လှသူဇာပျို နှင့် ဘုန်းကြီးတို
့၏ ရေတွင်းနားက အရှိန်ယူစ နှလုံးသားရေးရာကိစ္စကို ဆရာတော် အရှင်သောဏုတ္တ
ရ ဖြတ်တောက်ပစ်ပြီးနောက်
ဘုန်းကြီးကျောင်းနှင့်ဆိုင်ရာ စိတ်အလိုမကျမှုများ ဘုန်းကြီးမှာ မြင့်မားလာခဲ့သည်။
ဘုန်းကြီးကား ဤဆရာတော်
သင်ပြပေးနေသည်ထက် ပိုပြီးစနစ်ကျသော ပညာရေးမျိုးကို ကိုယ့်သဘော
ကိုယ့်အလိုဆန္ဒအမှန်အတိုင်း လိုချင်သူ ဆယ်ကျော်သက်တဦးဖြစ်ပါသည်။ကိုရင့်ဘဝနှင့်ဆက်လက်နေချင်သည်။
သို့ သော်
လှေကြီးထိုးရိုးရိုးသွားဆရာတော်၏ အချုပ်အချယ်အောက်မှာ နေချင်သည်မဟုတ်။ ဤပြဿနာအတွက် ဖြေရှင်းနည်းမှာ
ထွက်ပြေးခြင်းမှတပါး အခြားမရှိချေ။ ဟုတ်ပြီ။ မည်သည့်အရပ်သို့ 
ပြေးမည်နည်း…။
အိမ်ပြန်ပြေးခြင်းမှာ
အလုပ်မဖြစ်မှန်း ဘုန်းကြီးသိသည်။ နောက်တကြိမ်လူထွက်လာပြန်လျှင် မိဘများ အကြီးအကျယ်
စိတ်ဆင်းရဲကြလိမ့်မည်။ မိဘမျက်နှာ အိုးမည်းသုတ်သည့်အလုပ်မျိုး
ဘုန်းကြီးမလုပ်သင့်တော့ပြီ။
ထိုကာလတွင် သားအဖနှစ်ယောက်
ဘုန်းကြီးကျောင်းမှာ လာနေကြသည်။ သားဖြစ်သူ၏
အမည်မှာ ဂုဏဝါဒေန ဖြစ်သည်။
ဂုဏဝါဒေနနှင့် ဘုန်းကြီးတို့ အလွန်ခင်မင်ကြသည်။ သူကဤကျောင်းထက်ပိုကောင်းသောနေရာကို
သိသည်ဟု ပြောလေ့ရှိသည်။
ထို့ ကြောင့် တနေရာသို့ အတူတူထွက်ပြေးကြဖို
့တိတ်တဆိတ်အစီအစဉ်ဆွဲထား
ကြသည်။ ဤတကြိမ် ထွက်ပြေးလျှင်
မည်သူမျှရှာမတွေ့ နိုင်သည့်နေရာသို့ ပြေးမည်ဟု
ရည်ရွယ်ထားသည်။
ထွက်ပြေးကြမည့်ရက်တွင် ခါတိုင်းသွားနေကျ ရွာဆိုင်သို့  ကတုံးတုံးရန်
ထွက်လာခဲ့သည်။
တနေ့ လုံး မျှော်လင့်ချက်ကြောင့် လှုပ်ရှားနေသည်။ဂုဏဝါဒေနလည်း ဘုန်းကြီးကဲ့သို
့ဖြစ်ပေလိမ့်မည်။ ညဆယ့်တနာရီ ဘုန်းကြီး အိမ်သာသွားပြီးအပြန် ကျောင်းရှေ့ တံခါးကို
အသာကလေးဟထားပစ်ခဲ့သည်။
ညဆယ့်နှစ်နာရီခွဲခန့် တွင်
ဆရာတော့်ဟောက်သံကို ဘုန်းကြီးတို့ ကြားရသည်။ ဖယောင်းတိုင်များကို စုကိုင်ပြီး
ဆွမ်းချက်ဆောင်သို့ လျှောက်ခဲ့ကြသည်။ ဆွမ်းချက်ဆောင်မှာ သင်္ကန်းများချွတ်၊
လုံချည်နှင့် အင်္ကျီလဲဝတ်သည်။
ကျောင်းပြင်အရောက်
အရင်တခေါက်ထွက်ပြေးခဲ့ကြသည့်အရပ်နှင့်ဆန့် ကျင်ဖက်ဆီ တူရူ
ဦးတည်လိုက်ကြသည်။
နှစ်မိုင်ခန့် ဝေးသည့် လမ်းမကြီးသို့ ရောက်နိုင်ရေးအတွက်
လယ်ကွင်း
စပါးခင်းများကိုဖြတ်ကာ အစွမ်းကုန် သုတ်ခြေတင်ကြသည်။ ပတ်ဝန်းကျင်တဝိုက်
ညဥ့်ငှက်အော်သံ၊
ဖားအော်သံ၊ ပရစ်အော်သံ နှင့် အဝေးဆီမှ ခွေးဟောင်သံများကို
ကြားနေရသည်။
လမ်းမကြီးသို့ ရောက်သည့်အခါ
အရှိန်လျှော့ကာ လမ်းလျှောက်ရုံလျှောက်ကြသည်။ မကြာမီ မီးအိမ်ကိုင်စွဲကာ
ဘုန်းကြီးတို့ ထံမျက်နှာချင်းဆိုင် လျှောက်လာသူ နှစ်ဦးကို မြင်ကြသည်။ ထိုအချိန်က
၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းကာလဖြစ်သည်။ စီလုံတကျွန်းလုံး နေဝင်မီးငြိမ်းအမိန်
့ထုတ်ပြန်ထားသည်။
ဂုဏဝါဒေနသည် အထိတ်တလန့် ဖြင့်
ဘုန်းကြီးကို ပြောလေသည်။ သူက ဘုန်းကြီး၏ ကိုရင်ဘွဲ့ ကိုမခေါ်၊ လူအမည်ကို ခေါ်သည်။
"ဟေ့…ဥက္ကုဘဏ္ဍ ၊ အဲဒါ
ပုလိပ်တွေဟ ၊ ဒီလူတွေ ငါတို့ ကို စစ်လားဆေးလားလုပ်တော့မယ်။ ငါတို့ ဘယ်လို
ပြောကြမလဲ.. "
အချိန်တိုအတွင်း လံကြုတ်ထိုးဇာတ်တပုဒ်ကို
ဘုန်းကြီးဖန်တီးလိုက်သည်။
" မနေ့ က ငါ့အမေ
ဆုံးသွားတယ်လို့ ပြောမယ်ကွာ ၊လူတယောက်က ဘုန်းကြီးကျောင်းလာပြီး သတင်းပေးလို့ 
နာရေးအသွား ဘတ်စ်ကား မမှီဘူးဖြစ်သွားတယ်။ ဒါနဲ့ အခု လမ်းလျှောက်နေရတာပဲ၊ မနက်ကျရင်
သွားမယ့် ဘတ်စ်ကား နောက်တစီးကို မှီလိုမှီငြားသဘောထားပြီး လမ်းလျှောက်လာတာပဲ…."
ပုလိပ်များ ဘုန်းကြီးတို
့နှစ်ဦးထံ ရောက်လာကြ၏။ သံသယအကြည့်ဖြင့် ဘုန်းကြီးတို့ ကို ကြည့်သည်။
လက်ကိုင်ပုဝါတထည်ကို ဘုန်းကြီး၏ ကတုံးပြောင်ပြောင်မှာ စည်းနှောင်ထား၏။
နောက်တထည်ကိုမူ လည်ပင်းမှာ စည်းထားသေး၏။ ခါးပတ်မရှိသောကြောင့် လုံချည်မြဲအောင်
ခါးမှာလည်း လက်ကိုင်ပုဝါတထည် စည်ထားရပြန်၏။ လက်ထဲရှိ ဖယောင်းတိုင်များကိုလည်း
လက်ကိုင်ပုဝါဖြင့်ပင် ထုပ်ထားရပြန်၏။ ပုလိပ်တယောက်က
ပြောသည်။
"ဒီငနဲလေးကို ကြည့်စမ်း…..။
သူ့ တကိုယ်လုံးမှာ လက်ကိုင်ပုဝါတွေချည်းပဲ….။"
ပုလိပ်နှစ်ယောက်က ဘုန်းကြီးတို
့နှစ်ယောက်ကို ဆယ်ကိုက်အကွာလောက်မှာ ခွဲနေစေပြီး
"ညဥ့်နက်သန်းခေါင်
ဘယ်သွားကြမလဲ"ဟူသော မေးခွန်းတမျိုးတည်းကို တယောက်စီအား မေးလေသည်။
ဘုန်းကြီးတို့ နှစ်ယောက်လုံး၏
နုတ်ထွက်စကားချင်းတူညီသောကြောင့် ပုလိပ်တို့ က သွားခွင့်ပြုလိုက်သည်။
နေဝင်မီးငြိမ်းအမိန့် အကြောင်းကိုပင် မပြောပြချေ။ လမ်းလျှောက်သွားစဉ်
ဖယောင်းတိုင်မီးထွန်းသွားဖို့ ကိုသာ ပုလိပ်နှစ်ယောက်လုံး ပြောကြသည်။
နှစ်နာရီအတွင်း
ဘုန်းတော်ကြီးကျောင်းမှ ဆယ့်တမိုင်ခန့် ဝေးမည့် ကုရုနေဂလအရပ်သို့ ဘုန်းကြီးတို
့ရောက်သွား
သည်။ ယခုမှပင်
စိတ်အေးချမ်းသွားသည်။ ဤမျှဝေးလျှင် ဘုန်းကြီးတို့ နောက်သို့ ဆရာတော်အရှင်သောဏုတ္တရ
လိုက်မလာနိုင်သည်မှာ အလွန်သေချာပါပြီ။
အလင်းရောင်သန်းစပြုလာချိန်တွင်
ဘုန်းကြီးတို့ သည် လမ်းဘေးတဲတလုံးအနားရောက်လာကြ၏။
၎င်းမှာဘုရားဖူးများ
နားခိုသည့်နေရာတခုဖြစ်ဟန်တူသည်။ တဲ၏နံရံအကာများကား ခပ်နိမ့်နိမ့်၊
ကောက်ရိုးအမိုးနှင့် ဖြစ်သည်။ ညစ်ပေနေသည့်ကြမ်းပြင်ပေါ် ကောက်ရိုးခင်းကာ
လဲလျောင်းနိုင်သည်။ များသောအားဖြင့် ဤရှေးဆန်ဆန် မြေစိုက်တဲများမှာ
တဲရိပ်မှာအနားယူနေသော ခရီးသွားများနှင့်
တောင်းရမ်းရသမျှကို ချက်ပြုတ်နေကြသည့် သူတောင်းစားများ
နေရာယူထားတတ်ကြသည်။
ဂုဏဝါဒေနနှင့် ဘုန်းကြီးတို့ 
ကံကောင်းကြပါပေသည်။ ဤတဲစခန်းမှာ ထိုမနက်က နေရာယူထားသူများမရှိကြ။
အားရဝမ်းသာစွာ မြေကြီးပေါ်လှဲချလိုက်ကြသည်နှင့်
မြန်မြန်ဆန်ဆန် အိပ်ပျော်သွားကြသည်။
နာရီများစွာကြာပြီးနောက်
အိပ်ရာနိုးလာကြသည်။ ရေတွင်းမှရေအေးအေးနှင့် မျက်နှာသစ်ကြသည်။ ပြီးနောက်
မည်သည့်နေရာသို့ သွားကြမည်ဟု
မသိဘဲ လမ်းဆက်လျှောက်ကြသည်။ လျှောက်မည့်သာ လျှောက်နေရပါ
သည်။
မြင်ကွင်းများ တရိပ်ရိပ် ပြောင်းလဲလာသည်။ အုန်းခြံ၊ ရာဘာခြံ၊
လယ်ကန်သင်းရိုး၊ ငှက်ပျောခင်း၊ ဟင်းသီးဟင်းရွက်ခင်းနှင့် အစောင့်တဲများကို
ဖြတ်သန်းခဲ့ကြသည်။ ခွေးလေခွေးလွင့်များလည်း နေရာအနှံ့ တွေ့ ရ
သည်။ ခွေးအများစုမှာ
အမွှေးလုံးဝပြောင်အောင်ကျွတ်နေသည်။ ခွေးချင်းကိုက်၍ရသောဒဏ်ရာ နှင့် လူများရိုက်
လိုက်၍ရသောဒဏ်ရာများလည်း
ကိုယ်အနှံ့ ဗရပွပြည့်နှက်နေကြသည်။
သစ်ပင်ပေါ်မှာ တွဲလောင်းခို သို
့မဟုတ် မြေကြီးပေါ်ပြေးလွှားနေကြသော မျောက်ရိုင်းများကိုလည်း မကြာခဏ တွေ့ ကြသည်။ အဝေးဆီမှ
ဆင်အော်သံများကိုလည်း မပြတ်တမ်းဆိုသလို ကြားကြရသည်။
ကားများ၊ ကုန်ကားများ၊ ဘတ်စ်ကားများ၊
မော်တော်ဆိုင်ကယ်များ၊ လံခြားများ တခါတခါ ဖြတ်သွားသည်။ ၄င်းယာဉ်များသည်
လမ်းသွားလမ်းလာများနှင့် လမ်းအနီးထိုင်နေသူများကို သတိပေးရန် ဟွန်းတီးကြသည်။
သို့ သော် ဖြတ်ကနဲဖြတ်ကနဲ တွေ
့ခဲ့သည်မှာ လူအများစု ဖြစ်သည်။ ယောင်္ကျား၊ မိန်းမနှင့် နွားကျောင်း ၊ ကြက်ကျောင်းနေသော
သို့ မဟုတ် သူ့ ကိစ္စနှင့်သူသွားနေကြသော ကလေးများကို ဖြတ်ကျော်ခဲ့ကြသည်။ အချို့ 
လူများမှာ
နွားဆွဲသည့်ခေတ်ဟောင်းသစ်သားလှည်းများကို စီးနင်းသွားကြသည်။
ဘုန်းကြီးတို့ သွားရာလမ်းတလျှောက်လုံး
ဈေးဆိုင်အဖြစ်သုံးကြသည့်နေရာမှာ ရွှံ့ တဲအသေးလေးများဖြစ်သည်။ လူတို့ သည်
ကွမ်းယားဝါးလျှက်၊ လဘက်ရည်သောက်လျှက်၊ အတင်းအဖျင်းပြောလျှက် ရွှံ့ တဲရှေ့ မှာ
ထိုင်နေကြ
သည်။ ခရီးသွားများသည်
ထိုတဲအိမ်များမှာ ရပ်နားကြပြီး လက်ဖက်ရည်၊ ပေါင်မုန့် ၊ ကွမ်းသီး၊ ငါးကြော်၊
အုန်းဆံ
ကြိုးနှင့် တခါတလေ သကြား၊ ဆား၊
ဆန်၊ ပဲတောင့်ရှည်၊ ရေနံဆီတို့ လို အခြေခံစားကုန်များကိုဝယ်ခြမ်းနိုင်သည်။
ခရီးသွားအများစုမှာ
ဆေးလိပ်သောက်ကြသည်။ တခါဝယ်လျှင် စီးကရက် တလိပ်စ နှစ်လိပ်စ ဝယ်သူလည်း ဝယ်ကြသည်။ သို
့မဟုတ် ဗီဒီလို ဆင်းရဲသားသောက်ဆေးလိပ်တလိပ်ကိုလည်းဝယ်ကြသည်။ ဗီဒီတလိပ်တန်ဖိုး
မှာ ငါးပြားစေ့တစေ့ကို ငါးပုံပုံ
တပုံမျှသာ ဖြစ်သည်။ ဗီဒီဆေးလိပ်တွင် ဆေးရွက်ကြီးအစအနများကို အရွက်ခြောက်များနှင့်
ရောနှောထားသည်။ ဆေးရွက်ကြီးနည်းသည်။ သို့ သော် အလုပ်ဖြစ်ပါသည်။
ဂုဏဝါဒေနနှင့် ဘုန်းကြီးမှာ
ကျောင်းမှထွက်မပြေးခင် ဆရာတော်အရှင်သောဏုတ္တရ၏အခန်းထဲမှ ခိုးယူခဲ့သော
ငွေကြေးအနည်းငယ် ပါလာသည်။ ထိုငွေဖြင့် ပေါင်မုန့် ဝယ်လိုက်ကြသည်။ လမ်းတဖက်ရှိ
ခြံထဲတွင် အုန်းသီးပုံတွေ့ ရာ ယင်းမှ အုန်းသီးတလုံး
ခိုးခဲ့သည်။
အုန်းသီးကို မြေကြီးနှင့် တိုက်ခွဲလိုက်ကြသည်။ အုန်းသီးနှင့်
ပေါင်မုန့် သည် ဘုန်းကြီးတို့ ခရီးစဉ်၏
ပထမဦးဆုံးသော ထမင်းတနပ်ဖြစ်ပါသည်။
ထိုနေ့ က နှစ်ဆယ့်ငါးမိုင်ခရီးကို
ဘုန်းကြီးတို့ လမ်းလျှောက်ခဲ့ကြသည်။ ညနေပိုင်းတွင် ဒံဘူလမြို့ သို့ ရောက်ကြ
သည်။ ဘုရားဖူးတို့ ခိုနားရာ
အိမ်အလွတ်တလုံးကို တွေ့ ရပြန်သည်။ ယင်းအိမ်တွင် ကြမ်းပြင်ပေါ် ထန်းရွက်အချို့ 
တွေ့ ရာ လှဲအိပ်ခဲ့ကြသည်။
ဘုန်းကြီးတို့ ပင်ပန်းနွမ်းနယ်နေကြပါပြီ…။
နောက်တနေ့ နံနက်တွင်
သဲယင်ကောင်များ၊ မွှားများခန္ဓာကိုယ်ပေါ် တဝီဝီအုံဖွဲ
့ဖုံးလွှမ်းခံရရင်းအိပ်ရာနိုးကြသည်။
တဲအိမ်အနီးရှိ ရေတွင်းသို
့သွားကြသည်။ ချုံဖုတ်တခုမှ
သစ်သားတုတ်ချောင်းတစ ချိုးဖဲ့ယူပြီး သွားတိုက်ကြ
သည်။
ရဟန်းတပါးသည် ဘုန်းကြီးကို
အသေအချာကြည့်ကာ အနီးသို့ ချဉ်းကပ်လာသည်။ ဘုန်းကြီးက ထိုရဟန်းကို မသိကျိုးကျွံ
ပြုနေဖို့ ကြိုးစားပါသည်။
"မင်း ကိုရင်ဝတ်ခဲ့တာလားကွ…"
သူက ဘုန်းကြီး၏
ဆံပင်ပြန်မပေါက်သေးသည့် ဦးခေါင်းပြောင်ကိုကြည့်ကာ မေးခွန်းမေးသည်။
"မဟုတ်ပါဘူး၊ တပည့်တော်
နေမကောင်းဘူး။ မနေ့ ကမှ ဆေးရုံက ဆင်းလာတာ"
ပြီးစလွယ် ဘုန်းကြီး
လိမ်ညာလိုက်သည်။
"မင်း နေမကောင်းတဲ့ပုံလဲ
မရှိပါဘူးကွာ။ ငါထင်တာ မင်းဟာ ကိုရင်တပါးပဲကွ။ငါနဲ့ လိုက်ခဲ့။
ငါ့ကျောင်းမှာ
မင်းကို ကိုရင်ပြန်ဝတ်ပေးမယ်"
ထိုရဟန်းက ပြောသည်။
ထိုရဟန်းတော်၏ ကမ်းလှမ်းချက်ကို
ဘုန်းကြီးစဉ်းစားပါသည်။ ဘုန်းကြီးတပါးဖြစ်ချင်သည့်စိတ်ဆန္ဒ နက်နက်ရှိုင်းရှိုင်း
ဘုန်းကြီးမှာ ရှိနေဆဲဖြစ်သည်။ ဆရာတော်အရှင်သောဏုတ္တရအလွန်အမင်းကြမ်းတမ်းလွန်း
သောကြောင့်သာလျှင်
ဘုန်းကြီးသင်္ကန်းချွတ်ပစ်ခဲ့ရသည်။ ယခုဤရဟန်းမှာ ကြင်နာသနားတတ်ပုံပေါ်သည်။ သို့ 
ဖြစ်လင့်ကစား သူငယ်ချင်းကို
မတိုင်ပင်ဘဲ လိုက်မသွားသင့်ချေ။
ဂုဏဝါဒေနဖက်သို့ 
ဘုန်းကြီးလှည့်လိုက်သည်။
"မင်း ဘယ်လိုသဘောရလဲကွာ။
တကယ်တမ်း ငါသင်္ကန်းချွတ်ချင်တာ မဟုတ်ဘူးကွ။
ငါ ကိုရင်ပြန်ဝတ်ဖို့ အခွင့်ကောင်းပဲ…ကိုယ့်လူ"
ဘုန်းကြီး သူ့ ကို မေးလိုက်သည်။
ဂုဏဝါဒေန ဘုန်းကြီးကို
ပြန်ပြောသည်။
"မင်း ရူးနေသလား။ ငါတို
့ဆရာတော်က ငါတို့ ကို ဘာလုပ်သလဲ မင်းမမှတ်ဘူးလား။ ဘုန်းကြီးတိုင်း အတူတူနဲ့ 
အနူနူတွေချည်းပဲကွ။ ဘုန်းကြီးတွေဟာ အသည်းနှလုံးမရှိဘူး။
ဒီဘုန်းကြီးတွေသိတာ ဝိနည်းစည်းကမ်း၊ ဝိနည်းစည်းကမ်း ဆိုတာလောက်ပဲရှိတာ။ မင်း
အရူးမထစမ်းနဲ့ ..။ လာ--သွားကြစို့ "
ထိုရဟန်းတော်က သူ၏ကမ်းလှမ်းချက်ကို
တမျိုးပြောင်းပြောပြန်၏။ ဤမြို့ အနီး စစ်တပ်လေယာဉ်ကွင်းမှ
ဗြိတိသျှအရာရှိများနှင့် သူသိကျွမ်းသည်။ သူက
ဂုဏဝါဒေနကို လေယာဉ်ကွင်းမှာ အလုပ်ရှာပေးမည်ဟု ကတိပေးသည်။ ဘုန်းကြီးတို
့နှစ်ယောက်လုံး သူ့ ကျောင်းမှာ နေနိုင်သည်။ ဂုဏဝါဒေန လေယာဉ်ကွင်းမှာ အလုပ်လုပ်စဉ်
ဘုန်းကြီးက ကိုရင်ဝတ်ပါဟု ဆိုပြန်၏။
ဂုဏဝါဒေနကား မည်သည့်စကားကိုမျှ
နားမဝင်ချေ။ ဘုန်းကြီးသည်လည်း သူငယ်ချင်းကို စွန့် ခွါမပစ်လိုပါ။
သို့ နှင့် ဘုန်းကြီးတို့ သည်
ထိုရဟန်းတော်နှင့် လမ်းခွဲခဲ့ကြသည်။ လမ်းလျှောက်ခြင်းကို ပြန်စတင်လိုက်ကြ၏။
နောက်တနေ့ အရပ်သားကန်ထရိုက်လုပ်ငန်းရှင်တယောက်အတွက်
အလုပ်လုပ်နေသူလူတယောက်နှင့် ရင်ဆိုင်တွေ့ ရာမှ ဘုန်းကြီးတို့ ကို ပြောလာသည်။
"မင်းတို့ အလုပ်လုပ်ချင်ရင်
ငါနဲ့ လိုက်ခဲ့ကြ၊ ငါတို့ မှာ အလုပ်တွေအများကြီးရှိတယ်"
ဘုန်းကြီးတို့ ထိုလူနှင့်အလုပ်လုပ်ရန်
သဘောတူလိုက်ကြသည်။
ဘုန်းကြီးတို့ အလုပ်မှာ
အလုပ်ကြမ်းအလုပ်ဖြစ်သည်။ ဘုန်းကြီးတို့ ကို ဂေါ်ပြားနှစ်ချောင်း၊
ဝါးခြင်းတောင်းနှစ်လုံး
ပေးသည်။ ချောင်းငယ်တခု၏အောက်ခြေကြမ်းပြင်မှ
သဲများကျူံးပြီး တနေရာမှာ စုပုံထားရသည့်အလုပ်ဖြစ်သည်။
ဘုန်းကြီးအပါအဝင်လူငယ်လူရွယ်နှစ်ဆယ်လောက်သည်
သဲကျူံးသည့်လုပ်ငန်းခွင်တွင် လပေါင်းများစွာ လုပ်ကိုင်ခဲ့ကြ၏။ နံနက် ၇ နာရီမှ ည ၇ နာရီအထိ အလုပ်လုပ်ကြရသည်။ တနေ
့တာ လုပ်ခမှာ အမေရိကန်သုံး
ငွေ ၅၅ ပြားနှင့်ညီမျှသည့်
ရူပီးငွေကို ရရှိကြသည်။ လစာထဲမှ ထမင်းစရိတ်၂၅ ပြားကို အလုပ်ရှင်က နုတ်ထား
သည်။ နံနက်စာမှာ
သကြားပါသည့်လက်ဖက်ရည်တခွက် ဖြစ်ပြီး ညစာမှာ ထမင်းနှင့် ပဲတောင့်ရှည်သီးဟင်းတို့ 
ဖြစ်ကြသည်။ အိပ်စက်သည့်အခါ
သစ်ပင်နှစ်ပင်ကြားတွင် ဂုန်နီအိတ်များကို
ပူးချည်ထားသည့် ကြိုးပုခက်ကို ဆင်ကာ
အိပ်ကြသည်။
ခြင်အလွန်ပေါများသည့်
တောနက်ဖြစ်လေရာ ဘုန်းကြီးတို့ မှာ နေ့ ရော ညပါ ခြင်ကိုက်ခံရသည်။ မကြာမီ ဂုဏဝါဒေန
ငှက်ဖျားရောဂါဖြစ်လာသည်။ အပြင်းအထန်ဖျားပြီး အလုပ်မလုပ်နိုင်တော့ပြီ။
ဂုဏဝါဒေနကိုပြုစုရန် အလုပ်ရှင်ထံ ဘုန်းကြီး အလုပ်နားခွင့် နှစ်ရက်တောင်းသည်။ အလုပ်ရှင်က ခွင့်မပြု။
" ကျွန်တော်တို
့ခင်ဗျားဆီအလုပ်လုပ်တာလဲ ကြာပြီပဲဗျာ။ တပတ်မှာ ခုနှစ်ရက်၊တရက်မှာ ခုနှစ်နာရီလုပ်နေတာ
ပဲ။ ကျွန်တော်လိုချင်တာ
တရက်၊နှစ်ရက်လောက်နားခွင့်လိုချင်တာပဲဗျာ…။"
ဘုန်းကြီးအလုပ်ရှင်ကို ပြောသည်။
သူက ငြင်းပြန်သည်။ဘုန်းကြီး အလုပ်ဆက်လုပ်လျှင်လုပ် သို့ မဟုတ် ဘုန်းကြီးကော
ဂုဏဝါဒေနပါ အလုပ်ထွက် တခုခုလုပ်ရုံသာ ရှိတော့သည်။
"ဒါဆိုလဲ ကောင်းပြီလေ။
ကျန်တဲ့ကျွန်တော်တို့ လစာတွေသာ ပေးပါတော့…။"
အလုပ်ရှင်က ဘုန်းကြီးတို
့လစာလက်ကျန်ကို ထုတ်ပေးသည်။ ပြီးနောက် ဘုန်းကြီးတို့  အလုပ်မှ အပြီးထွက်ခဲ့ကြ
သည်။
ဤသို့ ဖြင့် သူတောင်းစားများလို
ဘုန်းကြီးတို့  ဘဝစတင်ကြပြန်၏။ နေ့ ဖက်မှာ ဖုန်ထူထူလမ်းတလျှောက် ရောက်ရာပေါက်ရာ
လျှောက်ကြသည်။ ညဖက်တွင် လမ်းဘေးတဲအိမ်များသို့ ဝင်ကာ အချိန်ဖြုန်းရန်ရယ်စရာမောစရာပြောရင်း၊
သီချင်းဆိုရင်း၊ ကခုန်ရင်း သူတောင်းစားများထံမှာ ထမင်းနည်းနည်းစီ တောင်းစားကြသည်။
ရက်သတ္တပတ်များစွာကြာအောင်
ဘုန်းကြီးတို့ ရေမချိုးကြ..။ အဝတ်အစားများမှာ ကြေးအထပ်ထပ်နှင့်အနံ့ အ
သက်မှာလည်း ဆိုးရွားလာသည်။
နံနက်တိုင်း အခြားသော သူတောင်းစားများ "အလုပ်ခွင်"သို့ သွားကြသည်။
ဘုန်းကြီးတို့ ကိုလည်း ယနေ့ မည်သည့်နေရာတွင် တောင်းရမ်းဖို့  စိတ်ကူးထားပါနည်းဟု
မေးကြသည်။
"မသိဘူး"မှာ
ဘုန်းကြီးတို့ လက်သုံး အဖြေစကားဖြစ်သည်။ အမှန်တကယ်လည်း ဘုန်းကြီးတို့ 
တောင်းမစားခဲ့ကြ
ပါ။ အခြားသူများ ပေးကမ်းသမျှကို
စားရုံသာစားခဲ့ကြသည်။ ဘုန်းကြီးတို့ သည် "သူတောင်းစားငပျင်းများ"
ဖြစ်ကြ၏။
ဂုဏဝါဒေန၏ငှက်ဖျားရောဂါမှာ
ဖြည်းဖြည်းချင်း သက်သာပျောက်ကင်းလာသည်။ ထူထူထောင်ထောင်ပြန်ဖြစ်
လာသည်။ သို့ သော်
ကြုံရပြန်သည်ကား နံနက်အခါတခုတွင် ညာဖက်ခြေထောက် ပြင်းထန်စွာ နာကျင်သည့်
အတွက် အိပ်ရာမှ ဘုန်းကြီးနိုး၏။
အဖျားတက်သလိုလည်း ခံစားရ၏။ ခြေထောက်ကို အသေအချာကြည့်သောအ
ခါ ဒူးခေါင်းအထက် လေးလက်မအကွာ
ပေါင်ပေါ်တွင် အနီအကွက်တခုကို တွေ့ ရ၏။ ဘုန်းကြီးတို့ နေသည့်တဲမှ
သူတောင်းစားတယောက်က ဒဏ်ရာကို အနီးကပ်ကြည့်ရှုပြီး မြွေကိုက်သည်ဟု ပြောသည်။ နာချက်ကား
အလွန်အမင်း ပြင်းထန်ခံခက်ဖြစ်၏။ ခြေထောက်ကို အနိုင်နိုင် မနေရသည်။
သူတောင်းစားများ ထွက်သွားသည့်အခါ
ဂုဏဝါဒေန နှင့် ဘုန်းကြီးတို့ သာ တဲမှာ ကျန်ရစ်သည်။ နှစ်နာရီလောက်
ကြာပြီးနောက်တွင် ခြေထောက်ကို
ကြိုးစားပမ်းစားလှမ်းပြီး တဲအပြင်သို့ ထော့နဲ့ ထော့နဲ့ ထွက်လာခဲ့သည်။
လမ်းလျှောက်၍
ဆယ်ကိုက်လောက်အရောက်တွင် အသက် ၂၅ နှစ်အရွယ် လူတယောက်နှင့် ရင်ဆိုင်တွေ့ ကြ၏
။ ဘုန်းကြီးတို့ နှစ်ဦးလုံး သူ
့ကို အရင်က မမြင်ဖူး မတွေ့ ဖူးကြချေ။ သို့ သော် မည်သည့်အကြောင်းရင်းရှိမှန်း
ဘုန်းကြီးမသိပါ။ ထိုသူနှင့် ဂုဏဝါဒေနတို့ ကောက်ကာငင်ကာ မိတ်ဆွေဖြစ်သွားကြသည်။ ငယ်ပေါင်းကြီးဖော်များ
လို ရယ်စရာပြောလိုက် ရယ်လိုက်ဖြစ်နေကြ၏။
ဘုန်းကြီးနှင့်ဘုန်းကြီး၏ခြေထောက် မဟန်နိုင်ဖြစ်နေမှုက ဂုဏဝါဒေနအတွက်
ဝန်ထုပ်ဝန်ပိုးတရပ်လို ခံစားနေဟန် တူပြီး
လူပျော်တယောက်နှင့် တွေ့ လိုက်သော
အခါ သူပေါ့ပေါ့ပါးပါး
ဖြစ်ပုံရသည်။
ဘုန်းကြီးမှာ
ဖင့်နွှဲလေးကန်ကန်ကြီးဖြစ်ကာ နောက်ကျကျန်ရစ်ရင်း သုံးယောက်သား အတူလျှောက်လာခဲ့ကြရာ
ငါးမိနစ်အတွင်းမှာပင် ဂုဏဝါဒေနသည် ဘုန်းကြီးထံသို့  နောက်ပြန်လှည့်လျှောက်လာသည်။
"ဥက္ကုဘဏ္ဍ…၊ မင်း
..ကောင်းကောင်းလမ်းမလျှောက်နိုင်မယ့်အတူတူ ငါ ဒီလူနဲ့ ရှေ့ က
ကြိုသွားလိုက်တော့မယ်။
အေးအေးသက်သာနဲ့ 
မင်းလိုက်လာခဲ့ပါလား။ ငါတို့ မင်းကို လဝမဟာပယ မှာ စောင့်နေမယ်လေ…"
ဘုန်းကြီး ရုတ်တရက်
ကြောက်စိတ်ဝင်လာသည်။ လဝမဟာပယကို ခြောက်နာရီ ခုနှစ်နာရီလောက် လမ်းလျှောက်ရဦးမည်။
"မလုပ်ပါနဲ့ ကွာ..၊
ငါ့တယောက်ထဲ မထားခဲ့ပါနဲ့ ။ ငါတယောက်ထဲ ဘယ်လိုမှ မလျှောက်နိုင်ဘူး။ မင်းအကူအညီ
ငါလိုနေတယ်။ ငါနဲ့ နေခဲ့စမ်းပါကွာ…"
ဘုန်းကြီး တောင်းတောင်းပန်ပန်
ပြောသည်။
ယင်းနောက် နားမလည်နိုင်အောင်
ဖြစ်သွားသည်။ ဂုဏဝါဒေနသည် ဘုန်းကြီးကို မျက်နှာလွှဲကာ မိတ်ဆွေသစ်နှင့်အတူ
အေးအေးလူလူပင် လမ်းလျှောက်ထွက်ခွါသွားလေသည်။
ဘုန်းကြီး ထိုင်ပြီး ရှိုက်ကြီးတငင်
ငိုမိပါသည်။ ခြေထောက်မှ သွေးတဒိတ်ဒိတ်တိုးလာသည်။
ဖြစ်ပျက်နေသမျှကို
ဘုန်းကြီးနားလည်နိုင်စွမ်းမရှိတော့ပါချေ။
လုပ်ရက်နိုင်ပါပေ့ ဂုဏဝါဒေန….။ သီတင်းပတ်များစွာ
ကြိုတင်အချိန်ယူကာ စွန့် စားခန်းစကြဖို့  အတူတိုင်ပင်ခဲ့ ကြသည်။
သူနှင့်အတူထွက်ပြေးရန် ကိုရင်ဘဝကို ဘုန်းကြီးစွန့် လွှတ်ခဲ့ရသည်။ တောနက်အတွင်း သူ
နေမကောင်းဖြစ်နေစဉ် ဘုန်းကြီး အလုပ်ထွက်ပစ်လိုက်ရ၏။လပေါင်းများစွာ
ဘုန်းကြီးတို့ သူငယ်ချင်းနှစ်ယောက် ခရီးလှည့်လည်နေခဲ့ကြသည်။ တယောက်ကို တယောက်
အားကိုးအားထားပြုခဲ့ကြသည်။ အခုအခါ၌ကား သူ့ ကို
အလိုအပ်ဆုံးဖြစ်နေချိန်တွင် သူသည်
ဘုန်းကြီးကို စွန့် ပစ်ထားခဲ့သည်။
ဘုန်းကြီးမှာ
သူငယ်ချင်းမရှိတော့ပြီ..။ အိမ်မရှိ…။ ငွေမရှိ…။ စားစရာမရှိ..။
ကျောက်ဆောင်အောက်ခြေမှာ
ဘုန်းကြီး ထိုင်နေခဲ့သည်။ တယောက်တည်းဆိုမှ တကယ့်တယောက်တည်း….။
လောကအလယ် ဘုန်းကြီး
ဘာလုပ်ရပါတော့မည်နည်း…။
အမရဒီပ
ဇွန်လ ၁၁၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to
Mindfulness ကို ဘာသာပြန်သည်။
No comments:
Post a Comment