Total Pageviews
Tuesday, February 12, 2013
ရွှေလရောင်
- မြို့ လုလင်သာတဲ့ကွန်းဆီသို့ 
တို့ သခင်စာဖွဲ့ လို့ ညွှန်းလိုက်ကဲ့
ဒါနဲ့ ပဲလွမ်းကြပေတော့ကွာ…။
-  မြို့ သူကြီးရယ်လို့ 
တို့ ထီးနေတမျှပေပေါ့
ရွှေလရောင်ဘွဲ့ သတင်းရယ်နဲ့ 
ဦးမင်းရောင်ဗိုလ်ဝင်ခံလို့ မို့ 
ဟိုအလျင်ယမန်စစ်အင်ကျင်းတယ်
ခင်းတဲ့ဗျူဟာ…။
- မြတ်လောကီသဘာဝတွင်ဖြင့်
ဓာတ်ကောလီခါမရတာမို့ 
မြန်မာများဘုန်းသမ္ဘာ
ရှုံးပါပေါ့ကံတမျိုး…။
- မန်းအပျက်မှာ
စန်းလဂ်မသာမယာမို့ 
ဗမာ ဗမာချင်းတောင်မှ
ရန်သူကိုရန်ဟူ၍မမှတ်တဲ့ပြင်
ကိုယ့်တပ်ကိုယ်ပြန်ကာနင်းကြတဲ့
ကိုယ့်ဖို့ အလွတ်ရုန်းရော့မယ်လို့ 
တောင်ကုန်းသာသာယာယာမြင်းမဏိစခန်းဆီက
တရှောင်ရှောင်ပုန်းကာအတွင်းသိတဲ့
မင်းအမိဖမ်းချင်ကြတဲ့ပြင်
ပရမ်းပတာ တော်ရာလျော်ရာပြေးကြတော့
အရေးရှင်မကြံသာသနဲ့ 
ကံကြမ္မာရှေးဝဋ်ကြွေးပေထင့်
လေးတိုင်စဉ်ရွာအတွင်းတွင်ဖြင့်
အင်္ဂလိပ်တွေကို အတင်းကြိတ်မဟေ့လို့ စမ်းခဲ့တဲ့
တဖောင်ဖောင်သတင်း တပြောင်ပြောင်လင်းခဲ့တဲ့
တောင်တွင်းကသခင်ကို အောင်တြင်းမရခင်ဖမ်းတဲ့ပြင်
အကြမ်းပတမ်းမလုပ်ကောင်းသော်လဲ
ဥက္ခောင်းဖြတ်ကာ အသေသတ်ကြသတဲ့
မကျေနပ်ရှာသူချောင်တပဲ့ပန်းတို့ ရဲ့
ပြေရပ်မှာတဘောင်နဲ့ လွမ်းကြပေတော့
ပြေမြန်မာတဘောင်မစိုးရရှာတဲ့
အခေါင်အမြန်း  အမှောင်သန်းသမို့  အောင်ပန်းညှိုးခဲ့ရတဲ့
အောင်ဆန်းတို့ ရွှေလရောင်အဖိုး…။
သခင်ကိုယ်တော်မှိုင်း
No comments: