Total Pageviews

Saturday, October 15, 2011

ရဟန္တာဖြစ်နိုင်သည့်အရွယ်နှင့်စပ်၍ မတူညီသည့်ကျမ်းဂန်အဆိုများ

၎ နှစ်သား ရဟန္တာ။           ။ ဧကဒီပိယထေရ်သည် ၄ နှစ်သားအရွယ်မှာ ရဟန္တာဖြစ်သည်။(အပါဒါန ၁။ ၄၄၀)
၅ နှစ်သား ရဟန္တာ။            ။ ပဉ္စသီလသမာဒါနိယထေရ်သည် ၅ နှစ်သားအရွယ်မှာ ရဟန္တာဖြစ်သည်။ (အပါဒါန ၁။ ၈၅)
စန္ဒနမာလိယထေရ်သည် ၅ နှစ်သားအရွယ် ဆံချအပြီးမှာပင် ရဟန္တာဖြစ်သည်။ (အပါဒါန ၁။ ၆၃)
ပဒုမထေရ်သည်လည်း ၅ နှစ်သားအရွယ်မှာပင် ရဟန္တာဖြစ်သည်။ (အပါဒါန ၁။ ၁၂၂)

၇ နှစ်အောက်ငယ်ရွယ်သူ တရားထူးမရနိုင် (ဓမ္မာဘိသမယ မဖြစ်နိုင်)

ယောပိ မနုဿဒဟရကော ဦနကသတ္တဝဿိကော၊ တဿ သုပ္ပဋိပန္နဿာပိ ဓမ္မာဘိသမယော န ဟောတိ။
၇ နှစ်အောက်ငယ်ရွယ်သောလူသူငယ်သည် ကောင်းသောအကျင့်ရှိစေကာမူ တရားထူးရသူမဖြစ်နိုင်------။
(မိလိန္ဒပဥှာ၊ ဓမ္မာဘိသမယပဥှာ ၂၈၉)

No comments: