Total Pageviews

Thursday, March 1, 2012

စေ့စပ်ဆွေးနွေးရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ၏ စိတ်နေသဘောထား


"အခုတပတ်နောက်ဆုံးမေးခွန်းရှင်ကတော့ ကိုသန်းတင်ဆင့်ပါပဲဗျာ--။"

"ဟုတ်ကဲ့--- သူကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တည်ငြိမ်မှုရရှိအောင် Meditation တရားအားထုတ်တာ
နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခုလို မေးထားပါတယ်--ကိုဉာဏ်ဝင်းအောင်--ရေ"

"ကျနော်သန်းတင်ဆင့်ပါခင်ဗျား၊ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်မှာနေပါတယ်။
 ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ခံနေရစဉ်အတွင်းမှာ တရားအားထုတ်ဖြစ်တယ်လို့ ကျနော်
ကြားရပါတယ်။ အခွင့်အရေးကြုံတုန်းမေးချင်တာကအခုလိုနေအိမ်အကျယ်ချုပ်ကပြန်လွတ်လာပြီးနောက်ပိုင်းကော
 တရားဖက်ကို အချိန်ပေးဖြစ်ပါသလား၊ အကယ်၍များ တရားဖက်ကို အချိန်မပေးဖြစ်ဖူးဆိုရင် ကျနော်ကတော့
 ကျေးဇူးပြုပြီး အကြံပြုချင်တာကေတာ့ ခန္ဓာဉာဏ်ရောက်ဝိပဿနာတရားကို တနေ့ ကို ၁ဝ မိနစ်လောက်ဖြစ်ဖြစ်
အချိန်ပေးပေးပါလို့ ဆန္ဒပြုပါရစေခင်ဗျား----။

ကျနော် ဂျပန်နိုင်ငံမှာရှိစဉ်က မိတ်ဆွေဂျပန်တွေမေးလေ့ရှိပါတယ်။ မင်းတို့ ဗမာလူမျိုး ဗုဒ္ဓဘာသာ
တွေဖြစ်ရဲ့သားနဲ့  မင်းတို့ တိုင်းပြည်ကြီးဟာ ဘာဖြစ်လို့ အခုလို စေ့စပ်ဆွေးနွေးရေလမ်းပေါ်မရောက်ကြတာလဲ
ဆိုတာကိုမေးပါတယ်၊အဲဒီတော့ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လို့ ရှိရင် ဘယ်လို နှလုံးသားမျိုးထားသင့်ပါသလဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားသင့်လဲဆိုတာကို ရှင်းပြပေးပါခင်ဗျား"

"သမာဓိအားကောင်းရင် လောကီ လောကုတ္တရာ ၂ မျိုးလုံးအတွက် အကျိုးကြီးမားတယ်လို့  မှတ်သားရဖူးပါတယ်၊ ဦးခင်မောင်စိုး-ရေ၊ ကဲ--ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေကိုကြားရအောင်လားဗျာ"

"ကောင်းပါပြီဗျာ"

ဒေါ်အောင်ဆန်းစုကြည်၏ဖြေဆိုချက်

"အကျယ်ချုပ်ကလွတ်လာပြီးကတည်းက အရင်လောက်တရားအားထုတ်ဖို့ အချိန်မရတာကတော့
အမှန်ပါပဲ။  ဒါပေမယ့်လဲ တတ်နိုင်သလောက်တော့ အားထုတ်ဖို့ ကြိုးစားပါတယ်။ဒီနိုင်ငံမှာ လူအများစုက
ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ဗုဒ္ဓဘာသာတရားကို နှလုံးသွင်းထားတဲ့သူတွေ ဘယ်လောက်များတယ်
ဆိုတာကတော့မှန်းဖို့ခက်ပါတယ်။ ကျမကတော့ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာကောင်းတဦးဖြစ်ဖို့  ကြိုးစားနေတဲ့သူအဆင့်လောက်ပဲရှိသေးတယ်လို့ သတ်မှတ်ပါတယ်။
အားလုံးက လောဘ ဒေါသမောဟတွေ နည်းနိုင်သလောက်နည်းသွားအောင်ကြိုးစားကြမယ်ဆိုလို့ ရှိရင်
စေ့စပ်ဆွေးနွေးလမ်းကြောင်းပေါ် မြန်မြန်ရောက်နိုင်မယ်လို့ ထင်ပါတယ်။"


ဖေဖော်ဝါရီ ၁၁၊ ၂ဝ၁၁ -RFA အစီအစဉ်မှတဆင့် ကြားလိုက်ရခြင်းဖြစ်ပါတယ်။ လေလှိုင်းပေါ်ကစကားလုံးတွေကို စာလုံးအဖြစ်မှတ်တမ်းပြုသူ------အမရဒီပ

၃-၁-၂ဝ၁၂

No comments: