၁။
လူ
့ယဉ်ကျေးမှုအရ သွားလေသူတို့ ၏ချွတ်ယွင်းချက်၊ အားနည်းချက်ကိုပြောဆိုခြင်းသည်
နိုင်ငံကြီးသား လူယဉ်ကျေးများ၊ သူတော်ကောင်းများ၏အပြုအမူမဟုတ်မှန်း
ကောင်းစွာနားလည်သဘောပေါက်ပါ၏။ကွယ်လွန်သူခေတ်စမ်းစာပေကဝိကြီး
တဦးဖြစ်သူသိပ္ပံမောင်ဝကို
ကဗျာဘာသာပြန်နှင့်အင်္ဂလိပ်စာပြဆရာမောင်သာနိုးက ဝေဖန်စာရေးသောဖြစ်ရပ် လွန်ခဲ့သော
ဆယ်နှစ်ကျော်ခန့် က မြန်မာစာပေလောကတွင် ဖြစ်ပေါ်ခဲ့ပါ၏။သိပ္ပံမောင်ဝနှင့်ပတ်သက်၍
မောင်သာနိုးဝေဖန်သောအကြောင်းအရာ အသေးစိတ်ကို မမှတ်မိတော့ပြီ။ ပတ်ဝန်းကျင်ကမူ
မောင်သာနိုး၏ ဝေဖန်ရေးနှင့်စပ်လျဉ်း၍ -----
"ကွယ်လွန်သူ၏သင်္ချိုင်းမြေပုံပေါ်တွင်တံတွေးထွေး၊ဖနောင့်ပေါက်ပြီး သေသွားသူကို မောင်သာနိုးစိန်ခေါ်နေတယ်၊
မောင်သာနိုးအတော်သတ္တိကောင်းတာပဲ"------ဟုဝိုင်းဝန်းသြဘာပေးကြ၏။
ဤဖြစ်စဉ်အရကွယ်လွန်လေပြီးသူတို့ အပေါ် ဝေဖန်ရေးလုပ်ခြင်းကားနားလည်သိမြင်နိုင်စွမ်းရှိမှုအပေါ်အခြေခံ၍
အကောင်းဘက်သို
့လည်းကောင်း၊ အဆိုးဘက်သို့ လည်းကောင်း ဦးတည်နိုင်ပေသည်။
၂။
မြန်မာနိုင်ငံ၊
ဗုဒ္ဓသာသနာသမိုင်းတွင် လူသေလူဖြစ်ဝါဒဆရာကြီး အရှင်ဥက္ကဋ္ဌသည် ယင်း၏အယူအဆကြောင့်
အလွန်ထင်ရှားသော ဇာတ်ဆောင်ဖြစ်၏။ အရှင်ဥက္ကဋ္ဌကား "လူသေရင်လူဖြစ်တယ်"အပါအဝင်အခြားသော
သာသနာနှင့်မဆီလျော်သော အယူဝါဒကို တီထွင်ဖန်တီးဟောပြောရေးသားမှုကြောင့်
မြန်မာနိုင်ငံသံဃာထု၏ ဝိုင်းကြဉ်ခြင်းခံခဲ့ရ၏။ အရှင်ဥက္ကဋ္ဌကွယ်လွန်ပြီးနောက်တွင်လည်းလူသေလူဖြစ်ဝါဒသည်အရှိန်အဟုန်ကောင်းမြဲ ကောင်းဆဲပင်ဖြစ်၏။
ဆက်လက်ရှင်သန်၏။
အဘယ်ကြောင့်ဆိုသော် အရှင်ဥက္ကဋ္ဌ၏နောက်လိုက်တပည့်များက "မှားသည်ဖြစ်စေ၊
မှန်သည်ဖြစ်စေ အရှင်ဥက္ကဋ္ဌဝါဒမှန်ရင် လက်ခံတယ်"ဟုအတိအလင်း
လူသိထင်ရှားပြောဆိုပြီး အမွေဆက်ခံခဲ့ကြသောကြောင့် ဖြစ်၏။ ဗုဒ္ဓဘာသာလောကတွင် "လူသေလူဖြစ်အုပ်စု"ဟု
တစင်ထောင်ကြ၏။ အကျိုးဆက်အားဖြင့် လူသေလူဖြစ်ဝါဒီတို့ သည် ဝါဒရေးရာအရ သက်ဆိုင်ရာ၏
အပြီးသတ်ချေမှုန်းခြင်းခံလိုက်ရ၏။
စာရေးသူဆိုလိုသည်မှာ
ကွယ်လွန်ပြီးသူတို့ ၏အယူဝါဒအမှားများသည် ထိုသူတို့ ၏ကြွင်းကျန်ရစ်သော ခန္ဓာကိုယ်ကို
မီးသင်္ဂြိုလ်ခြင်း၊မြေမြုပ်ခြင်းနှင့်အတူ ပျောက်ကွယ်သွားလေလျှင်ကား
ထိုဝါဒမှားများအတွက် အချိန်ကုန်၊ လူပင်ပန်းခံကာ ပြောဆိုဆွေးနွေးရန် လိုအပ်သည်ဟု
မယူဆပေ။ သို့ သော် ထိုထိုဆရာတို့ ၏ အယူအဆမှား၊
အရေးအသားမှား၊အပြောအဆိုမှားများကိုသက်ဆိုင်ရာ နောက်လိုက်အသီးသီးကဆက်လက်တည်တံ့အောင်၊
တွင်ကျယ်ပြန့် ပွားအောင် ဆောင်ရွက်နေလျှင်ကားပုဂ္ဂိုလ်ရေးထိုးနှက်ချက်မပါဘဲအယူအဆသက်သက်ကို
ဝေဖန်ဆန်းစစ်ပိုင်ခွင့်ရှိသည်။ ဝေဖန်ဆန်းစစ်ပြီး ထေရဝါဒဗုဒ္ဓစာပေနှင့်မှတ်ကျောက်တင်သောသမိုင်းဝင်ဖြစ်ရပ်
များလည်းရှိခဲ့ဖူးသည်ဟူသောအချက်ပင်ဖြစ်၏။ဤသည်ပင်လျှင်
ဆောင်းပါးရေးသားရခြင်း၏ အကြောင်းပြ
နိဒါန်းစကားပင်ဖြစ်ပါ၏။
၃။
မိတ္ထီလာဝမ်းတွင်းနယ်
တဲစုရွာဇာတိ ရဟန်းတော်အရှင်နန္ဒိယသည် အရညဝါသီတောမှီရဟန်းတပါးဖြစ်၏။
ဓုတင်ဆောင်ပြီးဝိပဿနာတရားကျင့်သူဖြစ်၏။ တောင်ပုလုဆည်အနီး သီတင်းသုံးရာ "တောင်ပုလုဆရာတော်"
ဟုလူသိများ၏။
တောင်ပုလုတောင်ထိပ်တွင် "ကမ္ဘာအေးစေတီ"တည်သောကြောင့် "တောင်ပုလုတောရကမ္ဘာ
အေးဆရာတော်"
ဟု ယခုအခါ ခေါ်၏။
ဗိုလ်ချုပ်ကြီးနေဝင်း၏တော်လှန်ရေးအစိုးရ
(ခေါ်) စစ်တပ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်းတွင် အမေရိကန်
နိုင်ငံသို
့ ကြွရောက်ကာ သာသနာပြုတရားများလှည့်လည်ဟောပြောခဲ့ကြောင်းသိရ၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည်
"သရဏဂုံအကျိုးတရား"ကို ဟောပြောရာတွင် အလွန်ထူးချွန်ကြောင်း
တောင်ပုလုတပည့်များက အောက်ဖော်ပြပါ ဖြစ်ရပ်ဖြင့် ပြောလေ့ရှိကြ၏။
အလှုပွဲအခမ်းအနားတခုတွင်
တောင်ပုလုတောရကမ္ဘာအေးဆရာတော်နှင့် မင်းကွန်းတိပိဋကဆရာတော်တို့ ဆုံမိ
ကြရာ
မင်းကွန်းဆရာတော်က တောင်ပုလုဆရာတော်အားလက်အုပ်ချီ၍ ------------
"ဘုရားတပည့်တော်ပိဋကတ် ၃
ပုံကုန်အောင် ပါဠိတော်သုတ္တန်ကြီးတွေ ဟောနိုင်ခဲ့တယ်။ သို့ သော်
သရဏဂုံ
အကျိုးတရားကို ဟောရာတွင်ကား တောင်ပုလုဆရာတော်ကဲ့သို့  စုံလင်အောင်
မဟောနိုင်ခဲ့ပါ"----------
ဟု လျှောက်ထားသည်ဟူ၏။
၎။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏နောက်လိုက်တပည့်တို
့မည်သို့ ပြောပြော၊ "သရဏဂုံ
တည်ခြင်းအကျိုး"ဟူသောဟောပြောချက်တခုကိုသာ
အများသိထုတ်ဝေထား၏။ ယင်းဟောပြောချက်တွင် ထူးထူးဆန်းဆန်း အောက်ပါအတိုင်း
ဟောပြောထား၏။
"ဧတံ
ခေါ သရဏံ ခေမံ၊
ဧတံ
သရဏမုတ္တမံ။
ဧတံ
သရဏမာဂမ္မ၊
သဗ္ဗဒုက္ခာ
ပမုစ္စတိ"
(ဓမ္မပဒ၊
နှာ ၄၂၊ စာပိုဒ်-၁၉၂)
လို့ဟောတော်မူတဲ့အတိုင်း
သရဏဂုံဟာ ဘေးကင်းရန်ကင်းဖြစ်စေတယ်။ တရားကို အထူးအားမထုတ်ဘဲနဲ့ 
သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်။"
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည်ဘုရားဟောမူရင်းဓမ္မပဒပါဠိတော်ကိုအခိုင်အမာကိုး
ကားထား၏။
သို့ သော် ပါဠိတခြား၊ သူပြောသည်က တခြားဖြစ်နေသည့်အတွက် ပါဠိတော်ကို ကိုးကားသည်မှာ "လူရှိန်"အောင်လုပ်သည်မှတခြား
အခြားအကျိုးမရှိချေ။ ပါဠိတော်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုပုံ၊ အတွေးအမြင်ပိုင်း
တွင်
တလွဲတချော်နားလည်နေသည်ကို တွေ့ ရ၏။
ဤအတွက်
ဓမ္မပဒပါဠိတော်ကို တိတိကျကျ နိဿယဘာသာပြန်နည်းဖြင့် တင်ပြပြီး တောင်ပုလုတောရကမ္ဘာ
အေးဆရာတော်အရှင်နန္ဒိယဟောပြောထားသော
"တရားကိုအထူးအားမထုတ်ဘဲနဲ့ သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်"စကားသည်
သူကိုးကားသော ပါဠိတော်မှာ ပါသလား၊ မပါဘူးလားဆိုတာကို စူးစမ်းရှာဖွေကြပါစို့ -။
"ဧတံ
ခေါ သရဏံ- သုံးပါးရတနာ ဤကိုးကွယ်ရာသည်။ ခေမံ-ဘေးရန်ကင်းကွာ လွန်ချမ်းသာသည့်
ကိုးကွယ်ရာ
မျိုးပေတည်း။
ဧတံ ခေါ သရဏံ- သုံးပါးရတနာ ဤကိုးကွယ်ရာသည်။ ဥတ္တမံ- တုနှိုင်းမရ မြင့်မြတ်အထက်တန်း
ကျသော
ကိုးကွယ်ရာမျိုးပေတည်း။ ဧတံ သရဏံ- သုံးပါးရတနာ ဤကိုးကွယ်ရာကို ။ အာဂမ္မ-
ဒုက္ခပျက်ပြယ် မှန်းထားရွယ်လျက် ကိုးကွယ်လာမှု အကြောင်းပြု၍။ သဗ္ဗဒုက္ခာ- စွဲကပ်သန္ဓေ
အိုနာသေဟု တွက်ရေမရ အလုံးစုံ
သော
ဆင်းရဲဒုက္ခမှ။ ပမုစ္စတိ- ကိုးကွယ်သင့်ရာ ကိုးကွယ်ပါ၍ မှန်စွာမသွေ လွတ်မြောက်ရပါပေ၏"
မူရင်းဓမ္မပဒပါဠိတော်က
သရဏဂုံသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်သူသည် ဘေးရန်ကင်းသည်၊ မွန်မြတ်သော
ကိုးကွယ်မှုကို ပိုင်ဆိုင်ရယူခွင့်ရသည်၊ မွေး အိုနာသေစသော ဆင်းရဲဒုက္ခမျိုးစုံမှ
လွတ်မြောက်သည်
ဟု
ဆိုထားသည်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်၏။
သို
့သော်-- တရားကို အထူးအားမထုတ်ရဘဲ သရဏဂုံတည်ရုံမျှဖြင့် မဂ်ဉာဏ်ကို ရနိုင်ကြောင်း
လုံးဝမပါချေ။ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်လည်းကောင်း
တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယဟောပြောသော အဓိပ္ပါယ်အယူအဆမျိုး
မူရင်းဓမ္မပဒပါဠိတော်တွင်
အလျဉ်းမပါဝင်ချေ။
ထို့ ကြောင့် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ " တရားကို အထူး
အားမထုတ်ဘဲနဲ
့ သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်။" ဟူသော ဟောပြောချက်သည် အလွဲအမှားသာ ဖြစ်၏။ ဓမ္မပဒပါဠိတော်ကို
အကာအကွယ်ယူ၍ မသိနားမလည်သူများအား လှည့်စားထားချက်ဖြစ်၏။
ဗုဒ္ဓ၏ဓမ္မအပေါ်လုပ်ကြံမှုသက်သက်မျှသာ ဖြစ်၏။
ယခုအခါ
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏အထက်ပါဟောပြောချက်ကို အကြီးအကျယ်
ဖြန်
့ချီနေသော တောင်ပုလုတပည့်တဦး
အမေရိကန်ပြည်ထောင်စုတွင် ရှိနေ၏။ သတိထားကြလေကုန်--။
အမရဒီပ
၎-၁၅-၂ဝ၁၂
No comments:
Post a Comment