မြန်မာသမိုင်းထဲက ဝိဟာရ နှင့်
အစိုးရ
နိုင်ငံတော်ဘာသာအဖြစ်
၁၁ ရာစုပုဂံခေတ်တွင် ဗုဒ္ဓဘာသာပေါ်ထွန်းလာခဲ့သည်မှစ၍ မြန်မာပြည်ရှိ
ဝိဟာရ
နှင့်အစိုးရအကြားမှာ အတွင်းကျသောအပြန်အလှန်ဆက်ဆံရေးတည်ရှိလာခဲ့သည်။ စင်စစ်အားဖြင့်
ဝိဟာရသည် နိုင်ငံရေးနှင့်မပတ်သက်သော်လည်း အစိုးရအပေါ် ထိရောက်သောသြဇာလွှမ်းမိုးမှု
ရှိခဲ့သည်။
ရလာဒ်အဖြစ် အစိုးရက ရဟန်းတော်များအပေါ် ဂုဏ်ပြုမှုများ၊ ပစ္စည်း ၄ ပါးထောက်ပံ့
မှုများ
ပေးအပ်ခဲ့သည်။
အထက်မှာပြောခဲ့သလို
သဘောတရားပိုင်းဆိုင်ရာထည့်သွင်းစဉ်းစားစရာများအပြင် နန်းတော်(အစိုးရ)
သည် လူထုအသည်းစွဲထောက်ခံချက်ရရေးအတွက်
ရဟန်းတော်များကို မျက်နှာလုပ်ရန် စိတ်စောနေ
ခဲ့သည်။
ထိုအကြောင်းကြောင့် နိုင်ငံရေးလှုပ်ရှားမှု၊ လူမှုရေး၊
စီးပွားရေးအကြပ်ဆိုက်သောခေတ်ကာလ
မှာပင်
ဘုရင်များ ကျောင်းကန်စေတီအသစ်ဆောက်လုပ်လှုဒါန်းသည်ကို တွေ့ ရ၏။သံဃာတော်များ
အား
ရက်ရက်ရောရောဒါနပြုမှုများ တိုးချဲ့ သည်ကို တွေ့ ရ၏။
အချုပ်အားဖြင့်
အစိုးရသည် ရဟန်းတော်များအား ဘွဲ ထူးဂုဏ်ထူးများ ဆက်ကပ်သည်။ အစိုးရကျင်းပသည့်
စာပြန်ပွဲများတွင်အထူးအောင်မြင်သူရဟန်းတော်များကိုစာအောင်ဆုပေးသည်။ ထေရ်ကြီးဝါကြီးရဟန်းတော်
များပျံလွန်သောအခါခမ်းနားကြီးကျယ်သောနိုင်ငံတော်အဆင့်ဈာပနပွဲများပြုလုပ်ပေးသည်။
ပျံလွန်တော်မမူခင်ကာလတွင်
အစိုးရထောက်ပံ့သည့်အထူးစောင့်ရှောက်မှုကိုလည်း
ရဟန်းများရကြသည်။
ရဟန်းတော်များသည်
လစဉ်ဆွမ်းဆန်တော်များ ရကြသည်။ သာသနာရေးဆိုင်ရာတရားရုံးတော်မှာ
တရားဆုံးဖြတ်နိုင်ကြသည်။ သင်္ကန်းဝတ်ဆင်ထားသူကို အသက်ချမ်းသာခွင့်( ဇီဝိတဒါန)
ပေးနိုင်
သည်။ ရဟန်းဆွေတော်မျိုးတော်များသည်
အခွန်တော်ကင်းလွတ်ခွင့် ရကြသည်။
ရွှေနန်းတော်သည် သံဃာအား ဂုဏ်ပြုချီးမြောက်မှု၊ ထောက်ပံ့မှုတို
့ကိုသာ ပေးလှုရုံမကသေးဘဲ
"ဗုဒ္ဓဘာသာသည်
နိုင်ငံတော်ဘာသာဖြစ်သည်"ဟု အခြေချထားသည်နှင့်အညီ သာသနာပိုင်၊
သာသနာပိုင်၏သာသနာရေးကောင်စီ (သုဓမ္မာဆရာတော်များ)ဟူသော အရေးပါသည့် သံဃာ့
အဖွဲ
့အစည်းအဆင့်ဆင့်ကိုလည်း ခန့် အပ်ခဲ့သည်။ သံဃာသည် အစိုးရထံမှရုပ်ပိုင်းဆိုင်ရာအခွင့်အ
ရေးကို
ရယူခဲ့ရုံသာမက အစိုးရအပေါ်လည်း သြဇာအရှိန်အဝါလွှမ်းမိုးထားနိုင်သေးသည်။
ရဟန်းများသည်
ဘုရင်နှင့် ဝန်ကြီးများအထိ ပေါက်ရောက်ဝင်ထွက်နိုင်သည်။ ပြည်သူကို အကူ
အညီပေးရာတွင်
သည်အခွင့်အရေးကို ရဟန်းများ အသုံးချခဲ့သည်။ သေဒဏ်ကျအကျဉ်းသား
ကိစ္စတွင်
ဝင်ရောက်ဖြန်ဖြေခဲ့သည်။ အဆင့်မြင့်အာဏာပိုင်အရာရှိများ၏ ခြိမ်းခြောက်အနိုင်ကျင့်ခံ
နင်းပြားပြည်သူများအား
အကာအကွယ်ပေးခဲ့ကြသည်။ စီးပွားရေးအကျပ်အတည်းဆိုက်နေချိန်
အခွန်
ကင်းလွတ်ခွင့်ရအောင်
ဆောင်ရွက်ပေးခဲ့သည်။ အာဏာအလွဲသုံးစားလုပ်သူ ဒေသဆိုင်ရာ အရာရှိဆိုး
များ
အလုပ်ပြုတ် (သို့ မဟုတ်) နယ်ပြောင်းရွှေ့ သွားအောင် တွန်းအားပေးခဲ့ကြသည်။ဘုရင့်ဘဏ္ဍာ
တော်အဖြစ်
ပိုင်ရှင်လက်ထဲမှလယ်ယာမြေများအား မတရားသိမ်းပိုက်နေသည်ကို ဆန့် ကျင်ကာ
ထိရောက်စွာ
ဟန့် တားကာကွယ်ပေးခဲ့သည်။
စကော့နှင့်
ဟာဒီမန်တို့ လေ့လာချက်အတိုင်း ရေးရလျှင် သဘောတရားအားဖြင့် နိုင်ငံရေး (သို့ မ
ဟုတ်)
လောကီရေးကိုလုံးဝလုပ်ဆောင်ခဲ့ခြင်းမရှိသော ရဟန်းများမှာ တကယ်တမ်းတော့ နိုင်ငံရေး
အာဏာပါဝါရှိနေသည်။ အုပ်ချုပ်ရေးယန္တရားအခြေအနေ အတည်တကျမရှိ၊ ရှိလျှင်လည်း လျောကျ
လုနီးနီးဖြစ်နေသည့်နိုင်ငံတခုတွင်
အမြဲတမ်းအာဏာပါဝါရှိနေသူမှာ ရဟန်းများသာ ဖြစ်၏။ အစိုးရ နှင့် ပြည်သူလူထုကြားမှာ
ကြားခံပုဂ္ဂိုလ်အဖြစ် ရဟန်းများဆောင်ရွက်သော်လည်း အစိုးရ၏ကိုယ်စား
အဖြစ်သာ
ရဟန်းမှာသြဇာအာဏာရှိသည်ဟု ယုံစားလျှင် ယင်းမှာ အလွဲအမှားတခုသာဖြစ်၏။
ယင်းနောက်တွင်
အစိုးရအဆက်ဆက်သည် အစိုးရနှင့်ရဟန်း အပြန်အလှန်အကျိုးဆောင်မှု
မျှော်လင့်ချက်မပါသော
ချီးမြှောက်မှုနှင့် ထောက်ပံ့မှုကို ရဟန်းအားမပေးကြတော့ချေ။
စကော့နှင့်ဟာဒီမန်က
ထောက်ပြထား၏။ ရဟန်းများသည် အစိုးရ၏ အာဏာယစ်မူးနေမှု၊ အာဏာရှင်ပုံစံ မတရားအုပ်စိုးနေမှုမှ
ပြည်သူများအား ကာကွယ်ခဲ့သည်။ ယင်းသာမက ပြည်သူများကိုတရား
ဥပဒေနှင့်အညီ
အုပ်ချုပ်လာရေးအတွက် ကြိုးပမ်းခဲ့သည်။ ဤကြိုးပမ်းချက်မှာ နန်းတော်က ရဟန်းများအား
ပေးအပ်ချီးမြှင့်ထားသော "ဂုဏ်ပြုမှု"ဖြစ်ကြောင်း
အထူးပြောစရာလိုမည်မဟုတ်ပါ။
ဘုရင်သည်
"ရဟန်းများ၏ နိုင်ငံရေးထောက်ခံချက်ကို လိုအပ်သည်၊ ရဟန်းအပေါ် အကြမ်းပတမ်း
လုပ်မိလျှင်
နောက်ဘဝတွင် ကြီးမားသော မကောင်းကျိုးခံစားရသည် "ဟူသော အချက်ကို နားလည်
ပြီး
အထူးလုပ်ပိုင်ခွင့်ဖြင့် ကြားဝင်ဖြန်ဖြေမှုများတွင် ရဟန်းတို့ ၏ လွတ်လပ်ခွင့်ကို
ကျယ်ကျယ်ပြန့် 
ပြန့် သဘောတူခဲ့လျှင်
အပြန်အလှန်အားဖြင့် ရဟန်းများလည်း ဘုရင့်ကို အထောက်အကူပြုနိုင်သည်။ အကြောင်းမှာ ရဟန်းသည်
ဘုရင်၏ချီးမြှောက်ထောက်ပံ့မှု၊ အခွင့်အရေးပေးမှုကို ယူနေရသည်၊
ထို
့အပြင် ရဟန်းဘဝရပ်တည်နေထိုင်မှုသည် သွယ်ဝိုက်နည်းအားဖြင့် ဘုရင့်အထောက်အပံ့အပေါ်
မှီခိုနေရသောကြောင့်ဖြစ်၏။
မာဘယ်(လ်)ဘုတ်ကတင်ပြထား၏။သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်အောက်ရှိမြန်မာ့တရားရုံးတော်
သည်အစွန်းရောက်သက်ဦးဆံပိုင်ဝါဒ၏
ပြယုဂ်တခုဖြစ်လေသည်။
"တဦးတယောက်မျှ
ပစ္စည်း၊လုပ်သားပိုင်ဆိုင်ခွင့် မရှိစေရ---။ ရာဇဝတ်ပြစ်ဒဏ်သင့်သူ ကျေးတော်မျိုး၊
ကျွန်တော်မျိုးတို့ ထံမှ (အရာခပ်သိမ်းကို) သံဃာအားအထောက်အပံ့ပေးလိုက
သိမ်းပိုက်ယူငင်ရမည်။ ငြိမ်းချမ်းမှုပြည့်လျှမ်း၍ ရိုးစင်းသော ရဟန်းဘဝ---၊ ကျမ်းစာရေးသားမှု၊
ကျမ်းစာလေ့လာမှုအတွက် လိုအပ်သော ငြိမ်သက်တိတ်ဆိတ်မှု---၊
(ဥသျှောင်ပုဂ္ဂိုလ်မြတ်များအတွက်သင့်တင့်လျှောက်ပတ်သောနေရာ)--၊
သာသနာရေးရုံးတော်ဆိုင်ရာ အခမ်းအနားအတွက် သီးသန့် ထားအပ်သော မြေ၊ရေ---ဤအရာအားလုံးကို
ဘုရင့်မင်းမြတ်၏ ချီးမြှောက်မှု၊ ကာကွယ်စောင့်ရှောက်မှုတို့ ဖြင့်သာ ရယူနိုင်၏။
ဤအချက်ကို နှလုံးသွင်းထားလျှင်
ဘုရင့်အပေါ် သံဃာ၏သစ္စာစောင့်သိမှုကို အလွယ်တကူနားလည်နိုင်သည်"
ဘုရင်သည်
သာသနာ့ဒါယကာဖြစ်ရုံသာမက ရဟန်းကျောင်းရေးရာများတွင် သူ့ သဘောနှင့်သူ
မကြာခဏ
ဝင်စွက်ဖက်သည်။ တခါတလေ ပန်ကြားမှုရှိလာသောကြောင့် ဝင်ပါသည်။ အားလုံးချုပ်လိုက်လျှင်
ဘုရင်သည် ဘာသာတရားကို ကာကွယ်သူ၊ စင်ကြယ်စေသူ ဖြစ်လာ၏။ အထူးအားဖြင့် အလွန်အန
္တရာယ်
ကြီးမားသော အကဲဆတ်ဘာသာရေးပြဿနာများ ဖြစ်ပွားလာသောအခါ
ဖြေရှင်းရေးအတွက် ကြိုးပမ်း
အားထုတ်ရသည်မှာ ဘုရင်၏လုပ်ရိုးလုပ်စဉ်ကိစ္စဖြစ်၏။ ဘုရင့်နိုင်ငံ
စတည်ထောင်သည်မှ ပျက်သုဉ်းသည်
အထိ သာသနာပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုများကို ဘုရင်များက
စတင်ပြုလုပ်ခဲ့သည်။ အထောက်အပံ့ပေးခဲ့သည်။ ယင်းအတွက် ဖြစ်ရပ်အချို့ ကို တင်ပြပါမည်။
၁၂
ရာစုတွင် နရပတိစည်သူမင်းနှင့်သက်ဆိုင်သောကိစ္စမှာ ကြားဝင်စေ့စပ်မှုဖြစ်ပြီးနောက်မှသာ
သီဟိုဠ်နွယ်ဝင် ထေရဝါဒသံဃာသည် ကနဦးအောင်မြင်မှုရလာသည်။ ယင်းသံဃာသည်
မြန်မာသံဃာတော်များ၏ စံပြလည်း ဖြစ်သည်။ အလားတူ ၁၅ ရာစု ဓမ္မစေတီမင်းလက်ထက်တွင်
ဝိနည်းစည်းကမ်းအတိုင်း မလိုက်နာသော ရဟန်းများကို သန့် ရှင်းလိုက်သောအားဖြင့်
မဟာအောင်မြင်မှုရခဲ့သည်။ ထိုမင်းသည် ဆေးကု၊ မှော်အတတ်၊အင်းအိုင်အတတ်ပညာလိုက်စားသော
ရဟန်းများ၊ ဓနရှင်ဘုန်းကြီးများ၊ သဒ္ဓါတရားခေါင်းပါးသောရဟန်းများကို ပိတ်ပင်တားမြစ်ခဲ့သည်။
ထိုအချိန်က
သာသနာပြုပြင်ပြောင်းလဲရေးကို အစပြုဆောင်ရွက်သူမှာ ရဟန်းများမဟုတ်၊ ဘုရင်သာဖြစ်၏။
ရဟန်းများသည် ဘုရင့်၏အမိန့် ပြန်တမ်းနှင့် စည်းကမ်းချမှတ်မှုကို ရှောရှောရှုရှု
လိုက်နာခဲ့သည်။ ဤသည်မှာ ရွှေနန်းတော်နှင့် ဝိဟာရအကြားတည်ရှိခဲ့သော ဆက်ဆံရေးဖြစ်၏။
ပြုပြင်ပြောင်းလဲရေးသမား
(အတင်ဂိုဏ်း) နှင့် အစဉ်အလာသမား (အရုံဂိုဏ်း) တို့ ကြား ရာစုနှစ်
ပေါင်းများစွာ
အငြင်းပွားကာ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည်။ နှစ်ဘက်လုံးက အာဏာပိုင်များအား
ကူညီရန်ပန်ကြားခဲ့ကြသည်မှာ မင်း ၄ ဆက်တိုင်ဖြစ်၏။ နောက်ဆုံး ယင်းကိစ္စကို ဘိုးတော်ဘုရား
လက်ထက်တွင်
ဖြေရှင်းနိုင်ခဲ့၏။
ရဟန်းများငွေကိုင်မှု၊
မွန်းလွဲပြီးနောက် ကွမ်းစားဆေးသောက်ဆေးငုံမှု၊ ရွာတွင်းဝင်သောအခါ ဖိနပ်စီး၊
ထီးဆောင်းမှုစသော ဝိနည်းစည်းကမ်းလိုက်နာမှုများလျော့ရဲ့အားနည်းလာမှုကြောင့်
မင်းတုန်းဘုရင် စိတ်မသက်မသာဖြစ်လေသောအခါ ရဟန်းကျောင်းရေးရာတွင်
နန်းတော်၏ကြားဝင်ဖျန်ဖြေမှုများမှာ ဘုရင်ခေတ် အုပ်ချုပ်ရေးနိဂုံးချုပ်လုချုပ်ဆဲအချိန်ထိ
ဆက်တိုက်ရှိနေခဲ့သည်။ မင်းတုန်းမင်းသည်
ရဟန်းများ ဝိနည်းစည်းကမ်းနှင့်အညီနေထိုင်ရေးအတွက် "ဝိနယပြန်တမ်း"ထုတ်ပြန်ဆင့်ဆိုခဲ့သည်။
မင်းတုန်းမင်းသည် ပဉ္စမသင်္ဂါယနာဒါယကာလည်း ဖြစ်သည်။
နိဂုံးချုပ်အားဖြင့်
ဘုရင်ခေတ် အစိုးရနှင့် ဝိဟာရဆက်ဆံရေးမှာ အပြန်အလှန်အကျိုးပြုရေးဖြစ်၏။
ရဟန်းများအား ထောက်ပံ့လှုဒါန်းခြင်း၊ တဖက်တွင် အယူအဆသဘောထားကွဲပြားသောအစုအဖွဲ့ 
များကို
ရှင်းထုတ်ပစ်ခြင်းဖြင့် လွတ်လပ်သောနိုင်ငံရေးအင်အားစုတရပ်ဖြစ်ပေါ်ရေးအတွက် အလား
အလာရှိသော
ဝိဟာရ၏ပါဝါ "အား"ကို အစိုးရက လျှော့ချထားနိုင်ခဲ့၏။
ဝိဟာရဖက်ကလည်း
အစိုးရ၏တရားဝင်အသိအမှတ်ပြုမှုကို ၄င်းတို့ အပိုင်အနိုင်ဆုပ်ကိုင်လိုက်နိုင်ခြင်း
အားဖြင့်
တချိန်တည်းမှာ ပြည်သူများအား မတရားအနိုင်ကျင့်အုပ်ချုပ်နေမှုကို ကာကွယ်တားဆီးနိုင်ခဲ့
ပြီးသံဃာသည်
အစိုးရ၏အာဏာအလွန်အကျွံသုံးစွဲမှုအပေါ် သြဇာလွှမ်းမိုး"တန်းညှိ"ထားနိုင်ခဲ့သည်။
အမရဒီပ
၎-၁၂-၂ဝ၁၂
(Melford e. spiro ၏ Buddhism
and Society စာအုပ်၊ အခန်း ၁၆ ကို ဘာသာပြန်သည်။ ဆက်လက်တင်ပြပါမည်။)
No comments:
Post a Comment