွားတာပဲ။
 ကျောက်နီမော်   ကိစ္စဖြစ်တယ်၊အဲဒီမှာလူထုစိတ်ကျေနပ်အောင်ထိန်းသိမ်းလိုက်လို့ ရှိရင်အဲဒါငြိမ်သွားလိမ့်မယ်။
အဲဒါတောင်ကုတ်ပြဿနာပေါ်လာတဲ့အခါ မကျေနပ်တဲ့အုပ်စုက နောက်တမျိုးဖြစ်လာတယ်။ အားတင်နိုင်တဲ့အုပ်စုက နောက်တမျိုးဖြစ်လာတယ်။ 
အဲဒီမှာ NLD ဒေါ်စုတို့ ပါတီ..အဲဒီပါတီကတာဝန်ကို…ဒေသလူထုအသိဉာဏ်ကို အကဲမခတ်ဘဲနဲ့  ကမ္ဘာ့လမ်းကြောင်း
ကပြောလိုက်တာလည်း တဖက်ကို အားပေးသလိုဖြစ်သွားတယ်။ ဒေါ်စုပြောတာကိုကြားလိုက်တယ်၊" လူနည်းစုကို လူများစု အနိုင်ကျင့်တာ မကောင်းဘူး။လူများစုဟာ လူနည်းစုကို ညှာတာရမယ်၊" အဲဒီစကားဟာ ကမ္ဘာ့ လမ်းကြောင်းမှာတော့
 ကောင်းတယ်။
 ဒါပေမယ့် ဒေသထိန်းသိမ်းရေးလမ်းကြောင်းမှာကျရင် အဲဒီစကားဟာ တဖက်သားကို အားပေးသလိုဖြစ်သွားတဲ့
အတွက်ကြောင့် မောင်တောဘက်က ထကြွလာတယ်။ မောင်တောဘက်က အခြေအနေကိုမြင်တဲ့အခါတပြည်လုံး
ပါသွားတာပဲ။ မောင်တောဘက်ကအခြေအနေကိုမြင်တဲ့အခါတပြည်လုံးက အဲဒီသတင်းကိုသိတဲ့အခါ တမျိုးလုံး
 တပြည်လုံးမခံနိုင်ဖြစ်သွားတဲ့အခါ ဒီလောက်ပွသွားတာပဲ။ အဲသည်တော့ပထမဆုံးအပ်နဲ့ထွင်ရမယ့် ကိစ္စမှာ
 လိုက်လို့ ထိန်းသိမ်းလိုက်နိုင်လို့ ရှိရင် အဲဒီပြဿနာ အဲလောက်မကြီးနိုင်ဘူးလို့  တော့ထင်မိတယ်။"
ဦးကျော်ကျော်အောင်။        ။ "တင်ပါဘုရား။ အခုအခြေအနေအရပေါ့လေ။ အာဏာပိုင်တွေဘက်က ဒီပြဿနာ ကို 
  အမြန်ဆုံးအဆုံးသတ်သွားအောင် ဘာတွေများလုပ်ဖို့ လိုအပ်နေတယ်လို့ အရှင်ဘုရားမြင်မိပါသလဲဘုရား။"
ဦးပညာစာရ။                    ။ "ခဏလေးနဲ့ ထိန်းသိမ်းနိုင်မယ့်ကိစ္စလို့ တော့ မမြင်ဘူး။
ခဏလေးနဲ့ ထိန်းနိုင်မယ်ဆိုရင်အခုလို ကာဖျူးတွေထုတ်ထားလိုက်၊ အဲဒီထုတ်ထားတဲ့အခါ ငြိမ်သွားအောင်
တနည်းမဟုတ်တနည်း စိတ်ဓာတ်ရေးရာအရမငြိမ်ပေမယ့်  ရုပ်ပိုင်းဆိုင်ရာအရငြိမ်အောင် ထိန်းသိမ်းလိုက်ရမယ်။ အဲဒီဟာတော့ ငြိမ်သွားမှာပဲ။
 ဒါဟိုဘက်ဒီဘက်ကြားမှာ ပြဿနာကို ငြိမ်အောင်ပြောတာပဲ။ ကိုယ့်ဘက်ကို ကိုယ်ဆွဲလို့ ပြောမယ်၊
သူ့ ဘက်ကို သူဆွဲလို့ ပြောမယ်ဆိုရင်တော့ ပြဿနာက နောက်တမျိုးအဖြေထွက်လာမယ်။ ဒီလိုထိန်းသိမ်းထားတာပဲ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကောင်းတယ်လို့ ပြောရမယ်။ ပြဿနာကြီးထွားမှုအားနည်းမယ်။
 တကယ် တာရှည်မှာငြိမ်သွားမယ်ဆိုရင်တော့ခါ ဒီထက်မက စနစ်တွေ၊ မူတွေနဲ့  အခွင့်အရေးတွေပေးပြီးတော့ ချပေးရမယ်၊ လုပ်ပေးရမယ်။ 
အခုအအခြေအနေမှာ ဟိုဘက်ကRSO( Rohingya Solidarity Organization (RSO)= ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး စစ်သွေးကြွအဖွဲ့ )က လူသေတာကို အရေးစိုက်တာမဟုတ်ဘူး။
 ဒေသတခုကို သူတို့ အာဏာလက်ထဲသို့  ၊ သူတို့ လက်ထဲသို့  အာဏာပိုင်ဖြစ်အောင်၊ သူတို့ ပိုင်ဆိုင်တဲ့ဒေသတခုဖြစ်အောင် သူတို့ က ကစားနေတဲ့အကွက်တွေပါလာလို့ ရှိရင် နိုင်ငံတကာက  ဝင်လာမယ်၊ အစ္စလမ်နိုင်ငံပေါင်း ၄ဝ ကျော်လောက်က ဝင်လာမယ်၊ ကုလသမဂ္ဂဝင်လာမယ်၊ အမေရိကားကသူတို့ ဟာသူတို့  ဝင်လာမယ်။ အဲဒီလိုဆိုရင် သူတို့ ကို ငါတို့ ဒေသကမောင်တောနယ်ကို ခွဲထုတ်ပေးရမယ့်အဆင့်မျိုး ဖြစ်လာမယ်။
 အဲဒီကဒေသခံတွေဟာ သမိုင်းကြောင်းအရ ရခိုင်မှာနေခဲ့ပေမယ့်ဒီနေ့ အသစ်ဝင်လာတဲ့လူမှသာ ကမ္ဘာ့အခြေအနေကြောင့် သူတို့ နေရာရသွားပြီးရင် နှစ်ပေါင်းလေးငါးခြောက်ထောင်လောက်ကပင် နေလာတဲ့ရခိုင်တွေဟာ ဗမာလည်းမဟုတ်ဘူး၊ 
ကုလားလည်းမဟုတ်ဘူး၊ ကြားမှာ ရခိုင်တွေဟာ အနေကြပ်သွားပြီး နေရာပျောက်သွားမယ့် အခြေအနေသို့ ရောက်သွားမယ်၊ 
ဒါကြောင့် အဲဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင် ကုလားသက်သက်ကိုဖြေရှင်းလို့ မရဘူး၊ ရခိုင်သက်သက်ကိုဖြေရှင်းလို့ မရဘူး၊ ကုလားရခိုင်သမိုင်းကြောင်းအရ ဒီအထဲမှာ အခွင့်အရေး ဘယ်သူ့ ကို ဘယ်လောက်ပေးသင့်တယ်၊ အဲဒီလိုမပေးလို့ ရှိရင် ရခိုင်ဟာ ဒီအတိုင်း ကြည့်နေမှာမဟုတ်ဘူး၊ အဲဒီကပြဿနာဟာ ဒီထက်ကြီးထွားဦးမယ်။ ဒီနေ့ အခြေအနေမှာ ဒီနေ့ ပုံစံမျိုး ငြိမ်အောင်လို့  ကာဖျူးထုတ်လို့  ထိန်းသိမ်းထားတာ ကောင်းတယ်။ တာရှည်ငြိမ်သွားဖို့ အတွက်တော့ သမိုင်းကြောင်းအရရှိခဲ့တဲ့ လူတွေကို ဘယ်လောက်အခွင့်အရေးပေးရမယ်၊ ဧည့်သည်ရောက်လာတဲ့သူတွေကို လူသားချင်းကိုယ်ချင်းစာနာပြီး ဘယ်လောက်အထိအခွင့်အရေးပေးသင့်တယ်၊ အဲဒီဟာကို စနစ်တကျ လုပ်ပေးရမယ်။ အစိုးရကလုပ်ပေးသလို ပါတီကြီးတွေ၊ တိုင်းရင်းသားတွေ၊ နိုင်ငံရေးကို ဝါသနာပါတဲ့သူတွေ ၊ဒီမိုကရေစီကို ဝါသနာပါတဲ့သူတွေဟာ ဒီဟာလုပ်ရမယ်။"
ဦးကျော်ကျော်အောင်။        ။ "အရှင်ဘုရားခုနကအမိန့် ရှိသွားတဲ့အတိုင်းဆိုရင် ရောက်လာတဲ့ဧည့်လူမျိုး၊ ဧည့်သည်တွေ
အပေါ်မှာ အခွင့်အရေးပေးဖို့ လိုတယ်လို့ ထင်ပါသလား။"
ဦးပညာစာရ။                    ။ "လူသားဖြစ်တဲ့အတွက်ကြောင့်အသင့်အတင့်တော့ပေးရမယ်။ အသင့်အတင့်မပေးနိုင်လို့ ရှိရင် ရခိုင်ဒေသမှာ ဒေါ်စုပြောသလို ၊ နောက်လူတွေပြောသလို ၊ လူသားကို လူသားလို့ မြင်တဲ့သူတွေပြောသလို ဆိုရင် ရခိုင်ဒေသမှာရှိတဲ့လူဦးရေနဲ့ သူတို့ နဲ့ မမျှတတဲ့အတွက်ကြောင့် (ငါတို့ )အသက်သေဆုံးအောင်သတ်လိုက်ရမှာလား၊ 
ဘယ်သူသတ်နိုင်မလဲ၊ ကမ္ဘာ့ကလက်ခံမှာလား၊ အဲဒီကိစ္စ မဖြစ်နိုင်ဘူး။ နောက်တခုက ဒီနိုင်ငံမှာ မနေနဲ့ လို့  (ငါတို့ )
 နှင်ထုတ်မှာလား၊ ဦးနေဝင်းလက်ထက်က ဟင်္သာစီမံချက်နဲ့ ၊ နဂါးမင်းစီမံချက်တွေနဲ့ နှင်ထုတ်ခဲ့ပြီးပြီ။ ဒါပေမယ့်မအောင်မြင်ဘူး၊ အဲဒီကိစ္စလဲ ကမ္ဘာကလက်ခံနိုင်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီလိုဆိုရင် ဒီဒေသမှာပဲသက်သက်ထားမှာလား။ မဟုတ်လို့ ရှိရင်
ပြည်ထောင်စုတခုလုံးမှာ လူသားကိုလူလို့ မြင်တဲ့အတွက်ကြောင့် ဒီနေရာမှာ အလွန်အကျွံများနေတယ်၊
သူတို့ ကလည်း သွားချင်နေတယ်၊ ဒါကြောင့်ပိတ်ထားတဲ့ တံခါးကို ဖွင့်ပေးလိုက်ပါ၊ အဲဒီလိုသွားတဲ့အခါမှာ မန္တလေးတို့ ၊ စစ်ကိုင်းတို့ ၊ မကွေးတို့ ၊ နောက်နေရာ- နောက်နေရာကိုလည်း ပြန့် နှံ့ ပြီးရင် ပြည်ထောင်စုထဲမှာ သူတို့ စိမ့်ဝင်သွားပြီးရင် အင်အားဟာတစုတပေါင်းတည်းမဟုတ်ဘဲ အင်အား ပြန့် နှံ့ သွားလို့ ရှိရင် မြန်မာနိုင်ငံသားအဖြစ်နဲ့ လက်ခံလိုက်ပါ။ အဲဒီလိုဆိုလို့ ရှိရင် သူတို့ တိုင်းနဲ့ ပြည်နယ်အနှံ့ ပြန့် နှံ့ သွားလို့ ရှိရင် လူသားကိုလူသားလို့ မြင်တဲ့ထိန်းသိမ်းမှုတခုဖြစ်လို့ 
 ဒီဒေသမှာလည်း အင်အားလျော့ဆင်းသွားပြီးရင်၊ အင်အားနည်းသွားပြီးရင် ရခိုင်ဒေသလည်း ငြိမ်သွားလိမ့်မယ်လို့ တော့ ထင်တယ်။ "
ဦးကျော်ကျော်အောင်။                    ။ "အရှင်ဘုရားအမိန့် ရှိသလို ပေါ့လေ၊ တခြားဒေသတွေကိုပါ ပျံ့ နှံ့ သွားအောင်
 ရောက်ရှိသွားအောင်၊ ပျံ့နှံ့သွားအောင်ဖွင့်ပေးလိုက်မယ်ဆိုတဲ့ မူဝါဒမျိုးကိုအစိုးရက မလုပ်ဆောင်ဘူးဆိုလို့ ရှိရင် 
ရခိုင်ပြည်နယ်ရဲ့အနာဂတ်ပေါ့ဘုရား။" (ဘယ်လိုဖြစ်လာနိုင်သလဲ)
ဦးပညာစာရ။        ။ "အဲဒီကိစ္စဟာ စမ်းချောင်းက ရေထွက်လာတယ်၊ ဆည်မြောင်းတာတမံဆည်လိုက်တယ်၊ စမ်းချောင်းကထွက်တာကိုလည်း မပိတ်ပေးဘူး၊ မိုးရွာတဲ့ရေကိုလည်း အဲဒီပေါ်မကျအောင် အမိုးမိုးမပေးဘူး။
အဲဒီကိစ္စမှာ ရခိုင်ဟာ ထိန်းနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ပင်ရင်းအိမ်ရှင်က ဘယ်သူလဲ။ ဧည့်အာဂန္တုက ဘယ်သူလဲ။အဲဒီဟာကို အစိုးရက ခွဲရမယ်။ အာဏာပိုင်တွေက ခွဲရမယ်၊ ပါတီတွေက ခွဲရမယ်။ "
ဦးကျော်ကျော်အောင်။                    ။ "ဆရာတော် ဦးပညာစာရကို RFA ကကျေးဇူးအများကြီးတင်ပါတယ်။"
ဦးပညာစာရ။                                ။ "ကောင်းပါပြီ၊ ငါတို့ လည်း ကျေးဇူးတင်ပါတယ်။"
No comments: