Total Pageviews

Wednesday, February 1, 2012

အမရဒီပဘလော့ဖြစ်ပေါ်လာခြင်း အကြောင်းရင်း


စာရေးသူများထုံးစံအတိုင်း မိမိသည် စောစောပိုင်းက စာဖတ်ဝါသနာကြီးသူဖြစ်၏။ စုဆောင်း
မိသမျှစာအုပ်တွေဖတ်သည်။ ကျောင်းစာကြည့်တိုက် ပိဋကတ်စာအုပ်ပါဠိ နှင့် မြန်မာပြန်တွေ ဖတ်သည်။ နောက်ပိုင်းချယ်ရီသစ္စာအွန်လိုင်းစာကြည့်တိုက်ပေါ်လာတော့ အမည်မျှသာကြားဖူး
ခဲ့ရသောစာအုပ်စာတမ်းတွေကို ပျော်ပျော်ပါးပါးကြီး ရသခံစားခွင့်ရခဲ့သည်။ အွန်လိုင်းသတင်း
စာတွေဖတ်သည်။ ဧရာဝတီ၊ မဇ္ဈိမ၊ ခေတ်ပြိုင် (ခုတော့ နားသွားပြီ)၊ ယနေ့ မြန်မာ၊ မိုးမခ တို့ 
ကို အားပေးခဲ့သည်။ ဒေါက်တာလွဏ်းဆွေ ဘလော့ပေါ်လာတော့ သူက သတင်းပေါင်းချုပ်
စုစည်းထားတတ်လေရာ သူ့ ဆီပင်တိုင်သွားဖတ်သည်။ ချယ်ရီသစ္စာပျက်သွားပေမယ့် နောက်ပေါ်မြန်မာအွန်လိုင်းမြန်မာစာကြည့်တိုက်တွေ အင်တိုက်အားတိုက်ပေါ်လာလို့ ဝမ်းသာကျေးဇူးတင်မိပါသည်။

၂ဝ၁၁ ခုနှစ်နှစ်စပိုင်းလောက်မှာ စာရေးချင်စိတ်ပေါ်တာနဲ့ ဘာသာရေး၊နိုင်ငံရေးဆောင်းပါး
လေးတွေ ရေးစမ်းပြီး ဘယ်ဆီပို့ရမလဲ တွေးသည်။ မိမိရေးထားတဲ့ ဘာသာရေးဆိုင်ရာဆောင်း
ပါးလိုဟာမျိုးတွေ ဟစ်တိုင်အွန်လိုင်းသတင်းဌာနစာမျက်နှာမှာ မြန်မာမှုမြန်မာဓလေ့ကဏ္ဍဖြင့် တင်ပေးသည်ကို တွေ့ ရသည်။ ပြီးတော့ ဟစ်တိုင်ဆောင်းပါးအောက်ခြေတိုင်းမှာပါတတ်သည့် သဘောထားကိုလည်း တွေ့ ရသည်။ သဘောထားမှာ အောက်ဖော်ပြပါအတိုင်း-------။

"မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း
ဖြစ်ပါ သည်။ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး
ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား
ပေးပို့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။
 ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင်
တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး
 နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊
 ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော
တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို
စုစည်း တင်ဆက်ပေးနေပါသည်။"

ဆောင်းပါးကို ပို့ ကြည့်သည်။ ဟစ်တိုင်အယ်ဒီတာထံမှ ဟစ်တိုင်မှာ တင်လိုက်ပြီဖြစ်ကြောင်း၊
နောင်လည်း ဆောင်းပါးစသည်ရေးသားပို့ စေလိုကြောင်း စာပြန်လာ၏။
 "ပေးပို့ လာသည့် စာမူကို ဟစ်တိုင်တွင် မြန်မာမှု မြန်မာ့ဓလေ့ ဏ္ဍ၌င်ထားပြီး ပြီ
 ဖြစ်ပါသည်။ထပ်မံပြီး ပေးပို့ ရန်လည်း ပန် ကြားပါသည်။ ဟစ်တိုင် မှ အလွန်ကျေးဇူး
တင်ပါသည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို
စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး  ဆင်ခြင် တွေးတောနိုင်ကြစေရန်
ပေးပို့နိုင်ပါသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး
နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်
စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊
 ဒီမိုလိုလား အတိုက်အခံများ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော
တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။"
ဟစ်တိုင်၏ပြန်ကြားချက်ကို ရရှိသည့်အတွက် ဝမ်းသာအယ်လဲဖြစ်ခဲ့ပါသည်။ သို့တိုင်ဟစ်တိုင်အယ်ဒီတာမည်သူမှန်း မိမိမသိပါ။ ထို့ အတူ အမရဒီပဆိုတာ မည်သူမှန်းလည်း ဟစ်တိုင်အယ်ဒီတာတို့ မသိခဲ့ပါ။ စာရေးသူ နှင့် အယ်ဒီတာကြားမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာသိကျွမ်း ခြင်းလုံးဝမရှိခဲ့ပါချေ----။ ပုဂ္ဂိုလ်ရေးသိကျွမ်းခြင်းလိုအပ်သည်ဟုလည်းမယူခဲ့ပါ။ မိမိဆောင်းပါးကို ရေးပြီး အီးမေး(လ်)ပို သည်။ အယ်ဒီတာကလည်း သူအဆင်ပြေမည့်ဆောင်းပါးမျိုးကိုသူအုပ်ချုပ်သည့်စာမျက်နှာပေါ်
တင်သင့်၊ မတင်သင့်ဆုံးဖြတ်ပြီးတင်သည်။ တခါတလေလည်း မတင်ချေ--။ မိမိကလည်း တင်ခြင်း၊ မတင်ခြင်းသည် အယ်ဒီတာကိစ္စ--။ စာရေးခြင်း၊ မရေးခြင်းသည် စာရေးသူကိစ္စသဘောထားသည်။ သို့ ကြောင့် မိမိနှင့် ဟစ်တိုင်အဖွဲ့ ကြားမှာ အီးမေး(လ်)ချင်းသာ အဆက်အသွယ်ရှိသည်။ ထို့ ထက်မပိုခဲ့ချေ---။
ဦးရွှေအောင်၏ ဘာသာရေး-နိုင်ငံရေးအမြင် ဆောင်းပါးတို့ ကို ရေးသားပေးပို့ ခဲ့သည်။ ဟစ်တိုင်အယ်ဒီတာတို့ ကလည်း တင်ပေးခဲ့သည်။ ယင်းစဉ်တွင် ဟစ်တိုင်၏ ကလောင်ရှင်ဖြစ်ဟန်တူသူ နေရဗန် (ကမ္ဘာ့မြောက်ခြမ်း) ဆိုသူက မြင်းမိုရ်ကိုလည်း မဖွနှင့် ၊ ကျောက်ဖျာကိုလည်းမမနှင့်http://www.hittai.net/?show=rm&fileid=92&t=home12&id=23   ဆောင်းပါးဖြင့် တုံ့ ပြန်ရေးသားလာသည်။ အဆိုပါပုဂ္ဂိုလ်၏ မိုးကုတ်ဆရာတော်ကြီးနှင့်        ပတ် သက်သည့်မဟုတ်မမှန်သုံးစွဲနေမှု နှင့် ဘာသာရေးအချက်အလက်မှားယွင်းမှု၊ ဘာသာရေးစာ ပေအားနည်းချို့တဲ့မှု၊ လူကြော်ငြာဆောင်းပါးတွေရေးသား မှုတို့ ကို တုံ့ပြန်ဝေဖန်သည့်ဆောင်းပါး သာဝကအကြောင်းတစေ့တစောင်း ကို ရေးပို့ ခဲ့ပါသည်။ ဟစ်တိုင်က မိမိရေးသားချက်အတိုင်း ပင် ဖော်ပြပေးခဲ့ပါသည်။ နေရဗန် (ကမ္ဘာ့မြောက်ခြမ်း)ကလည်း ကျောက်ဖျာကိုလည်း မမနှင့် မြင်းမိုရ်ကိုလည်း မဖွနှင့် (ဒုတိယပိုင်း)  http://www.hittai.net/?show=rm&fileid=95&t=home12&id=23 ဖြင့် တုံ့ပြန်လာသည်။ ယင်းဆောင်းပါးကို ထပ်ဆင့်တုံ့ပြန်သောအားဖြင့် မိမိက "ရှာလတန်၊အယူအဆဘောလုံးပွဲနှင့် သိကျင့်ပေါင်းစပ်မှု"ဆောင်းပါးကို ဟစ်တိုင်သို့ ပေးပို့ ခဲ့ပါသည်။ ဟစ်တိုင်က မိမိဆောင်းပါးကို အွန်လိုင်းစာမျက်နှာပေါ်သို့ တင်ပေးပါ၏။ ဟစ်တိုင်ပါမိမိ၏ဆောင်းပါးကို ဤသို့ တွေ့ ရပါ၏။ ရှာလတန်၊ အယူအဆဘောလုံးပွဲ နှင့် သိကျင့်ပေါင်းစပ်မှု http://www.hittai.net/?show=rm&fileid=96&t=home12&id=23
မိမိဆောင်းပါး၏အောက်ခြေတွင် တာဝန်ခံအယ်ဒီတာဆိုသူ၏ မှတ်ချက်ကိုလည်း ဖော်ပြပါအတိုင်း ဖတ်ရှုရပါ၏။
 "အပြန်အလှန်ချေပ တိုက်ခိုက်ခြင်းသည် ဆုံးခန်း တိုင်မည် မဟုတ်ဟု ယူဆပါသဖြင့် အကျယ်အကျယ် မငြိမ်းဖွယ် စာပိုဒ်များ ဖြုတ်ချ ထားပြီး သုတ ဖြစ်မည် များသာ ဖော်ပြလိုက် ပါသည်။ "
(တာဝန်ခံ အယ်ဒီတာ)
စာရေးသူတဦး၏စာကို အယ်ဒီတာအနေဖြင့် မပြင်ရဟု မိမိမပြောလိုပါ။ ပြင်ခွင့်ရှိပါသည်။ ပြင်နိုင်သည်။အယ်ဒီတာပြင်မှ လှပတောက်ပြောင်သွားသောစာတွေအများကြီးရှိသည်။မိမိ၏ ဆောင်းပါးမှာမူ စာပိုဒ်များဖြုတ်ချခံလိုက်ရခြင်းအတွက် ဆောင်းပါးခေါင်းစဉ်မှာပါသည့် "ရှာလတန်"ဆိုတာ ဘာဆိုလိုမှန်းပင်မသိတော့---။ တဖက်လူ၏အာဘော်ကို မိမိအာဘော်ဖြစ် အောင်စာပိုဒ်တွေ ဖြတ်ထုတ်ပစ်၏။ တဖက်လူအဓမ္မဝါဒ၊အဓမ္မဝါဒီကိုထောက်ခံနေကြောင်း မိမိဖော်ထုတ်သမျှကို ဖြုတ်ပစ်လိုက်၏။ တကယ်ကိုရုပ်ပျက်ဆင်းပျက်ဖြင့် မိမိဆောင်းပါးကို မြင်လိုက်ရ၏။ အယ်ဒီတာအနေဖြင့်မိမိဆောင်းပါးကို ပြင်ဆင်မည်၊ မသင့်တာကို ဖြုတ်မည် ဟုအကြောင်းကြားပါက အဘယ်မျှကောင်းလိုက်ပါမည်နည်းဟု ဆန္ဒဖြစ်မိပါ၏။ မိမိ၏ မူရင်း ဆောင်းပါးကို ဖတ်ကြည့်ပါ။ 
သည်နောက် ဟစ်တိုင်သို့ မိမိအီးမေး(လ်)တစောင်ပို့ လိုက်သည်။ ခေါင်းစဉ်မှာ "ဟစ်တိုင်သို့  နုတ်ဆက်ကျေးဇူးတင်စကား"
သို့ 
ဟစ်တိုင်

ဟစ်တိုင်ဝိုင်းတော်သားတစုနှင့် လူချင်းမသိသော်လည်း ဟစ်တိုင်၏မူဝါဒကို သဘောကျ၍ ဘာသာရေး၊နိုင်ငံရေးဆောင်းပါးများအလျဉ်းသင့်သလို
ဝင်ရောက်ရေးသားခဲ့ပါသည်။ အမရဒီပ၏ဆောင်းပါးများကို ဖော်ပြပေးခဲ့သော ဟစ်တိုင်ကို ကျေးဇူးအထူးတင်ပါသည်။
ယခုအခါ နုတ်ဆက်စကားပြောဆိုပြီး ခွဲခွါရန်အချိန်ရောက်ပြီဟု ယူဆပါသဖြင့် ဟစ်တိုင်သို့ ဝါသနာအရဆောင်းပါးရေးသားပို့ နေခြင်းကိုရပ်နားတော့မည်ဖြစ်ပါကြောင်း ဝမ်းနည်းစွာ အကြောင်းကြားလိုက်ပါသည်။ အရင်ပို့ ထားပြီး ဟစ်တိုင်မှာမဖော်ပြရသေးသော ဆောင်းပါးများကိုလည်းဖော်ပြခြင်းမပြုတော့ရန် မေတ္တာရပ်ခံလိုပါသည်။

လေးစားစွာဖြင့်
အမရဒီပ
ဟစ်တိုင်အယ်ဒီတာကလည်း ပြန်စာပို့ ပါ၏။ အောက်ပါအတိုင်း----။
"အမရဒီပ ဟူသော အမည်ကို ကြည့်၍ ရဟန်းသံဃာတော် တစ်ပါးဟု သတ်မှတ်ပါသည်။
ဟစ်တိုင်မူဝါဒသည် ချစ်စ ရှည်စေ၊ မုန်းစတိုစေ၊ လူအများလည်း သုတ ရစေဟူသော ရည်ရည်ချက်ဖြင့်နိဗာန်ဆော် ပညာ ဒါန တာဝန် ထမ်းဆောင်ခြင်းသာ ဖြစ်ပါသည်။
ကိုယ်တော် ဆောင်းပါး တည်းဖြတ်မိ၍ စိတ်ဆိုးကာ ရပ်တန့် သည်ဆိုလျှင် စိတ်ဆိုးပြေသည့် အချိန်အထိ ကြိုနေပါသည် အရှင်ဘုရား။
တပည့်တော် နိုင်ငံရေး မှုဖြင့် ထောင်ထဲတွင် (၂) ကြိမ် နှစ်ရှည် ကျခံရစဉ် မေဒိနီ ဆရာတော်၊ ရွှေဘုန်းပွင့် ဆရာတော်၊ ကမ္ဘာအေး ရှိ ဦးသုမင်္ဂလ ကျောင်းမှ စာချဆရာတော်များ။ ကျမ်းတတ်ဆရာတော်ကြီးများဖြင့် အတူနေထိုင်ကာ နှစ်ရှည် ဆွေးနွေး ခြင်း၊ ဘာသာရေး အသိပညာများ သင်ယူ ဆည်းပူးရာ-အများအကျိုးဆောင်။ ကောင်းမှုကို လုပ်၊ စိတ်ကို ဖြူစင်အောင်ထား။ မေတ္တာသည်သာ  အရာရာ စွမ်းဆောင်ရာ ဟု ဆုံးမထားပါသဖြင့် ဆရာတော်ကြီးများ အဆုံးအမဖြင့် စိတ်ရှည်ရှည်ဖြင့် စောင့်ပါမည်ဘုရား။ "

ထိုအယ်ဒီတာက မိမိစိတ်ဆိုးသည်ဟုပြောပြော၊ စိတ်တိုသည်ဟုပြောပြော မိမိအနေဖြင့် ယင်းကဲ့သို့ လက်လွတ်စပယ်ထင်ရာမြင်ရာလုပ်ပစ်တတ်သော သတင်းဌာနတခုသို့  သတင်း
၊ ဆောင်းပါးပေးပို့ ဖို့ ဆိုတာ မစဉ်းစားရဲတော့ပြီ။ မိမိဟစ်တိုင်မှာ စာရေးတာ အကျိုးအမြတ်၊ အခကြေးငွေ၊ အထောက်အပံ့တစုံတရာအတွက်မဟုတ်ပါ။ မိမိသိသမျှကို ပြန်လည်မျှဝေခြင်း၊ ဝါသနာပါသည့်စာရေးခြင်းအလုပ်မှာ ပျော်မွေ့ ခြင်းတို့ ကြောင့် စာရေးခြင်းဖြစ်သည်။ တစုံတရာ ငဲ့ကွက်ထောက်ထားစရာလည်းမလိုအပ်-----။  ဒီအခြေအနေအောက်မှာကိုယ်ပြောချင်တာကိုလွတ်လပ်ပွင့်လင်းစွာပြော နိုင်ဖို့ အတွက် အမရဒီပ ဆိုတဲ့ ဘလော့လေးတခုကို အတတ်ပညာချို့ တဲ့ဆင်းရဲသည့်ကြားမှအားထုတ်ဖန်တီး   နိုင်ခဲ့သည်။
မိမိ၏ဘလော့တွင် မိမိသည်ပင်အယ်ဒီတာ၊ မိမိသည်ပင် စာရေးသူ-- စိတ်နှလုံးချမ်းမြေ့စွာ ရေးသားနိုင်သည်။ ပျော်ရွှင်ဖွယ်ဘလောဂါဘဝ----------။
အမရဒီပ                                                                                                      ၂-၁-၂ဝ၁၂

No comments: