Total Pageviews
Showing posts with label လျှပ်တပြက်အတွေး. Show all posts
Showing posts with label လျှပ်တပြက်အတွေး. Show all posts
Friday, June 8, 2012
အနိုင်မခံအရှုံးမပေး= ကိုယ့်စည်းနှင့်ကိုယ်နေထိုင်ရေး
ရခိုင်ဒေသ၏ ယနေ့ အခြေအနေသည် တစစအရှိန်မြင့်တက်လာသော မီးတောက်မီးလျှံသဖွယ်ဖြစ်လာသည်။
လူမျိုးရေးအခြေခံ အမြင်မကြည်လင်မှု၊ဘာသာရေးအခြေခံ အယူအဆကွဲပြားခြားနားမှုသည် ကမ္ဘာ့ နေရာတိုင်း
လိုလိုမှာ ရှိခဲ့သည်။ ရှိဆဲဖြစ်သည်။ ထိုနည်းတူ မြန်မာနိုင်ငံ၊ ရခိုင်ဒေသမှာလည်း မတူခြားနားမှုများ ရှိခဲ့သည်။ ရှိဆဲပင်…..။
အတ္တစိတ်လွန်ကဲသော အစွန်းရောက်အတွေးအမြင်ဖြင့်"ဒီဒေသဒီနေရာမှာ ဒီလူမျိုးသာ ရှိရမည်၊ ဟိုလူမျိုးမရှိရ"ဟုလည်းကောင်း၊ "ဒီဒေသဒီနေရာမှာ ဒီဘာသာကိုးကွယ်ယုံကြည်သူသာ ရှိရမည်၊ ဟိုဘာသာကိုးကွယ်ယုံကြည်သူမရှိရ"ဟုလည်းကောင်း ယူဆမိတတ်သည်။ ယင်းအယူအဆသည် ပြဿနာ၏အခြေခံ ဖြစ်လာတတ်သည်။လူမျိုးရေး၊ဘာသာရေးအမြင်ကျဉ်းမြောင်းမှုသည်
ကြောက်စရာကောင်းပါသည်။ ကမ္ဘာ့ပြဿနာအများစုလိုလိုမှာ လူမျိုးရေး-လူမျိုးစွဲအမြင်ကျဉ်းမှု၊ ဘာသာရေး-ဘာသာစွဲအမြင်ကျဉ်းမှုကြောင့် ဖြစ်ပွားရသည်ကို ဆန်းစစ်လေ့လာနိုင်သည်။
လူမျိုး-ဘာသာမတူသူများနှင့်အတူယှဉ်တွဲနေကြရာဝယ် လူမျိုးရေး-ဘာသာရေးအစွဲအမြင်ဖြင့် တဘက်သားအပေါ် အုပ်စုဖွဲ့ အနိုင်မယူမိစေရန် အထူးအရေးကြီးသလို တဘက်ကအနိုင်ယူရေးအတွက်
အားစမ်းလာလျှင်လည်း အရှုံးမပေးမိစေရန် အထူးအရေးကြီးသည်။ ယနေ့ ရခိုင်ဒေသရှိ ဘက် ၂ ခုဟုဆိုနိုင်သော အင်အားစုများသည် "အနိုင်မခံအရှုံးမပေး"စိတ်ဓာတ်မွေးမြူစေလိုပါသည်။ "
အနိုင်မခံအရှုံးမပေး"ဟူသောစကား၏ဆိုလိုရင်းမှာ အင်အားစု ၂ ရပ်သည် ကိုယ့်စည်းနှင့်ကိုယ် နေထိုင်ကြရေးပင် ဖြစ်သည်။ မည်သည့်အင်အားစုမှဖြစ်စေ၊ ကိုယ့်စည်းနှင့်ကိုယ်မနေဘဲ
ပြဿနာများ၊ အမှားအယွင်းများ၊၊ရာဇဝတ်မှုများကျူးလွန်ပါက အရေးယူဆောင်ရွက်ရန်ထိရောက်မြန်ဆန်မှန်ကန်သော ဘက်မလိုက်တရားစီရင်ရေးစနစ်၊ အုပ်ချုပ်ရေးစနစ်များလည်း ရခိုင်ဒေသမှာ
အလျင်အမြန်လိုအပ်နေကြောင်း လေ့လာတွေ့ ရှိရပါသည်။
အမရဒီပ
၆-၈-၂ဝ၁၂
Friday, February 3, 2012
ကိုယ်တိုင်မေး၊ ကိုယ်တိုင်ဖြေ
ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ရတာ ဘာအကျိုးကျေးဇူးရှိသလဲ?
မဖြေနိုင်သေးရင် သိအောင်လုပ်ပါ။ ယောင်ဝါးဝါးမဖြစ်စေနဲ့ 
ဖြေနိုင်ရင် ကိုယ့်အဖြေကို သူများကို မျှဝေပေးပါ။ အမှားမရှိအောင်တော့ သတိထား
Subscribe to:
Posts (Atom)